သတင်း

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉ သောင်းကျော်ပြီ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝန်း နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည့်လူ အရေအတွက်မှာ ၉၀၀၀၀ ကျော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Ghebreyesus က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “အခုဆိုရင် ကမ္ဘာတဝန်း Covid-19 ကူးစက်ခံရသူ စုစုပေါင်း ၉၀၈၉၃ ရှိသွားပြီလို့ အစီရင်ခံထားပြီး သေဆုံးသူကတော့ ၃၁၁၀ ဦးပါ” ဟု သတင်းစာရှင်းလင်းပွဲတခုတွင် WHO ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၄၈ နာရီအတွင်း တရုတ်နိုင်ငံပြင်ပ အစီရင်ခံခဲ့သည့် ကူးစက်လူနာ ၁၈၄၈ အနက် ၈၀ ရာခိုင်နှုန်းမှာ နိုင်ငံသုံးခုမှဖြစ်ပြီး ၎င်းနိုင်ငံတို့မှာ အီရန်၊ အီတလီနှင့် တောင်ကိုရီးယားနိုင်ငံတို့ဖြစ်သည်။ တရုတ်နိုင်ငံတွင် ကူးစက်မှုတိုးပွားလာမှုအရှိန်မှာ ဇန်နဝါရီလနောက်ပိုင်းကတည်းက အနှေးကွေးဆုံးဖြစ်ခဲ့သည်ဟု WHO အကြီးအကဲကပြောသည်။

အသစ်ကူးစက်ခံရသည့် အရေအတွက် ဆက်လက်မြင့်မားနေမှုကို အကြောင်းပြု၍ စိုးရိမ်စရာ အကောင်းဆုံးနိုင်ငံများအဖြစ် အီရန်၊ အီတလီ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ဖြစ်ကြောင်း Tedros က တနင်္လာနေ့က ပြောကြားခဲ့သည်။ အင်္ဂါနေ့က ရှင်းလင်းပွဲတွင် အဆိုပါ ကိုရိုနာဗိုင်းရပ်နှင့် တုပ်ကွေးတို့ကြား အဓိကခြားနားချက်အချို့ကို ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

“ယခုအချိန်အထိ ကျနော်တို့ရရှိထားတဲ့ အချက်အလက်တွေအရ Covid-19 က တုပ်ကွေးလို မကူးစက်ဘူး။ ရာသီတုပ်ကွေးကို ထိန်းချုပ်ရေးနှင့် ပတ်သက်လို့ ကျနော်တို့ ပြောတောင်မပြောဖြစ်ပါဘူး။ ဒါက ဖြစ်လည်းမဖြစ်နိုင်ဘူး။ ဒါပေမယ့် Covid-19 ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။”

ကူးစက်ပျံ့နှံ့မှုမှာ ကူးစက်ခံထားရသော်လည်း ကျန်းမာနေသေးသည့် လူများကြောင့်ချည်း ဖြစ်ဟန်မတူကြောင်းနှင့် ၎င်းဗိုင်းရပ်မှာ တုက်ကွေးထက် ပိုမိုပြင်းထန်သည့် နာမကျန်းမှုကို ဖြစ်စေသည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

“ကျနော်တို့နားလည်းထားတာက အဆုတ်ရောင်ရောဂါကိုဖြစ်စေတဲ့ ရောဂါနဲ့ ပတ်သက်ပြီး လူတွေက စိုးရိမ်ကြောက်လန့်ပြီး မရေမရာဖြစ်နေတယ်” ဟု WHO အကြီးအကဲက ပြောသည်။ “ဒါပေမယ့် ကျနော်တို့ နောက်ထပ်အချက်အလက်တွေ ပိုရလာတာနဲ့အမျှ ဒီဗိုင်းရပ်နဲ့ သူ့ကြောင့်ဖြစ်တဲ့ရောဂါအကြောင်း ကျနော်တို့ ပိုပြီးနားလည်နေပါပြီ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

“ဒါကတော့ အားလုံး စည်းလုံးညီညွတ်မှုပြသနာပါ။ ဒါကို WHO တစ်ဦးတည်းက ဖြေရှင်းလို့မရပါဘူး” ဟု Tedros ကပြောကြားခဲ့သည်။

ကိုးကား ။         ။ Kyodo

You may also like these stories:

ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်စီးပွားရေး အတော် ရုန်းကန်နေရ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံကို ခရီးမသွားကြဖို့ အမေရိကန်နိုင်ငံ ကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေဆုံးသူ ၉ ဦးအထိ ရှိလာ

Did you find apk for android? You can find new Free Android Games and apps.
Loading