• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ မော်စကိုတွင် အကောင်းဆုံးဆု ဆွတ်ခူး

by ဧရာဝတီ
22 August 2019
in သတင်း
A A
မော်စကိုတွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ တပ်မတော်များ ပြိုင်ပွဲသို့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားပေးစဉ် / Snr-Gen Min Aung Hlaing’s website

မော်စကိုတွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ တပ်မတော်များ ပြိုင်ပွဲသို့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားပေးစဉ် / Snr-Gen Min Aung Hlaing’s website

7.6k
VIEWS
Share on FacebookShare on Twitter

မြန်မာ့တပ်မတော်သည် ရှေ့တန်းစစ်မြေပြင်များတွင် တိုက်ခိုက်ရေး စွမ်းရည် သာမက နောက်တန်းတွင်လည်း ဘဏ်လုပ်ငန်း၊ ဘီယာချက်လုပ်ငန်း၊ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများဖြင့် စီးပွားရေး လုပ်ငန်းစုများ ထူထောင်လျှက် ငွေရှာနိုင်မှု စွမ်းရည်ပါ ပြသလာနိုင်ခဲ့ပြီး ဖြစ်သည်။

သို့သော် စနေနေ့က မြန်မာ့တပ်မတော်သည် မော်စကိုမြို့တွင် ကျင်းပသည့် နိုင်ငံတကာ စစ်ရေး စွမ်းရည်ပြိုင်ပွဲ အပိတ်တွင် တမူထူးခြားသော ကျွမ်းကျင်မှုလည်း ရှိနေကြောင်း ဖော်ထုတ်ပြသခြင်း အားဖြင့် ပရိသတ်ကို တအံ့တသြ ဖြစ်စေခဲ့ပြန်သည်။

မြန်မာ့ရိုးရာ တူရိယာ၊ တေးသီချင်းနှင့် အကအလှ တို့ကို သရုပ်ဖော် တင်ဆက် ပြသခြင်းဖြင့် တပ်မတော်သည် စစ်ရေးနှင့် စီးပွားရေး လုပ်ငန်းများသာမက အနုပညာစွမ်းရည်ပါ စင်စစ်အားဖြင့် ရှိနေကြောင်း ဖော်ထုတ်ပြသခဲ့သည်။ မြန်မာ့တပ်မတော်သည် အဆိုပါပြိုင်ပွဲ အကောင်းဆုံး သီဆိုမှု၊ အကောင်းဆုံး အကအလှနှင့် အကောင်းဆုံး ဂီတဆုများကို ဆွတ်ခူးရရှိခဲ့လေသည်။

ရုရှား၊ မြန်မာ၊ ဘဲလာရက်စ်၊ ကာဇစ္စတန်နှင့် အဇာဘိုင်ဘိုင်ဂျန်တို့ အပါအဝင် စုစုပေါင်း ၃၉ နိုင်ငံတို့က ၂၀၁၉ ခုနှစ် စစ်ရေး စွမ်းရည်ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး လက်တွေ့ စွမ်းရည်ပြသခြင်း အစီအစဉ် ၃၂ မျိုး ထည့်သွင်း ထားသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ပွဲတော်တွင် ဒုတိယအကြိမ် ပါဝင် ဆင်နွှဲရခြင်း ဖြစ်သည်။

ယခုအတွက် တပ်မတော်သည် တင့်ကားစွမ်းရည်၊ စနိုက်ပါပစ်ခတ်မှု စွမ်းရည်နှင့် စစ်မြေပြင် ဆေးဝါး ကျွမ်းကျင်မှု စွမ်းရည်တို့ကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထို့ပြင် ပွဲတော်၏ အနုပညာ ဖန်တီးနိုင်မှု စွမ်းရည်ပြိုင်ပွဲတွင် ယဉ်ကျေးမှုအဖွဲ့လိုက် ယှဉ်ပြိုင်ခဲ့ရကြောင်း မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။ ပိတ်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး တက်ရောက် ချီးမြှင့်ခဲ့သည်။

တပ်မတော်က ထုတ်လွှင့်နေသည့် မြဝတီရုပ်သံလိုင်းတွင် “ပြိုင်ပွဲဝင်အဖွဲ့ ၉ ဖွဲ့ထဲမှာ မြန်မာ့ တပ်မတော် ယဉ်ကျေးမှုအဖွဲ့က အကောင်းဆုံး သီဆိုမှု၊ အကနဲ့ တေးဂီတဆု ရရှိခဲ့ကြောင်း” ဖော်ပြခဲ့သည်။

သို့ရာတွင် အနုပညာ ကျွမ်းကျင်မှု ထူးချွန်ဆု အားလုံးမှ အပ မြန်မာ့ တပ်မတော် ကိုယ်စားပြု စစ်ရေး စွမ်းရည် ယှဉ်ပြိုင်သူများမှာ ၏ ရလဒ်မှာ အားရစရာ မဖြစ်ခဲ့ပေ။

မြန်မာတပ် တင့်ကားယှဉ်ပြိုင်သည့် အဖွဲ့သည် ပြိုင်ပွဲဝင် ၃၂ ဖွဲ့အနက် ၁၃ နေရာ အဆင့် ရရှိခဲ့သလို စစ်ဘက် ဆိုင်ရာ ဆေးဝါးအသင်း ကလည်း ၁၂ သင်း ယှဉ်ပြိုင်ရာတွင် ပဉ္စမနေရာ ရခဲ့သည်။ စနိုက်ပါ အသင်းက ၂၁ နိုင်ငံမှ ၂၃ သင်း ယှဉ်ပြိုင်ကြရာတွင် ၁၅ နေရာ အဆင့်တွင် ကျေနပ်ခဲ့ရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

မြန်မာ့တပ်မတော် ကိုယ်စားပြုအဖွဲ့များ၏ မဆုတ်မနစ်သော လုံ့လဝီရိယနှင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ဇွဲတို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးထောပနာ ပြုခဲ့သည်။

“မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များ အနေနဲ့ နိုင်ငံအလိုက် ရလဒ်ကောင်း တခုမှာ ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာ စစ်ဘက် အဖွဲ့အစည်းများရဲ့ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနဲ့ ချစ်ကြည်ရင်းနှီးမှုများ ရရှိခဲ့ကြကြောင်း” မြဝတီ ရုပ်သံထုတ်လွှင့်ချက်ကို ကာကွယ်ရေး ဦးစီးချုပ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“နောင်နှစ် ပြိုင်ပွဲများမှာလည်း ဆက်လက် ပါဝင်ယှဉ်ပြိုင်သွား ဖြစ်တယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

တပ်မတော် ကိုယ်ပိုင် စီးပွားရေး လုပ်သင့်သလား 

အသုံးစရိတ်များ မကုန်ပါက ပြန်အပ်ရန် ပြောဆိုမှု တပ်မတော် ပယ်ချ 

AA ဝါဒဖြန့်မှု နားမယောင်ဘဲ တပ်ထဲရှိ ရခိုင်များ သစ္စာရှိဆဲဟု ဆို

Your Thoughts …
Tags: မော်စကိုမြန်မာ့တပ်မတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.5k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဟစ်တလာ၏ နောက်ဆုံး အမိန့် (၂)

ဟစ်တလာ၏ နောက်ဆုံး အမိန့် (၂)

by လင်းယုန်မောင်မောင်
15 February 2025
1.8k

ဟစ်တလာသည် သူ့ကို ရုရှားတို့က အရှင်ဖြစ်စေ၊ အသေ ဖြစ်စေ ဖမ်းမိသွားမည်ကို အကြီးကျယ် စိုးရိမ် ထိတ်လန့် နေပုံများနှင့် သူ့ကို အရှင်လတ်လတ် ဖြစ်စေ၊ သေပြီးနောက် သူ့အလောင်းကိုပင် ဖြစ်စေ၊ ရုရှားတို့က…

၂၀၁၉ ခုနှစ် ဧပြီလ ကချင်ပြည်နယ် လိုင်ဇာတွင် တွေ့ရသော အေအေ လက်နက်ကိုင်တပ်သားများ / ဧရာဝတီ

စစ်ပွဲကြားက AA ရဲ့ အိပ်မက်

by အောင်ဇော်
14 June 2019
48.5k

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့်အတူ နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ပိုမိုမြင့်မားလာသည်။

၂၀၁၉ ခုနှစ် တိုကျိုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တွေ့ဆုံစဉ် 

ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့

by Bertil Lintner
28 March 2022
7k

ဂျပန်လက်ယာစွန်းနိုင်ငံရေးသမားများသည် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် မြန်မာမှ စစ်အုပ်ချုပ်ရေး၏ ကျေးဇူးရှင်များ သို့မဟုတ် စဉ်ဆက်မပြတ်ထောက်ခံသူများဖြစ်သည်

စစ်ခေါင်းဆောင်ရဲ့  ရုရှားခရီးစဉ် ဘယ်သူတွေနဲ့ တွေ့ခွင့်ရမလဲ (ရုပ်/သံ)

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် ဘယ်သူတွေနဲ့ တွေ့ခွင့်ရမလဲ (ရုပ်/သံ)

by ဧရာဝတီ
7 May 2025
185

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ မတ်လ ၉ ရက်နေ့ ပြုလုပ်မယ့် ရင်ပြင်နီချီတက်ပွဲကို ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားမှုနဲ့ စစ်ခေါင်းဆောင် သွားရောက်ဖို့ ရှိတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။

ယူကရိန်းရောက် ပရီဂိုဇင်နှင့် ၎င်း၏ ကြေးစားစစ်သားများ

ပူတင်ကို ထီမထင်သည့် ကြေးစားတပ်ခေါင်းဆောင် ပရီဂိုဇင်

by ဧရာဝတီ
25 June 2023
16.2k

ယူကရိန်းကို အပြည့်အဝ ကျူးကျော်သည့် ၁၆ လအတွင်း ယခုအချိန်သည် အပြောင်းအလဲ ဖြစ်စေမည့် အချိန်ဖြစ်ပြီး သမ္မတ ဗလာဒီမာ ပူတင် အာဏာချုပ်ကိုင်မှုကိုပင် စိန်ခေါ်မှုဖြစ်နိုင်သည်။

Next Post
LG K50s နဲ့ K40s ဖုန်းသစ် နှစ်မျိုး

အကြမ်းခံနိုင်စွမ်း မြင့်မားတဲ့ LG K50s နဲ့ K40s ဖုန်းသစ် နှစ်မျိုး ထွက်ရှိ

 အဆိုတော် ဂျူဝယ်လ် (Jewel)  / ချစ်ပိုး / ဧရာဝတီ

"အရမ်းမြူးတဲ့ သီချင်းတွေ ဆိုနိုင်အောင် ကြိုးစားရဦးမယ်"လို့ ဂျူဝယ်လ် ပြော 

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved