• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တိုက်ပွဲများ ရဟတ်ယာဉ်သုံး တိုက်ရသည်အထိ ပိုပြင်းထန်လာ

by ထက်နိုင်ဇော်
28 November 2019
in သတင်း
A A
ယခင်လက AA ဖမ်းဆီးသွားသူများကို ကယ်ထုတ်ရင်း  ပစ်ခတ်ခံခဲ့ရသည့် တပ်မတော် ရဟတ်ယာဉ် / တပ်မတော်ရေ

ယခင်လက AA ဖမ်းဆီးသွားသူများကို ကယ်ထုတ်ရင်း ပစ်ခတ်ခံခဲ့ရသည့် တပ်မတော် ရဟတ်ယာဉ် / တပ်မတော်ရေ

32.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ယခုရက်ပိုင်း တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများသည် ရဟတ်ယာဉ်သုံး တိုက်ခိုက်ရသည့်အထိ ပိုပြင်းထန်လျက် ရှိကြောင်း သိရသည်။

မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် နိုဝင်ဘာ ၂၇ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် အနည်းဆုံး ၄ နာရီ အထိ ကြာမြင့်ခဲ့ပြီး ၂ ဖက်စလုံးတွင် ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ တိုက်ပွဲများသည် ပုံမှန်ထက် ပိုပြင်းထန်သည်ဟု ပြောနိုင်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မနေ့က ညနေပိုင်းမှာ တိုက်ပွဲ ဖြစ်တာ ကြာတယ်။ ပြင်းထန်တယ်လို့ ပြောလို့ ရတယ်။ ၄ နာရီလောက်တောင် ကြာတယ်။ ပန်းမြောင်းကျေးရွာ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ လောက်မှာ ဖြစ်တာ။ တို့ဘက် ထိခိုက် ဒဏ်ရာရမှုတွေလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
239
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
31

ယင်းနေရာတွင် လုံခြုံရေး ယူနေသည့် တပ်မတော် စစ်ကြောင်းကို AA ဘက်မှ စတင် ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲ ပြင်းထန်သဖြင့် တပ်မတော်ဘက်မှ ရဟတ်ယာဉ်သုံး၍ တိုက်ခိုက်ရခြင်းမျိုး ရှိကြောင်း၊ သောင်းကျန်းသူ နှိမ်နင်းရေးစစ်တွင် ရဟတ်ယာဉ်သုံးခွင့်ရှိကြောင်း တပ်မတော်ဘက်က ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အောက်ခြေမှာ သူတို့ဘက်က သတင်းပေးတွေ များတယ်။ ပြီးတော့ ယူနီဖောင်းနဲ့ တိုက်ခိုက်တာထက် အရပ်ဝတ်နဲ့ တိုက်ခိုက်တာ များတယ်။ ချက်ချင်း မတုန့်ပြန်နိုင်ဘူးဆိုရင် သူတို့က ရွာထဲကို ပြန်ဝင်သွားပြီးရင် ရွာသား ဖြစ်သွားရော အချိန်တိုအတွင်း လိုက်ပြီး နှိမ်နင်းဖို့က ရဟတ်ယာဉ်ပဲ ရှိတယ်”ဟု ပြောသည်။

ထို့ပြင် AA ဘက်က စစ်သုံ့ပန်း လဲလှယ်လိုကြောင်း ထုတ်ပြန်လာသည့် တပ်မတော်သား ၁၃ ဦး ကိစ္စကိုလည်း တပ် မတော်က လိုအပ်သည့် သတင်း အချက်အလက် ရရှိရန်နှင့် နယ်မြေပြန်စိုးမိုးနိုင်ရန် ဆောင်ရွက်နေကြောင်း တပ်မတော် ဘက်က ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့က မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ရွားအနီးရှိ နွားခြံသို့ သွားသည့် ဒေသခံတဦးဖြစ်သူ ဦးသိန်းထွန်းကျော်မှာလည်း ကျည်မှန်၍ မြောက်ဦးဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြောင့် လက်ရှိအချိန်တွင် အိမ်ခြေ ၅၀၀ နီးပါးရှိသည့် ယင်းကျောင်းတောင်ကျေးရွာသားများမှာ ဘေးလွတ်ရာ သို့ ထွက်ပြေးနေရကြောင်းလည်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လက်ရှိ မြောက်ဦးမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသဖြင့် စစ်ရှောင်ဦးရေလည်း တိုးလာနေကြောင်း၊ ရွာသားထိခိုက်၊ သေဆုံးမှုများလည်း များလာနေကြောင်း ပြောသည်။

ဦးထွန်းသားစိန် က “မြောက်ဦးမြို့နယ်မှာ ဒုက္ခသည်ဦးရေ တိုးလာတာ ရှိတယ်။ ရွာသားတွေကလည်း လုပ်ကိုင် စားသောက်ဖို့ အပြင် မထွက်ရဲကြတော့ဘူး။ တချို့ ရွာက နေအိမ်တွေဆိုရင်လည်း လက်နက်ကြီးတွေကျပြီး ပျက်စီးသွားတာမျိုးတွေ ရှိတယ်။ နောက်တခါ တော်တော်ဒုက္ခဖြစ်နေတာက ကျောင်းသားတွေလည်း ကျောင်းမတက်ကြရဘူး” ဟု ပြောသည်။

၎င်းအပြင် မွေးလူနာများ အပါအဝင် ကျန်းမာရေး မကောင်းသူများသည်လည်း ညဘက်တွင် အပြင်သို့ ထွက်မရသဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်းတိုက်ပွဲများမှာ အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများမှာလည်း တနေ့ထက် တနေ့များပြားလျက်ရှိသလို စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် တနှစ်နီးပါး ကြာမြင့်လာရာ နှစ်ဘက် ထိခိုက် ကျဆုံး မှုများမှာလည်း ပိုမို များပြားလာလျက်ရှိသလို စစ်ဘေးရှောင် အရေအတွက်မှာလည်း ၈၀၀၀၀ ကျော်အထိ ရှိကြောင်း
ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး အဖွဲ့ (REC) ၏ စာရင်းများအရ သိရှိရသည်။

REC ဥက္ကဋ္ဌ ဦးရွေဖော်စိန် က “တချို့စခန်းတွေက ၁ နှစ်လောက် ရှိနေပြီ စစ်ဘေးဒုက္ခသည်အနေနဲ့ နေထိုင်ကြရတာ။ ရိက္ခာ ထောက်ပံ့မှုတွေ ကလည်း ရတဲ့အချိန်ရတယ်။ မရတဲ့ အချိန်မရဘူး။ မသေရုံတမယ် အဲလို ကြုံနေရတဲ့ စခန်း တွေလည်း ရှိတယ်။ အဆိုးဆုံးက အခု ရက်ပိုင်းအတွင်း ရက်ပိုင်း အတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးနေရ သူတွေ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတိုက်ပွဲများကြောင့် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် စစ်ရှောင် ဒုက္ခ သည် ဦးရေမှာ တိုးလာနေပြီး နိုဝင်ဘာလ ၂၈ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကန်ပိုင်ချောင်းတရွာလုံး ထွက်ပြေးခဲ့ရကြောင်း၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဍားကျွန်း မြို့နယ်များတွင်လည်း ဒုက္ခသည်များမှာ ရိက္ခာ ပြတ်လတ် နေပြီ ဖြစ်ကြောင်း REC အဖွဲ့ ထံမှ သိရသည်။

၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက တပတ်ကျော်ကြာ ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်အတွင်းက ဗုဒ္ဓေါရွာ အနောက်ဘက် တောင်တန်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်းလည်း တပ်မတော်က ဂျက်ဖိုက်တာ အပါအဝင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့်ပါ နေ့ည ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ယင်းအပြင် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က မြောက်ဦးမြို့နယ် ကိုးသောင်းဘုရာအနီးရှိ ရဲတပ်ရင်းနှင့် လေးမြို့ မြစ်ကမ်းဘေးရှိ တပ်မတော် လက်နက်ကြီး ယာယီစခန်းကို AA က လာရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင်လည်း တပ်မတော်က ဂျက်ဖိုက်တာများနှင့် တိုက်ခိုက်ရေး ရဟတ်များဖြင့် အသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

သတင်းထောက် မင်းအောင်ခိုင် ပူးပေါင်း ရေးသားသည်။

You may also like these stories:

TNLA ၏ လက်နက်ခဲယမ်း လေးသောင်းကျော်ကို တပ်မတော် သိမ်းဆည်းဟု ဆို

AA က အားကစား ဝတ်စုံဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ခွဲရခက်လာဟု တပ်မတော် ပြော

Your Thoughts …
Tags: AAတပ်မတော်တိုက်ပွဲ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
အကယ်ဒမီများရှင် ဝါဝါဝင်းရွှေ  / (ဓာတ်ပုံ - Wa Wa Win Shwe's Facebook)

၁၀ နှစ်တာ လေ့လာပြီး "ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး" ရုပ်ရှင်ကို ရိုက်ခဲ့တဲ့ ဝါဝါဝင်းရွှေ

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းရေး ရန်ကုန်တွင် ဆန္ဒပြ (ရုပ်/သံ)

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းရေး ရန်ကုန်တွင် ဆန္ဒပြ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved