• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာသို့ လာမည့် အပျော်စီးသင်္ဘော ခရီးစဉ် ၅ ခု ဖျက်သိမ်းဟုဆို

by အောင်သီဟ
28 February 2020
in စီးပွားရေး
A A
၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော အပျော်စီးသင်္ဘော ၁ စီး သီလဝါ ဆိပ်ကမ်း၌ ကမ်းကပ် ထားစဉ် / Myanmar Voyages

၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော အပျော်စီးသင်္ဘော ၁ စီး သီလဝါ ဆိပ်ကမ်း၌ ကမ်းကပ် ထားစဉ် / Myanmar Voyages

17k
VIEWS
Share on FacebookShare on Twitter

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ တင်ဆောင်ပြီး လာရောက် လည်ပတ်ကြမည့် အပျော်စီးသင်္ဘောခရီးစဉ် ၅ ခု ဖျက်သိမ်းသွားပြီ ဖြစ်ကြောင်း သိရသည်။

ဖျက်သိမ်းမည့် ခရီးစဉ်များတွင် လာမည့် မတ် ၄ရက်တွင် လာရောက်မည့် အပျော်စီး သင်္ဘောခရီးစဉ် ပါမပါကို အတိအကျ မပြောနိုင်သေးသော်လည်း မတ်၊ ဧပြီ၊ မေလ လများတွင် လာရောက်ရန် ရှိသည့် တခြား ခရီးစဉ် ၅ခုကိုမူ ဖျက်သိမ်း လိုက်ကြောင်း စီစဉ်သည့် Myanmar Voyages Int’l Tourism ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ဧရာဝတီသု့ိ ပြောသည်။

RelatedPosts

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
383
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
54
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
69

“မတ် ၄ ရက်မှာ လာမယ့် သင်္ဘောတောင် မြန်မာနိုင်ငံကို လာမယ် မလာဘူးဆိုတာ အခုချိန်မှာ မသေချာသေးပါဘူး။ သူ့ ခရီးစဉ်ကတော့ သွားနေတုန်းပဲ။ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မပြောနိုင်သေးတာက ကျန်တဲ့ သင်္ဘောတွေ အကုန်လုံးက ဖျက်သိမ်းသွားပြီ။ ဒီ ၁ စီးပဲ လာဖို့ အခြေအနေလေး ရှိနေတာ” ဟု ၎င်းက ဆိုသည်။

ယင်း မတ် ၄ရက် လာမည့် သင်္ဘောသည် မြန်မာနိုင်ငံသို့ မလာခင် စင်ကာပူနှင့် ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေသို့ သွားရောက် လည်ပတ် ကြမည် ဖြစ်ရာ ယင်းခရီးစဉ်များတွင် ကူးစက်ရောဂါနှင့် ပတ်သက်ပြီး အကြောင်းတစုံတရာ မဖြစ်ပေါ်မှသာ မြန်မာနိုင်ငံသို့ လာရောက်နိုင်ခြေ ရှိကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသည်များ တင်ဆောင်လာမည့် အပျော်စီးသင်္ဘောများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပါက ခရီး သည်များ၏ ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်များ၊ ခရီးစဉ် မှတ်တမ်းများအပြင် အစိုးရက သတ်မှတ်ထားသော လမ်း ညွှန်ချက်များကို လိုက်နာထားပြီး ဖြစ်မှသာ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာန၏ ဒု ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဧရာဝတီသို့ ပြောသည်။

၎င်းက “အပျော်စီး သင်္ဘော ဆိုတာက သူတို့ ဖြတ်သန်းသွားလာခဲ့တဲ့ နိုင်ငံတွေက အများကြီးပဲလေ။ အဲဒီတော့ မြန်မာနိုင်ငံ ကို မဆိုက်ကပ်မီ ၁၄ ရက်အတွင်းမှာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့သတ်မှတ်ချက်တွေကို ပို့ပေးရမယ်။ နောက်ပြီး ဆိပ်ကမ်း ကို ကပ်ပြီးတော့မှ တခုခု တွေ့တယ်ဆိုရင် ဒီမှာ ရပ်နားထားပြီးတော့ စောင့်ကြည့် စစ်ဆေးတာတွေ ခံရမယ်” ဟု ဆိုသည်။

ဆက်လက်၍ ဦးအောင်အေးဟန်က “ကျနော်တို့က တားမြစ်တယ်ဆိုတဲ့ ပုံစံမျိုးတော့ မရှိပါဘူး။ ဖွင့်ထားတယ် ဆိုပေမယ့် ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်းနဲ့ ရောက်လာကြမယ့် သူကို ကျနော်တို့ ဖွင့်ပေးထားတာပါ” ဟု ရှင်းပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၅ ရက်တွင် ဂျပန်နိုင်ငံသို့ ဆိုက်ကပ်ထားသော ခရီးသည်နှင့် ဝန်ထမ်း ၃ ထောင်ကျော် လိုက်ပါခဲ့ သော Diamond Princess အပျော်စီး သင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၀၀ ဝန်းကျင် အထိ ရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်အသင်း (UMTA) ၏ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က “အခုအချိန်က ခရီးသွားလုပ်ငန်းက တော်တော်ကြီး ကျနေတယ် ဆိုတော့ ဒီလိုမျိုး မပိတ်ထားဘူး၊ ဝင်ခွင့်ပေးထားမယ်ဆိုတော့ တော်တော် အထောက်အကူ တော့ ဖြစ်မှာပေါ့။ အဘက်ဘက်ကလည်း ကာကွယ်ပေးထားတယ်။ သူတို့ဘက်က Safe ဖြစ်တယ်ဆိုရင် ဝင်လို့ ရတယ်ဆို တာလေး ကတော့ ကောင်းပါတယ်” ဟု ပြောဆိုသည်။

ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့်လည်း အပျော်စီး သင်္ဘောများ ဆိုက်ကပ်လာပါက ခရီးသည်များ၏ ကျန်းမာရေး စစ်ဆေးခြင်းကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ထိုဖြစ်ရပ် ဖြစ်ပွားပြီး နောက်ပိုင်းတွင် ကမ္ဘာ့နိုင်ငံတချို့သည် အပျော်စီးသင်္ဘောများကို ၎င်းတို့၏ နိုင်ငံတွင်းသို့ ဝင်ရောက် ခွင့် ပိတ်ပင်ထားကြသည်။

လက်ရှိ အချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် တရုတ်နိုင်ငံ၊ တောင်ကိုရီးယား၊ ဂျပန်၊ အီတလီနှင့် အီရန် နိုင်ငံ အပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၄၀ ကျော်တွင် ကူးစက်ပျံ့နှံ့လျက် ရှိနေသည်။

အဆိုပါ COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ကူးစက်မြန်ရောဂါသို့မဟုတ် တိုင်ကြားရမည့် ရောဂါဟု ယနေ့ အမိန့်ထုတ်သတ်မှတ်လိုက်ပြီး၊ ဖေဖေါ်ဝါရီ ၂၆ရက်နေ့က ကျင်းပသည့် COVID-19 နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှုင်း အစည်းအဝေးတွင် အပျော်စီးသင်္ဘောများ ပြည်တွင်းသို့ ဝင်ရောက်မှုအား တတ်နိုင်သမျှ မလာစေချင်ကြောင်း၊ မတ်လ ၄ရက်နေ့ လာမည့် သင်္ဘောပါ ခရီးသည်များ၏ လွန်ခဲ့သည့် ၁၄ရက်အတွင်း ခရီးသွားလာမှု ရာဇဝင်၊ ပြည်တွင်း သွားရောက်မည့်ခရီးစဉ်၊ တည်းခိုမည့် ဟိုတယ်စသည့် အသေးစိတ်အချက်အလက်များကို အတိအကျ တောင်းခံရန် လိုကြောင်းဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန်

Diamond Princess သင်္ဘောပေါ်မှ ဆင်းလာသူများထံ COVID-19 ရောဂါလက္ခဏာများ တွေ့ရ

Your Thoughts …
Tags: ကမ္ဘာလှည့်ခရီးသည်ကိုရိုနာဗိုင်းရပ်စ်အပျော်စီးသင်္ဘော
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

by ဧရာဝတီ
1 July 2024
8.3k

သို့သော် ရန်ကုန်မှ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်းတွင်ပင် မြန်မာ၏ အကျပ်အတည်း လက္ခဏာများကို သိသိသာသာ မြင်လာရသည်။

လူသေဆုံးမှုကြောင့် ထိုင်းတွင် ‘ဇက်ချိုးအနှိပ်ခံခြင်း’ ကို သတိပေး

လူသေဆုံးမှုကြောင့် ထိုင်းတွင် ‘ဇက်ချိုးအနှိပ်ခံခြင်း’ ကို သတိပေး

by ဧရာဝတီ
11 December 2024
2.2k

"ကျမရဲ့အကြောင်းက အနှိပ်အရမ်းခံချင်သူတွေအတွက် သင်ခန်းစာ ဖြစ်စေချင်တယ်။ ကျမ ပြန်နာလန်ထရမယ်။ ကျမ အလုပ်လုပ်ချင်နေပြီ"

နိုင်ငံခြားသားပိုင် တရားမဝင်လုပ်ငန်းများနှိမ်နင်းရန် ထိုင်းလုပ်ငန်းရှင်များ တောင်းဆို

နိုင်ငံခြားသားပိုင် တရားမဝင်လုပ်ငန်းများနှိမ်နင်းရန် ထိုင်းလုပ်ငန်းရှင်များ တောင်းဆို

by ဧရာဝတီ
7 March 2025
2.2k

ထိုင်းနိုင်ငံသည် ကျဆုံးနိုင်ငံဖြစ်လာမည်ဆိုသည့် စိုးရိမ်မှုများ မကြာသေးမီက ကြီးထွားလာသည်။

မြန်မာ့အနှေးရထား လာနေသည်

မြန်မာ့အနှေးရထား လာနေသည်

by Tony Waters
3 August 2024
1.6k

အတိုချုပ် ပြောရပါက မြန်မာရထားလမ်းများသည် နိုင်ငံခြားသားများ (ဗြိတိသျှ) သို့မဟုတ် မြန်မာစစ်တပ်က ကိုလိုနီကျွန်ပြုသည့် ကိရိယာဖြစ်သည်။

ထိုင်းတွေဟာ နှုတ်ဆက်တဲ့အခါ “ဆဝါဒီခပ်” ဆိုတဲ့ နှုတ်ခွန်းဆက်သံနဲ့အတူ လက်အုပ်ချီ နှုတ်ဆက်လေ့ ရှိပါတယ်

ထိုင်းကို ရောက်ရင် ဆောင်ရန်နဲ့ ရှောင်ရန်များ

by ဧရာဝတီ
18 March 2023
4.7k

ထိုင်းနိုင်ငံသို့ သွားရောက်မလည်ပတ်မီ သို့မဟုတ် ပြည်ပမှထိုင်းမိတ်ဆွေများနှင့် မတွေ့ဆုံမီ သိထားသင့်သည့် ထုံးတမ်းစဉ်လာနှင့် ကျင့်ဝတ်များကို ဖော်ပြလိုက်သည်။

Next Post
ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် အမှု လာရောက်ရင်ဆိုင်သည့် မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် / ဒီလှိုင်းဝင်း / ဧရာဝတီ

တိုင်းပြည် ဒုက္ခမရောက်စေချင်၍ တပ်မတော်ကို ဝေဖန် ဟု မြဝတီဆရာတော်မိန့်

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ တရုံတွင် မြင်တွေ့ရသည့် လုပ်ငန်းခွင် တခု / ဧရာဝတီ

အနည်းဆုံး လုပ်ခလစာ ပြင်ဆင်မည့် ကာလ ရွှေ့ဆိုင်းပေးရန် လုပ်ငန်းရှင်များ တောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate