• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တောင်တရုတ်ပင်လယ်မှ အမေရိကန်ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာရေတပ်ပါဝင်မည်

by မိုးမြင့်
27 August 2019
in သတင်း
A A
တပ်ဖွဲ့ဝင် ၁၀၀ သယ်ဆောင်နိုင်သော ကျန်စစ်သား ဖရီးဂိတ်သင်္ဘော F-12  သည် ASEAN-US ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (AUMX) တွင်ပါဝင်ရန် ရန်ကုန်မှထွက်ခွာသွားကြောင်း ဖေ့ဘွတ်တွင်ရေးသားသည်။

တပ်ဖွဲ့ဝင် ၁၀၀ သယ်ဆောင်နိုင်သော ကျန်စစ်သား ဖရီးဂိတ်သင်္ဘော F-12  သည် ASEAN-US ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (AUMX) တွင်ပါဝင်ရန် ရန်ကုန်မှထွက်ခွာသွားကြောင်း ဖေ့ဘွတ်တွင်ရေးသားသည်။

11.3k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း – ASEAN နိုင်ငံ ၇ နိုင်ငံ ရေတပ်များပါဝင်သည့် ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ထိုင်းပင်လယ်ကွေ့သို့ ထွက်ခွာနေကြောင်း မြန်မာ့တပ်မတော် (ရေ) က တနင်္လာနေ့တွင်ကြေညာသည်။

တောင်တရုတ်ပင်လယ်နှင့် ကပ်လျက် ဒေသတွင်ကျင်းပသည့် ထိုစစ်ရေးလေ့ကျင့်မှုသည် စက်တင်ဘာလ ပထမပတ်အတွင်းတွင် စတင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံသည် ယခုနှစ်အစောပိုင်းက မြန်မာထိပ်တန်းစစ်ခေါင်းဆောင်များကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း အမေရိကန်၏ စစ်ဘက်ချင်း တိုက်ရိုက်ဆက်ဆံသော လမ်းကြောင်းများမှာ ဖွင့်လှစ်ထားဆဲ ဖြစ်သည်။

ပြည်တွင်းတွင် ကျန်စစ်သားဟု သိကြသည့် တပ်ဖွဲ့ဝင် ၁၀၀ သယ်ဆောင်နိုင်သော ဖရီးဂိတ်သင်္ဘော F-12  သည် ASEAN-US ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (AUMX) တွင်ပါဝင်ရန် ရန်ကုန်မှထွက်ခွာသွားကြောင်း  ရေတပ်ဦးစီးချုပ် ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီး မိုးအောင်က အခြားအမည်ဖြင့် တနင်္လာနေ့နံနက်က ဖေ့ဘွတ်တွင်ရေးသားသည်။

တပ်မတော် သတင်းစာဖြစ်သော မြဝတီနှင့် မြန်မာရေတပ်တို့၏ ဖေ့ဘွတ်စာမျက်နှာအရ ကိုယ်စားလှယ်အဖွဲ့တခုကို ဒုတိယဗိုလ်မှူးကြီး ခွန်အောင်ကျော်က ဦးဆောင်နေပြီး စက်တင်ဘာလ ၂ ရက်မှ ၆ ရက်အထိ ပထမဆုံးအကြိမ်  AUMX စစ်ရေးလေ့ကျင့်မှုကို အနည်းဆုံး ASEAN  ၇ နိုင်ငံမှ စစ်သင်္ဘောများဖြင့် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
139
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
29
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
64

အမေရိကန် ဦးဆောင်သော ထိုစစ်ရေးလေ့ကျင့်မှုသည်  ဒေသတွင်း အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ရေကြောင်း သြဇာလွှမ်းမိုးမှု ချိန်ခွင်လျှာညှိရန် အားထုတ်မှုအဖြစ် အမေရိကန်နှင့် ASEAN တပ်မတော်များအကြားဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်သည်ဟု ဒေသဆိုင်ရာကျွမ်းကျင်သူများအဆိုအရ သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်သန်းဦး၊ ဗိုလ်ချုပ်အောင်အောင် တို့ကို ၎င်းတို့၏ မိသားစုများနှင့်တကွ ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။ ထိုသို့အရေးယူရခြင်းမှာ ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မွတ်ဆလင်များအပေါ် ကျူးလွန်သည်ဟု ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က စွပ်စွဲထားသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအတွက်ဖြစ်သည်ဟု ဆိုသည်။ ထို တပ်မတော်ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုများကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ခွင့် ပိတ်ပင်ထားသည်။

ထိုစစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာဟု မိမိကိုယ်ကိုယ် ခေါ်ဆိုသူ ၇၃၀၀၀၀ ကျော်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှိနိုင်ငံသို့ ထွက်ပြေးကြပြီး ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်း ပေါ်ပေါက်လာသည်။ ထိုဒုက္ခသည်များမှာ နေရပ်ပြန်ရမည်ကို ကြောက်နေသောကြောင့် ၎င်းတို့ကို ပြန်လည်ပို့ဆောင်ရန် နှစ်နိုင်ငံ အားထုတ်မှုများလည်း တုံ့ဆိုင်းနေသည်။ လွန်ခဲ့သောအပါတ်က စီစဉ်ထားသည့် ပထမဆုံးအကြိမ် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးတွင်လည်း မည်သူမျှပြန်မလာပေ။

၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ပြီးနောက် အိုဘားမားအစိုးရသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများကို တရားဝင် ရုတ်သိမ်းခဲ့သည်။ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းနှင့် မြောက်ကိုရီးယားနှင့် လက်နက်ကုန်သွယ်ရာတွင် အချိတ်အဆက်ရှိသော ကုမ္ပဏီများကိုပိတ်စို့ခြင်း အပါအဝင် ကန့်သတ်ချက်အချို့ကိုမူ ဆက်လက်ထားရှိခဲ့သည်။ ယင်းနောက် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး စတင် ဖြစ်ထွန်းလာပြီး အမေရိကန်ဦးဆောင်သော ဒေသတွင်း စစ်ရေးလေ့ကျင့်မှု တချို့တွင် မြန်မာ့တပ်မတော်က လေ့လာသူအဆင့်ဖြင့် ပါဝင်လာခဲ့သည်။

ဧရာဝတီ သတင်းဌာနသည် ရန်ကုန်ရှိအမေရိကန်သံရုံးသို့ အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့သော်လည်း ယနေ့နေ့လည်အထိ အကြောင်းပြန်ကြားမှုမရသေးပေ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဧရာဝတီက အီးမေးလ်ဖြင့် ဆက်သွယ်သောအခါ “နောက်ဆုံးစီစဉ်မှုများ လုပ်နေပြီး အသေးစိတ်ကို စစ်ရေးလေ့ကျင့်မှု စတင်ချိန်နီးသောအခါ ထုတ်ပြန်မည်” ဟု အကြောင်းပြန်ခဲ့သည်။

သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တစောင်အရ အမေရိကန်နိုင်ငံသည် ASEAN တပ်မတော်နှင့်ရေတပ်များအကြား ရေကြောင်းစိုးမိုးမှု၊ သတင်းအချက်အလက်ဖလှယ်ရေးနှင့် ပင်လယ်ပြင် ပိတ်ဆို့တားဆီးမှုစွမ်းရည်များတည်ဆောက်ရေးအတွက်  ပထမဆုံအကြိမ် AUMX ကို ထိုင်းနိုင်ငံနှင့်အတူ လက်ခံကျင်းပမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားသည်။

လွန်ခဲ့သောအောက်တိုဘာလက ASEAN-China ရေတပ်စစ်ရေးလေ့ကျင်မှုကို ကွမ်တုန်ပြည်နယ် ကျန်ကျန့်တွင် ကျင်းပခဲ့သည်။

( Moe Myint ၏ Myanmar Navy to Join US-led Maritime Exercise in South China Sea ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန် –

စည်းလုံးညီညွှတ်မှုကို ပြသရန် ခရစ်ယာန်နှင့် အစ္စလာမ် အသိုင်းအဝိုင်းသို့ တပ်ချုပ် လှူဒါန်း

သူပုန်တို့ တိုက်ခိုက်မှုက တရုတ် BRI စီမံကိန်းများအပေါ် အရိပ်မိုးနေ

တပ်မတော် ကိုယ်ပိုင် စီးပွားရေး လုပ်သင့်သလား

Your Thoughts …
Tags: စစ်ရေးလေ့ကျင့်မှုမြန်မာရေတပ်အမေရိကန်
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

by Gabriel Honrada
4 September 2024
10.7k

ထိုင်းနိုင်ငံသည် ကြားဖြတ်ဟန့်တားနိုင်သည့် စွမ်းရည် မရှိသောကြောင့် မဟုတ်ဘဲ နိုင်ငံရေးသုံးသပ်ချက်ဖြင့် ၎င်း၏ လေပိုင်နက်သို့ မြန်မာက ယခင် ကျူးကျော်မှုများကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့သည်။

Next Post
အဆိုပါ ကိုယ်ပိုင်အသံ အထောက်အကူစနစ်ကို BBC က "Beeb" လို့ နာမည်ပေးထားပါတယ်

BBC က "Beeb" အမည်ရ ကိုယ်ပိုင်အသံ အထောက်အကူ စနစ်တခု ထုတ်ပေးမည်

ဖမ်းဆီးခံရသော စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့ ညီအစ်ကိုနှစ်ဦး / Sao sai khun tai

အဖမ်းဆီးခံ ရှမ်း ပရဟိတ ကျောင်းဆရာ၂ ဦး လွှတ်ပေးရန် ရှမ်းလူငယ် ကွန်ရက် တောင်းဆို

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved