• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်နှင့် ကိုဗစ်ကြောင့် ပလက်ဝ၌ ကိုယ်စားလှယ်များ စည်းရုံးရေးဆင်းရန် ခက်နေ

by နန်းလွင်နှင်းပွင့်
11 September 2020
in သတင်း
A A
ပလက်ဝမြို့အဝင်ဆိုင်းဘုတ်  / အောင်ကျော်ထက်  / ဧရာဝတီ

ပလက်ဝမြို့အဝင်ဆိုင်းဘုတ် / အောင်ကျော်ထက် / ဧရာဝတီ

4.3k
VIEWS
Share on FacebookShare on Twitter

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား စစ်ရေး တင်းမာမှုများရှိသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် နယ်မြေ လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ခံမည့် ကိုယ်စားလှယ်များ ကျေးရွာများသို့ စည်းရုံးရေးဆင်းရန် ခက်ခဲ နေသည်ဟု သတင်း ရရှိသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကာလစတင်နေပြီ ဖြစ် သဖြင့် ပလက်ဝမြို့နယ်အတွင်း ပါတီအသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများကို ဧရာဝတီမှ ဆက်သွယ် မေးမြန်ရာ ထိုသို့ ပြောဆိုကြခြင်း ဖြစ်သည်။

ပလက်ဝမြို့နယ် အခြေစိုက် ခူမီး(ခမီး) အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ် (၇) ၏ ကိုယ်စားလှယ်လောင်း ဦးကံလင်းက “ကျနော်တို့ ဘယ်မှ သွားလို့ မရဘူးဗျ။ မဲဆွယ်စည်းရုံးတာလည်း မလုပ်နိုင် သေးပါဘူး” ဟု ပြောသည်။

မဲဆွယ်စည်းရုံးရေး မသွားနိုင်ခြင်းမှာ တပ်မတော်နှင့် AA တို့ကြား စစ်ရေး အခြေအနေနှင့် နယ်မြေလုံခြုံရေးကြောင့် ဖြစ်ပြီး ခူမီး(ခမီး) အမျိုးသားပါတီ အနေဖြင့် မည်သည့်နေရာကိုမှ မဲဆွယ်စည်းရုံးရေးအတွက် သွားလာနိုင်ခြင်း မရှိပါဟု သိရ သည်။

ပလက်ဝမြို့နယ်တွင်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ဝင်ရောက် ယှဉ်ပြိုင်ရမည့် အမတ်နေရာ စုစုပေါင်း ၅ နေရာ ရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ချင်းအမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ပါတီ (CNLD)၊ ခူမီး(ခမီး) အမျိုးသားပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ စုစုပေါင်း ၂၄ ဦး ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပလက်ဝမြို့နယ်တွင် လူဦးရေ ၁ သိန်းကျော် နေထိုင်ပြီး မြို့ပေါ် ရပ်ကွက် ၄ ခု၊ ကျေးရွာပေါင်း ၃၈၀ ကျော် ရှိသည်။

NLD ပါတီ၏ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်လောင်း တဦးဖြစ်ပြီး လက်ရှိတွင် ချင်းပြည်နယ် ၏ စည်ပင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးစိုးထက်ကလည်း ၎င်းတို့အနေဖြင့် နယ်မြေ လုံခြုံရေးကြောင့် ပလက်ဝမြို့နယ်၏ ကျေးရွာအားလုံးသို့ မဲဆွယ်စည်းရုံးရေး ဆင်းနိုင်ရန် အခက်အခဲရှိသည်ဟု ပြောသည်။

ဦးစိုးထက်က “လုံခြုံရေး အခြေအနေက လက်ရှိကတော့ မကောင်းဘူး။ တပ်ကတော့ လုံခြုံရေး ကောင်းမွန်အောင် သူတို့ ရှင်းလင်းတာတွေ ရှိတယ်။ အခုကတော့ ကန့်သတ်ချက်နဲ့ သွားရလာရတာတွေ ရှိပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲ ဝင် မယ့် အမျိုးသားလွှတ်တော်၂ ယောက်၊ ပြည်သူ့လွှတ်တော် ၁ ယောက်၊ ပြည်နယ်မှာဝင်မယ့်၂ ယောက်၊ ၅ ယောက်လုံးက တော့ လက်ရှိ ကွင်းဆင်းပြီး စည်းရုံးဖို့ကတော့ နည်းနည်း ခက်ခဲတာပေါ့။ ကုလားတန် မြစ်ရိုးဆိုရင် နည်းနည်း ခက်ခဲတဲ့ အခြေအနေ ရှိပါတယ်” ဟု ဆိုသည်။

စက်တင်ဘာ ၉ ရက်ကလည်း စစ်ဘေးရှောင် ဒုက္ခသည်များကို စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ပြီး ဟားခါးသို့ ပြန်မည့် အပြန် ခရီးစဉ်တွင် AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဝန်ကြီး ဦးစိုးထက်နှင့် အစိုးရအဖွဲ့ဝင်များ အပြန် ခရီးစဉ်ပျက်ပြီး ပလက်ဝသို့ ပြန်လှည့်ခဲ့ရသည်။

NLD ၏ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)၏ ကိုယ်စားလှယ်လောင်း ဦးဆလိုင်းမျိုးထက်ကလည်း ၎င်းယှဉ်ပြိုင် မည့် မဲဆန္ဒနယ်တွင် လုံခြုံရေးကြောင့် မသွားနိုင်သည့် ကျေးရွာများရှိသည့်အပြင် ရခိုင်ပြည်နယ်၊ နယ်နိမိတ်နှင့် နီးသည့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက် ရွာမှာ အဝင်မခံသဖြင့် အုပ်ချုပ်ရေးပိုင်းများကို ခွင့်ပြု ချက် တောင်းထားရသည်များလည်း ရှိသည်ဟု နယ်မြေ အခြေအနေကို ပြောပြသည်။

ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ခံမည့် နယ်မြေအားလုံး သွားနိုင်ပါက လူထုနှင့် မျက်နှာချင်းဆိုင် တွေ့ ဆုံပြီး မဲအောင်နိုင်ရေး စည်းရုံးနိုင်မည် ဖြစ်သော်လည်း ယခုအခါ ဝင်မရသည့် ကျေးရွာများလည်း ရှိနေသဖြင့် အောင်နိုင် ရေးအတွက် စိန်ခေါ်မှုတခု ဖြစ်နေပါသည်ဟုလည်း ဦးဆလိုင်းမျိုးထက်က ဆိုသည်။

ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(CNLD)၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘူးထန်ပိုင်ကလည်း မဲဆွယ် စည်းရုံးရေး စတင်ရန် ပြင်ဆင်နေသော်လည်း လုံခြုံရေး အခြေအနေကို စောင့်ကြည့်နေရပြီး ပဋိပက္ခ ဖြစ်သည့် ဒေသ ဖြစ်နေသဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိမည်ကိုလည်း စိုးရိမ်နေပါသည်ဟု ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

ဦးဘူးထန်ပိုင်က “မဲဆွယ် စည်းရုံးတာက မသွားနိုင်သေးဘူး။ သွားဖို့ ပြင်ဆင်နေတုန်းပဲ ရှိသေးတယ်။ သွားဖို့ အခြေအနေ က နောက်မှာ ဘယ်လို ဖြစ်လာမလဲပေါ့။ ဘယ်လို သွားရမလဲ။ သွားဖြစ်မလားဆိုတာ ဇဝေဇဝါပဲ ဖြစ်နေတယ်။ ပလက်ဝ-ဆမီး လမ်းကလည်း ဘယ်လိုမှကို သွားလို့ လာလို့ မရဘူး။ ပလက်ဝကနေလည်း ရွာတွေကို သွားလို့ မရဘူး။ ဆမီးကနေ မတူပီဘက်ခြမ်းမှာ နည်းနည်းတော့ လမ်းပွင့်နေတာ ရှိတယ်။ အဲဒီရွာတွေဘက်ကိုပဲ သွားမယ်” ဟု ပြောသည်။

ဧရာဝတီမှ ဆက်သွယ် မေးမြန်းထားသည့် ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲ ကာလအတွင်း အနှောင့်အယှက် ၊ အဟန့်အတား တစုံတရာ မဖြစ်ရန် တပ်မတော်နှင့် AA တို့ နှစ်ဖက်လုံးမှ စစ်ဆင်ရေးများကို လျော့ချရန်၊ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးရန် လိုအပ်သည်ဟု ပြောဆိုကြသည်။

ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ (KACC)၊ ဒု ဥက္ကဋ္ဌ ဦးစောမြကလည်း နယ်မြေ လုံခြုံရေးအား နည်းခြင်းကြောင့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲအနီးရောက်မှ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ကြောင်း ကြေညာ မည်ကိုလည်း စိုးရိမ်သည်ဟု ဆိုသည်။

ဦးစောမြက “ရွေးကောက်ပွဲ ဆိုတာက ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်တာလည်း ဟုတ်သလို ဒေသခံလူတွေ အတွက် ၅ နှစ်တာ ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေကို ရွေးရတာဆိုတော့ အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့တွေကလည်း ရွေးကောက်ပွဲ ဖြစ်အောင် အကူအညီပေး စေချင်တယ်။ AA တွေကိုလည်း ဒီကာလလေးမှာ အနှောင့်အယှက် မပေးဖို့ ကျနော်တို့က ပြောချင်တယ်” ဟု ဆိုသည်။

ပလက်ဝမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၊ ဥက္ကဋ္ဌ ဦးစံသာကျော်က မဲဆွယ်စည်းရုံးကြရန် ကိုယ်စားလှယ်လောင်း များက စာတင်ထားကြရာ စည်းရုံးခွင့်များကို ချပေးလိုက်ပြီ ဖြစ်သော်လည်း နယ်မြေအခြေအနေ မအေးချမ်းခြင်းကြောင့် ကျေးရွာအားလုံးသို့ သွားရောက် စည်းရုံးနိုင်ကြမည် မဟုတ်ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိမရှိကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားစာ ပေးပို့လာမှသာ သိနိုင်မည်ဟု ဦးစံသာကျော်က ဆိုသည်။

ဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့် ပလက်ဝ ဒေသခံ ၁၅ ဦးခန့်ကလည်း ၎င်းတို့ ဒေသသည် လက်နက်ကိုင်ပဋိပက္ခနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့နေရသည့် ဒေသဖြစ်သဖြင့် အရပ်သားများအတွက် ကိုယ်စားလှယ်လောင်းများ လိုအပ်သည်ဟု ပြောဆိုကြသည်။

ပလက်ဝမြို့နယ် နေထိုင်သည့် ဒေါ်အေးမြိုင်က “ကျမတု့ိ ဒေသမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် အရပ်သားတွေ ဘဝ ဒုက္ခရောက်နေတဲ့ကြားမှာ အရပ်သားတွေအတွက် ပြောဆိုပေးမယ့် ရပ်တည်ပေးမယ့် ကိုယ်စားလှယ်ကတော့ ရှိကို ရှိ သင့်တယ်။ ရွေးကောက်ပွဲက ဒီပဋိပက္ခကြောင့် ပျက်တာဖြစ်ရင် ကျမတို့ ဒေသခံတွေပဲ နစ်နာမှာ။ ကျမတို့ မိသားစု က တော့ ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်”ဟု ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မြို့နယ်များကို ကြေ ညာခြင်း မရှိသေးပါ။

တပ်မတော်နှင့် AA သည် ပလက်ဝမြို့နယ်တွင် ဖေဖော်ဝါရီအတွင်းကဒေသခံ ၁ သိန်းကျော်တို့ ဆန်ပြတ်လပ်သည် အထိ ရေလမ်း၊ ကုန်းလမ်း အားလုံး ပိတ်ဆို့ကာ ရက်ပေါင်း ၄၀ ကျော်ကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားထားပြီး ယနေ့ထိ လည်း စစ်ရေး တင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။

AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် စစ်ရေးအခြေအနေ တင်းမာနေရခြင်းမှာ တပ်မတော်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသာဖြစ်ပြီး AA က ပြန်ခုခံ တိုက်ခိုက်နေရသည့် အခြေအနေတွင်သာ ရှိသည်ဟု ပြောသည်။

ရွေးကောက်ပွဲ ကာလတွင် စစ်ရေး ပဋိပက္ခများ ငြိမ်သက်ရန် တပ်မတော်ဘက်မှ တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု များကို ရပ်တန့်ပေးရန် လိုပါသည်ဟု ဦးခိုင်သုခက ဆိုသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ AA ၏ သဘောထားကို မေးမြန်းရာ “ကျနော်တို့ ညီနောင် မဟာမိတ်တွေနဲ့အတူ လာမယ့် နိုဝင်ဘာ ၉ ရက်အထိ အပစ်အခတ် ရပ်စဲထားမယ်ဆိုပြီးတော့ ထုတ်ပြန်ထားတယ်။ လက်ရှိ ဖြစ်နေတဲ့ ကိုဗစ် ကပ်ရောဂါ ကို အားလုံးစုပေါင်းပြီး ကာကွယ်နိုင်ဖို့ ဖြစ်သလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့၊ ရွေးကောက်ပွဲကို အဆင်ပြေ ချောမွေ့စေဖို့ ရည်ရွယ်ချက်တွေနဲ့ ထုတ်ပြန်ချက် ထုတ်ထားတာ ရှိပါတယ်” ဟု ဦးခိုင်သုခက ဖြေဆိုသည်။

စက်တင်ဘာ ၉ ရက်ကလည်း ပလက်ဝမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပြီး လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားထားသည်။

You may also like these stories:

ရခိုင်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်

ချင်းစည်ပင်ဝန်ကြီးနှင့် အဖွဲ့ ပစ်ခတ်ခံရသဖြင့် ပလက်ဝမှ မပြန်နိုင်သေး

Your Thoughts …
Tags: AAကိုယ်စားလှယ်စစ်ရေးပဋိပက္ခစည်းရုံးရေးပလက်ဝ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
အရသာရှိတဲ့ “ကင်းမွန်ကွင်းကြော်”

နေ့လယ်ခင်း အဆာပြေ ကင်းမွန်ကွင်းကြော် စားရအောင်

လူပုံစံတူ စက်ရုပ်လေး Pepper

Mask မတပ်ထားရင် အသိပေးမယ့် လူပုံစံတူ စက်ရုပ်လေး Pepper

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved