• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID-19 ထပ်တိုး ဓာတ်ခွဲခန်းတခု စမ်းသပ် စစ်ဆေးနေ

by ထွန်းထွန်း
22 April 2020
in သတင်း
A A
AYA Bank မှ ပြုလုပ်ပေးထားသော စောင့်ကြည့်စင်တာကို ပိုးသတ်ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းတဦး  / ထက်ဝေ / ဧရာဝတီ

AYA Bank မှ ပြုလုပ်ပေးထားသော စောင့်ကြည့်စင်တာကို ပိုးသတ်ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းတဦး / ထက်ဝေ / ဧရာဝတီ

63.8k
VIEWS
Share on FacebookShare on Twitter

COVID-19 ကူးစက်ရောဂါ နမူနာများ ပိုမိုစစ်ဆေးနိုင်ရန်အတွက် ဆေးပညာသုတေသန ဦးစီးဌာနရှိ ဓာတ်ခွဲခန်း အား အဆင့်မြင့်တင်ကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါအား Polymerase Chain Reaction(PCR) နည်းဖြင့် ဓာတ်ခွဲစစ်ဆေးမှုကို ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း (NHL) တွင်သာ ပြုလုပ်နိုင်ပြီး နေ့စဉ် လူဦးရေ ၂၀၀ မှ ၃၀၀ အကြားစစ်ဆေးပေးလျှက်ရှိသည်။

ဒေါက်တာ သာထွန်းကျော် က “Bio Safety Level 3 ဓာတ်ခွဲခန်းက နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေ ရှိပါတယ်။ ဓာတ်ခွဲခန်းက ထုတ်လိုက်တဲ့ အဖြေသည် Negative ၁၀ ခုမှန်ရပါမယ်၊ Positive ၅ ခုမှန်ရပါတယ်၊ အခုဒီ စာမေးပွဲကို ဖြေနေပါတယ်၊ နှစ်ရက်ရှိပါပြီ၊ လက်ရှိမှာတော့ စာမေးပွဲမအောင်သေးဘူးလို့ပဲ ပြောလိုပါတယ်” ဟု လည်းကူးမြို့နယ်၊ အောက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် ဧပြီ ၂၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ဓာတ်ခွဲခန်းများ အဆင့်မြင့်တင်မှုကို တရုတ်နိုင်ငံမှ ဆေးပညာရှင်အဖွဲ့၏ အကြံပြုကူညီမှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး မြန်မာပြည် အထက်ပိုင်းဒေသများမှ သံသယ/စောင့်ကြည့်လူနာများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာ များအား ဓာတ်ခွဲစစ်ဆေးနိုင်ရန် အတွက်လည်း မန္တလေးမြို့ရှိ ပြည့်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းကိုလည်း Bio Safety Level 3 အဆင့်ဖြစ်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
168
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
147
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

မန္တလေးတွင် ပြင်ဆင်တည်ဆောက်လျှက်ရှိသည့် ဓာတ်ခွဲခန်းမှာ ဧပြီလကုန်တွင် ပြီးစီးရန် ဝန်ကြီးဌာနဘက်က မျှော်မှန်းထားပြီး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် နည်းပညာနှင့် အတွေ့အကြုံများ မျှဝေခဲ့သည့် တရုတ်  ဆေးပညာရှင် အဖွဲ့သည့် မြန်မာနိုင်ငံတွင် ၂ ပတ်ကြာနေထိုင်ပြီးနောက် ယနေ့ ဧပြီ ၂၂ နေ့တွင် တရုတ် နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ပြီး ၎င်းတို့လာရောက်စဉ်က ယူဆောင်လာခဲ့သည့် PCR ဓာတ်ခွဲစက် တလုံးကိုလည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ လှူဒါန်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဘက်က ပြောသည်။

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရန်အတွက် လိုအပ်သည့် Bio Safety Level 3 အဆင့်ရှိ ဓာတ်ခွဲခန်း တခုအား တပ်မတော်ဘက်က အဆင်သင့်ပြင်ဆင်ထားကြောင့် တရားဝင်ထုတ်ဖော်ကြေညာထားသော်လည်း အဆိုပါ ဓာတ် ခွဲခန်းအား အသုံးပြုရန် တပ်မတော်နှင့်အစိုးရကြား ညှိနှိုင်းဆွေးနွေးထားခြင်း မရှိသေးကြောင်း လည်း ဒေါက်တာ သာထွန်းကျော်က ပြောသည်။

ထို့ပြင် ဆေးဝါးကုမ္ပဏီတခုဖြစ်သည့် AA Medical Products Ltd က လှူဒါန်းထားသော တရက်လျှင် လူ ၁၁၀၀ ကျော်အား COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးပေးနိုင်သည့် စက်မှာလည်း ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းတွင် ထားရှိကာ အသုံးပြုသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ဖော်ကြေညာခဲ့သည်။

လက်ရှိတွင် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုနှင့် ကုသမှုကုန်ကျစရိတ်များအား အစိုးရမှပင် စိုက်ထုတ် ကုသ ပေးလျှက်ရှိပြီး လူတဦးစာအတွက် PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးရန် အသုံးပြုရသည့် Test Kit တခုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၆ ဒေါ်လာ (ကျပ် ၃၇၅၀၀ ခန့်) ရှိကြောင်းလည်း သိရသည်။

ဒေါက်တာ သာထွန်းကျော် က “ငွေကြေးပါလာရင် လူနာတွေကို ကုသတဲ့၊ ရှာဖွေတဲ့ ပိုးတွေ့တဲ့ လူနာများရဲ့ အခြေ အနေတွေကို ယိမ်းယိုင်သွား စေမယ့် အခြေအနေ မဖြစ်စေလို့တဲ့အတွက် နိုင်ငံတော်ကပဲ တာဝန်ယူနေပါတယ်၊ ဓာတ်ခွဲစစ်ဆေးတဲ့ စာရိတ်အပြင် ကုသရတဲ့ စာရိတ်ကလည်းပိုများပါတယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဧပြီ ၂၁ ရက်နေ့ ည ၁၀ နာရီအထိ COVID-19 ကူးစက်ရောဂါရှိမရှိ ဓာတ်ခွဲစစ်ဆေးပြီးသူ ၅၁၉၈ ဦးတွင် ရောဂါပိုးတွေ့ရှိသူ ၁၂၁ ဦးရှိပြီး ၇ ဦးမှာ ပြန်လည်ကောင်းမွန်ခဲ့ပြီဖြစ်ကာ ၅ ဦးသေဆုံးခဲ့သည်။

ရောဂါပိုရှိသူများအား ကုသရေးအတွက် လည်ကူးမြို့နယ်ရှိ အောက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင် ကြီး) တွင် ဆေးရုံအဖြစ် ပြင်ဆင်လျှက်ရှိပြီး လက်ရှိပိုးတွေ့လူနာများအား ကုသနေသည့် ဝေဘာဂီ အထူးကု ဆေးရုံ နှင့် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံတို့တွင် လူပြည့်ပါက ဖောင်ကြီးတွင် စတင် လက်ခံ ကုသသွား မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

ဖောင်ကြီးတွင် အထူးကုသဆောင် (ICU) အနေဖြင့် ကုတင် ၄၀ နှင့် ပိုးတွေ့လူနာ ၂၄၀ ဦးအထိ တပြိုင်တည်း ကု သနိုင်ရန် ပြင်ဆင်ထားပြီဖြစ်ပြီး လိုအပ်လာပါကလည်း လူနာ ၂၀၀၀ အထိ ကုသမှုပေးနိုင်ရန် စီစဉ်ဆောင်ရွက် မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး ဆေးရုံများအား ပြင်ဆင်မှုအနေဖြင့် မြန်မာတနိုင်ငံအတိုင်းအတာ ဆေးရုံ ၁၁၄၄ ရုံရှိရာတွင် ကုတင် ၂၀၀ နှင့်အထက် ဆေးရုံများအား ပိုးရှိလူနာများ ထားရှိကုသနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားကြောင်းလည်း ဒေါက်တာသာထွန်းကျော်က ပြောသည်။

Your Thoughts …
Tags: Covidဓာတ်ခွဲခန်းဖောင်ကြီး
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

သြစတြေးလျမှ ပျောက်ဆုံးနေသော ဗိုင်းရပ်စ်နမူနာများအကြောင်း သိကောင်းစရာ

သြစတြေးလျမှ ပျောက်ဆုံးနေသော ဗိုင်းရပ်စ်နမူနာများအကြောင်း သိကောင်းစရာ

by ဧရာဝတီ
15 December 2024
1.2k

အအေးပေးစက်တခု ချို့ယွင်းရာမှ ၂၀၂၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ထိုကျိုးပေါက်မှုကို ၂၀၂၃ ခုနှစ် စာရင်းစစ်ဆေးသည့်အခါမှ သိရသည်။

ပညာရှင်တွေဟာ ဝူဟန်ရောဂါဗေဒ အင်စတီကျူထဲကို သွားရောက် လေ့လာခဲ့တာပါ။

WHO စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းသို့ သွားရောက် လေ့လာ

by Aurora
3 February 2021
8.5k

သိပ္ပံပညာရှင် တချို့ကတော့ တရုတ်နိုင်ငံကနေ ဓာတ်ခွဲခန်းမှာ လေ့လာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် နမူနာ အချက်အလက်တွေကို ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ယခုလ ၉ ရက်နေ့က မတ်လ လစာရရှိရေးအတွက် တောင်ဒဂုံစက်မှူဇုန်ရှိ  Euro Gate  အထည်ချုပ်စက်ရုံမှအလုပ်သမားများ  / အောင်ကျော်ထက် / ဧရာဝတီ

အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ဆန္ဒပြသူများကို အမှုဖွင့်

by သဇင်လှိုင်
16 April 2020
15.4k

ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်သမားပြဿနာ ညှိနှိုင်းဖြေရှင်းပေးသူများ အပါအဝင် အလုပ်သမား ၂၂ ဦးကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့် တိုင်တန်းထားကြောင်း သိရသည်။

တရုတ်ခရီးသည်များကို ကိုဗစ်နိုင်တင်း အားဖြည့်ကာကွယ်ဆေးထိုးပေးရေး ကမ်းလှမ်းရန် ထိုင်းက မျှော်လင့်နေသည်

လာတော့မည့် တရုတ်ခရီးသည်များအား ကာကွယ်ဆေးထိုးပေးရန် ထိုင်းခရီးသွားဝန်ကြီး တောင်းဆို

by ဧရာဝတီ
30 December 2022
2.6k

တရုတ်ခရီးသည်များကို ကိုဗစ်နိုင်တင်း အားဖြည့်ကာကွယ်ဆေးထိုးပေးရေး ကမ်းလှမ်းရန် မျှော်လင့်နေသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အမှတ် ၂ ချစ်ကြည်ရေး တံတားမှတဆင့် မြန်မာနိုင်ငံသို့ ပြန်ဝင်ကြမည့် ရွှေ့ပြောင်း လုပ်သားများ  / ကျော်ခ / ဧရာဝတီ

တရားမဝင် လုပ်သားများကို တရားဝင် နေထိုင်ခွင့် ပြုလုပ်ပေးရန် ထိုင်းဆုံးဖြတ်

by ဧရာဝတီ
30 December 2020
11.6k

Covid-19 ဖြစ်ပွားမှုအသစ်များ နောက်တကြိမ် ဖြစ်ပွားလာမှုကို ဖြေရှင်းရန် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည် ဟု သူက ဆိုသည်။

NLD အစိုးရလက်ထက်တွင် ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ / ဧရာဝတီ

ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ

by ဧရာဝတီ
19 July 2021
34.3k

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် Covid-19 ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့တွင် စေတနာ့ဝန်ထမ်း အနေဖြင့် တိုင်ပင်ကုသမှုများ ပေးသည့် ဆရာဝန် ၅ ဦး ထောင်ချောက်ဆင် ဖမ်းဆီးခြင်းခံရလိုက်ရကြောင်း အဖွဲ့တာဝန်ရှိသူက ဧရာဝတီသို့ အတည်ပြုသည်။

Next Post
ကုလားတန်မြစ်ကြောင်းဘေးက ပလက်ဝမြို့  / ပလက်ဝသတင်း

ပလက်ဝ မြန်မာ့စီးပွားရေးဘဏ်ထဲ လက်နက်ကြီးကျ ၃ ဦး သေဆုံး

ပြည်သူက ကိုယ်မဲပေးမယ့် ပါတီရဲ့ ခေါင်းဆောင်ကို သိဖို့ လိုတယ် (ရုပ်/သံ)

ပြည်သူက ကိုယ်မဲပေးမယ့် ပါတီရဲ့ ခေါင်းဆောင်ကို သိဖို့ လိုတယ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved