• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျိုင်းတုံ ဆွေးနွေးပွဲ ရလဒ်မကောင်းပါက စိုးရိမ်ရဟု အစိုးရပြော

by မိုးမိုး
14 September 2019
in သတင်း
A A
၂၀၁၅ ခုနှစ် က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် လုံခြုံရေး ယူနေသည့် တပ်သား များ / ဧရာဝတီ

၂၀၁၅ ခုနှစ် က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် လုံခြုံရေး ယူနေသည့် တပ်သား များ / ဧရာဝတီ

17.7k
VIEWS
Share on FacebookShare on Twitter

လာမည့် စက်တင်ဘာ ၁၇ ရက်နေ့တွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ တို့အကြား ပြုုလုပ်မည့် ကျိုင်းတုံ ကျိုင်းတုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်မကောင်းပါက စိုးရိမ်ရသည့် အလားအလာရှိကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

စက်တင်ဘာ ၁၃ ရက်နေ့က နေပြည်တော် သမ္မတ အိမ်တော်တွင် လစဉ်ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ကျိုင်းတုံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာနှင့် ပတ်သက်၍ ဧရာဝတီ၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

ဦးဇော်ဌေးက ‘‘ကျိုင်းတုံ ဆွေးနွေးပွဲကို ကျနော်တို့ တော်တော်အလေးထားတယ်။  ဒါ အရေးကြီးပါတယ်။ ဒီရလဒ်အပေါ် မူတည်ပြီး တပ်မတော်က တဖက်သတ်အပစ်ရပ် ကြေညာတဲ့ ၂၁ ရက်နေ့ extention ဆိုတာ အဲဒီအပေါ်မှာ မူတည်နေတယ်။ အကယ်၍ ဒီ ဆွေးနွေးပွဲရလဒ် မကောင်းဘူး ဆိုရင် အလားအလာက နည်းနည်းလေး စိုးရိမ်ရတယ်” ဟု ပြောသည်။

လာမည့် စက်တင်ဘာ ၁၇ ရက် တွင် ပြုလုပ်မည့်ကျိုင်းတုံ ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) ဒုဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့် အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိသူများ တက်ရောက်မည်ဟုလည်း သမ္မတရုံးမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲ ရလဒ်အပေါ် မူတည်၍ တပ်မတော်ဘက်မှ အပစ်ရပ်ကြေညာမှု သက်တမ်းတိုး မတိုး ဆုံးဖြတ်မည့် အခြေအနေ ဖြစ်ခြင်းကြောင့် ဆွေးနွေးပွဲ ရလဒ်မကောင်းပါက စိုးရိမ်ရသည့် အလားအလာရှိကြောင်း ဦးဇော်ဌေးက ပြောသည်။

တပ်မတော်ဘက်မှ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များ အပါအဝင် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် ဟု ဆိုကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကတည်းက အပစ်ရပ်ကြေညာခဲ့ရာ စက်တင်ဘာ ၂၁ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၃၁ ရက် ကျိုင်းတုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလမ်းမကြီးကို တိုက်ခိုက်မှုများ မလုပ်ရန်၊ အရပ်သား ပစ်မှတ်များအား တိုက်ခိုက်ခြင်းမပြုရန်နှင့် ဖြစ်နိုင်ပါက မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဘက်က အပစ်ရပ်ကြေညာပေးရန် အစိုးရဘက်က ပြောကြားခဲ့သည်။ မကြာသေးမီက မြောက်ပိုင်းသုံးဖွဲ့က တလကြာ အပစ်ရပ်ကြေညာချက်အပေါ် အပြုသဘောမြင်ကြောင်း သမ္မတရုံးတာဝန်ရှိသူက ပြောသည်။

လာမည့် ကျိုင်းတုံဆွေးနွေးပွဲတွင် အပစ်ရပ်ရေး KIA  နှင့် ဆွေးနွေးရာတွင် ပြဿနာ မရှိနိုင်ကြောင်း၊ ကျန်သည့် ၃ ဖွဲ့နှင့် ဆွေးနွေးရာတွင် အပစ်ရပ်မည်ဆိုပါက တပ်နေရာ ချထားရေးကို စဉ်းစားမည် ဖြစ်ကြောင်း၊ တပ်မတော်ဘက်မှ တောင်းဆိုချက်နှင့် မြောက်ပိုင်း ၃ ဖွဲ့တောင်းဆိုမှုများ ကွာဟမှု ရှိနေပါက ညှိနှိုင်း၍ ရ မရ ဆိုသည့် အချက်မှာ အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်သည်။

ဦးမောင်မောင်စိုးက “ညှိလို့ ရမယ်ဆိုရင် ပစ်ခတ် ရပ်စဲနိုင်မယ်လို့ လမ်းစပွင့်သွားနိုင်တာပေါ့။ ဒါပေမယ့် အဲလို မဟုတ်ဘူးဆိုရင် တိုက်ပွဲ တွေက ပိုပြီး ကြီးထွားနိုင်တယ်။ ရခိုင်ပြည်နယ်မှာတင် မကပဲ ရှမ်းမြောက်မှာပါ တိုက်ပွဲတွေ ကြီးသွားနိုင်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ကျိုင်းတုံ ဆွေးနွေးပွဲတွင် လက်ရှိတိုက်ပွဲများ ရပ်တန့်ရန် ရခိုင်၊ ပလောင်ဒေသများတွင် တပ်မတော်ဘက်မှ စစ်ရေး လှုပ်ရှားမှုများ ရပ်တန့်ပေးရန် မြောက်ပိုင်း မဟာမိတ်များဘက်မှ တောင်းဆိုခဲ့ကြောင်း၊ အပစ်ရပ်ပြီးမှသာ စစ်မှန်သည့် ဆွေးနွေးမှု စနိုင်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

သြဂုတ် ၃၁ ရက်နေ့ ဆွေးနွေးပွဲတွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ပလောင်(တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မ တော်(TNLA)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA)တို့၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ များဖြစ်သည့် KIO၊ PSLF ၊ MNTJP ၊ ULA ၄ဖွဲ့နှင့် အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များ တွေဆုံခဲ့ခြင်းဖြစ်သည်။

TNLA၊ AA၊ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ သည် သြဂုတ် ၁၅ ရက်က နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၆ နေရာကို တပြိုင်တည်း တိုက်ခိုက်သော စစ်ဆင်ရေး တရပ် ပြုလုပ်ခဲ့သည်။

ထို့ပြင် မူဆယ်-မန္တလေးကြား ကုန်သွယ်လျက် ရှိသော ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နောင်ချိုမြို့ ဂုတ်တွင်းတံတား ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်နေပြီး နှစ်ဖက်တိုက်ပွဲများ ရင်ဆိုင် ဖြစ်ပွားနေသည်မှာ ယနေ့ အချိန်ထိ ဖြစ်သည်။

You may also like these stories:

ငြိမ်းချမ်းရေး အမြန်ရချင်ကြောင်း တပ်ချုပ်က KBC ကို ပြော

၂၀၂၀ ကျမှ၂၁ ရာစု ပင်လုံ ကျင်းပတော့မည်

ကိုးကန့်ဒေသ ညမထွက်ရ အမိန့် သက်တမ်းထပ်တိုး

Your Thoughts …
Tags: ကျိုင်းတုံဆွေးနွေးပွဲတပ်မတော်မြောက်ပိုင်းမဟာမိတ်
မိုးမိုး

မိုးမိုး

...

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်

သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်

by မိုင်းခြိူဝ်းဇာရ်
27 September 2024
5.8k

TNLA အနေဖြင့် သီပေါမြို့ကို ရရှိလျှင် နမ္မတူမြို့နှင့် လွတ်လပ်စွာ ကုန်စည်စီးဆင်းနိုင်မည်ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချိုမြို့မှ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ မြောက်ပိုင်း မဟာမိတ်တပ်များ တည်ငြိမ်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

ညီလာခံလုပ်ဖို့ကိစ္စ ကျနော်တို့နဲ့ အမြင်သဘောထားတွေ ကွဲတာပေါ့

ညီလာခံလုပ်ဖို့ကိစ္စ ကျနော်တို့နဲ့ အမြင်သဘောထားတွေ ကွဲတာပေါ့

by ဧရာဝတီ
26 July 2023
5.3k

ကျနော်တို့ကတော့ အခုဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကိုတော့ မကြိုက်ဘူး။ မကြိုက်လို့ ဒါကို ဟန့်တားချင်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြေလည်ရာ ပြေလည်ကြောင်း ဆွေးနွေးချင်တယ်။ ကျနော်တို့က စားပွဲပေါ်မှာ လုံးဝဆွေးနွေးလို့ မရတော့မှသာ ရှိတဲ့ အင်အားကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြင်ထားတာပဲရှိပါတယ်။...

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

by ဧရာဝတီ
31 October 2023
4.5k

စစ်ရေးအခြေအနေများကို KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

Next Post
အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ လူစားမထိုးဘဲ ကိုယ်တိုင် သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်များ

အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ လူစားမထိုးဘဲ ကိုယ်တိုင် သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်များ

သက်ထားသူဇာနှင့် အင်ဒိုနီးရှား ကြက်တောင်မယ်တို့ ယနေ့ ယှဉ်ပြိုင်ကစားစဉ် / လဲ့လဲ့ / ဧရာဝတီ

သက်ထားသူဇာ အင်ဒိုကြက်တောင်မယ်ကို ရှုံးနိမ့်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved