• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရွှေဈေး ဆက်လက် ကျဆင်းဖွယ် ရှိနေ

by မျိုးပပစန်း
26 November 2019
in စီးပွားရေး
A A
ရန်ကုန်မြို့က ရွှေဆိုင် တဆိုင် / ဧရာဝတီ

ရန်ကုန်မြို့က ရွှေဆိုင် တဆိုင် / ဧရာဝတီ

16.6k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ ရွှေဈေးသည် နိုဝင်ဘာလဆန်းမှ စတင်၍ ၁ ကျပ်သားလျှင် ကျပ် ၁၂ သိန်းကျော် ရှိရာမှ နိုဝင်ဘာ ၂၅ ရက်တွင် ၁ ကျပ်သား ကျပ် ၁၁ သိန်း ၈ သောင်းကျော် အထိ ကျဆင်းလာခဲ့သည်။

ယခု တလအတွင်း အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ယခင် ကျပ် ၁၂ သိန်းကျော်မှ ယခု ကျပ် ၁၁ သိန်း ၈ သောင်း ကျော် သာရှိသောကြောင့် ကျပ် ၅ သောင်းဝန်းကျင် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ 

ကမ္ဘာ့ ရွှေဈေးသည်လည်း ၁ အောင်စလျှင် ယခင် နိုဝင်ဘာ ၈ ရက်က အမေရိကန် ဒေါ်လာ ၁၅၂၀ ရှိရာမှ ယခု ၁၄၅၈ ဒေါ်လာ ဖြစ်လာသောကြောင့်  ၆၂ ဒေါ်လာခန့် ကျဆင်းခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က“လောလောဆယ်ကတော့ ကမ္ဘာ့ရွှေဈေး ကျ သလို ပြည်တွင်းဒေါ်လာ ဈေးလည်းကျတယ်။ နောက်တခါ အရောင်းအဝယ်က တကမ္ဘာလုံးက ဒီဇင်ဘာ ဘတ်ဂျက်နဲ့ သွားတာဆိုတော့ အားလုံးက အရောင်းအဝယ်မလုပ်ဘဲ ငွေစာရင်းရှင်းတာကြောင့်လည်း အရောင်းအဝယ်အေးပြီး ကမ္ဘာ့ ရွှေဈေးကျတယ်။ ကျနော်တို့ ဒီဇင်ဘာလ အထိတော့ ဆက်ကျဦးမယ်။ ဘယ်လောက်ကျမယ် ဆိုတာသာ ပြောလို့ မရတာ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ရွှေဈေးနှုန်း ပြန်လည်ကျဆင်းလာသည့် အကြောင်းအရင်းများတွင် အမေရိကန်-တရုတ်ကုန်သွယ်ရေး စစ်ပွဲမှာ လက်ရှိအချိန်တွင် ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးရန် စောင့်ဆိုင်းနေသည့် ကြားကာလဖြစ်ခြင်း၊ ကမ္ဘာ့ ရွှေဈေးများ ကျဆင်းနေခြင်း၊ ယခင် ဘဏ်ဂယက်များကြောင့် ရွှေလိုက်ဝယ်မှုများလည်း မရှိခြင်း၊ ဈေးကွက် အတွင်း အရောင်း နှင့် အဝယ် ပုံမှန်ဖြစ်နေခြင်း တို့ကြောင့် ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောပြသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

ဦးမျိုးမြင့်က“ရွှေဈေးလည်း ဆက်ကျမယ့် သဘောတော့ရှိတယ်။ ဝယ်လိုအားနည်းတယ်။ ကမ္ဘာမှာလည်း နည်းတယ်။ အရင်က စီးပွားရေးစစ်ဖြစ်တဲ့အခါကျတော့ တရုတ်က ရွှေကို ဝယ်စုတော့ ကမ္ဘာ့ ရွှေဈေးက တက်တယ်။ အခု တရုတ် နဲ့ အမေရိကန်နဲ့က သမ္မတတွေ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးတော့မယ် ဆိုတော့ တရုတ်က ရွှေ မဝယ်တော့ဘူး အဲဒီတော့ ရွှေဈေးက ကျသွားတယ်။ ကျပ် ၁၀ သိန်းအောက်တော့ မရောက်နိုင်သေးဘူး”ဟု လက်ရှိ အခြေအနေကို သုံးသပ်ပြောဆိုသည်။

ရွှေဈေးနှုန်း ဆက်ကျနိုင်သည့် အလားအလာများ ရှိသော်လည်း ၁ ကျပ်သားလျှင် ကျပ် ၁၀ သိန်းအောက်သို့ ရောက်ရှိ နိုင်ခြင်း မရှိကြောင်း၊ ယင်းအချက်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့်လည်း လက်ရှိအချိန်တွင် အမေရိကန် ဒေါ်လာ ဈေးကို ကျပ် ၁၅၀၀ ပတ်လည်တွင် ထိန်းထားနိုင်သောကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွှေ ဈေးကွက်အတွင်း ဖြစ်နေသောဈေးသည် ကမ္ဘာ့ရွှေဈေး အတက် အကျ အပြင် ပြည်တွင်း ဒေါ်လာဈေး အတက် အကျ နှင့် ဈေးကွက်၏ ဝယ်လိုအား ရောင်းလိုအားပေါ် မူတည်၍ ချိတ်ဆက်ထားကြောင်း ဦးမျိုးမြင့်က ပြောဆိုသည်။

ရန်ကုန်မြို့ရှိ တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က“အခုရွှေဈေးကတော့အေးပါတယ်။ ကျပ် ၁၁ သိန်း ၈ သောင်း ဝန်းကျင်က ပုံမှန်လောက် ဖြစ်နေပါတယ်။ အခု နိုဝင်ဘာလဆန်း လောက်ကတည်းက ကျနေတာ။ အခုဖြစ်နေတဲ့ ဈေး ကတော့ အနိမ့်ဆုံး ဈေးဖြစ်မယ် ထင်တယ်။ အခုထက်တော့ ဈေးကွက်သဘောအရ ထပ်မကျနိုင်လောက်ဘူး။ တလ အတွင်း ကျပ် ၄ သောင်းကျော်လောက် ကျသွားတာ”ဟု ရှင်းပြသည်။

လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပုံမုန်ဖြစ်နေပြီး အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်း ၈ သောင်းကျော်နှင့် ကမ္ဘာ့ရွှေ ၁ အောင်စ ၁၄၅၈ ဒေါ်လာ ရှိနေပြီး လက်ဝတ်ရတနာ ၁၅ ပဲရည် ရွှေ ၁ ကျပ်သား လျှင် ကျပ် ၁၁ သိန်း ၅ ထောင်နှင့် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေ လုပ်ငန်းရှင်များ အသင်း စာရင်းများ အရ သိရသည်။

မန္တလေး ရွှေဈေးကွက်သည်လည်း ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်း ၈ သောင်း ဝန်းကျင်ဖြင့် အရောင်းအဝယ် ပုံမှန် ဖြစ်နေကြောင်း မန္တလေး ရွှေလုပ်ငန်းရှင်များ အသင်းက ပြောသည်။

မန္တလေး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက“ကမ္ဘာ့ရွှေဈေး တောက်လျှောက်ကျတော့ ၁ အောင်စ ဒေါ်လာ ၁၄၅၇၊ ၁၄၅၆ ဒေါ်လာ ဆိုတော့ မန္တလေး ရွှေဈေးက ၁ ကျပ်သား ကျပ် ၁၁ သိန်း ၇ သောင်း ၉ ထောင် ၅ ရာ လောက် ရှိတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ သွားနေတယ်။ လိုတဲ့သူဝယ်နဲ့ ပုံမှန်ပဲ သွားနေတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ပြည်တွင်း ရွှေဈေးသည် သြဂုတ်လ ၅ ရက်က မြန်မာနိုင်ငံတွင် တခါမှ မဖြစ်ဘူးသည့် ကျပ် ၁၃ သိန်း ဈေးအထိ စံချိန်တင် ဈေးမြင့်တက်ခဲ့ဖူးသည်။

ဒေါ်လာဈေး အနေနှင့် လက်ရှိအချိန်တွင် အရောင်းအဝယ်အေးနေပြီး ယခုလအတွင်း ၃ ကျပ်မှ ၄ ကျပ်အထိ အတက် အကျဖြစ်ခဲ့ရာ ဗဟိုဘဏ်၏ ဆောင်ရွက်မှုများကြောင့် ၁ ဒေါ်လာ ကျပ် ၁၅၀၀ အောက်သို့ ကျဆင်းရန် အခြေအနေ မရှိကြောင်း နိုင်ငံခြား ငွေကြေးရောင်းဝယ်သူ ဦးမိုးက ဧရာဝတီသို့ ပြောသည်။

You may also like these stories:

ရွှေ အရောင်းအဝယ်တွင် ကွန်ပျူတာစနစ် အသုံးပြုရန် စီစဉ်

ရွှေဈေးကစားသူများကို ခေါ်ယူ စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေ

ရွှေဈေး တက်နေချိန် လေပတ်ကား နှင့် ဈေးမကစားရန် အရေးပေါ် ထုတ်ပြန်

ရန်ကုန်၊ မန္တလေး ရွှေလုပ်ငန်းရှင်များ ပူးပေါင်း၍ မြန်မာ့ရွှေ ပြည်ပပို့ရန် စီစဉ်

Your Thoughts …
Tags: ရွှေဈေး
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်လာ

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်လာ

by ဧရာဝတီ
10 September 2024
9.9k

ယနေ့တွင် ၁ ဒေါ်လာလျှင် ၅၂၀၀ ကျပ်အထိ ပြန်တက်ခဲ့သလို အကယ်ဒမီအခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ၆၆ သိန်းကျော်သို့ ပြန်လည် မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

by ဧရာဝတီ
23 August 2023
3.4k

ပို့ကုန်ရငွေမှတ်တမ်း မပြနိုင်သည့် ကုမ္ပဏီ ၇၈ ခုကို တရားစွဲထားပြီး ထိုကုမ္ပဏီ တည်ထောင်သူများအနက် နှစ်ဦးကို ထောင်ချထားပြီးဖြစ်သည်။

စစ်ကောင်စီ ထိန်းသည့်ကြား ရွှေနှင့် ဒေါ်လာဈေးတက်

စစ်ကောင်စီ ထိန်းသည့်ကြား ရွှေနှင့် ဒေါ်လာဈေးတက်

by ဧရာဝတီ
11 July 2024
3.3k

ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူ ယခုတပတ်အတွင်း ဘဏ်များ၌ ငွေထုတ်ယူ၍ မရသည့် အခြေ အနေများ ကြောင့် ရွှေနှင့်ဒေါ်လာပေါ် ရင်းနှီးမြှုပ်လာကြ

ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း

ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း

by ဧရာဝတီ
6 June 2024
3.1k

မြန်မာမှ ဝယ်ယူမှုများသောကြောင့် ထိုင်း အိမ်ခြံမြေဈေးကွက် တက်လာသည့် သတင်းများ ထွက်လာပြီးနောက် ထိုင်းကွန်ဒိုမီနီယံများကို မြန်မာနိုင်ငံအတွင်း ရောင်းဝယ်ခြင်းအား ဖြိုခွဲရန် စစ်ကောင်စီ ကြိုးစားနေသည်။

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

by ဧရာဝတီ
20 June 2025
1.1k

စစ်တပ်အာဏာမသိမ်းခင်က ပြည်တွင်း အကယ်ဒမီအခေါက်ရွှေ တကျပ်သား ကျပ် ၁၃ သိန်းကျော်သာ ရှိခဲ့ရာမှ ယခု လေးနှစ်ကျော်အကြာတွင် ကျပ်သိန်း ၈၀ ကျော်ထိ ဈေးပေါက်နေပြီး တကျပ်သားလျှင် ကျပ်သိန်း ၆၀ ကျော် ၇၀ နီးပါး...

ယခုရက်ပိုင်းအတွင်း ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်နှင့် ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေဈေးမှာလည်း ကျပ် ၃၁ သိန်း ကျော်ထိ မြင့်တက်လာသည် / AFP

နှိပ်ကွပ်နေသည့် ကြားမှပင် ဒေါ်လာနှင့် ရွှေဈေး ထပ်တက်လာပြန်

by ဧရာဝတီ
15 June 2023
4.8k

ယခုရက်ပိုင်းအတွင်း ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်နှင့် ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေဈေးမှာလည်း ကျပ် ၃၁ သိန်း ကျော်ထိ မြင့်တက်လာသည်။

Next Post
မြန်မာ-တရုတ်နယ်စပ်သည် မြန်မာနိုင်ငံမှ လိင်လုပ်သား အများဆုံး ရှိရာ နေရာ ဖြစ်နေသည် / ဧရာဝတီ

လိင်လုပ်သားများအား ကာကွယ်ပေးနိုင်မည့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေ ရေးဆွဲနေ

--

ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံထားရသည့် လားရှိုးမြို့ မှ ထိတ်လန့်နေသည့် ပြည်သူများ စကားသံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved