• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေး အမြန်ရချင်ကြောင်း တပ်ချုပ်က KBC ကို ပြော

by နန်းလွင်နှင်းပွင့်
13 September 2019
in သတင်း
A A
KBC ဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၂ ရက်၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံစဉ် /  Kachin Baptist Convention  / Facebook

KBC ဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၂ ရက်၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံစဉ် / Kachin Baptist Convention / Facebook

17.9k
VIEWS
Share on FacebookShare on Twitter

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးအမြန် ရချင်ကြောင်း ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် တွေ့ဆုံစဉ် ပြောဆိုကြောင်း သတင်းရရှိသည်။

KBC ဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၂ ရက်၊ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်က “တပ်ချုပ်ကိုယ်တိုင်က သူ ဦးဆောင်နေတဲ့ အချိန်မှာ သူက ငြိမ်းချမ်းရေးကို ဖြစ်စေခဲ့ချင်တယ်။ (တွေ့ဆုံပြောဆိုတဲ့ထဲမှာ) အဲ့တာတွေလည်း ပါပါတယ်”ဟု ဧရာဝတီသို့ ဖုန်းအင်တာဗျူးတွင် ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်တွင် သမ္မတဒေါ်နယ် ထရန့်နှင့် တွေ့ဆုံစဉ် တပ်မတော်က ဘာသာရေးဖိနှိပ်မှုများ လုပ်နေကြောင်းနှင့် တပ်မတော် ထိပ်သီးခေါင်းဆောင်များအပေါ် အရေးယူပိတ်ဆို့မှုများ လုပ်သည်ကို ကျေးဇူးတင် ကြောင်း ပြောဆိုခဲ့သဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးတဦးက တရားစွဲဆိုရန် မြစ်ကြီးနား တရားရုံးတွင် ဦးတိုက်လျှောက်တိုင်ကြားခံခဲ့ရသည်။

စက်တင်ဘာ ၉ ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နှုတ်မိန့်ဖြင့် အမှုကို ရုတ်သိမ်းပေးပြီး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မန္တလေးတွင် ခေါ်ယူတွေ့ဆုံခြင်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုတွင် KBC ဘက်မှ ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန်၊ အထွေထွေအတွင်းရေးမှူး ဦးတူးမိုင်၊ လူမှုဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဦးခါးလီတို့ ပါဝင်ပြီး ကချင်ငြိမ်းချမ်းရေးအကျိုးတော် ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာနှင့် ဦးခွန်းအောင်တို့ ပါဝင်သည်။

၂ နာရီကြာ တွေ့ဆုံကာ ငြိမ်းချမ်းရေး အမြန်ရလိုကြောင်း ပြောဆိုသည့်အပြင် သြဂုတ်လ အတွင်းက ဒေါက်တာခလမ်ဆမ်ဆွန်ကို တပ်မတော်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တရားစွဲဆိုခဲ့မှုကို ရုတ်သိမ်းပေးခဲ့သည့် အကြောင်း၊ ဘာသာရေးဖိနှိပ်မှုကို တပ်မတော်က မလုပ်ကြောင်း ပြောပြီး ကချင်စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့သည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်က “ငြိမ်းချမ်းရေး အမြန်ရဖို့ဆိုရင် ပထမအဆင့်က IDPs တွေ အားလုံး အရင်ပြန်အောင် လုပ်ရမှာပေါ့။ ဒါဆိုရင် လုံခြုံအောင် ပြန်နိုင်ဖို့ကတော့ Bilateral က အရင် ထိုးရမှာ ပေါ့နော်။ အားလုံးပြန်မှပဲ ငြိမ်းချမ်းရေးက ပထမအဆင့်အနေနဲ့ တည်ဆောက်နိုင်မယ်။ သူ(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်)ကလည်း အဲ့တာကို သဘောတူပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် တပ်မတော် မူ ၆ ချက်မှာလည်း ညှိနှိုင်းလိုလျှင် ညှိနှိုင်း၍ ရနိုင်ကြောင်း၊ ၎င်းက တဖက်သတ်ဆန်သူ မဟုတ်ပဲ ညှိနှိုင်းနိုင်ပါသည်ဟုလည်း ပြောဆိုကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

ဆက်လက်၍ ဒေါက်တာခလမ်ဆမ်ဆွန်က “တပ်မတော်မှာလည်း ပြောင်းလဲဖို့ စိတ်ကူးရှိတယ် ဆိုတာ ကျနော် သိရတယ်။ တပ်မတော် ဆိုတော့ ပြောင်းလဲဖို့ နေရာမှာ ခက်ခဲတာ ရှိကောင်း ရှိမှာပေါ့။ ဒါပေမယ့် သူတို့ဘက်က သတ္တိရှိရှိ ပြောင်းလဲရမှာပေါ့။ တကယ်တမ်း ပြည်သူရဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင်ပေါ့”ဟု ပြောသည် ။

ငြိမ်းချမ်းရေးရရှိရေးနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှလည်း မရနိုင်သည့် ကိစ္စရပ်များတွင် အလျော့အတင်း လုပ်ရန် လိုအပ်သည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥပဒေနှင့်ပတ်သတ်၍ တိုင်းရင်းသားများအပေါ် ခွဲခြားခြင်းမရှိပဲ တပြေးညီသတ်မှတ်ထားပြီး ဘာသာရေးနှင့်ကိုးကွယ်မှုကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေး ထားသည့်အတွက် ဘာသာရေးအကြောင်းပြကာ မလိုလားသည့် နိုင်ငံရေး မတည်ငြိမ်မှုများ မဖြစ်စေ လိုကြောင်း KBC ကို ပြောသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန် ထားသည်။

တိုင်းပြည်တွင်း နိုင်ငံရေးနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန် လိုအပ်သဖြင့် နိုင်ငံဖွံ့ဖြိုးရေး အတွက် တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းဆောင်ရွက်ရန် တာဝန်ရှိသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၊ ဒုဥက္ကဌ ဦးကွမ်ဂရောင်အောင်ခမ်းက တပ်မတော်ဘက်မှ ဒေါက်တာခလမ်ဆမ်ဆွန်ကို အမှုရုတ်သိမ်းပေးပြီး ခေါ်ယူတွေ့ဆုံသည်မှာ နိုင်ငံတကာဖိအား များနေချိန် ဖြေလျော့လိုသဖြင့် ပြသသည့် သဘောဖြစ်နိုင်သည်ဟု သုံးသပ်ပြီး ငြိမ်းချမ်းရေး အပေါ် ပြောဆိုချက်မှာ နိုင်ငံတွင်း မဖြစ်မနေ ငြိမ်းချမ်းရေးလုပ်ရန် လိုလာသည်ဟု တွေးပြီး လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ဦးကွမ်ဂရောင်အောင်ခမ်းက “တခုစဉ်းစားဖို့ လိုတာက စစ်တပ်က ငြိမ်းချမ်းရေးကို ပါးစပ်က ပြောပြီးမှ လက်တွေ့မှာ ဘာမှ မရှိဘူး။ ပကတိအခြေအနေ၊ တိုက်ပွဲတွေဖြစ်နေတဲ့ အခြေ အနေကို ကြည့်ပြီး အများကြီး စဉ်းစားစရာ ရှိပါတယ်”ဟုလည်း ပြောသည်။

ငြိမ်းချမ်းရေးအမြန်လိုချင်သည်ဆိုသည့် ပြောစကားမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အပစ်ရပ်ဆွေးနွေးပွဲများတွင် တွေ့ဆုံစဉ် တိုက်ရိုက် ပြောဆိုရမည့် စကားဖြစ်ပြီး နှစ်ဖက် တပ်ဖွဲ့များ ဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးမှ ငြိမ်းချမ်းရေး မလွဲမသွေ ရမည်ဟု ဦးကွမ်ဂရောင် အောင်ခမ်းက ဆိုသည်။

လက်ရှိတွင် ကချင်လူထုနှင့် KIA ဘက်ကို ငြိမ်းချမ်းရေး ရလိုကြောင်း ပြောဆိုပြီး KIA ၏ မဟာမိတ်များ ဖြစ်သည့် ရက္ခိုင်စစ်တပ် (AA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းမှာ ခွဲခြားလုပ်ဆောင်နေခြင်းများ ဖြစ်သည်ဟု ဦးကွမ်ဂရောင်အောင်ခမ်းက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
41

တပ်မတော်က ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာ လိုချင်မှု ရှိမရှိမှာ လက်တွေ့လုပ်ရပ်များပေါ် ကြည့်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟုလည်း ဦးကွမ်ဂရောင်အောင်ခမ်းက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့မြင်တာက လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းကလည်း လက်မှတ်ထိုးတာပဲ။ ထိုးတာက ထိုးလို့ ရပါတယ်။ အချိန်ကြားတခုအနေနဲ့ ထိုးလို့ရတယ်။ တကယ်တမ်း ငြိမ်းချမ်းဖို့ လိုတာက နိုင်ငံရေး အရ စကားပြောရမယ်။ စစ်ဘက်က အပစ်အခတ်ရပ်စဲတာနဲ့ အလုပ်ဖြစ်တာ ကိစ္စပြီးတာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၀ ခုနှစ်တွင် ပြည်သူ့လက်ထဲ ငြိမ်းချမ်းရေး အပြီးအပ်မည် ဟုလည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်က ကျင်းပသည့် ၂၁ရာစုပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (တတိယအကြိမ်) အစည်းအဝေးတွင် ပြောဆိုထားသည်။

လက်ရှိတွင် တပ်မတော်သည် KIA နှင့် ပဏာမအပစ်ရပ်စာချုပ် (Biateral )တခု ချုပ်ဆိုရန် ဆွေးနွေးလျက် ရှိသည်။

KIA က ၎င်း၏ မဟာမိတ်များဖြစ်သည့် AA ၊TNLA၊ MNDAA တို့နှင့် အတူ စာချုပ် တချိန်တည်း ချုပ်ဆိုနိုင်ရန် ရပ်တည်ထားပြီး အပစ်ရပ်စာချုပ်တစောင်စီကို အစိုးရနှင့် အတူတကွ ဆွေးနွေးလျက် ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ခေါ်ယူတွေ့ဆုံသည့် KBC ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန် သည် အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်ရေး၊ အပစ်ရပ်ပြီးနောက် ကချင်ဒုက္ခသည် တသိန်ကျော် နေရပ်ပြန်ရေးတို့အတွက် KIA ကို တိုက်တွန်းထားသူ ဖြစ်ပြီး ကချင်လူထု အသိုင်းအဝိုင်းတွင် သြဇာရှိသူတဦးဖြစ်သည်။

KBC သည် မြန်မာနိုင်ငံတွင်း ဇုံနယ်အသင်းတော်များအ ဖွဲ့၁၅ ဖွဲ့၊ အသင်းတော်ပေါင်း ၄၂၉ ၊ အသင်းသ အသင်းသားပေါင်း ၄သိန်းကျော်ဖြင့် ဖွဲ့စည်းထားပြီး ကချင်လူထု၏ လူမှုရေး၊နိုင်ငံရေး ဆိုင်ရာ အခန်းကဏ္ဍများတွင် ဦးဆောင်ပါဝင်နေသည့် ဘာသာရေးအဖွဲ့အစည်း တခုဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၄ ရက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် KBC ကို သီးသန့်ခေါ်ယူတွေ့ဆုံပြီး အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးရန် တိုက်တွန်းပေးရန်နှင့် ကချင်ဒုက္ခသည်များ နေရပ်ပြန်ရေးတို့ကို ဆွေးနွေးထားသည်။

ဆက္စပ္ဖတ္ရႈရန္

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံမှာ ဘာတွေညှိနှိုင်းမလဲ

NCA ကနေ သွေဖည်၍ မရဟု NRPC ဒုဥက္ကဌ ဦးထွန်းထွန်းဦးပြော

ကချင်နှစ်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌကို တရားစွဲဆိုမှု တပ်မတော် ပြန်ရုတ်သိမ်း

Your Thoughts …
Tags: ငြိမ်းချမ်းရေးဒေါက်တာခလမ်ဆမ်ဆွန်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

by ခင်မမ
6 October 2023
9.5k

အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် မိမိသဘောထား ကွဲလွဲမှုရှိစေကာမူ အဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်း ကြံ့ခိုင်တောင့်တင်းရေးအတွက် နာခံရမည်ဖြစ်၏။

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

by ဧရာဝတီ
8 February 2024
8.7k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးစကား ပြောနေသော်လည်း စစ်ကောင်စီသည် နိုင်ငံဘဏ္ဍာငွေ အများအပြားကို စစ်စရိတ်အတွက် သုံးနေသည်။

Next Post
ထိုင်းကြည်းတပ်အတွက် အမေရိကန်လုပ် သံချပ်ကာယာဉ်များရောက်ရှိ

ထိုင်းကြည်းတပ်အတွက် အမေရိကန်လုပ် သံချပ်ကာယာဉ်များရောက်ရှိ

တပတ်အတွင်းသတင်းဓာတ်ပုံ

တပတ်အတွင်းသတင်းဓာတ်ပုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved