• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုးကန့်ဒေသ ညမထွက်ရ အမိန့် သက်တမ်းထပ်တိုး

by ထွန်းထွန်း
10 September 2019
in သတင်း
A A
၂၀၁၅ ခုနှစ် က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် လုံခြုံရေး ယူနေသည့် တပ်သား များ / ဧရာဝတီ

၂၀၁၅ ခုနှစ် က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် လုံခြုံရေး ယူနေသည့် တပ်သား များ / ဧရာဝတီ

19.1k
VIEWS
Share on FacebookShare on Twitter

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား စက်တင်ဘာ ၉ ရက်နေ့က ထပ်မံ သက်တမ်းတိုး ထုတ်ပြန်လိုက်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရ သည်။

အမိန့်အရ လုံခြုံရေး တာဝန်ရှိသူမှအပ မည်သူမဆို အမိန့် တစုံတရာမရှိဘဲ ည ၉ နာရီမှ နံနက် ၅ နာရီ အတွင်း လမ်းပေါ် သွားခြင်း မပြုရန်နှင့် ၅ ဦးထက် ပို၍ စုဝေးခြင်းများ မပြုရန် တာမြစ်ထားပြီး ဖောက်ဖျက် ကျူးလွန်ပါက ဥပဒေအရ ပြင်းထန် စွာ အရေးယူခံရမည် ဖြစ်ကြောင်း ဆိုထားသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ဇော်ခင်အောင်က “ ပုဒ်မ ၁၄၄ ထုတ်တာက အရင် ၂၀၁၅ ခုနှစ် တုန်းက တိုက်ပွဲတွေ ဖြစ်ပြီးထဲက ထုတ်ထားတာကို ၃ လပြည့်လို့ ထပ်တိုးတဲ့ သဘောပါပဲ၊ အရင်ထဲ က တောက်လျှောက် ထုတ်လာတာကနေ အခုအချိန်ကိုလည်း ဖြေလျော့ထားပါတယ်”ဟု ဧရာဝတီ သို့ပြောသည်။

ကိုးကန့်ဒေသအတွင်း ဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) နှင့် တပ်မတော်တို့အကြား ၂၀၁၅ ခုနှစ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြားခဲ့သည်။

ယင်းတိုက်ပွဲများ အပြီးတွင် ကိုးကန့်ဒေသ အတွင်းရှိ မြို့နယ်များတွင် ညမထွက်ရ အမိန့်များအား ဆက်တိုက် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
16
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
12
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
26

တပ်မတော်က စစ်တိုင်း ၅ ခုတွင် အပစ်ရပ်ကြောင်း ကြေညာထားသည့် ကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းကလည်း တပ်မတော်နှင့် MNDAA တို့အကြား ကိုးကန့်ဒေသဖြစ်သည့် ကွမ်လုံမြို့နယ်အတွင်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ကလည်း MNDAA တပ်ဖွဲ့ပါဝင်သည့်  ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် ညီနောင် မဟာမိတ်အဖွဲ့မှ ပြင်ဦးလွင်မြို့ရှိ  တပ်မတော် နည်းပညာတက္ကသိုလ်နှင့် နောင်ချို့ မြို့နယ် ဂုတ်တွင်း ရဲကင်းစခန်းအား စတင်တိုက်ခိုက်မှုကြောင့် တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့တွင် MNDAA၊ တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်စစ်တပ်(AA) တို့ ပါဝင်သည်။

ထိုတိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုများနှင့် အရပ်သားပိုင် ကားနှင့်ပစ္စည်းများကိုလည်း လက်နက်ကိုင် အဖွဲ့များ များက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည့်အပြင် လမ်းကြောင်း ပြတ်တောက်ရေးအတွက် တံတားအချို့ ကိုလည်း မိုင်းခွဲ ဖျက်ဆီးခဲ့သည်။

တိုက်ပွဲများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ရေး အတွက် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့(KIO၊ MNDAA၊ TNLA၊ AA)များ သြဂုတ် ၃၁ ရက်နေ့က ကျိုင်းတုံမြို့တွင် တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး တပ်မတော်ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှု ရပ်ဆိုင်းထား ခြင်းအား ၂၁ ရက်တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်ကလည်း စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်နေ့ အထိ တလတာ တဖက်သတ် အပစ်ရပ်စဲကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား သဘောတူထားသည့် စက်တင်ဘာ ၁၆-၁၇ ရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးမှုကိုလည်း ကျိုင်းတုံမြို့တွင်သာ ပြုလုပ်သွားရန် အစိုးရဘက်က စက်တင်ဘာ ၉ ရက်နေ့ ရက်စွဲဖြင့် အဆိုပြုဖိတ်ကြားထားကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်-  ရှမ်းမြောက်တွင် တပ်ရင်း ဌာနချုပ်တခုနှင့် တံတားတစင်း ထပ်မံ တိုက်ခိုက်ခံရ

ရှမ်းမြောက်တွင် အရပ်ဘက်ကားများ ဆက်တိုက် မီးရှို့ ဖျက်ဆီးခံနေရ

ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ

တကျော့ပြန် တိုက်ပွဲများနှင့် လောက်ကိုင်မြို့ မြင်ကွင်း

Your Thoughts …
Tags: ပုဒ်မ ၁၄၄လောက်ကိုင်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင် ဖမ်းဆီးခံရ

စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင် ဖမ်းဆီးခံရ

by ဧရာဝတီ
10 March 2024
41.6k

ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁) မှူး ဗိုလ်မှူးချုပ် မင်းမောင်အား စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး စစ်ခုံရုံးဖြင့် စစ်ဆေးနေ

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

by ဧရာဝတီ
14 December 2023
23.2k

မြန်မာပြင်ပတွင် ခိုလှုံနေရသော်လည်း ဖုန် ဆွေမျိုးစုသည် ကိုးကန့်ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းချက်ကို မစွန့်လွှတ်ပေ။

လောက်ကိုင်၌ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးကို အရေးယူရန် စစ်ကောင်စီ ပြင်ဆင်

လောက်ကိုင်၌ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးကို အရေးယူရန် စစ်ကောင်စီ ပြင်ဆင်

by ဧရာဝတီ
12 January 2024
20k

ကိုးကန့်တပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ထားသည့် အခြေအနေများကိုလည်း စစ်ရုံးချုပ်သို့ တင်ပြခဲ့ရာတွင် သဘောတူခဲ့သဖြင့် လက်နက်ချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်​များနေရာ အစားထိုးခန့်အပ်

လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်​များနေရာ အစားထိုးခန့်အပ်

by ဧရာဝတီ
19 January 2024
18.2k

အသစ်ခန့်အပ်လိုက်သောတပ်မှူးအများစုမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၉၊ ၄၁နှင့် အလုပ်သင် ၂၄ သင်တန်းဆင်းများဖြစ်ပြီး စစ်မတိုက်ရဘဲ ရထူးရလာခဲ့ကြသူများဖြစ်သလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လူရင်းများဖြစ်ကြောင်း

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

ရှမ်းမြောက် စစ်ကောင်စီ တန်ပြန်ထိုးစစ် ဘာလဲ ဘယ်လဲ

ရှမ်းမြောက် စစ်ကောင်စီ တန်ပြန်ထိုးစစ် ဘာလဲ ဘယ်လဲ

by မိုးစက်ငြိမ်းချမ်း
23 November 2023
16.8k

ပြဿနာများမှာ လောက်ကိုင်နှင့် ဟိုပန်ဒေသသည် ပိတ်မိနေသော ဒေသများဖြစ်ပြီး လေကြောင်းမှအပ မည်သည့်ထောက်ပံ့မှုမှ မရှိ။ လေကြောင်းထောက်ပို့မှု ပြတ်တောက်၍မရ။

Next Post
ဟာရီကိန်း မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဘဟားမားနိုင်ငံ

မုန်တိုင်းဒဏ် ခံရပြီးနောက် ခရီးသွားတွေ ပိုလိုအပ်နေတဲ့ ဘဟားမားနိုင်ငံ

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ် / ဧရာဝတီ

ပုဂ္ဂလိကဘဏ်များ အတိုးနှုန်း လွတ်လပ်စွာ သတ်မှတ်နိုင်ရေး ဗဟိုဘဏ် ဆောင်ရွက်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved