• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိန်ဘလာတောင်မှ ဂျပန်ခေတ် စစ်လက်ကျန်ပစ္စည်းများ ရှာဖွေတူးဖော်မှု ပိတ်သိမ်း

by ဉာဏ်စိုးဝင်း
12 February 2020
in သတင်း
A A
မိန်ဘလာတောင်တွင် ပြုလုပ်နေသည့် ရှာဖွေတူးဖော်မှုများ/ / ဉာဏ်စိုးဝင်း / ဧရာဝတီ

မိန်ဘလာတောင်တွင် ပြုလုပ်နေသည့် ရှာဖွေတူးဖော်မှုများ/ / ဉာဏ်စိုးဝင်း / ဧရာဝတီ

51.4k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အနီး ဝယ်ကဝါကျေးရွာအုပ်စုရှိ မိန်ဗလာတောင်တွင် မွန်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် Royal Eagle Myanmar Development ကုမ္ပဏီမှ ဂျပန်ခေတ် စစ်ကျန်ပစ္စည်းဖြစ်သော ရတနာသိုက် ရှာဖွေမှုအတွက် ကနဦးစူးစမ်းလေ့လာခွင့်မှာ ရလာဒ်ကောင်း မရရှိခဲ့သဖြင့် ပိတ်သိမ်းလိုက်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

၎င်းက “ရှေးဟောင်းပစ္စည်းဆိုတာ သေချာဖို့ လိုပါတယ်၊ မိမိ (မွန်ပြည်နယ်အစိုးရအဖွဲ့) တို့ ဦးစီးဦးဆောင်ဖွဲ့တဲ့ ဝန်ကြီးချုပ်ကနေ ဥက္ကဋ္ဌဖြစ်ပြီးတော့ ကျနော်က အတွင်းရေးမှူးအနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ ကျနော်တို့ အခုအချိန်ထိ ထူးခြားတဲ့ ရလာဒ်ကောင်းတွေ မရှိတဲ့အတွက် ကျနော်တို့ဟာ ပြန်လည်ပိတ်သိမ်းဖို့အတွက် အစီအစဉ်တွေ ဆောင်ရွက်ပြီးပြီ” ဟု ပြောဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် ချောင်းဆုံ မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက မိန်ဘလာတောင်၌ မြေတူးနေသည့်ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်း မေးမြန်းသည့် အပေါ် ဝန်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦး က “မိန်ဘလာတောင်နေရာတွင် ယခုနှစ်ပိုင်းအစ ဇန်နဝါရီ ၄ ရက်လောက်က ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုက မြေတူးဖော်မှုတွေ လုပ်ဆောင်နေကြတာ သိရတယ်။ မြေတူးစက် ၅ စီး၊ ဘူဒိုဇာ ၁ စီးတို့နဲ့ တူးဖော်နေကြတာလို့ သိရတယ်” ဟု မွန်ပြည်နယ်လွှတ်တော်ထံ တင်ပြပြောဆိုခဲ့သည်။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်စစ်စခန်းအဖြစ် အသုံးပြုခဲ့ရာ မိန်ဘလာတောင်ရှိ ဂူများတွင် ဂျပန်စစ်စခန်း ပစ္စည်းလက်ကျန်များရှိ၊ မရှိ ရှာဖွေဖော်ထုတ်ရေး ဟုဆိုကာ တူးဖော်နေမှုများကို ၂၀၁၈ ခုနှစ်က Golden Geo Myanmar ကုမ္ပဏီမှ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာမှ သိရှိကာ ပိတ်သိမ်းခဲ့ရသည်။

ထို့နောက် Royal Eagle Myanmar Development ကုမ္ပဏီက ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်ဌာနချုပ် အဆောက်အဦ တည်နေရာများအား စစ်သမိုင်းပြတိုက် ဖော်ဆောင်မည့် ရှေ့ပြေးစီမံကိန်းဟုဆိုကာ ဆိုင်းဘုတ်ထောင်၍ မိန်ဘလာတောင် တောင်ခြေတွင် မြေတူးဖော်မှုများ ထပ်မံ ပြုလုပ်ခဲ့သည်။

သို့ဖြစ်ရာ မိန်ဘလာတောင် ရှာဖွေတူးဖော်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့ က ကျင်းပသည့် မွန်ပြည်နယ်အစိုးရ အဖွဲ့ အစည်း အဝေးအရ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံမှ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပြီး ရတနာသိုက်ရှာဖွေရန် Royal Eagle Myanmar Development ကုမ္ပဏီကို ကနဦး စူးစမ်းလေ့လာခွင့်ကို ၁ လတာ ခွင့်ပြုပေးခဲ့သည်။

ယခုသည် သက်မှတ်အချိန်ကာလ ပြည့်သွားပြီဖြစ်၍ မြေတူးခဲ့သော မြေသားများကို နဂိုမူလအတိုင်း ပြန်လည်မြေဖို့ရန် ညွှန်ကြားထားပြီး မြေပြန်မပြုပြင်ပါက ကုမ္ပဏီကို တရားစွဲသွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယခုက ၇ ရက်နေ့က လွှတ်တော်တွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

၎င်းက “အထောက်အထား ပြနိုင်ပါက ပြည်ထောင်စုကိုတင်၊ ပြည်ထောင်စုကိုတင်ဖို့ အထောက်အထားလည်း မပြနိုင်ဘူး၊ အခု သူတို့ (ကုမ္ပဏီ) ပိတ်လိုက်ပြီ၊ ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ နဂိုအတိုင်းပြန်ထား၊ မထားရင် တရားစွဲမယ်” ဟု ဆိုသည်။

တောင်တွင် တူးဖော်သည့် ကုမ္ပဏီသည် တူးဖော်မှုပြုလုပ်ခြင်း လုပ်ဆောင်ရာတွင် ဒေသခံပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြပေးမှုများ မရှိခဲ့သည့်ပေါ် မရိုးသားမှုများ ရှိနေသည်ဟု ပြည်သူများဘက်က ပြောဆိုမှုများလည်း ရှိသည်။

Your Thoughts …
Tags: ဒေါက်တာအေးဇံမိန်ဘလာတောင်ရတနာသိုက်အစိုးရ
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

ဖယောင်းတိုင်ထွန်းပြီး တိုင်းပြည်အုပ်ချုပ်လို့မရဘူး (ရုပ်/သံ)

ဖယောင်းတိုင်ထွန်းပြီး တိုင်းပြည်အုပ်ချုပ်လို့မရဘူး (ရုပ်/သံ)

by ဧရာဝတီ
16 January 2025
899

အာဏာသိမ်း စစ်ကောင်စီဟာ လှည့်ကျစနစ်နဲ့ပေးနေတဲ့ လျှပ်စစ်မီးကိုတောင် မှန်အောင်မပေးနိုင်တော့ပါဘူး။ ရန်ကုန်မြို့မှာ အရင်က အလှည့်ကျ မီးရရှိမှုဟာ တရက်ကို ၁၂ နာရီ ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်ရဲ့ မီးပေးဝေမှု ဇယားမှာတော့ တရက်ကို ၈...

ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲ ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ  / ထက်ဝေ  / ဧရာဝတီ

ကရင် BGF ခေါင်းဆောင်တွေ ဘယ်လမ်းရွေးမလဲ

by ထွန်းထွန်း
20 January 2021
26k

အငြင်းပွားမှုတွေနဲ့ ဝေဖန်ခံနေရတဲ့ ရွှေကုက္ကို မြို့သစ်စီမံကိန်း ဂယက်ဟာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့အကြား အစုလိုက်အပြုံလိုက် နှုတ်ထွက်တဲ့အထိ သဘောထား တင်းမာမှုတွေဖြစ်ခဲ့ပြီး မရေရာတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။

CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)

CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)

by ဇော်မြတ်ခန့်
17 July 2024
720

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သွားတဲ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Black Lists) စာရင်းကနေ ပယ်ဖျက်ပေးမယ်ဆိုပြီး စစ်ကောင်စီက မက်လုံးပေး ဖိတ်ခေါ်နေပါတယ်။

တော်လှန်ရေးမြန်မြန်ပြီးအောင် ပြန်ခေါ်တာဖြစ်တယ် (ရုပ်/သံ)

တော်လှန်ရေးမြန်မြန်ပြီးအောင် ပြန်ခေါ်တာဖြစ်တယ် (ရုပ်/သံ)

by ဧရာဝတီ
28 November 2024
688

နိုင်ငံပြင်ပကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေအနေနဲ့ ပြည်တွင်းကို ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဖိတ်ခေါ်လိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး (ရုပ်/သံ)

တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး (ရုပ်/သံ)

by ယဉ်မွန်
24 July 2024
575

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံအတွက် ကောင်းကျိုးရှိလာမှာ မဟုတ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ဖိအားပေးတာတွေ ရပ်တန့်ဖို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဝေဖန်ထောက်ပြပါတယ်။

ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင်သမား ၁၀ ဦး အစိုးရနဲ့ ဘုရင်ကို ဆန့်ကျင်စော်ကားမှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ချခံရ

ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင်သမား ၁၀ ဦး အစိုးရနဲ့ ဘုရင်ကို ဆန့်ကျင်စော်ကားမှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ချခံရ

by ဧရာဝတီ
6 July 2024
569

Mother Nature အဖွဲ့ဝင် ၃ ဦးမှာ အစိုးရနဲ့ ဘုရင်စနစ်ကို စော်ကားတဲ့ ပြစ်မှု နှစ်ခုစလုံး အတွက် ၈ နှစ်စီ ပြစ်ဒဏ် ကျခံဖို့ အမိန့်ချ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Next Post
ပလပ်စတင် အကာနှင့် မျက်နှာဖုံးများ တပ်ဆင် သွားလာကြသူတချို့ကို ရှန်ဟိုင်းဘူတာကြီးတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ် / Reuters 

ကိုရိုနာဗိုင်းရပ်စ် COVID-19 ဆေးထုတ်ရန် ၁၈ လကြာမည်ဟု ပြော

သောကြာနေ့က လက်မှတ်ထိုးအခမ်းအနားတွင် ဦးကျော်နေဝင်း ကို ဦးဖြိုးမင်းသိန်း၏ ဘေးတွင် ထိုင်လျက်တွေ့ခဲ့ရသည် / ရန်ကုန်တိုင်းအစိုးရအဖွဲ့

မလေးရှားကော်ပိုရေးရှင်းကို ရန်ကုန်တိုင်းအစိုးရက ဒေါ်လာသန်း ၇၅၀ တန် မြေငှားရမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved