• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ် ရွှေများ နယ်စပ်မှတဆင့် မှောင်ခို ဝင်ရောက်နေ

by မျိုးပပစန်း
27 September 2019
in စီးပွားရေး
A A
ဈေးကွက်အတွင်းမှ ရွှေထည်များ / အောင်ကျော်ထက် / ဧရာဝတီ

ဈေးကွက်အတွင်းမှ ရွှေထည်များ / အောင်ကျော်ထက် / ဧရာဝတီ

8.2k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းသို့ နယ်စပ်မှ တဆင့် တရုတ်ရွှေများ မှောင်ခို ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရွှေ ထုတ်လုပ်သည့် လုပ်ကွက်များ ရပ်နားထားရခြင်းကြောင့် ရွှေကုန်ကြမ်း ရှားပါး နေသဖြင့် တရုတ် ကိုးသုံးလုံး ရွှေများ ပြည်တွင်းသို့ မှောင်ခိုဝင်နေကြောင်း ၎င်းက ဆိုသည်။

ဦးမျိုးမြင့်က“ကျနော်တို့ဘက်က ကုန်ကြမ်း ရှားတဲ့အခါကျတော့ မူဆယ်တို့ တာလီတို့ ကျိုင်းတုံတို့ဘက်ကနေ ရန်ကုန်၊ မန္တလေး ဈေးကွက်တွေကို ဝင်တယ်။ ဒီရွှေတွေက မန္တလေးကနေပြီးတော့ တမူး အဲဒီကနေ အိန္ဒိယဘက်လည်း ပြန် ထွက် တယ်။ တရားဝင် စာရွက်၊ စာတမ်းနဲ့ ဝင်တာ မဟုတ်ဘူး။ ရွှေလီဘက်မှာက အခွန်လွတ်ဆိုတော့ ဘဏ်တွေ ကနေ ရောင်း ပေးတယ်။ ဒါကြောင့် တအားပေါတယ်”ဟု ပြောသည်။

တရုတ်ရွှေများသည် ပုံစံအမျိုးမျိုးနှင့် ရန်ကုန် ရွှေဈေးကွက် အတွင်းသို့ ဝင်ရောက်နေပြီး ရွှေဆိုင်များ အနေနှင့် ပုံစံ အမျိုးမျိုး သွန်းလောင်းခြင်း၊ လက်ဝတ်ရတနာ ပစ္စည်းများ ထုတ်လုပ်ခြင်းကို ပြန်လည် လုပ်ဆောင်ပြီး ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်ကြောင်း ၎င်းက ဆိုသည်။

“မြန်မာ့ရွှေနဲ့တော့ အရည်အသွေး မကွာခြားဘူး။ အကုန် လုပ်လို့ရတယ်။ ဒီဘက်ကတော့ ၉၉ ဒသမ ၉ ရာခိုင်နှုန်းမီ အောင် မလုပ်နိုင်ဘူးပေါ့။ အဓိက ရွှေလိုနေတာက ဒီကဈေးနဲ့ နယ်စပ်ဈေးနဲ့က ကျပ် ၁ သိန်းခွဲလောက် ကွာတယ်။ အဲဒီတော့ ရန်ကုန်ကို ဝင်ပြီးရင် မန္တလေး၊ တမူး၊ ချင်း၊ ကလေးဝ၊ ဖလန်းဘက်ကနေ အိန္ဒိယ ပြန်ထွက်တာ များတယ်” ဟု ဦးမျိုးမြင့်က ရှင်းပြသည်။

ပြည်တွင်း၌ ရွှေတွင်းများတူးရန် ခက်ခဲနေခြင်းကြောင့်လည်း ရွှေကုန်ကြမ်းရှား၍ နယ်စပ်မှ ရွှေများဝင်လာခြင်း ဖြစ်ပြီး လက်ရှိတွင် သဘာဝ သယံဇာတ အရင်းအမြစ်များ တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အစီရင်ခံစာ မပြီးသေးသဖြင့် သက်တမ်းတိုးရန် ရွှေလုပ်ကွက် ၈၀ ရာခိုင်းနှုန်းခန့် တူး၍ မရဘဲ ကျန်ရှိနေကြောင်း ၎င်းက ဆိုသည်။

ရန်ကုန် ရွှေဈေးကွက်သည် တရက်လျှင် ရွှေပိဿာချိန် ပျမ်းမျှ ၅၀ အထိ လိုအပ်ချက်ရှိပြီး မြို့တွင်း၌ ရွှေဆိုင်ပေါင်း ၁ သောင်း ကျော် အထိ ရှိကြောင်း သိရသည်။

သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းဝင်းက“လုပ်ကွက်တွေ ချထားပေးမှု နည်းတယ်ဆိုတာ အခုလောလောဆယ် ကျနော်တို့ စက်မှုလုပ်ကွက်တွေကို ခွင့်ပြုပေးဖို့ စိစစ်နေတုန်းမို့ ပါ။ အခု နောက်ပိုင်း လုပ်ကွက်နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းမှု အစီရင်ခံမှုတွေ ဒါတွေ ရေးဆွဲတင်ပြပြီးမှ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဦးစီးဌာန (ECG) က ကြည့်ပြီးမှသာ ခွင့်ပြုမယ့် အနေအထား ဖြစ်တယ်။ ဒါကြောင့် အခု အချိန်က ခွင့်ပြုပေးမှု နည်းတာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ  ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ မွန်၊ တနင်္သာရီနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့မှ ရွှေ အောင်စ ၂၆၅၀ ဒသမ ၅၈၀၁ ထုတ်လုပ် ထားကြောင်း သတ္တုတွင်း ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

သတ္တုလုပ်ကွက်များ အနေနှင့် အကြီးစား ၁၄၆ ခု၊ အလတ်စား ၁၅ ခု၊ အသေးစား ၈၉၃ ခု၊ စမ်းသပ် ၁၃၈ ခုနှင့် လက်လုပ် လက်စား လုပ်ကွက် ၁၇ ခု ရှိကြောင်း ဝန်ကြီးဌာန စာရင်းများတွင် ပါရှိသည်။

လက်ရှိတွင် ဒူဘိုင်းကုမ္ပဏီတခုက အာဖရိကမှ ရွှေများမြန်မာနိုင်ငံ သယ်ယူ၍ ရွှေသန့်စင်သည့် လုပ်ငန်းများ လုပ်ကိုင် ပြီး ပြည်ပသို့ ပြန်လည်တင်ပို့ရန် ညိုနှိုင်း ဆွေးနွေးမှုများ ရှိနေသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် အသင်း မှ သိရ သည်။

ရွှေကုန်သည် ပွဲစား တဦးက“ရွှေဈေးကွက်ကတော့ အခု အေးနေတယ်။ ကျရမယ့် အချိန်ရောက်နေပြီ။ ဟိုဘက်ရက် က ကျပ် ၂ သိန်းကျော်လောက် တက်ထားတော့ အခုက ပြန်ကျနေတဲ့ရက် ဖြစ်တယ်။ ဒါပေမယ့် အတက်အကျက သိပ်မငြိမ် သေးဘူး”ဟု ပြောသည်။

စက်တင်ဘာလ ၂၆ ရက် ရွှေဈေးနှုန်းမှာ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ၁၂ သိန်း ၃ သောင်းကျော်နှင့် ကမ္ဘာ့ ရွှေ တအောင်စ အမေရိကန် ဒေါ်လာ ၁၅၀၇ ဒေါ်လာဖြစ်ပြီး လက်ဝတ်ရတနာ ၁၅ ပဲရည် ဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်း ၅ သောင်းကျော်ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း သိရသည်။

You may also like these stories:

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
229
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
485

ထိုးတက်နေတဲ့ ရွှေဈေး ဘဏ်ချေးငွေ ဂယက်ကြောင့်လား

ရွှေ အရောင်းအဝယ်တွင် ကွန်ပျူတာစနစ် အသုံးပြုရန် စီစဉ်

ရွှေဈေး ကျပ် ၁၂ သိန်းအထိ မြင့်တက်လာ

ပြည်ပသို့ ရွှေတင်ပို့ရေး အခက်အခဲများ ရှိ၍ မပို့နိုင်သေး

Your Thoughts …
Tags: တရုတ်ရွှေရွှေဈေးကွက်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ပြည်တွင်း၌ စံချိန်မီ ရွှေ အဖြစ် သတ်မှတ် အရောင်းအဝယ် လုပ်နေသော အကယ်ဒမီ အခေါက်ရွှေ / ဧရာဝတီ

လိုင်စင်ရှိမှ ရွှေအတုံးအခဲ ရောင်းဝယ်ရန် ရန်ကုန်ရွှေအသင်းသတ်မှတ်

by ဧရာဝတီ
17 May 2022
10.4k

YGEA အသင်းရုံးတွင် ယနေ့ (မေ ၁၇ ရက်) နံနက်ပိုင်း၌ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၂၀ သိန်း ၄ သောင်းနှင့် ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၁၈၂၉...

ရန်ကုန်မြို့က ရွှေဆိုင် တဆိုင်  /  ဧရာဝတီ

ရွှေဈေး တက်နေချိန် လေပတ်ကား နှင့် ဈေးမကစားရန် အရေးပေါ် ထုတ်ပြန်

by မျိုးပပစန်း
14 August 2019
28k

မြန်မာ့ ရွှေဈေးနှုန်း မြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များ အသင်းက ဈေးကွက် အတွင်း လေပတ်ကား နှင့် ဈေးမကစားရန် အရေးပေါ် ညွှန်ကြားချက်ကို သြဂုတ်လ ၁၃ ရက်က ထုတ်ပြန် လိုက်သည်။

ရန်ကုန်ရှိ လက်ကားဈေးကြီးများ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ်တော့မည် / အောင်ကျော်ထက် /  ဧရာဝတီ

ရန်ကုန် လက်ကားဈေးကြီးများနှင့် ရွှေဈေးကွက်တို့ ပြန်ဖွင့်မည်

by မျိုးပပစန်း
15 May 2020
10.3k

ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့က ရွှေဆိုင် တဆိုင် / ဧရာဝတီ

ရွှေ အရောင်းအဝယ်တွင် ကွန်ပျူတာစနစ် အသုံးပြုရန် စီစဉ်

by မျိုးပပစန်း
17 August 2019
6.5k

ရွှေဈေးကွက် အတွင်း ရောင်းမှား ဝယ်မှား မဖြစ်စေရေး ကွန်ပျူတာ စနစ် အသုံးပြုရန် စီစဉ်နေကြောင်း သိရသည်။

ဈေးကွက်အတွင်းမှ ရွှေထည်များ / အောင်ကျော်ထက် / ဧရာဝတီ

ကိုဗစ်ကြောင့် ရပ်နားထားသော ရန်ကုန်ရွှေဈေးကွက် ပြန်ဖွင့်

by မျိုးပပစန်း
22 October 2020
18.3k

ရွှေဈေးကွက် ရပ်နားချိန်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်း အခေါက်ရွှေဈေးမှာလည်း ၁ ကျပ် သားလျှင် ကျပ် ၁၃ သိန်းကျော်အထိ ရှိလာပြီး ရွှေဈေးကွက် ပြန်လည် စတင်မည့် ရက်တွင် ကျပ် ၁၃ သိန်းကျော်နှင့်သာ...

Next Post
ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာအုပ်စုမှ မိုင်းထိလူနာတဦး  / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ကျောက်မဲတွင် ၂ လအတွင်း မိုင်းထိလူနာ ၁၀ ဦး ကျော်ရှိပြီး ၃ ဦး သေဆုံးခဲ့

တနိုင်းမြို့ မြူနီစပယ်ဈေးဝင်း အနောက်ဘက်ရှိ ပယင်းဈေးတွင် ကျောက်ကြည့်နေပုံ / ဧရာဝတီ

ပယင်းကျောက်ကပေးတဲ့ ဒုက္ခတွေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved