• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂမ်ဘီယာရဲ့ စွပ်စွဲချက်ကို ICJ မှာ မြန်မာဘက်က ဘယ်လိုချေပခဲ့သလဲ

by ဧရာဝတီ
13 December 2019
in သတင်း
A A
ကြားဖြတ်စီမံဆောင်ရွက်ချက် Provisional Measure ကို ပယ်ချပေးရန် ICJ တွင် တောင်းဆိုထားသည်/Reuters

ကြားဖြတ်စီမံဆောင်ရွက်ချက် Provisional Measure ကို ပယ်ချပေးရန် ICJ တွင် တောင်းဆိုထားသည်/Reuters

63.6k
VIEWS
Share on FacebookShare on Twitter

ဂမ်ဘီယာက တရားစွဲဆိုထားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးစာချုပ် ဖောက်ဖျက်မှု စွဲချက်ကို ပယ်ဖျက်ပေး ရန်နှင့် ဂမ်ဘီယာက တောင်းဆိုထားသည့် ကြားဖြတ်စီမံဆောင်ရွက်ချက် Provisional Measure ကို ပယ်ချပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က တောင်းဆိုခဲ့သည်။ 

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ ရှိ ICJ တရားရုံးတွင် ယမန်နေ့က ပြုလုပ်သည့် မြန်မာနှင့် ဂမ်ဘီယာကြား နောက်ဆုံး အပြန် အလှန်ကြားနာမှု နောက်ဆုံးနေ့အပြီး နိဂုံးချုပ်တင်ပြမှုတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ပြုလုပ်မည်ဆိုပါက လက်ရှိ အစိုးရဘက်မှ ကြိုးစားနေသည့် ဖွံ့ဖြိုးရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များအပေါ် သက်ရောက်နိုင်မှုကိုလည်း ထည့်သွင်းစဉ်း စားရန် ပြောကြားခဲ့သည်။ 

ယုံကြည်မှုရရန် ခိုင်မာမှုမရှိသေးသည့် အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်နေသည့် လူမှုအသိုင်းအဝန်းများကြား သံသယဖြစ်ပေါ်စေမည့်၊ မယုံကြည်မှုများ ခံစားချက်ဖြစ်ပေါ်စေမည့် လုပ်ရပ်များသည် ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်ကြောင်း၊ ရက္ခိုင့်တပ်တော်နှင့် အစိုးရတပ်မတော်ကြား ဆက်ဖြစ်နေသည့် လက်နက်ကိုင် ပဋိပက္ခ အဆုံး သတ်ရေးသည် နိုင်ငံအတွက် အရေးကြီးကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သည်။ 

ထို့အတူ ရခိုင်မြောက်ပိုင်းတွင် ၂၀၁၆ မှ ၂၀၁၇ ခုနှစ် အထိ ဖြစ်ခဲ့သည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခမျိုးဖြစ်အောင် ပြန်လည်ပြီး မီးမွှေးခြင်းကို ရှောင်ရှားရန်အတွက် တန်းတူအရေးကြီးသည်ဟုလည်း ပြောဆိုခဲ့သည်။

ယူကေနှင့် အမေရိကန် အပါအဝင် တခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စစ်ဘက် တရားစီရင်ရေးစနစ် ရှိသည့် အကြောင်း၊ မြန်မာနိုင်ငံတွင် အခြေခံဥပဒေအရ ဖော်ဆောင်သည့် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေးကို ထူထောင် ရန် အလေးအနက် ထားသည်ဆိုပါက မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မငြင်းပယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြသွားသည်။ 

မောင်တောမြို့နယ် ဂူတာပြင်ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်၍ စစ်ခုံရုံးနှင့် စစ်ဆေးနေပြီး သီးခြား လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ နောက်ဆုံး အစီရင်ခံစာ ရက်သတ္တပတ် အနည်းငယ်အတွင်း ထွက်လာပြီးပါက နောက်ထပ် စစ်ခုံရုံးတင် စစ်ဆေးမှုများ ရှိလာမည်ကို အခိုင်အမာ ယုံကြည်သည်ဟုလည်း ပြောဆိုခဲ့သည်။ 

မြန်မာရှေ့နေ တဦးဖြစ်သည့် မစ္စတာ ခရစ္စတိုဖာစတိတ်ကာ က ဂမ်ဘီယာသည် OIC က တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး OIC အဖွဲ့ဝင်များ ကိုယ်စား တရားစွဲခြင်းဖြစ်ကြောင်း အကိုးအကားများနှင့် ပြောသွားခဲ့ပြီး ဂျီနိုဆိုက်ကွန်ဗင်းရှင်း အပိုဒ် ၈ အရ နိုင်ငံတခုက နိုင်ငံတခုအပေါ်၌သာ တရားစွဲခွင့်ရှိပြီး ယခုလို OIC ကိုယ်စား တရားစွဲဆိုခြင်းသည် ထိုအချက်နှင့် (လုံးဝ) ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။ 

ဂမ်ဘီယာနိုင်ငံက OIC အဖွဲ့၏ ထောက်ပံ့မှုနှင့် တရားစွဲဆိုခဲ့ပြီး ကျယ်ပြန့်သည့် ထိုကိစ္စအတွက် “ထောက်ပံ့ငွေများ ဘယ်ကလာသလဲ” ဆိုသည်ကို ပွင့်လင်းမြင်သာစွာ ချမပြခဲ့ဟုလည်း ခရစ္စတိုဖာစတိတ်ကာက ပြောသည်။ 

“အမုန်းစကားများကို အစိုးရက မထိန်းချုပ်ဘူး” ဟူသည်နှင့်ပတ်သက်၍ မစ္စတာ ရှဘတ်စ်က “အမုန်းစကားဆိုတာ မြန်မာနိုင်ငံမှာမှ ဖြစ်နေတဲ့ ကိစ္စတခု မဟုတ်ပါဘူး။ ကမ္ဘာ့နေရာ အများအပြား နိုင်ငံအများ အပြားမှာ အမုန်းစကား ပြောဆိုတာတွေ ရှိရုံသာမကပါဘူး။ ဒီကိစ္စကို တရားဥပဒေအရ ဘယ်လို ကိုင်တွယ်လုပ် ဆောင်သင့်တယ်ဆိုတဲ့အပေါ် ဆွေးနွေးငြင်းခုန်တာတွေလည်း အပြင်းအထန် ရှိနေတာပါ။ ဒီကိစ္စဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ဆိုင်တယ် ဆိုပြီး တချို့နိုင်ငံတွေက ပြောကြတာတောင် ရှိပါတယ်” ဟု ပြောဆိုသွားသည်။ 

မြန်မာနိုင်ငံတွင် အမုန်းစကားဖြန့်နေခြင်းသည် အစိုးရမဟုတ်ဘဲ လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ လုပ်ရပ်သာဖြစ်ကြောင်း လည်း ထောက်ပြခဲ့သည်။ 

ဂမ်ဘီယာက ရည်ညွှန်းသွားသည့် ၂၀၁၃ က အယ်လ်ဂျားဇီးယား အင်တာဗျူးနှင့် ပတ်သက်၍လည်း ထိုစဉ်က သူ့အနေဖြင့် မြန်မာနိုင်ငံတွင် ဂျီနိုဆိုက်ရှိသည်ဟု ဘယ်တုန်းကမျှ မပြောခဲ့ကြောင်း၊ သတင်းထောက်ကသာ နိမိတ်ပြ မေးခွန်းမေးကာ တွန်းအားပေးခဲ့ကြောင်း ၎င်းက ပြန်လည်ရှင်းလင်းခဲ့သည်။ 

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

မြန်မာနိုင်ငံဘက်မှ ရှေ့နေများသည် ဒီဇင်ဘာ ၁၁ ရက်နေ့က လျှောက်လဲသွားသည့် အချက်များကို လက်မလွှတ်ဘဲ ICJ တွင် ဂမ်ဘီယာ တရားစွဲမှုက တရားမဝင်ကြောင်းနှင့် ဂမ်ဘီယာဘက်က စွဲဆိုထားသည့် လူမျိုးသုဉ်း သတ်ဖြတ်မှု များကို ကျူးလွန်ရန် ရည်ရွယ်ချက်မရှိကြောင်းကို အဓိကထားပြီး ဥပဒေ အကိုးအကားများနှင့် ၁ ချက် ချင်း တုန့်ပြန် ချေပသွားခဲ့သည်။  

လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆိုထား မှုနှင့်ပတ်သက်၍ ၃ ရက်တာ ကြားနာမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က နှစ်ဖက်လျှောက်ထားမှုဖြင့် ပြီးဆုံးသွားပြီဖြစ် သည်။ 

ဂမ်ဘီယာ၏ ပန်ကြားချက်အပေါ် သတ်မှတ်ချိန်အတွင်း ဆုံးဖြတ်ချက်ချမှတ်ပြီး ယခုကြားနာပွဲကဲ့သို့ အများပြည်သူ တိုက်ရိုက်သိရှိနိုင်သည့် တရားခွင်တွင် ကြေညာသွားမည်ဖြစ်ကြောင်း ICJ ခုံရုံးသဘာပတိက ပြောသွားသည်။

You may also like these stories:

မြန်မာ လျှောက်လဲချက်အပေါ် ဂမ်ဘီယာက တုန့်ပြန်ချေပ

ဒေါ်အောင်ဆန်းစုကြည် ICJ ရင်ဆိုင်နေတဲ့ အပေါ် သူတို့အမြင်မျာ

တိုင်းပြည်လည်း မနာစေချင်ဘူး၊ အမှန်တရားကိုလည်း ရပ်တည်စေချင်တယ်

Your Thoughts …
Tags: ICJဂမ်ဘီယာဒေါ်အောင်ဆန်းစုကြည်အမုန်းစကား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
ပျောက်ဆုံးနေသော NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်း  / Yethein  / Facebook

ICJ ထောက်ခံပွဲကို မကြိုက်၍ NLD ဥက္ကဋ္ဌကို ဖမ်းလိုက်တာဟု AA ပြော

အဆိုတော် ဇွဲပြည့် / ဝေဝေနှင်း / ဧရာဝတီ

ဂီတနဲ့ အိမ်ထောင်ရေး Personal ခွဲခြားထားတဲ့ အဆိုတော် ဇွဲပြည့်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved