• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗစ်တိုးရီးယားအမှု သက်ဆိုင်ရာ ရဲအရာရှိကြီးများကို ယခုလအတွင်း အမှုဖွင့်မည်

by မိုးမိုး
17 March 2020
in သတင်း
A A
နေပြည်တော်ရှိ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) ရုံး၌ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရှင်းလင်းနေစဉ် / မိုးမိုး / ဧရာဝတီ

နေပြည်တော်ရှိ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) ရုံး၌ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရှင်းလင်းနေစဉ် / မိုးမိုး / ဧရာဝတီ

13k
VIEWS
Share on FacebookShare on Twitter

ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ရဲဇာနည် Facebook Page ၏ တာဝန်ရှိသူ များအား ယခုလ၂၀ ရက်ကျော်တွင် အမှု စတင်ဖွင့်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအမှုကို စာရေးဆရာ ထင်လင်းဦးမှ တရားလိုပြုလုပ် တိုင်တန်းကာ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) ရှေ့နေအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

စာရေးဆရာ ဦးထင်လင်းဦးက “ဒီအမှုက တနိုင်ငံလုံးကို စိန်ခေါ်လိုက်တဲ့ စိန်ခေါ်မှု တခုပဲ။ ကျနော်တို့ နိုင်ငံသားတိုင်းသည် တရားဥပဒေရဲ့ စောင့်ရှောက်မှုကို ရဖို့ လိုတယ်။ ချမှတ်ထားတဲ့ တည်ဆဲ ဥပဒေကို တကယ်လိုက်နာ ကျင့်သုံးတဲ့ ရဲတပ်ဖွဲ့ ဖြစ်ဖို့အတွက် ဒီလိုလုပ်တာပါ” ဟု ပြောသည်။

နေပြည်တော်ရှိ ILAM ရုံးခွဲတွင် မတ်လ ၁၆ ရက် ညနေပိုင်းက ယင်း အမှုနှင့် ပတ်သက်၍ တရားစွဲဆိုသွားမည့် ကိစ္စအား သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် အထက်ပါအတိုင်း ပြောခြင်း ဖြစ် သည်။

ယခုလ၂၀ ရက် နောက်ပိုင်းတွင် ဇမ္ဗူသီရိ အမှတ် (၁) ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ဆရာထင် လင်းဦးမှ တရားလိုပြုလုပ်ကာ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) ၏ ဒု ဥက္ကဋ္ဌ ဦးအေးမြင့်က ဦး ဆောင် အမှုဖွင့်သွားမည် ဖြစ်သည်။

ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၇ အရ ပြည်သူ့ဝန်ထမ်းကို ရာဇဝတ်မှု စွဲဆိုရာတွင် ကြိုတင် ခွင့်ပြုမိန့် တောင်းခံရသည့် အတွက် အရာရှိကြီးများကိုလည်း တရားစွဲဆိုမည်ဆိုပါက နိုင်ငံ့အကြီးအကဲများထံ တရားစွဲမိန့် တောင်းခံရကြောင်း၊ တရား စွဲ ခွင့်ပြုမိန့်ကျမှသာလျှင် တရားစွဲဆိုခွင့် ရှိကြောင်း၊ ခွင့်ပြုမိန့် မတောင်းခံဘဲ တရားစွဲဆိုပါကလည်း တရားရုံးဘက်မှာ လက်ခံပြီး စစ်ဆေးပေးခြင်း မရှိကြောင်း ရှေ့နေအသိုင်းအဝိုင်းက သိရသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းက အဆိုပါ ရဲအရာရှိကြီးများကို တရားစွဲဆိုရန် သမ္မတ ဦးဝင်းမြင့်ထံ ရှေ့နေအသင်းမှ ပေးပို့ သည့်စာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်နှင့် မှုခင်း ရဲ တပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီး သာဒွန်းနှင့် ရဲဇာနည် Facebook Page တာဝန်ခံ စီစဉ်သူတို့အား ၂၀၁၉ ခုနှစ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ အခြားသင့်တော်ရာ ရာဇဝတ် ဥပဒေ တရပ်ရပ်အရ လည်းကောင်း တရားစွဲဆိုခွင့်ပြုရန် လျှောက်ထားခဲ့သည်။

ထိုသို့ သမ္မတရုံးသို့ လျှောက်ထားသော်လည်း သမ္မတရုံးမှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း၊ သို့သော် လည်း သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောကြားချက်တွင် ယင်းအမှုကို ဖော် ထုတ်ရာတွင် တာဝန်မကျေပွန်သူများအား လိုအပ်သကဲ့သို့ အရေးယူရန် ပြောကြားချက်သည် သွယ်ဝိုက်ပြောဆိုသည်ဟု ယူဆ၍ အမှုဖွင့်ရခြင်း ဖြစ်ကြောင်း ဦးထင်လင်းဦးက ရှင်းပြသည်။

ယင်းသို့ သမ္မတရုံးမှ စောင့်ကြည့်နေသည့် အမှုဖြစ်သော်လည်း အမှုမှာ လက်ရှိ အခြေအနေမှာ ရပ်တန့်နေသည့် အမှု ဖြစ် သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
352
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ယင်းအမှုတွင် သံသယ တရားခံအဖြစ် စွပ်စွဲခံထားရသူ ကိုအောင်ကြီး လွတ်မြောက်ပြီးနောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌သက်ဆိုင်ရာ ရဲအရာရှိကြီးများက နစ်နာသူ ဗစ်တိုးရီး ယား၏ အမည်ရင်း၊ မိဘများ၏ အမည်များနှင့် ကိုယ်ရေး အချက်အလက်များကို ထုတ်ဖော် ပြောသည့်အပြင် ‘ရဲဇာနည်’ Facebook စာမျက်နှာတွင် ထုတ်ဖော် ပြသမှုကြောင့် ကာယကံရှင်များ နစ်နာရမှုများကြောင့် ယခုကဲ့သို့ တရားစွဲဆိုမှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဗစ်တိုးရီးယား အမှုတွင် စွပ်စွဲခံရသူ သံသယ တရားခံ ကိုအောင်ကြီးကို တရားစွဲတင်ရန် ခိုင်လုံသည့် သက်သေ ထွက်ချက် များမရှိသဖြင့် တရားလိုပြသက်သေများ စစ်ဆေး၍ မပြီးခင် တရားသူကြီးက ဒီဇင်ဘာ ၁၈ ရက်၌ တရားရှင်လွှတ်ပေး ခဲ့သည်။

ထိုသို့ ထုတ်ဖော် ပြောကြားမှုသည် ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင် သူများနှင့် ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုနေကြခြင်း ဖြစ်သည်။

ပြည်သူ့ လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်က “ဒီဖြစ်စဉ်မျိုးက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ။ အကုန်လုံးက တာဝန်ယူ ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ အလွန်ငယ်တဲ့ ကလေးဖြစ် တယ်။ စာသင်ကျောင်းဖြစ်တဲ့ မူကြိုကျောင်းအတွင်းမှာ ဆရာမတွေ ရှိနေတယ်။ ဒီနေရာမှာ ဒါမျိုး ဖြစ်တယ်ဆိုတာကတော့ လုံးဝမဖြစ်သင့်တဲ့ အခြေအနေလို့တော့ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသော Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် က လေးငယ် ဗစ်တိုးရီးယားသည် ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်က အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုအမှုကို ဇွန်လ ၃ ရက်တွင် မှုခင်း တပ်ဖွဲ့ (CID) က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်-

တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေးကို ပြည်သူတွေ မယုံကြည်မှာ စိုးတယ်

ဗစ်တိုးရီးယားအမှု ဆက်လက် စောင့်ကြည့်နေဆဲဟု သမ္မတရုံး ပြော

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို တရားစွဲရန် ပြင်ဆင်နေ

Your Thoughts …
Tags: ကလေးသူငယ်ဥပဒေတရားစွဲဗစ်တိုးရီးယားအမှုရဲအရာရှိ
မိုးမိုး

မိုးမိုး

...

Similar Picks:

တက်ဘုန်းကြီးများ နဲ့ ရဲအရာရှိကြီး Big Tao

တက်ဘုန်းကြီးများ နဲ့ ရဲအရာရှိကြီး Big Tao

by စံရိပ်ငြိမ်
29 July 2025
1.9k

ထိုင်းဘုန်းကြီးလောကရဲ့ အကျင့်ပျက် တက်ဘုန်းကြီးတွေအမှု ပေါ်ပေါက်လာတဲ့ အဓိက ကတော့ ဗဟို စုံစမ်းရေး ဗြူရို (CIB) လက်ထောက် ရဲမင်းကြီး၊ ရဲဗိုလ်ချုပ် ဂျရွန်ကစ် ပန်ကျောက် ရဲ့ ကြိုးပမ်းမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

အိန္ဒိယရဲအရာရှိ အသတ်ခံရမှု မိုးရေးမြို့ရှိ မြန်မာ ၄၀ခန့် အဖမ်းခံရ

အိန္ဒိယရဲအရာရှိ အသတ်ခံရမှု မိုးရေးမြို့ရှိ မြန်မာ ၄၀ခန့် အဖမ်းခံရ

by ဧရာဝတီ
2 November 2023
1.7k

သေဆုံးသူမှာ ရဲအရာရှိ အနန်ကူးပါးမှာ ၎င်း၏အဖွဲ့ဖြင့် ရဟတ်ယာဉ်ကွင်းဆောက်ရန်နှင့် ကျောင်းသန့်ရှင်းရေး အတွက် လာရောက်ကြည့်ရှုစဉ် ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ တခြားရဲတပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း Hindustan Times အိန္ဒိယ သတင်းစာတွင်...

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

by ဧရာဝတီ
26 October 2023
1.3k

ထန်တလန်မြို့ကို မီးရှို့တိုက်ခိုက်ခြင်း ဒုတိယနှစ်ပတ်လည်နေ့တွင် မနီလာရှိ တရားရေးဌာနသို့ ထိုသို့တိုင်ကြားခြင်းဖြစ်သည်။

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
730

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

by ဧရာဝတီ
10 October 2025
649

ထိုင်းရဲတပ်ဖွဲ့မှ ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့ကို နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းလူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်နှင့် အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားများ၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေမှုစသည်တို့ဖြင့် တရားစွဲထားသည်။

ပြည်ထဲရေးဝန်ကြီး အသစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်  / ဧရာဝတီ

ဗစ်တိုးရီးယားအမှု ရဲလုပ်ငန်း အစကောင်းရန် လိုအပ်ခဲ့ဟု ပြည်ထဲရေးဝန်ကြီး အသစ်ပြော

by ထက်ခေါင်လင်း
13 February 2020
32.1k

နိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးကို အဓိက ဆောင်ရွက်သွားမည် ဖြစ်ပြီး အမှုတခုဖြစ်တိုင်း ရဲတပ်ဖွဲ့နှင့် လုံခြုံ ရေးလုပ်သော သူများတွင်သာ တာဝန်ရှိသည် မဟုတ်၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုလည်း အရေးကြီးကြောင်း ၎င်းက ပြောသည်။

Next Post
Telsa ရဲ့ အမှုဆောင်အရာရှိချူပ် Elon Musk

အထက်တန်းမပြီးလည်း သူ့ကုမ္ပဏီမှာ အလုပ်လျှောက်နိုင်ကြောင်း Elon Musk ပြော

မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မလေးရှား အစိုးရရုံးများ ပိတ်တော့မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved