• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဒ်မ ၁၇(၁)ကြောင့် ကိုဗစ်အရေး အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်မပြေဟု KIA ပြော

by နန်းလွင်နှင်းပွင့်
14 May 2020
in သတင်း
A A
မေလ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် တွေ့ရသည့် ဗိုလ်ချုပ်ဂွန်မော်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် ဘာသာရေး ဆရာ ၂ ပါး / The Kachin Net / facebook

မေလ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် တွေ့ရသည့် ဗိုလ်ချုပ်ဂွန်မော်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် ဘာသာရေး ဆရာ ၂ ပါး / The Kachin Net / facebook

12.5k
VIEWS
Share on FacebookShare on Twitter

အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးသော်လည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)ကြောင့် မြေပြင်တွင် လက်တွေ့လက်တွဲ လုပ်ဆောင်ရန် အဆင်ပြေမည် မဟုတ်ဟု KIA ဘက်မှ ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “လက်တွေ့မှာတော့ အခက်အခဲတွေ အများကြီးရှိမှာပါ။ ဥပမာ ကျနော်တို့ ဆက်သွယ်ရင် သွား သွားလာလာ ကိစ္စတွေက အခက်အခဲတွေ ရှိမှာ။ ပြောမယ်ဆို၇င် ၁၇ (၁) ကိစ္စက ရှိမှာပါ။ ကျနော်တို့ စိုးရိမ်တာပါ။ မူအားဖြင့်ကတော့ ပူးပေါင်းလို့ ရတယ်။ လက်တွေ့ပိုင်း ကတော့ အခက်အခဲအများကြီးရှိမှာပါ”ဟု ပြောသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဘက်မှ ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်း ၊ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ အေးသိန်းနှင့် အစိုးရ ဌာနဆိုင်ရာ ကိုယ်စားလှယ်များက KIA ၏ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီမှ ဥက္ကဌ ဦးဆွတ်လွတ်ဂမ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်တို့သည် မေလ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့ကြသည်။။

ဆွေးနွေးပွဲ၌ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် ၊ ကက်သလစ် အသင်းတော် မှ ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်နှင့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှလည်း ပါဝင်ကြသော်လည်း တပ်မတော်၏ ကချင်ပြည်နယ် အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်မှ ကိုယ်စား လှယ်များ ပါဝင်ခြင်း မရှိပါ။

ဆွေးနွေးမှုကို ၂ နာရီကြာ ဆွေးနွေးခဲ့သော်လည်း မူအားဖြင့် ပူးပေါင်းဆောင်ရွက်ရေးကိုသာ ဆွေးနွေးနိုင်ခဲ့ပြီး မြေပြင်တွင် လက်တွေ့ပူးပေါင်းရန် တစုံတရာ သဘောတူညီနိုင်ခဲ့ခြင်း မရှိဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ ပြည်သူလူထုရော အဖွဲ့အစည်းတွေရော အားလုံးစိုးရိမ်နေတဲ့ ၁၇(၁) ကိစ္စတွေ တခြားသော ကြိုတင်ကန့်သတ်ချက်တွေ အကုန်လုံးက စဉ်းစားရမှာပဲ။ မဟုတ်ရင် သူတို့နဲ့ ဆက်သွယ်ပြီး ပူးပေါင်းလုပ် မယ်ဆိုတာတွေက လက်တွေ့ကျမှာ မဟုတ်ပါဘူး။ ပူးပေါင်းမယ် ဆိုရင် သူတို့ဘက်က ကြိုတင်ကန့်သတ်ချက် ထား တာတွေကို ဖြေလျော့ပေး ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

မေ ၁၃ ရက် တွေ့ဆုံပွဲတွင် KIA နယ်မြေတွင်း ရောဂါခြေချုပ်နေသူများအတွက် စားသောက်ရေးပိုင်းတွင် အဆင်ပြေ စေရန် ကျပ် ၅၇ သိန်းကို NRPC ၏ လမ်းညွှန်ချက်အရ ကချင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပေးခြင်း၊ မိုင်ဆပ်ပါ ကျေးရွာသို့ လိုက်ပါလာသည့် ကချင်ပြည်နယ်၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ပေးခြင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ ပြောပြပြီး လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများလည်း ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က “သူတို့နယ်မြေထဲမှာ Quarantine လုပ်ထားတဲ့ ၇၈ ယောက် အတွက် ၂၁ ရက်စာ သွားပြီး ထောက်ပံ့ပေးတယ်။ တဦးကို ၃၅၀၀ ကျပ်နှုန်းနဲ့ ၂၁ ရက်စာပါ။ ငွေသားနဲ့ ပေးခဲ့တာပါ” ဟု ပြောသည်။

KIA နယ်မြေ အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသည်ဟု သံသယလူနာ ရှိလာပါက အစိုးရဘက်မှ ဆေးစစ်ပေးရန် စီစဉ်ခြင်းများ ရှိ၊ မရှိ မှာလည်း အသေးစိတ် မသိရှိသေးကြောင်း ၎င်းက ရှင်းပြသည်။

အစိုးရကိုယ်စားလှယ်များနှင့် မေလ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် တွေ့ရသည့် ဒု ဗိုလ်ချုပ်ကြီး ဂွန်မော်/The Kachin Net/facebook

ဆက်လက်ပြီး ဦးဇော်ဇော်က “KIA နဲ့ ပတ်သက်ပြီး ဆောင်ရွက်မှာကျတော့ ကျနော်တို့က NRPC လမ်းညွှန်ချက် နဲ့ပဲ ဆောင်ရွက်လို့ရမယ်။ နောက်တချက်က ဖွဲ့စည်းထားတဲ့ ဒေါက်တာတင်မျိုးဝင်းတို့ အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် များနဲ့ ပူးပေါင်းညှိနှိုင်းရေး ကော်မတီနဲ့ပဲ ဆောင်ရွက်လို့ ရမှာပါ။ ကျနော်တို့ ပြည်နယ်အဆင့်မှာတော့ ဖွဲ့ထားတာ မရှိပါဘူး”ဟု ပြောသည်။

KIA အနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ကုသရန် နှင့် ထိန်းချုပ်ရန် ၎င်းတို့ ထိန်းချုပ်နယ်မြေ အတွင်း ရောဂါ ခြေချုပ်စခန်း (Quarantine Center) များ ဆောက်လုပ်ခြင်း၊ ရောဂါ ကူးစက်ခံရသူ ရှိလာပါက သီးခြား ခွဲထားပြီး ကုသရန် ဆေးရုံသစ် တခုကိုတည်ဆောက်ခြင်းတို့ကို ဧပြီကတည်းက လုပ်ဆောင်လျက်ရှိသည်။

သံသယလူနာ ရှိလာပါက အစိုးရ၏ ဓာတ်ခွဲခန်းသို့ တို့ဖတ်နမူနာပို့ပြီး စစ်ဆေးရန် အခက်အခဲရှိသဖြင့် ၎င်းတို့ ဒေသတွင်း ကနဦးစစ်ဆေးရန် Test Kit များ ဝယ်ယူထားကာ လိုအပ်ပါက တရုတ်နိုင်ငံရှိ ဓာတ်ခွဲခန်းများသို့ ပို့ဆောင်စစ်ဆေးရန် ညှိနှိုင်းထားသည်ဟု သိရသည်။

ဧပြီ ၁၃ ရက်ကလည်း KIA ၏ လိုင်ဇာမြို့တွင် သံသယလူနာ ၁ ဦးတွေ့သဖြင့် တရုတ်နိုင်ငံ သို့ တို့ဖတ်နမူနာ ပို့ကာ ပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရာ ထိုသံသလူနာမှာ ပိုးမတွေ့ရှိခဲ့ပါ။

KIA က ၎င်းတို့ နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ရှိလာပါက ကုသနိုင်ရန် ၊ ကျန်းမာရေး စောင့် ရှောက်မှု ပေးနိုင်ရန် ဆေးပစ္စည်းကိရိယာများ အစိုးရထံမှ အကူအညီလိုအပ်သည်ဟု ဧပြီအတွင်းက ဧရာဝတီနှင့် အင်တာဗျူးတခုတွင် ပြောဆိုထားသည်။

သို့သော် မေ ၁၃ ရက်၊ တွေ့ဆုံမှုတွင် အစိုးရဘက်မှ မူအားဖြင့် ပူးပေါင်းရန် ဆွေးနွေးမှုသာ ရှိပြီး ဆေးပစ္စည်းကိရိယာ များ တစုံတရာ အကူအညီပေးခြင်းလည်း မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် အစိုးရနှင့် ဆွေးနွေးထားသော်လည်း မူလအတိုင်းသာ ကိုဗစ်-၁၉ ရောဂါ ကုသရေး၊ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို KIA အစီအစဉ်ဖြင့်သာ ဆက်ဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

KIA ထိန်းချုပ်နယ်မြေအတွင်း အရပ်သား လူဦးရေ ၁ သိန်းကျော်ရှိပြီး လက်ရှိတွင် KIA ၏ Quarantine Center များတွင် စောင့်ကြည့်ထားသူ ၁၅၀ ခန့်ရှိသည်ဟု သိရသည်။

အစိုးရသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့် ကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းကာ ကုသရေး၊ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။

နိုင်ငံတော်ပိုင်နယ်နိမိတ် အတွင်း နေထိုင်သူအားလုံး လူမျိုး၊ ဘာသာမရွေး မည်သူတဦးတယောက် ကိုမှ ချန်လှပ် မထားရေး မူဝါဒဖြင့် ဆောင်ရွက်နေသည်ဟုဆိုကာ အစိုးရ အာဏာ သက်ရောက်ခြင်းမရှိသည့် ဒေသများအတွက် လည်း ကူညီရန်ဟု ရည်ရွယ်ပြီး ဧပြီ ၂၇ ရက်က “COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ“ တရပ်ကို သမ္မတဦးဝင်းမြင့် အမိန့်ဖြင့် ဖွဲ့စည်းထားသည်။

ထိုကော်မတီတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၊ ဒုဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန် ယူပြီး ငြိမ်းချမ်းရေးကော်မရှင် (PC) မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ကော်မတီဒုဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသည်။

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် COVID-19 ကော်မတီသည် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီ (NMSP)တို့နှင့် အွန်လိုင်းမှ တဆင့် Video Conferencing ပြုလုပ်ကာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားပြီဖြစ်သည်။

မြောက်ပိုင်းအခြေစိုက်ပြီး တပ်မတော်နှင့် စစ်ရေးတင်းမာနေသည့် ကိုးကန့်အဖွဲ့၊ တအန်းအဖွဲ့တို့က ၎င်းတို့ထံသို့ အီးမေးလ်ဖြင့် အကြောင်းကြားခြင်း၊ လက်ကမ်းစာစောင်များ ပေးပို့ထားခြင်းများသာ ရှိပြီး မြေပြင်ရှိ အရပ်သားများ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ပေးမှုများ၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ လုပ်ငန်းလမ်းညွှန် အတိအကျကို ဆွေးနွေးညှိနှိုင်းခြင်း၊ အကူအညီများ ပေးခြင်းများ မရှိသေးကြောင်း ပြောဆိုထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကုသရေး ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ရန် အကြမ်းဖက်အုပ်စုဟု သတ်မှတ်ထားသည့် အဖွဲ့များ လှုပ်ရှားရာ ဒေသများမှ လွဲ၍ ကျန်နယ်မြေများကို မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ အပစ်ရပ်ဆိုင်းကြောင်း ကြေညာထားသည်။

KIO ဗဟိုကော်မတီကလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် စစ်ရေးကို အဓိက မထားဘဲ ကပ်ရောဂါ ကာကွယ်နှိမ်နင်းရေးကို ဦးစားပေးဆောင်ရွက်မည်ဟုလည်းကောင်း၊ ကာကွယ်ရေး ကုသရေးများတွင်လည်း အစိုးရနှင့် အတူတကွ လက်တွဲဆောင်ရွက်မည်ဟု လည်းကောင်း မေ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

COVID-19 ကာကွယ်ကုသရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးတွဲလုပ်ရန် အစိုးရ ကော်မတီဖွဲ့

ကမ္ဘာ့ကပ်ရောဂါကို တရုတ်နယ်စပ် မဟာမိတ် တပ်တွေ ဘယ်လို ရင်ဆိုင်မလဲ (၁)

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
45
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
38
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
255

ကမ္ဘာ့ကပ်ရောဂါကို တရုတ်နယ်စပ် မဟာမိတ်တပ်တွေ ဘယ်လို ရင်ဆိုင်မလဲ (၂)

အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ COVID-19 ကို ဘယ်လို ပူးပေါင်းဆောင်ရွက်နေကြလဲ

KIA က လိုင်ဇာမြို့ဧရိယာတဝိုက် ကုန်ကားဖြတ်သန်းခွင့် ပိတ်

သထုံတွင် KNU နှင့် တပ်မတော် စစ်ရေးတင်းမာမှုဖြစ်ဟုဆို

မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန် “ဝ” နှင့် မိုင်းလားတို့တို့ကို တပ်ချုပ်ပြော

Your Thoughts …
Tags: COVID-19KIA
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
မန္တလေးတွင် Mask မတပ်ဘဲ သွားလာနေသူများကို ၁၀၀၀ကျပ်ဖြင့် ဒါဏ်ရိုက်ကာ Mask ရောင်း (ရုပ်/သံ)

မန္တလေးတွင် Mask မတပ်ဘဲ သွားလာနေသူများကို ၁၀၀၀ကျပ်ဖြင့် ဒါဏ်ရိုက်ကာ Mask ရောင်း (ရုပ်/သံ)

ရန်ကုန်က စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့် ရတော့မှာလား

ရန်ကုန်က စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့် ရတော့မှာလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

22 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved