• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်ကြီးနားရှိ KIA နည်းပညာ အထောက်အကူပြုရုံးကိစ္စ ပြန်စိစစ်မည် ဟုဆို

by နန်းလွင်နှင်းပွင့်
5 September 2020
in သတင်း
A A
ကချင်ပြည်နယ်တွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

ကချင်ပြည်နယ်တွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

20.6k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၏ နည်းပညာ အထောက်အကူပြုရုံး (Teachnical Assistant Team)သည် လက်ရှိတွင် အသက်ဝင်ခြင်း ရှိမရှိကို ပြန်လည် စိစစ်မည်ဟု နိုင်ငံတော် သမ္မတရုံး၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်နေ့က ယင်း KIA ၏ နည်းပညာ အထောက်အကူပြုရုံး(TAT) ကို တရားမဝင်တော့သဖြင့် ပိတ်ရန် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော် က အကြောင်းကြားထားခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယမန်နေ့ ညနေပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော် သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီက မေးမြန်းရာ ဦးဇော်ဌေးက “တပ်မတော်က ပိတ်ခိုင်းတာ ဖြစ်တယ်။ မြစ်ကြီးနားမှာရှိတဲ့ Teachnical Assistant Team ကို ပြောတာ ဖြစ်ပါတယ်။ ကျနော်တို့က ဘယ်ဟာအရ ဆောင်ရွက် တာလဲဆိုတော့ Bilateral သဘောတူညီချက်အရပါ။ အဲဒီ သဘော တူညီချက်တွေက ဘယ်ဟာတွေက အသက်ဝင်သေး လဲ၊ ဘယ်ဟာ တွေက အသက်မဝင်တော့ဘူးလဲ ဆိုတာကို ကျနော်တို့ ပြန်ကြည့်ဖို့ လိုပါတယ်” ဟု ပြောသည်။

ယင်း TAT ရုံးသည် ယခင် သမ္မတဦးသိန်းစိန် လက်ထက်က KIA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး သဘောတူညီချက်များ လုပ်ဆောင်စဉ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နည်းပညာ အထောက်အကူပြုပေးရန် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် ထိုစဉ် က သဘောတူညီခဲ့သည်များ အသက်ဝင်ခြင်း ရှိမရှိကို ကြည့်ပြီး ယင်းရုံး ယနေ့တွင် အကျုံးဝင်ခြင်း ရှိမရှိကို ပြန်လည် သုံးသပ်ရပါမည် ဟု ၎င်းက ဆိုသည်။

TAT ရုံးကို၂၀၁၃ ခုနှစ် မေလက စတင် ဖွဲ့စည်းကာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ယနေ့ထိ ဖွင့်လှစ်ထားဆဲ ဖြစ် သည်။

KIA အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲ ဖြစ်သဖြင့် TAT ရုံးကို ဆက်လက် အသိအမှတ်ပြုခြင်း ရှိမရှိ သဘောထား သိရန် အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ စာပို့ကာ မေးမြန်းထား သည်ဟု သိရသည်။

လက်ရှိတွင် KIA နှင့် NRPC ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးမှုများတွင် ကြားဝင်ညှိနှိုင်းပေးနေသည်မှာ မြစ်ကြီးနားမြို့ရှိ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထားသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ရက် (PCG) ဖြစ်သည်။

ဦးဇော်ဌေးကလည်း ၎င်းတို့ အစိုးရ အဖွဲ့အနေဖြင့် ယခုအစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် TAT ကို ဆက်သွယ်ခြင်း မရှိဘဲ PCG ကိုသာ တရားဝင် အသိအမှတ်ပြုပြီး ဆက်သွယ်ပါသည်ဟု ပြောသည်။

ဆက်လက်ပြီး ဦးဇော်ဌေးက “PCG သည် မြစ်ကြီးနားကနေ လိုင်ဇာကို သွားလို့ ရတယ်။ သူ့ကို မဖမ်းဘူး။ ဘာလို့လဲဆို တော့ သူ့ကို တရားဝင် အကျိုးဆောင်အဖြစ် သဘောတူထားတယ်။ PCG လိုင်ဇာသွားတယ်။ သူ့ကို ကျနော်တို့ဆီက စာတွေ သတင်းစကားတွေ ပေးလိုက်တယ်။ သူပြန်လာရင် ကျနော်တို့ဆီကို ဆက်သွယ်တယ်။ ဒီဘက်ခေတ်မှာ TAT နဲ့ ကျနော်တို့ လုပ်တာ တခါမှ မရှိဘူး” ဟု ပြောသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကလည်း KIA ၏ TAT ရုံးသည် ယခင်အစိုးရ လက် ထက်က ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သည့် ရုံးဖြစ်သဖြင့် ယခုအခါ အလိုအလျှောက် ပယ်ဖျက်ပြီးသား ဖြစ်နေပြီဟု ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက KIA ၏ စီးပွားရေးဌာနမှ ဒု တာဝန်ခံ ဦးဆောင်ကာ ၁၂ ဦးဖြင့် ဖွဲ့စည်းထားသည့် TAT သည် အကျုံးဝင်မှု ပျက်ပြယ်ပြီးသား ဖြစ်ကာ ယခုကာလတွင် PCG ကသာ တရားဝင် ဖြစ်ပါသည်ဟု ဆိုသည်။

PCG မှ ပြောရေးဆိုခွင့် ရှိသူ ဦးလမိုင်ဂွမ်ဂျာက TAT သည် ယခင် အစိုးရ ခေတ်ကာလတွင် သက်တမ်း ကုန်ဆုံးသွားပြီဟု ပြောဆိုနေသော်လည်း၂၀၁၉ ခုနှစ်အတွင်းက KIA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များဖြစ်သည့် NRPC ကြား တွေ့ဆုံခဲ့သည့် ကျိုင်းတုံ၊ မူဆယ် ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ပါသည်ဟု ပြော သည်။

“ကျနော်တို့ မြင်တာက ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်လို့ သူတို့အနေနဲ့ ရှိသင့်တယ်။ ပါလည်း ပါဝင်သင့်တယ်။ အခုက ငြိမ်းချမ်းရေးလည်း မဖြစ်သေးဘူး။ မဖြစ်သေးတဲ့အချိန်မှာ ဒါကို တရားမဝင်ဘူး၊ ပိတ် တယ်ဆိုတာက တဖက်နဲ့တဖက် ယုံကြည်မှုအပေါ်မှာ တော်တော်လေး ထိခိုက်လာနိုင်တယ်။ တော်တော်လေး အားနည်းမှု ဖြစ်လာတယ်လို့၊ ဒီလိုပဲ ကျနော်မြင်ပါတယ်” ဟုလည်း ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

TAT သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မှတ်တမ်းယူခြင်း၊ ဆွေးနွေးပွဲ ကိုယ်စားလှယ်များ သွားလာရေး၊ နေရာထိုင်ခင်း များကို စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး အဖွဲ့တွင်လည်း လက်နက်ကိုင်များ မပါဝင်ဘဲ အရပ်ဘက်မှ အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်ပါသည်ဟုလည်း ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

TAT ရုံးကို တရားဝင် အသိအမှတ်ပြုခြင်း ရှိမရှိကို NRPC မှ တရားဝင် အကြောင်းပြန်စာ ပို့လာခြင်း မရှိသေးသဖြင့် အကြောင်းပြန်သည်ကိုသာ စောင့်နေပါသည် ဟုလည်း ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

KIA သည် အစိုးရ၊ တပ်မတော်တို့နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားခြင်း မရှိပါ။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

လက်ရှိတွင် KIA သည် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ ရက္ခိုင်စစ်တပ် (AA) တို့နှင့် ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အနေဖြင့် ရပ်တည်ကာ အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral)တစောင် ချုပ်ဆိုရန် ညှိနှိုင်းလျက် ရှိသည်။

၂၀၁၉ ခုနှစ်အတွင်း မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကြား Bilateral အတွက် တရုတ်နိုင်ငံတွင် တကြိမ်၊ မူဆယ်တွင် တကြိမ်၊ မိုင်းလားတွင် တကြိမ်၊ ကျိုင်းတုံမြို့တွင် နှစ်ကြိမ်၊ စုစုပေါင်း ၅ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသည်။

KIA သည် NCA ကို ပြီးပြည့်စုံအောင် အချက်အလက်များ ထပ်မံ ဖြည့်စွက်ပြီးမှသာ လက်မှတ်ထိုးမည်ဟု ပြောဆိုထား သည့်အပြင် တရုတ်-မြန်မာ နယ်စပ်တကြောရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နိုင်ငံရေး မဟာမိတ်အဖြစ် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) မှ တဆင့် အစိုးရနှင့်ဆွေးနွေးရန်လည်း ရပ်တည် ထားသည်။

FPNCC သည် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဥက္ကဋ္ဌ၊ KIA က ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားကာ FPNCC ၏ နိုင်ငံရေး ညှိနှိုင်းလိုမှု တောင်းဆိုသည့် စာတမ်းသည် ဖက်ဒရယ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေး ရှင်း စနစ်ကို တောင်းဆိုထားသည့် စာတမ်းတခု ဖြစ်သည်။

သြဂုတ် ၁၉ ရက်မှ၂၁ ရက်ထိ နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ စတုတ္ထ အကြိမ် အစည်းအဝေးသို့ တတ်ရောက်ရန် ရက္ခိုင် စစ်တပ် (AA) မှ လွဲ၍ FPNCC အဖွဲ့ဝင် အားလုံးကို ဖိတ်ကြားခဲ့သော် လည်း ကိုဗစ်-၁၉ ရောဂါကာလဖြစ်ခြင်းနှင့် AA ကို မဖိတ်ခြင်းတို့ကို အကြောင်းပြပြီး အဖွဲ့ဝင်အားလုံး အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိခဲ့ပါ။

KIA နှင့် တပ်မတော်သည် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေစဉ် ကာလတွင် အောက်ခြေ၌ ပစ်ခတ်မှုများ ပြန် မဖြစ်နိုင်ရန် ကချင်ပြည်နယ်တွင်း နှစ်ဖက် ညှိနှိုင်းကာ ထိန်းချုပ်နိုင်သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှု ရှိပြီး အပစ်ရပ်ရေး ဆွေးနွေးမှုများမှာလည်း တိုးတက်ခြင်း မရှိသေးပါ။

You may also like these stories:

တရုတ်နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေ ဘာကြောင့်ပင်လုံညီလာခံ မတက်သလဲ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တရုတ်ကူညီပေးရန် မဟာမိတ် ၃ ဖွဲ့ တောင်းဆို

Your Thoughts …
Tags: KIAငြိမ်းချမ်းရေးနည်းပညာ အထောက်ပြုရုံးသမ္မတရုံး
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းက ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးတွင် ရုံးထုတ်လာသည်ကို တွေ့ရသော ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်း  / Reuters

မောင်ဝင်းဇော်ထွန်း၊ မောင်ဇော်လင်းနှင့် ထိုင်းထောင်ထဲက မြန်မာများ

ချိုချဉ်အရသာ ဝက်သားချိုချဉ်ကြော်

ကြွပ်ကြွပ်ရွရွနဲ့ ချိုချဉ်အရသာ ဝက်သားချိုချဉ်ကြော်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved