• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

အကြမ်းခံနိုင်စွမ်း မြင့်မားတဲ့ LG K50s နဲ့ K40s ဖုန်းသစ် နှစ်မျိုး ထွက်ရှိ

by Nigma
22 August 2019
in IT
A A
LG K50s နဲ့ K40s ဖုန်းသစ် နှစ်မျိုး

LG K50s နဲ့ K40s ဖုန်းသစ် နှစ်မျိုး

3.6k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယားအခြေစိုက် LG ကုမ္ပဏီက K စီးရီး ဖုန်းသစ်နှစ်မျိုးကို ယနေ့ မိတ်ဆက်ပေးလိုက်ပါတယ်။ စက်တင်ဘာ ပထမအပတ်အတွင်း ဘာလင်မြို့မှာ ကျင်းပမယ့် IFA 2019 ပွဲမှာ ပရိတ်သတ်ရှေ့မှောက် ပြသွားမယ်လို့ ဆိုပါတယ်။

LG K50s နဲ့ K40s ဖုန်းတွေဟာ အကြမ်းခံနိုင်စွမ်း မြင့်မားဖို့ ဦးစားပေး ထုတ်လုပ်ထားတဲ့ ဖုန်းတွေပါ။ စစ်ဘက်ဆိုင်ရာ အကြမ်းခံမှု အရည်အသွေး MIL-STD-810G စံနှုန်းနဲ့ အညီ စမ်းသပ် ထုတ်လုပ်ထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဒီစံနှုန်းအတိုင်းဆို သာမန်ဖုန်းတွေထက် ပြုတ်ကျမှု၊ အပူချိန် လွန်ကဲမှုဒဏ်တွေကို ပိုခံနိုင်ရည် ရှိမှာပါ။

မော်ဒယ် နှစ်မျိုးစလုံးမှာ DTS:X 3D ပတ်လည်အသံပြေးစနစ်နဲ့ Google Assistant ခေါ်ယူအသုံးပြုဖို့အတွက် သီးသန့် ခလုတ်တခုစီ ပါဝင်လာပါတယ်။ ဥရောပ၊ လက်တင်အမေရိကနဲ့ အာရှ ဈေးကွက်တွေမှာ လာမယ့် အောက်တိုဘာလအတွင်း စတင်ဝယ်ယူနိုင်မှာပါ။ အနက်ရောင်နဲ့ အပြာရောင် နှစ်မျိုးပဲ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

LG K40s မှာ အမည် မဖော်ပြထားတဲ့ 2GHz octa-core Chipset ကို အသုံးပြုထားပါတယ်။ ၆ ဒဿမ ၁ လက်မ အရွယ်အစားရှိ HD+ မျက်နှာပြင်နဲ့ပါ။ 19.5:9 အချိုးအစားနဲ့ ဖြစ်တာကြောင့် စခရင် အနည်းငယ် ရှည်လျားမှာပါ။ ရေစက်ပုံစံ Notch ဒီဇိုင်းပဲ သုံးထားပြီး၊ Notch အတွင်းမှာတော့ 13MP ရှေ့ကင်မရာ ၁ လုံး ပါဝင်ပါတယ်။

ဖုန်းရဲ့ ကျောဘက်မှာတော့ 13MP နဲ့ 5MP မြင်ကွင်းကျယ် ကင်မရာ နှစ်လုံးကို တွေ့ရမှာပါ။ 2GB နဲ့ 3GB RAM မော်ဒယ်ကွဲ နှစ်မျိုး ထုတ်သွားမှာ ဖြစ်ပါတယ်။ Storage ကိုတော့ 32GB တမျိုးပဲ ရမှာပါ။ ဒေတာ သိမ်းဆည်းဖို့ မလောက်ရင်တော့ microSD ကတ် ထပ်စိုက်နိုင်ပါတယ်။ 3,500mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ အားအမြန်သွင်းစနစ် ပါ၊ မပါ မပြောထားပါဘူး။

နောက်မော်ဒယ် LG K50s မှာတော့ ပိုမိုကြီးမားတဲ့ ၆ ဒဿမ ၅ လက်မအရွယ် စခရင်ကို အသုံးပြုပေးထားပါတယ်။ K40s ထက် စခရင် ပိုကြီးသွားတာကလွဲလို့ ရုပ်ထွက်အရည်အသွေးနဲ့ အချိုးအစားအားလုံး အတူတူပါပဲ။ စခရင် ပိုကြီးသွားသလို ဘက်ထရီလည်း 4,000mAh ဖြစ်သွားပါတယ်။

LG K50s မှာလည်း မော်ဒယ်နာမည် အတိအကျ မပြောထားတဲ့ 2GHz octa-core Chipset ကိုပဲ သုံးပေးထားပါတယ်။ ဒီဖုန်းကိုတော့ 3GB RAM နဲ့ 32GB တမျိုးပဲ ထုတ်သွားမှာပါ။

LG K50s မှာတော့ ကျောကင်မရာက ၃ လုံးဖြစ်သွားပါတယ်။ 13MP ကင်မရာနဲ့ 5MP မြင်ကွင်းကျယ်ကင်မရာတို့ အပြင် နောက်ထပ် 2MP Depth ကင်မရာ ၁ လုံး ထပ်မံ ပါဝင်လာတာပါ။

ဒီဖုန်းနှစ်လုံးရဲ့ ဈေးနှုန်းကိုတော့ ရှေ့လ IFA ပွဲရောက်တော့မှ ကြေညာသွားမယ်လို့ သိရပါတယ်။

Ref: Android Police, GSM Arena

You May Also Like These Stories:

ကျောကင်မရာ ၄ လုံး ပါဝင်တဲ့ တန်ဖိုးသင့် Realme 5 စမတ်ဖုန်းကို မိတ်ဆက်

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153

အက်ရှင် ကင်မရာပါဝင်တဲ့ Motorola One Action စမတ်ဖုန်းကို မိတ်ဆက်

ဈေးနှုန်းချိုသာတဲ့ Samsung Galaxy A10s ဖုန်းမော်ဒယ်သစ် ထွက်ရှိ

Your Thoughts …
Tags: K40sLG K50sစမတ်ဖုန်း
Nigma

Nigma

Contributor

Similar Picks:

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

by ဧရာဝတီ
28 June 2025
894

ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

by ဧရာဝတီ
27 September 2025
415

နည်းပညာနဲ့ ထိတွေ့မှု လွန်ကဲခြင်းရဲ့ သက်ရောက်မှုတွေ အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခြင်းက ဒီညွှန်ကြားချက်ကို ထွက်ပေါ်လာစေတာ ဖြစ်ပြီး ဂျပန်မှာ ပထမဆုံးအကြိမ် ဖြစ်မယ်လို့ ဆိုပါတယ်…

စမတ်ဖုန်းတွေကနေ ထွက်ရှိလာတဲ့ ရောင်ပြန်အလင်းတွေဟာ ကလေးငယ်တွေရဲ့ မျက်စိကို ထိခိုက်စေနိုင်ပါတယ်

ကလေးငယ်တွေကို စမတ်ဖုန်း ပေးမသုံးသင့်တဲ့ အကြောင်းအရင်း

by ဟယ်လ်သင်
11 March 2019
5.6k

ကလေးတွေအနေနဲ့ စမတ်ဖုန်းတွေကိုပဲ အသုံးပြုနေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ရေရှည်မှာ အဝလွန်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ

ဈေးပိုမို သက်သာတဲ့ Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ ထွက်ရှိ

by Nigma
7 January 2020
8k

ဈေးပိုမို သက်သာသွားပေမယ့် မူလ Flagship ဖုန်းတွေက အမြင့်စားစွမ်းဆောင်ရည်တွေကို မပျက်မယွင်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့ တရားဝင် မကြေညာရသေးပါဘူး။

Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းများ

Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းအသစ်များ ထွက်ရှိ

by Nigma
13 February 2020
9k

Xiaomi Mi 10 နဲ့ Mi 10 Pro ဟာ ကျောကင်မရာ ၄ လုံးတွဲ ပါဝင်တာချင်း တူညီသော်ငြား အသုံးပြုထားတဲ့ ကင်မရာတွေမှာတော့ ကွာခြားမှုရှိပါတယ်။

ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro စမတ်ဖုန်း

108MP နဲ့ ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro ကို Xiaomi မိတ်ဆက်

by Nigma
7 November 2019
6.8k

Mi CC9 Pro ဟာ အလွန်တရာ ပါးလျတဲ့ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာပါ ပထမဆုံးဖုန်း ဖြစ်တယ်လို့ Xiaomi က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာထားပါတယ်။

Next Post
 အဆိုတော် ဂျူဝယ်လ် (Jewel)  / ချစ်ပိုး / ဧရာဝတီ

"အရမ်းမြူးတဲ့ သီချင်းတွေ ဆိုနိုင်အောင် ကြိုးစားရဦးမယ်"လို့ ဂျူဝယ်လ် ပြော 

ကွတ်ခိုင်တွင် ပိတ်မိနေသည့် နိုင်ငံခြားသား ၂၈ ဦးကို တပ်မတော်လေယာဉ်ဖြင့် ယနေ့ ရန်ကုန် မြို့သို့ ပို့ဆောင်စဉ် / အောင်ကျော်ထက် / ဧရာဝတီ

ရှမ်းမြောက် တိုက်ပွဲအတွင်း ပိတ်မိသူများ ကယ်ဆယ်ရေး အရပ်ဖက်အဖွဲ့များ တောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved