• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်မီးရထားအုတ်တံတိုင်းကို ဖြိုချသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအား အရေးယူ

by ကောင်းမြတ်မင်း
26 September 2019
in သတင်း
A A
ပုဒ်မ ၆(၁) အရ ဖမ်းဆီးခံရသူ ဦးတင်မောင်ကြည် / ကောင်းမြတ်မင်း / ဧရာဝတီ

ပုဒ်မ ၆(၁) အရ ဖမ်းဆီးခံရသူ ဦးတင်မောင်ကြည် / ကောင်းမြတ်မင်း / ဧရာဝတီ

59.3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်- ပြည် မြန်နှုန်းမြင့် ရထားပြေးဆွဲမည့် စီမံကိန်းအတွက် ပြည်မြို့အဝင်လမ်းဘေးဝဲယာနေသူ များ အန္တရာယ်မရှိ စေရေး မြန်မာ့မီးရထားမှ ကာရံပေးထားသည့် အုတ်တံတိုင်းကို ဖြိုချသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးတင်မောင် ကြည်ကို ပြည်သူပိုင်ပစ္စည်း၊ ကာကွယ်ရေး ပုဒ်မဖြင့် ဖမ်းဆီး အရေးယူထားသည်။

ဖြစ်စဉ်မှာ ပြည်ဘူတာအထွက် ဆံတော်နယ်မြေ ရှားရုံရပ်ရှိ ရန်ကုန်-ပြည် မီးရထားလမ်းဘေးတွင် မြန်နှုန်းမြင့် မီးရထား မောင်းနှင်နိုင်ရန်ဟု ဆိုကာ လွန်ခဲ့သည့် ၃ ပတ်ခန့်က ခတ်ထားသည့် အုတ်တံတိုင်းအား ဒီမိုကရေစီအရေး အစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု ဒုတိယတာဝန်ခံ ဦးတင်မောင်ကြည်က စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ဖြိုချ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာ့မီးရထားဌာန မြို့ပြဌာနမှ လုပ်ငန်းအုပ် ဦးတင်စိုးက“ကျနော်တို့ မြန်မာ့မီးရထားဌာနက ဝန်ထမ်း ၁ ဦးက တရားလို ပြုလုပ်ပြီး အမှုဖွင့်ထားတာပါ။ ပုဒ်မ ၆(၁)နဲ့ပါ။ မြန်နှုန်းမြှင့် မီးရထား မောင်းနှင်ရင် မီးရထား လမ်းဘေးဝဲယာ ကို မြို့တွင်းက ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ကျနော်တို့ က ကာဖို့လုပ်တာပါ။ အခုလိုလုပ်တော့ အနှောင့်အယှက် တွေ ဖြစ်တာပေါ့ဗျာ။ ကျနော်တို့ မီးရထား နယ်နမိတ်ကိုပဲ ကာတာပါ”ဟု ပြောသည်။

ပြည်- ရန်ကုန် ရထားလမ်းသည် ပြည်မြို့အတွင်း ရပ်ကွက်အချို့ကို ဖြတ်သန်းပြီးမှ ပြည်ဘူတာသို့ ဆိုက်ရောက်ခြင်း ဖြစ်ပြီး၊ နေအိမ်ခြံမြေများနှင့် ရထားသံလမ်း အကြား မြေများမှာ မြန်မာ့မီးရထားပိုင် နယ်မြေအဖြစ် သတ်မှတ်ထား သည်။

အုတ်တံတိုင်း ဖြိုဖျက်သူ ဦးတင်မောင်ကြည်ကမူ ယခုနေရာ မှာ မြေပိုင်ဆိုင်မှု အငြင်းပွားနေ၍ တရားရုံးတွင် တရား ရင်ဆိုင်နေရဆဲဖြစ်ပြီး ယခုကဲ့ အုတ်တံတိုင်း ခတ်ထားခြင်းမှာ ဥပဒေနှင့် မညီသောကြောင့် ဖြိုချ ဖျက်ဆီးရခြင်းဖြစ် ကြောင်း ပြောသည်။

“အုတ်တံတိုင်းကြီး ခတ်ထားတာ ဘယ်သူတာဝန်ယူသလဲ၊ ဘယ်သူတာဝန်ခံသလဲ။ ဒါတွေလည်း မသိရဘူး။ ရထားမြေ ဆိုပြီး လာမခြိမ်းခြောက်နဲ့ လုံးဝလက်မခံဘူး။ ဒီမြေမှာ ပြည်သူတွေ နေလာတာ နှစ်ပေါင်း ၈၀ ရှိသွားပြီ။ ဒီနေ့ အုတ်တံတိုင်းကို ဖျက်တယ်။ သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်မယ် ဆိုရင် ထွက်မပြေးဘူး။ အချိန်မရွေး ဆင့်စာ ခေါ်ပါ လာရောက်ရင်ဆိုင်မယ်”ဟု ၎င်းက ဆက်ပြော သည်။

သို့ဖြစ်ရာ ဦးတင်မောင်ကြည်အား စက်တင်ဘာလ ၂၅ ရက်နေ့မှာပင် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသည်။

အဆိုပါ ဥပဒေပုဒ်မအရ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ ကြိမ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ကြိမ်ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်များလည်း ချမှတ်နိုင်ကြောင်း သိရသည်။

ရန်ကုန်-ပြည်မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုနှင့်အတူ ရထားလမ်းဘေးဝဲယာ အုတ်တံတိုင်း ခတ်ထားမှုများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ဘူတာမှ ဦးဝင်းမြဆန်စက် လမ်းကူး နေရာထိ တဖက်လျှင် ပေ ၂၀၀၀ စီဖြင့် ပေ ၄၀၀၀ ဆောင်ရွက် သွားမည်ဖြစ်ပြီး ကနဦး အစလုပ်ငန်း အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းဌာနမှ သိရသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
50
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
210
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
41

လက်ရှိ ပြေးဆွဲနေသည့် ရန်ကုန်- ပြည် မီးရထားလမ်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံး ဖောက်လုပ်ခဲ့ သည့် ၁၄၂ နှစ် သက်တမ်းရှိ မီးရထားလမ်း ဖြစ်ပြီး ယခုအခါ ရထားမောင်းချိန်မှာ ၈ နာရီခွဲ ကြာမြင့် ကာ ရန်ကုန်မြို့မှ နေ့လည် ၁ နာရီ စထွက်ခွာသည့် ရထား သည် ပြည်မြို့သို့ ည ၈ နာရီခွဲ အချိန်တွင် ဆိုက်ရောက်ပြီး ရထားမောင်းချိန် ၇ နာရီခွဲခန့် ရှိသည်။

အဆိုပါ မောင်းနှင်ရာ လမ်းတလျှောက်တွင် ပြည်မီးရထားဘူတာထိ အရောက် မိုင်ပေါင်း ၁၆၁ မိုင်(ကီလိုမီတာ ၂၅၇) ရှိ၍ လမ်းတလျှောက်တွင် ဘူတာပေါင်း ၂၉ ခုရှိကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်

ရန်ကုန်-ပြည် ရထားလမ်း အဆင့်မြှင့်တင်မည်

Your Thoughts …
Tags: ပြည်ပြည်သူပိုင်ပစ္စည်းမီးရထားလမ်း
ကောင်းမြတ်မင်း

ကောင်းမြတ်မင်း

ဧရာဝတီ

Similar Picks:

သရေခေတ္တရာမြို့ဟောင်းမှ မြင်ကွင်းများ  / ကျော်ဆုမွန်

သရေခေတ္တရာက သုံးပန်လှတို့ဆီ

by ကျော်ဆုမွန်
14 July 2019
21k

အဲဒါကတော့ မင်းလှမြို့ထဲက ရှေးဟောင်း အဆောက်အဦကြီး တခုကို မြင်ထားမိလို့ပါ။ ဘာ အဆောက်အဦမှန်း သေချာ မသိခင်ကတည်းကကို အဲဒီနေရာကို သွားချင်ကြတဲ့ တမိသားစုလုံးက ပြည်လမ်းကနေ မင်းလှမြို့ထဲဝင်ဖို့ ကားကို ဘယ်ဘက်ကို ဦးတည်

မြစ်ဆုံနဲ့ တရုတ်လိုချင်တဲ့ စီမံကိန်းတွေ မင်းအောင်လှိုင် ထိုးကြွေးတော့မလား (ရုပ်/သံ)

မြစ်ဆုံနဲ့ တရုတ်လိုချင်တဲ့ စီမံကိန်းတွေ မင်းအောင်လှိုင် ထိုးကြွေးတော့မလား (ရုပ်/သံ)

by ဧရာဝတီ
2 September 2025
150

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်း တွေကို ဆက်လက်ဆောင်ရွက်ပေးနေကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာလုပ်တဲ့ မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲအတွင်း ထည့်ပြောသွားပါတယ်။

ရန်ကုန်-ပြည်လမ်းအနီး တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ရန်ကုန်-ပြည်လမ်းအနီး တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

by ဧရာဝတီ
7 January 2026
137

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်ရှိ ရန်ကုန်-ပြည် ကားလမ်းမအနီးမှာ ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက စတင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။

ပဇီကြီးကျေးရွာ တိုက်ခိုက်သတ်ဖြတ်ခံရပြီးနောက် မြင်ကွင်းတခု / ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

ငါ့သားများ စစ်ထဲဝင်ရင်လေ (၄)

by ကိုဖိုးတ
22 April 2023
11.9k

“ပဲစားဖူးတဲ့ကျေးဇူးကို သိရမယ်” တို့၊ “တပ်မတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမယ်”တို့ ခေတ်အဆက်ဆက် မဆုံးနိုင်တဲ့ဂျင်းတွေ ဝါးနေဦးမှာလား။

နှိပ်စက် အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်မှာ ပြည်မြို့ ကုတင် (၅၀၀) အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေလျှက်ရှိသည်။  / ကောင်းမြတ်မင်း / ဧရာဝတီ

ပြည်မြို့တွင် ကလေးငယ်တဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွား

by ကောင်းမြတ်မင်း
2 January 2020
40.1k

ပြည်မြို့ ရွာဘဲရပ်ကွက် ခေတ္တရာပန်းခြံ အနီး နေထိုင်သည့် နေအိမ် တအိမ်မှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးအား အသက် ၄၂ အရွယ် အမျိုးသားတဦးက ရိုက်နှက်ထိုးကြိတ်ကာ အဓမ္မပြုကျင့် ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံဘက်ခြမ်းမှ မီးရထားလမ်း / Chinese Embassy in Myanmar

တရုတ်-မြန်မာ ရထားလမ်းပိုင်းသစ် တရုတ်ဘက်ခြမ်းတွင် စတင်ဖွင့်လှစ်

by ဧရာဝတီ
27 August 2021
77.6k

တရုတ်နိုင်ငံ လင်ချန်းမြို့သည် ရှမ်းပြည်နယ်နှင့် နီးကပ်စွာ တည်ရှိပြီး နယ်စပ်ဒေသရှိ မိန့်တင်- ချင်းရွှေဟော်ဂိတ်မှ လားရှိုးမြို့နှင့် ကီလိုမီတာ ၁၅၀ ကျော်သာ ဝေးကြောင်း သိရသည်။

Next Post
တိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံများကို အသုံးမချရန် အဆို လွတ်တော်က အတည်ပြု (ရုပ်/သံ)

တိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံများကို အသုံးမချရန် အဆို လွတ်တော်က အတည်ပြု (ရုပ်/သံ)

"John Wick: Chapter 4" ရုပ်ရှင်

"John Wick: Chapter 4" ပြသမယ့် တရားဝင် Release Date ထွက်ရှိလာ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved