• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တောင်သူဈေးကား အစီအစဉ် စတင်မည်

by မျိုးပပစန်း
3 July 2020
in သတင်း
A A
ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း၌ ဟင်းသီးဟင်းရွက်များကို ကားဖြင့် လှည့်လည်ရောင်းချနေစဉ်  / Thet Hnin / ဧရာဝတီ

ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း၌ ဟင်းသီးဟင်းရွက်များကို ကားဖြင့် လှည့်လည်ရောင်းချနေစဉ် / Thet Hnin / ဧရာဝတီ

26k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အနှံ့အပြားရှိ တောင်သူများကိုယ်တိုင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို ရောင်းချနိုင်မည့် ရန်ကုန် တောင်သူဈေးကား အစီအစဉ်ကို ယခု ရက်ပိုင်းအတွင်း စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း(MFVP) အတွင်းရေးမှူး ဦးကျော်သူက ဧရာဝတီ သို့ ပြောသည်။

ဦးကျော်သူက “ဒီအစီအစဉ် က တောင်သူလည်း ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းထွက်သွားမယ်၊ စားသုံးသူလည်း ဈေး ပေါပေါနဲ့ ဝယ်စားနိုင်မယ်။ အခု စည်ပင်က ခွင့်ပြုချက် ရပေမယ့် ကျနော်တို့ လုပ်ရမယ့် အပိုင်းလေးတွေ ကျန်တယ်။ ကား နံပါတ်တို့ လိုင်စင်တို့ တခြား စာရွက်စာတမ်း ကိစ္စလေးတွေ ကျန်တယ်။ အဲဒါတွေ ပြီးသွားရင်တော့ အခုရက်ပိုင်း စထွက် မယ်” ဟု ပြောသည်။

ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို တောင်သူ တိုက်ရိုက် ရောင်းချနိုင်သည့် ဈေးကွက် မရှိသည့် အတွက် တဆင့်ခံ ပွဲစားများ မှတဆင့် စားသုံးသူထံသို့ ရောက်ရှိခြင်းကြောင့် ဈေးနှုန်း ကြီးမြင့်ခြင်းမှ အဆင်ပြေစေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အစီအစဉ်တွင် MFVP ၏ အသင်းဝင် တောင်သူများသာ လတ်တလော ပါဝင်ရောင်းချနိုင်မည် ဖြစ်ပြီး အသင်းဝင် မဟုတ်သည့် တောင်သူများကို စီစဉ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

အဆိုပါကားပေါ်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ကိုသာ အဓိက ရောင်းချရမည်ဟု ကန့်သတ်ထားပြီး အခြား အထွေထွေ ကန့်သတ်ချက်များ မရှိသေးသည့် အပြင် တောင်သူနှင့် စားသုံးသူ အဆင်ပြေပါက ရေရှည် လုပ်ဆောင် သွားရန် အစီအစဉ်ရှိပြီး ကုန်ပစ္စည်းများ သိုလှောင်နိုင်သည့် နေရာ လိုအပ်ပါက ရက်အကန့် အသတ်နှင့် နေရာအကျယ်အဝန်း အကန့်အသတ်ဖြင့်  ငှားရမ်းသိမ်း ဆည်းနိုင်ရန်လည်း  စီစဉ်ထားသည်။

ရောင်းချမည့် ပုံစံနှင့် ပတ်သက်၍ ဦးကျော်သူက “အကြမ်းဖျဉ်းတော့ ကားမှာ အကန့် ၈ ကန့် လုပ်ထားမယ်။ သရက်သီး ဆို ၁ ကန့်၊ နာနတ်သီးဆို ၁ ကန့်၊ ဟင်းသီးဟင်းရွက်ဆို ၁ ကန့် ပေါ့။ အဲဒီလိုမျိုး ကိုယ်ရောင်းချင်တဲ့ ကုန်ပစ္စည်းပေါ် မူ တည်ပြီးတော့ စီစဉ်ပေးမယ်။ တောင်သူက လူလိုက်စရာ မလိုဘူး။ ကျနော်တို့ ဆီက ယာဉ်မောင်း၊ ကြီးကြပ်မယ့်သူ၊ ရောင်း ပေးမယ့် ဝန်ထမ်းငှား ပေးထားမယ်”ဟု ရှင်းပြသည်။

သို့ုဖြစ်ရာ ဝန်ထမ်းခ၊ ကားငှားခ၊ ဆီဖိုး စသည့် စရိတ်တို့ကို ရောင်းချမည့် တောင်သူများက မျှဝေ ကျခံ ပေးရမည် ဖြစ်ပြီး လတ်တလောတွင် အဆိုပါကုန်ကျစရိတ်ကို မသိရှိရသေးပါ။

ကိုဗစ်ကာလအတွင်း တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများမှာ ဈေးကွက်ပျက်ခြင်း ကြောင့် အခင်းလိုက် စွန့်ပစ်လိုက်ရခြင်းများ ရှိခဲ့သောကြောင့် တောင်သူများအတွက် ဈေးကွက်တခု ဖော်ဆောင်ရန် လိုအပ်နေရာ ယခုအစီအစဉ်က အထိုက်အလျောက်အဆင်ပြေနိုင်ကြောင်း တောင်သူများက ပြောကြသည်။

စစ်ကိုင်းတိုင်း ဒေသကြီးမှ ဖရဲ၊ သခွားမွှေးနှင့် ငရုတ်စိုက်တောင်သူ ဦးစိုးလွင်က “ကျနော်တို့က ဆက်သွယ်လာရင် ရန်ကုန်မှာ ရောင်းချင်ပါတယ်။ ဖရဲ၊ သခွားမွှေးကတော့ ရာသီကုန်ပေမယ့် ငရုတ်ကတော့ ရန်ကုန်အဓိက ထားရောင်း ရတာ။  ဟိုတနေ့က အသင်းက အစည်းအဝေး တခု လုပ်ပေမယ့် ကျနော်တို့ကလည်း သိပ်နားမလည်လို့ မတက် လိုက်ရဘူး။ ကားနဲ့ လှည့်ရောင်းတဲ့ အစီအစဉ်မှာတော့ ပူးပေါင်း ပါဝင်ရမှာပေါ့”ဟု ပြောပြသည်။

ဈေးကားနှင့် လှည့်လည်ရောင်းချခြင်းသည် ကိုဗစ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် အတွက် ဆောင်ရွက်သည့် စီမံချက်များထဲမှ ၁ ခု ဖြစ်သောကြောင့် ထောက်ခံသော်လည်း ရန်ကုန်မြို့ရှိ ဈေးများတွင် ရောင်းချနေသည့် ဈေးသည်များ၏ ဈေးကွက်ကို ထိခိုက်ခြင်းလည်း မရှိစေချင်ကြောင်း စားသောက်ကုန်ထုတ်လုပ်ရေး စက်ရုံ ပိုင်ရှင် ဖြစ်သူ ဦးရဲမြင့်မောင်က သုံးသပ်သည်။

ဦးရဲမြင့်မောင်က “ဒါက ကိုဗစ်အနေနှင့် ဆိုတော့ ကောင်းပါတယ်။ အားလုံး ဈေးမသွားရတော့ဘူးပေါ့။ ရေရှည်အနေနဲ့ ဆိုရင်တော့ နဂိုဈေးသည်တွေ ဈေးကွက်ပေါ့။ သူတို့ရဲ့ ဈေးကွက်၊ သူတို့ရဲ့ ရောင်းအားကိုလည်း ကြည့်ပေးသင့်တယ်လို့ ထင်တယ်။ ဈေးတွေမှာ ရှိနေတဲ့ ဈေးသည်တွေရဲ့ ဈေးကွက်ကို ဝင်လုတာမျိုးတော့ မဖြစ်စေချင်ဘူးပေ့ါနော်”ဟု ရှင်းပြသည်။

ရန်ကုန်တောင်သူဈေးကားအစီအစဉ် ပေါ်လာရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ ထံသို့ MFVP က ပြီးခဲ့သည့် ဧပြီလက တင်ပြခဲ့ပြီး တိုင်းအစိုးရအဖွဲ့မှ စိစစ်ကာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ (YCDC) က ဇွန်လ ၂၉ ရက်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လပိုင်း ကလည်း ဟင်းသီးဟင်းရွက်၊ပန်းမန်နှင့်သစ်သီး ဝလံ ဝယ်ယူမှုများကို အွန်လိုင်းမှတဆင့် ဝယ်ယူ နိုင်သော အစီအစဉ်ကို MFVP က စတင်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သော်လည်း လတ်တလောတွင် အခြား လုပ်ငန်းဆောင်တာများ ရှိနေသည့်အတွက် အော်ဒါမှာယူခြင်းကို ယာယီ ရပ်နားထားရကြောင်း သိရသည်။

ယခုသတင်းအား AYA Bank မှ ပံ့ပိုးကူညီသည်။

You may also like these stories:

ဖားကန့်တွင် မြေစာပုံပြိုကျမှု အလောင်း ၁၀၀ ကျော် ပြန်တွေ့

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို အွန်လိုင်းမှ ရောင်း/ဝယ်ရန် စီစဉ်

Your Thoughts …
Tags: ဈေးကားတောင်သူသစ်သီးဝလံဟင်းသီးဟင်းရွက်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

သင်္ကြန် ရန်ကုန်စတိုင်

သင်္ကြန် ရန်ကုန်စတိုင်

by မောင်သော်က
12 April 2025
2k

သူ့ခေတ်ရဲ့ သရုပ်ကို ထင်ဟပ် စေခဲ့သလို ဒီဘက် ခေတ်တွေမှာလည်း သူ့ခေတ်နဲ့သူ တာစားခဲ့တဲ့ သင်္ကြန် သံချပ်တွေ ရှိပါကြတယ်…

ပန်းပြက္ခဒိန် (A kind of almanac “Flower calendar”)

ပန်းပြက္ခဒိန် (A kind of almanac “Flower calendar”)

by ဒေါက်တာ သန်းထွန်း
30 March 2024
417

သူ့လ၊ သူ့အခါ နဲ့ သူ့ပန်း နှစ်ပတ်လည်အောင် ရှိနေတဲ့ ဂျပန်မှာ ပန်းနာမည် ပြောရင် ဘယ်လရယ်လို့ သိနိုင်နေပြီ။

ရှမ်းပြည်တောင်ပိုင်းမဲနယ်တောင်ကြောတလျှောက် ဘိန်းစိုက်တောင်သူများ / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ဘိန်းပင်တွေကြား ဘဝတည်ဆောက်ထားသူများ

by နန်းလွင်နှင်းပွင့်
26 December 2018
22k

ရဲတွေလာမလား တွေးပူနေတဲ့ ဒေါ်နန်းငွေကတော့ “သားသမီးတွေကိုတော့ ဘိန်းအမွေ မပေးချင်ဘူး။ အဲဒါကြောင့် ကျမ ကြိုးစားနေတယ်”လို့ ပြောပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယုမြို့နယ်မှ တောင်သူများ၏ အစေ့ထုတ်ပြောင်းများ / ကိုကိုနိုင်/ပြန်ဆက်

ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်တော့မလား

by ဧရာဝတီ
17 June 2022
8.6k

ပြီးခဲ့သည့်နှစ်များက နယ်စပ်ပြောင်းတင်ပို့မှုအား တရုတ်နိုင်ငံကို အားကိုးရသော်လည်း ယခုနှစ်များတွင် တရုတ်က နယ်စပ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု လျော့ချရန်အတွက် အစားထိုးသီးနှံအဖြစ် စိုက်ပျိုးနေရာ မြန်မာနိုင်ငံမှ ပြောင်းကို ခွဲတမ်းဖြင့် ၁ နှစ်လျှင် ပျမ်းမျှ တန်ချိန် သောင်းဂဏန်းဝန်းကျင်သာ ဝယ်ယူတော့ကြောင်း...

အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်း၍ သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်

သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်လာ

by ဧရာဝတီ
13 February 2023
1.6k

စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သော (ဓာတ်မြေဩဇာ၊ မြေဆီ၊ ပိုးသတ်ဆေး) အစရှိသည်တို့ ဈေးမြင့်တက်လာခြင်းကြောင့် စိုက်ပျိုးစရိတ်နှင့် မကာမိသည့်အတွက် တွက်ချေကိုက်သည့် ဘိန်းစိုက်ပျိုးမှုကို ပြောင်း လဲ လုပ်ကိုင်လာခြင်း ဖြစ်သည်။

ချင်းပြည်နယ်မှ ဝဥစိုက် တောင်သူတဦး / khonumthung သတင်းဌာန

ချင်းပြည်နယ်တွင် “ဝ ဥ” အရောင်းအဝယ် ပြန်ဖြစ်လာ

by ဧရာဝတီ
16 February 2023
3.1k

မင်းတပ်၊ မတူပီ၊ ကန်ပက်လက် စသည့် မြို့နယ်များတွင် စစ်ရေးပဋိပက္ခများကြောင့် ကာလအတန်ကြာ ဈေးကွက်ပျောက်နေသော ဝ ဥမှာ ပြန်လည် တင်ပို့လာရကြောင်း စိုက်ပျိုးသူ ချင်းဒေသခံများထံက သိရသည်။

Next Post
မင်းသားကြီး Tom Hanks

သွေးရည်ကြည် လှူဒါန်းနေတဲ့ မင်းသား Tom Hanks

Sexy Model နန်းမွေစံ  / မျိုးမင်းစိုး / ဧရာဝတီ

“မိသားစုကို ပြောတာ စိတ်မကောင်းဖြစ်မိတယ်”လို့ နန်းမွေစံ ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved