• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရွှေဈေး တက်နေချိန် လေပတ်ကား နှင့် ဈေးမကစားရန် အရေးပေါ် ထုတ်ပြန်

by မျိုးပပစန်း
14 August 2019
in စီးပွားရေး
A A
ရန်ကုန်မြို့က ရွှေဆိုင် တဆိုင်  /  ဧရာဝတီ

ရန်ကုန်မြို့က ရွှေဆိုင် တဆိုင် / ဧရာဝတီ

28k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ ရွှေဈေးနှုန်း မြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များ အသင်းက ဈေးကွက် အတွင်း လေပတ်ကား နှင့် ဈေးမကစားရန် အရေးပေါ် ညွှန်ကြားချက်ကို သြဂုတ်လ ၁၃ ရက်က ထုတ်ပြန်လိုက်သည်။

ပြည်တွင်း ရွှေလုပ်ငန်းရှင်များအနေဖြင့် ရွှေကို ရောင်းဝယ်ရာ၌ လက်ငင်းငွေချေ ရောင်း၊ဝယ်ကြရန် ဖြစ်ပြီး နှုတ်ဖြင့် ရောင်း၊ ဝယ်ခြင်း (လေပတ်ကား) မပြုလုပ်ကြရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများကိုလည်း မပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း ညွှန်ကြားချက်ကို သြဂုတ်လ ၁၄ ရက်တွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ရွှေလုပ်ငန်းရှင်များအသင်းသို့ ပေးပို့ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက“အန်ကယ်တို့ ရွှေလုပ်ငန်းရှင်တွေ အားလုံး ဈေးနှုန်းကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ရောင်းနိုင်ဖို့ ဆွေးနွေးတယ်။ ရွှေကို လက်ငင်းရောင်း လက်ငင်းဝယ်ပေါ့။ လက်တွေ့ အရောင်း အဝယ် လုပ်ဖို့ ထုတ်တာပါ။ ဆိုလိုတာက ကြိုရောင်း၊ ကြိုဝယ်တာတို့ ဘာတို့ မလုပ်ကြဖို့ပေါ့။ ဒါပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိရွှေဈေး အတက်၊ အကျသည် ကမ္ဘာ့ရွှေဈေး အတက်၊ အကျ၊ ဈေးကွက် ဝယ်လိုအား၊ ရောင်းလိုအားနှင့် ငွေဈေး ကွက်ပေါ် တွင်သာ မူတည်မည်ဖြစ်ပြီး အားလုံး ညီမျှလျှင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူ့သဘာဝအတိုင်း တက်တဲ့ သဘောမျိုး ဖြစ်စေချင်လို့”ဟုလည်း ဦးကျော်ဝင်းက ပြောဆိုသည်။

ယနေ့ရွှေဈေးသည် အကယ်ဒမီ အခေါက်ရွှေ ၁၆ ပဲရည်ပြည့် ၁ ကျပ်သားလျှင် ကျပ် ၁၂ သိန်း ၁ သောင်းကျော်၊ ၁၅ ပဲရည် ပြည့် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်း ၂ သောင်းဝန်းကျင်နှင့် အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်မြို့ ရွှေဆိုင် ပိုင်ရှင်များထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦမျိုးမြင့်က“အခုတော့ ရွှေဈေးက နည်းနည်းပြန်ကျသွားပြီ၊ ညနေ ပိုင်းဈေးပေါ့။ ကမ္ဘာ့ရွှေဈေး ပြုတ်ကျလာရင် ပြန်ကျလာရင် ကျသွားမှာပါ။ ကျနော်တို့က တိုက်ရိုက်ချိတ်ထား တာ။ ပြည်တွင်း ရွှေဈေးက ကျပ် ၁၁ သိန်းနားထိလောက် ကျဦးမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ရွှေဈေး ကျလာလို့”ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ကမ္ဘာ့ရွှေဈေး ကျလာနိုင်သည့် အကြောင်းမှာ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ၏ အဓိကအချက်ဖြစ်သော အခွန်နှင့် ပတ်သက်၍ အမေရိကန်က တရုတ်သို့ အခွန်ကောက်မည့်ကိစ္စ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ရုတ်တရက် ရွှေဈေးနှုန်း ခုန်တက်သွားမှုကြောင့်လည်း ဈေးကွက်အတွင်း၌ လေပတ်ကားလုပ်သူ၊ ရွှေအရောင်းအဝယ် ပြုလုပ်သူ တချို့ အရူံး၊အမြတ် အလွန်များကြောင်း၊ ယင်းအခြေအနေများကြောင့် ဈေးကွက်အတွင်း အနည်းငယ် ရူပ်ထွေး နေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်က ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာသဖြင့် မြန်မာ့ရွှေဈေးသည် အခေါက်ရွှေ တကျပ်သား လျှင် ကျပ် ၁၂ သိန်းအထိ မြင့်တက်လာခဲ့ပြီး သြဂုတ် ၁၄ ရက်အထိ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၁၂ သိန်း ကျော် အထိ မြင့်တက်လျက် ရှိသည်။

You May Also Like These Stories:

ရွှေဈေး ကျပ် ၁၂ သိန်းအထိ မြင့်တက်လာ

ရွှေဈေး တရှိန်ထိုး မြင့်တက်၊ အရောင်းအဝယ်အေး

Your Thoughts …
Tags: ရွှေဈေးကွက်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ပြည်တွင်း၌ စံချိန်မီ ရွှေ အဖြစ် သတ်မှတ် အရောင်းအဝယ် လုပ်နေသော အကယ်ဒမီ အခေါက်ရွှေ / ဧရာဝတီ

လိုင်စင်ရှိမှ ရွှေအတုံးအခဲ ရောင်းဝယ်ရန် ရန်ကုန်ရွှေအသင်းသတ်မှတ်

by ဧရာဝတီ
17 May 2022
10.4k

YGEA အသင်းရုံးတွင် ယနေ့ (မေ ၁၇ ရက်) နံနက်ပိုင်း၌ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၂၀ သိန်း ၄ သောင်းနှင့် ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၁၈၂၉...

ဈေးကွက်အတွင်းမှ ရွှေထည်များ / အောင်ကျော်ထက် / ဧရာဝတီ

တရုတ် ရွှေများ နယ်စပ်မှတဆင့် မှောင်ခို ဝင်ရောက်နေ

by မျိုးပပစန်း
27 September 2019
8.2k

ပြည်တွင်းသို့ နယ်စပ်မှ တဆင့် တရုတ်ရွှေများ မှောင်ခိုဝင်ရောက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။

ရန်ကုန်ရှိ လက်ကားဈေးကြီးများ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ်တော့မည် / အောင်ကျော်ထက် /  ဧရာဝတီ

ရန်ကုန် လက်ကားဈေးကြီးများနှင့် ရွှေဈေးကွက်တို့ ပြန်ဖွင့်မည်

by မျိုးပပစန်း
15 May 2020
10.3k

ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့က ရွှေဆိုင် တဆိုင် / ဧရာဝတီ

ရွှေ အရောင်းအဝယ်တွင် ကွန်ပျူတာစနစ် အသုံးပြုရန် စီစဉ်

by မျိုးပပစန်း
17 August 2019
6.5k

ရွှေဈေးကွက် အတွင်း ရောင်းမှား ဝယ်မှား မဖြစ်စေရေး ကွန်ပျူတာ စနစ် အသုံးပြုရန် စီစဉ်နေကြောင်း သိရသည်။

ဈေးကွက်အတွင်းမှ ရွှေထည်များ / အောင်ကျော်ထက် / ဧရာဝတီ

ကိုဗစ်ကြောင့် ရပ်နားထားသော ရန်ကုန်ရွှေဈေးကွက် ပြန်ဖွင့်

by မျိုးပပစန်း
22 October 2020
18.3k

ရွှေဈေးကွက် ရပ်နားချိန်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်း အခေါက်ရွှေဈေးမှာလည်း ၁ ကျပ် သားလျှင် ကျပ် ၁၃ သိန်းကျော်အထိ ရှိလာပြီး ရွှေဈေးကွက် ပြန်လည် စတင်မည့် ရက်တွင် ကျပ် ၁၃ သိန်းကျော်နှင့်သာ...

Next Post
လျှပ်စစ် မီတာ သုံးစွဲမှု သိရှိရန် တာဝန်ရှိ ဝန်ထမ်းများ မီတာဖတ်နေစဉ် / ဓာတ်ပုံ - YESC Southern District

မီတာခ နှုန်းထားသစ်ကြောင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် အကျိုးအမြတ် စရမည်ဟု ဆို

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် တပ်မတော်နည်းပညာ တက္ကသိုလ်

တပ်မတော် နည်းပညာတက္ကသိုလ်ကို TNLA နှင့် မဟာမိတ်များ တိုက်ခိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved