• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျပန်သို့ မြန်မာလုပ်သား စေလွှတ်ရေး ဆွေးနွေးညှိနှိုင်း

by အောင်သီဟ
3 August 2019
in သတင်း
A A
ရန်ကုန်မြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးရှေ့တွင် ပြည်ပ သွားရောက်ရန် နိုင်ငံကူး လက်မှတ် လုပ်ပြု နေသူများကို တွေ့ရစဉ် / အောင်ကျော်ထက် / ဧရာဝတီ

ရန်ကုန်မြို့ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးရှေ့တွင် ပြည်ပ သွားရောက်ရန် နိုင်ငံကူး လက်မှတ် လုပ်ပြု နေသူများကို တွေ့ရစဉ် / အောင်ကျော်ထက် / ဧရာဝတီ

7.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနှင့် ဂျပန်နိုင်ငံတို့ကြား ကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ပုံစံဖြင့် အလုပ်သမားစေလွှတ်နိုင်ရေး အခြေခံ မူဘောင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MoC) ရေးထိုးထားပြီး ဖြစ်သော်လည်း ခေါ်ယူမည့် အလုပ်သမားဦးရေကိုမူ နှစ်နိုင်ငံကြား ဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂျပန်နိုင်ငံက ခေါ်ယူလိုသည့် သတ်မှတ် အရည်အချင်းပြည့်မီသူများဟု အသိအမှတ်ပြု လက်မှတ်ထုတ်ပေး ထားမည့် စာမေးပွဲကိုသာ လုပ်ဆောင်ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အလုပ်သမားခေါ်ယူမည့် အရေအတွက်ကို တိတိ ကျကျ မဖော်ပြခြင်းကြောင့် နှစ်နိုင်ငံကြား ဆွေးနွေးနေခြင်း ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက“အခုကတော့ နှစ်နိုင်ငံကြားမှာ သူတို့က စာမေးပွဲလာစစ်မယ်။ ဘယ်နှယောက်အောင်ပေးမလဲ ဆိုတာတွေတော့ ညှိနှိုင်းနေတဲ့ အဆင့်ပေါ့။ စာမေးပွဲအောင်ပြီးတယ် ဆိုရင်လည်း အလုပ်ခန့်ပြီဆိုတဲ့ ပုံစံမျိုး မဟုတ်သေးဘူး။ စာမေးပွဲစစ် မယ်၊ လက်မှတ်ကိုင်ထား။ Demand ကျမှ ခေါ်မယ်ဆိုရင် ကျမတို့နိုင်ငံအတွက် အဆင်မပြေဘူးလေ။ အဲ့ဒါကြောင့် Demand နဲ့ တူတူလာစစ်ဖို့ ဆိုပြီး ညှိနှိုင်းနေတာ”ဟု ရှင်းပြသည်။

ဂျပန်နိုင်ငံသို့ ကျွမ်းကျင် အလုပ်သမားစေလွှတ်မှုတွင် ဝန်ကြီးဌာနက အသိအမှတ်ပြုထားသော ပြည်တွင်းရှိ ပြည်ပ အလုပ် အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများကသာ စေလွှတ်ခွင့် ရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာထားသည်။

ယခင် ဂျပန်နိုင်ငံသို့ အလုပ်သမား စေလွှတ်မှုများတွင် အလုပ်ပါမစ်နှင့် သင်တန်းသားလုပ်သား အနေဖြင့် စေလွှတ်ပြီး အလုပ်လုပ်ကိုင်ခွင့် သက်တမ်းမှာလည်း သုံးနှစ်သာ ခွင့်ပြုချက် ရရှိလျက်ရှိကာ ယခု ကျွမ်းကျင်လုပ်သားများ အနေဖြင့် စေ လွှတ်မှုတွင် ၅ နှစ်နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပီတာညွှန့်မောင်က“အရင်တုန်းက ပို့နေကြတာ သုံးနှစ်ပဲ။ နေထိုင်ရတာပေါ့။ ပြီးရင် စာမေးပွဲပြန်ဖြေပြီး ၂ နှစ်ပြန်သွားပေါ့။ အခုက တခါတည်း နေထိုင်ခွင့် ၅ နှစ်တန်းနေရ မယ့် အားသာချက်တော့ ရှိတယ်။ ဒါပေမယ့် မြန်မာကနေ ဘယ်လောက် ခေါ်မယ်ဆိုတဲ့ သတ်မှတ်ချက်တော့ မရှိသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍“ဂျပန်က လုပ်သား လိုအပ်ချက်ရှိတာတော့ မှန်ပေမယ့် သူတို့ နိုင်ငံထဲကို နိုင်ငံခြားသား အများကြီး မရောက်လာအောင် ထိန်းနေတာပေါ့။ ပြီးတော့ လိုအပ်ချက်ရှိတဲ့ လုပ်သား အရေအတွက်ကိုလည်း သူတို့နဲ့ သဘောတူညီ မှုယူထားတဲ့ နိုင်ငံတွေ အကုန်လုံးက ခေါ်မှာ။ အခု သူတို့ဆီမှာ ဗီယက်နမ်ပဲ အများဆုံးဖြစ်နေတာပေါ့။ မြန်မာကတော့ နည်းသေးတယ်”ဟု ပြောဆိုသည်။

သို့သော်လည်း ဂျပန်က လုပ်သား အများဆုံး ခေါ်ယူနေသော ဗီယက်နမ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် ပြည်ပ ထွက်ကာ အလုပ်လုပ်ကိုင်လိုသည့် ဦးရေ လျော့ကျလာခြင်းကြောင့် ဂျပန်လုပ်ငန်းရှင်များသည် မြန်မာလုပ်သားများကို  ခေါ်ယူရန် စိတ်ဝင်စားမှုများ ရှိကြောင်းလည်း ဦးပီတာညွှန့်မောင်က ပြောသည်။

လတ်တလောတွင် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစေလွှတ်မှုတွင် ဝန်ကြီးဌာနက အသိအမှတ်ပြုထားသော ပြည်ပအ လုပ်အကိုင် အေဂျင်စီများသာ စေလွှတ်ခွင့်ရှိသော်လည်း ဂျပန်စာ သင်တန်းကျောင်းတချို့က ဂျပန်နိုင်ငံသို့ သွားရောက်အ လုပ် လုပ်ကိုင်နိုင်မည် ဟုဆိုကာ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများကို ငွေကြေးလိမ်လည်မှုများဖြစ်ပေါ် လျက် ရှိကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှ သိရသည်။

ဂျပန်နိုင်ငံ သက်ဆိုင်ရာ ဌာနမှ လာရောက် စစ်ဆေးသည့် လုပ်ငန်း ကျွမ်းကျင်မှု စာမေးပွဲနှင့် ဂျပန်ဘာသာစကား စာမေးပွဲ အောင်မြင်သူနှင့် နည်းပညာ အလုပ်သင်သင်တန်း အစီအစဉ် အဆင့်(၂) ပြီးဆုံးထားသူ(နည်းပညာ အလုပ်သင် သင်တန်း သား အလုပ်သမား အဖြစ်) ၃ နှစ် လုပ်ကိုင်ပြီးမြောက် ထားသူများသည် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သား အဖြစ် သွား ရောက် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
458
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
167
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
48

နှစ်နိုင်ငံ သဘောတူညီမှု အရ မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများကို ပြုစုစောင့်ရှောက်ရေး လုပ်သား (Care Worker)၊ အဆောက်အအုံ သန့်ရှင်းရေး စီမံခန့်ခွဲမှု၊ စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ငါးလုပ်ငန်းနှင့် ရေထွက် ပစ္စည်းမွေးမြုရေးလုပ်ငန်း၊ လေကြောင်းလုပ်ငန်းများ အပါအဝင် အလုပ်အကိုင် အမျိုး အစား ၁၄ ခုတွင် ခေါ်ယူသွားမည် ဖြစ်သည်ဟုဆိုသည်။

အဆိုပါ လုပ်ငန်းနယ်ပယ် ၁၄ ခုထဲမှ ပထမဦးဆုံး အနေဖြင့် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်လုပ်သားများ  ခေါ်ယူသွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ဂျပန်နိုင်ငံဘက်မှ စာမေးပွဲစစ်ဆေးရန် လျာထားကြောင်း သိရ သည်။

ယင်းစာမေးပွဲတွင် မြန်မာလုပ်သား ဦးရေ ၇၀ ခန့်သာ ခေါ်ယူနိုင်ခြေရှိကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ များက ပြောဆိုကြသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ငန်း လုပ်ကိုင်နေသော Mono Horizon ကုမ္ပဏီပိုင်ရှင် ဦးမျိုးသန့်က“အခု က ဘယ်လိုလုပ်ငန်းတွေ ဘယ်သူတွေပဲ ပို့ခွင့်ရှိတယ်ဆိုတာ တိတိကျကျ ထုတ်ပြန်လိုက်တော့ ပိုကောင်းသွားတယ်။ အရင် အေဂျင်စီတွေနဲ့ တိတိကျကျ လုပ်ကြရမယ်ဆိုတော့ အလုပ်အကိုင် အမျိုးအစားက အစ တိတိကျကျဖြစ်သွားမယ်”ဟု ပြော သည်။

လက်ရှိအချိန်တွင် ဂျပန်နိုင်ငံသို့ လုပ်သား တရားဝင် စေလွှတ်မှုသည် ၁ နှစ်လျှင် လုပ်သားဦးရေ ၂၀၀ ကျော်မှ ၃၀၀ ဝန်း ကျင်သာ ရှိပြီး ထိုင်းနိုင်ငံသို့ ၁ နှစ်လျှင် လုပ်သားဦးရေ နှစ်သောင်းဝန်းကျင်နှင့် မလေးရှားနိုင်ငံသို့ ၁ နှစ်လျှင် လုပ်သားဦး ရေ ၇ ထောင်ကျော်ဖြင့် အဆိုပါနိုင်ငံ နှစ်နိုင်ငံသို့ မြန်မာလုပ်သား အများဆုံး သွားရောက်ကြလျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကြမည့် မြန်မာလုပ်သားများသည် မြန်မာအစိုးရ သတ်မှတ်ချက်အရ အနည်းဆုံး တလလျှင် ဂျပန် ယန်း တသိန်းခွဲ (ကျပ် ၁၄-၁၅ သိန်းကြား) ရရှိမည့် အလုပ်အမျိုးအစားကို လုပ်ကိုင်ခွင့်ရရှိမည်ဟု ဆိုသည်။

Today Top Star ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ခိုင်က“ဂျပန်ကတော့ တခြားနိုင်ငံတွေနဲ့ မတူဘူး။ ပိုပြီး စည်းစနစ်ကျတဲ့ နိုင်ငံဆိုတော့ ကိုယ့်နိုင်ငံသားတွေကို ဟိုရောက်မှ အဆင်မပြေဖြစ်ဘူး ပြန်လာရတာမျိုး မဖြစ်အောင် သေချာကျွမ်းကျင်တဲ့ လုပ်သားတွေဖြစ်ဖို့ ပြင်ဆင်စရာတွေများသလို စိန်ခေါ်မှုတွေလည်း ရှိတယ်”ဟု ပြောဆိုသည်။

You may also like these stories:

ဂျပန်နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် ပြပွဲ ကျင်းပမည်

Your Thoughts …
Tags: မြန်မာလုပ်သား
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား

by ဧရာဝတီ
11 September 2023
2.8k

ထို့ပြင် ပြည်ပသို့ သွားရောက်မည့် အလုပ်သမားများအနေဖြင့် သတ်မှတ်နှုန်းအတိုင်း ငွေလွှဲပို့ပါမည်ဆိုသည့် ခံဝန်လက်မှတ်ကိုလည်း အေဂျင်စီများဖြင့် စာချုပ်ချုပ်ဆိုစဉ်မှာပင် လက်မှတ်ရေးထိုးခိုင်းရန် ပြောဆိုထားကြောင်း

မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ

မြန်မာ ၇၂ ဦး လုပ်ခမရသည့်အပြင် ခြိမ်းခြောက်မှုပါခံနေရ

by ယုဖြူဟန်
21 January 2025
1.8k

ထိုင်းနိုင်ငံ စဖန်ဘူရီခရိုင်ရှိ ကြက်သားစက်ရုံတွင် မြန်မာအလုပ်သမား ၇၂ ဦးတို့သည် လုပ်အားခမရရှိသည့်အပြင် ထိုင်းအလုပ်ရှင်က ခြိမ်းခြောက်မှုပါ ပြုလုပ်လျက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများနှင့် အလုပ်သမားများထံမှ သိရသည်။

ဝင်ငွေခွန် နှစ်ထပ်ကောက်မှု ကိုရီးယားရောက် မြန်မာများ ပေးမည်မဟုတ်

ဝင်ငွေခွန် နှစ်ထပ်ကောက်မှု ကိုရီးယားရောက် မြန်မာများ ပေးမည်မဟုတ်

by ဧရာဝတီ
31 January 2024
1.4k

လက်ရှိတွင် ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံမတည်မငြိမ် ဖြစ်နေသည့် ကာလအတွင်း အိမ်ပြန်ခွင့် မရသေးသူများကို ဆက်လက်နေထိုင်ခွင့်ပေးထားကြောင်း

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
9 January 2024
1.4k

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ယာယီထိန်းသိမ်းရေးအချုပ်များ၌ ၃ လခန့် အချုပ် ကျခံရမည် ဖြစ်ပြီး ထိုမှတဆင့် ထိန်းသိမ်းစခန်းများသို့ ပို့ဆောင်ကာ မြန်မာသံရုံးမှ နိုင်ငံသားဖြစ် မဖြစ် အတည်ပြု၍ မြန်မာနိုင်ငံ သို့ ပြန်လည်ပို့ဆောင်မည်

မလေးရှား၌ မြန်မာ ၈၀ ကျော် ဖမ်းမိ၊ ထွက်ပြေးသူ ၁ ဦး ရထားကြိတ်၍ သေဆုံး

မလေးရှား၌ မြန်မာ ၈၀ ကျော် ဖမ်းမိ၊ ထွက်ပြေးသူ ၁ ဦး ရထားကြိတ်၍ သေဆုံး

by ဧရာဝတီ
7 October 2024
1.2k

ဆရန်ဘန်မြို့ရှိ စက်ရုံများသို့ အော်ပရာဇီဝင်ရောက်လာသဖြင့် ထွက်ပြေးခဲ့ကြရာ ပဲခူးတိုင်း၊ အင်း တကော်မြို့နယ်မှ လာရောက်အလုပ်လုပ်သည့် အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုး သမီးတဦး ရထားကြိတ်ခံရ၍ သေဆုံး

Next Post
မြောက်ပိုင်း မဟာမိတ် လေးဖွဲ့နှင် အစိုးရ ကိုယ်စားလှယ်တို့ Bilateral စာချုပ် ရေးထိုးနိုင်ရေး ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်က မိုင်းလားမြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေး နေကြစဉ် / ဓာတ်ပုံ - NRPC

မြောက်ပိုင်း လေးဖွဲ့နှင့် အစိုးရ ၃ လကျော်အထိ တွေ့ဆုံ ဆွေးနွေးရန် နေရာ မသတ်မှတ်နိုင်သေး

ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းတခု / ဧရာဝတီ

၂၀၁၇-၁၉ အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ အပိုင်း ၃

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved