• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ဂိတ်ပေါက်မှ ခိုးဝင်သူတွေရှိနေ

by ကျော်ခ
25 March 2020
in သတင်း
A A
ထောင်းဒီးဂိတ်မှ မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းကို သောင်ရင်းမြစ်ကူးပြီး ခိုးဝင်နေသူတချို့  / ကျော်ခ / ဧရာဝတီ

ထောင်းဒီးဂိတ်မှ မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းကို သောင်ရင်းမြစ်ကူးပြီး ခိုးဝင်နေသူတချို့ / ကျော်ခ / ဧရာဝတီ

15.3k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ဘက်မှ တဆင့် မြန်မာနိုင်ငံ မြဝတီမြို့ဘက်ကို သောင်ရင်းမြစ်ဖြတ်ပြီး ခိုးဝင် နေသူတွေကို မဲဆောက်မြို့မှာ ကိုယ်တိုင် ကွင်းဆင်း သတင်းယူနေတဲ့ ဧရာဝတီ သတင်းထောက် က ဒီကနေ့ မနက်ပိုင်းမှာ တွေ့မြင်ခဲ့ရပါတယ်။

ဒီကနေ့ မနက်ပိုင်း ၈ နာရီခွဲလောက်မှာ ထောင်းဒီးဂိတ်၊ ဇီးတော ဂိတ်တွေကနေ သောင်ရင်းမြစ်ကို ဖြတ်ပြီး မြန်မာနိုင်ငံနိုင်ငံ မြဝတီမြို့ဘက်ကို ကူးသွားသူတွေကို တွေ့ရပြီး ထောင်းဒီးဂိတ်ဘက်က ကူးဖြတ်သွားသူတွေကိုတော့ ကျန်းမာရေး စစ်ဆေးမှု လုပ်တာ မတွေ့ရပါဘူး။

ထိုင်း-မြန်မာနယ်စပ် ရေလယ်ကျွန်းစပ်မှတဆင့် မြန်မာနိုင်ငံမြဝတီမြို့ဘက်ကို ကူးနေစဉ် မြန်မာတချို့က မောင်းထုတ်နေလို့ ရေလယ်မှာဘဲ အထုပ်တွေနဲ့ ရပ်နေသူတချို့ /ကျော်ခ /ဧရာဝတီ

ကူးဖြတ်သူတွေဟာ ထိုင်းဘက်ကို လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပြီး သူတို့ မကူးဖြတ်မီ မိနစ်ပိုင်းအလိုက မြန်မာနိုင်ငံဘက်ခြမ်းက ဂိတ်ကို တပ်မတော်တာဝန်ရှိသူတချို့ လာရောက် စစ်ဆေးနေတာ တွေ့ရပါတယ်။ စစ်ဆေးနေသူတွေ ပြန်သွားပြီး ၅ မိနစ်လောက် အကြာမှာ ဖြတ်ကူးသွားကြတာ ဖြစ်ပါတယ်။

နောက်ထပ်ဖြတ်ကူးဖို့ ပြန်လာသူ အချို့ကို ထိုင်းဘက်အခြမ်းမှာ ထိုင်းစစ်တပ်က ကူးဖြတ်ခွင့် မရှိကြောင်း တကယ်လို့ ကူးဖြတ်သွားပြီး မြန်မာနိုင်ငံဘက်က လက်မခံရင် ထိုင်းနိုင်ငံဘက်ခြမ်းကို လှည့်ပြန်လာခွင့် မရှိကြောင်း သတိပေး နေတာလည်း အနီးကပ် တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် မြန်မာလုပ်သား တချို့က အကြောင်း အမျိုးမျိုးပြကာ မြန်မာနိုင်ငံ ဘက်ခြမ်းကို ကူးဖြတ်သွားကြတာ တွေ့ရပါတယ်။

ရေလယ်ကျွန်းဘက်ကနေ မြန်မာနိုင်ငံဘက်ခြမ်းကို အိတ်တွေ ထမ်းပိုးပြီး ကူးဖြတ်သွားသူ တချို့ကိုတော့ မြဝတီဘက်ကမ်းက မြန်မာတချို့က ဆေးမစစ်ဘဲ တရားမဝင် ကူးဖြတ်မလာဖို့ အော်ဟစ်မောင်းထုတ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

မဲဆောက်ဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရန် စောင့်နေသူများ/ကျော်ခ/ဧရာဝတီ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားမှတဆင့် မြန်မာနိုင်ငံ မြဝတီမြို့ဘက်ကို ဒီကနေ့ မနက်မှာလည်း ရွှေ့ပြောင်းလုပ်သားတွေ ထောင်နဲ့ချီပြီး ပြန်ဝင်နေကြတာတွေလည်း ရှိပါတယ်။ မတ်လ ၂၁ ရက်နေ့ကတည်းက ဝင်လာတဲ့ အရေ အတွက်နဲ့ ပေါင်းရင် စုစုပေါင်း ၂ သောင်းဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

ပြန်ဝင်လာသူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်လို့ပြန်လာသူတွေလည်း ပါသလို အလုပ်အကိုင်တွေ ရပ်ဆိုင်းသွားလို့ပြန်လာကြသူတွေ၊ ဗီဇာသက်တမ်းကုန်လို့ ပြန်လာကြသူတွေ၊ အထောက်အထား မရှိဘဲ အလုပ်လုပ်ကိုင်နေကြသူတွေနဲ့ သင်္ကြန်ကာလကို ပြန်လာသူတွေလည်းပါပါတယ်။

မဲဆောက်ဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရန် စောင့်နေသူများ/ကျော်ခ/ဧရာဝတီ

ထိုင်းနိုင်ငံဟာ အခုရက်ပိုင်းမှာ တရက်ကို လူတရာနီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံနေရတာကြောင့် မြန်မာ အလုပ်သမားတွေ ထိုင်းကနေ အစုလိုက် အပြုံလိုက် ဝင်လာနေတဲ့ အပေါ် မြန်မာလူထု အကြားမှာလည်း စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။

မြန်မာအစိုးရကတော့ ထိုင်းကပြန်လာနေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လမ်းဖွင့်ပေးထားပြီး ဝင်ရောက်လာသူတွေကို ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်တာ၊ ပြန်မလာမီ ရက်ပိုင်း သွားလာခဲ့တဲ့ နေရာတွေ မှတ်တမ်းယူတာ၊ ပြန်မယ့်အရပ်ဒေသ တွေကို မှတ်တမ်းယူတာ ပြုလုပ်ပါတယ်။

ပြန်လာသူတွေကိုလည်း ကရင်ပြည်နယ် အစိုးရရဲ့ အကူအညီနဲ့ သီးသန့်ကားတွေ စီစဉ်ပေးပြီး အရပ်ဒေသ အသီးသီးကို လိုက်ပို့ပါတယ်။ ပြန်သူတွေရဲ့ မှတ်တမ်းတွေကိုလည်း သက်ဆိုင်ရာ အရပ်ဒေသက ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် တိုင်းနှင့် ပြည်နယ် အလိုက် တာဝန်ရှိသူတွေကို ၁၄ ရက် စောင့်ကြည့်ဖို့ အပ်နှံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မဲဆောက်ဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရန် စောင့်နေသူများ/ကျော်ခ/ဧရာဝတီ

ထိုင်းသတင်းတွေရဲ့ နောက်ဆုံးဖော်ပြထားချက်အရတော့ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နဲ့ သေဆုံးသူ ၄ ဦးရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၈၂၇ ဦး၊ ဒီအထဲက ၅၇ ဦး သက်သာသွားပြီဖြစ်ကာ ၄ ဦးကတော့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း ထုတ်ပြန်ထားကြပါတယ်။

မြန်မာနိုင်ငံမှာတော့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စက် ကူးစက်ခံရသူ ၃ ဦးရှိပြီး စောင့်ကြည့် လူနာ ၂၃၈ ဦး ရှိပြီး ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲလူနာ ၂၆ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန က သတင်းထုတ်ပြန်ထားပါတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
402
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
143
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာသို့ လာမည့် အပျော်စီးသင်္ဘော ခရီးစဉ် ၅ ခု ဖျက်သိမ်းဟုဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ လူပေါင်း ၈၀၀ နီးပါး နေ့စဉ် သေဆုံးနေ

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု စတင်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်မဲဆောက်မြဝတီရွှေ့ပြောင်းအလုပ်သမား
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

Next Post
“Wonder Woman 1984” ရုပ်ရှင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် “Wonder Woman 1984” ရုပ်ရှင် ရုံတင်ရက် ရွှေ့ဆိုင်း

ကိုယ်တိုင် နှာခေါင်းစည်း ပြုလုပ်ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

Mask တွေ ပြတ်လပ်ချိန်မှာ ကိုယ်တိုင် နှာခေါင်းစည်း ပြုလုပ်နည်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved