• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မီးရှို့ခံရသည့် ကျောက်တော် ရွာ၂ ရွာကို အစိုးရ ပြန်ဆောက်ပေးမည်

by ခိုင်ရိုးလ
8 October 2020
in သတင်း
A A
ကျောက်တော်မြို့ရှိ မီးရှို့ခံရသည့် နေအိမ်တချို့ကို တွေ့ရစဉ်  / အမ်းသားကြီး

ကျောက်တော်မြို့ရှိ မီးရှို့ခံရသည့် နေအိမ်တချို့ကို တွေ့ရစဉ် / အမ်းသားကြီး

18.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ရှိ မီးရှို့ခံလိုက်ရသည့် ဘုရားပေါင်းနှင့် တောင် ပေါက်ကျေးရွာမှ နေအိမ် ၁၈၀ ကျော်အား ပြန်လည် ဆောက်လုပ်ရန်အတွက် ကျပ်သိန်း ၉၂၀၀ ကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူထံက သိရသည်။

မီးလောင်သွားသည့် နေအိမ်များ ပြန်ဆောက်ပေးရန် မြို့နယ် ကူညီရေးအဖွဲ့က ပြည်နယ်အစိုးရထံသို့ စာဖြင့် အကူအညီ တောင်းခံလာသည့်အတွက် နေအိမ်တလုံးလျှင် ငွေကျပ် သိန်း ၅၀ အကုန်ကျခံကာ ဆောက်လုပ်ပေးရန် ဆုံးဖြတ်လိုက် ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

၎င်းက “အိမ်အမျိုးအစားကတော့ သံဘောင်၊ ကျောက်ပြားခင်းတွေနဲ့ ဖြစ်မှာပါ။ ဒါပေမယ့် တိတိကျကျတော့ ပြောမရသေး ဘူး။ လျာထားတာကတော့ တအိမ်ကို သိန်း ၅၀ နဲ့ ဖြစ်တယ်။ ဘူးသီးတောင်၊ မောင်တောဘက်မှာ ဒုက္ခသည်တွေကို ဆောက်ပေးခဲ့တဲ့ အိမ်ပုံစံမျိုးတော့ ရနိုင်တယ်” ဟု ဆိုသည်။

ထို ကုန်ကျငွေ သိန်း ၉၀၀၀ ကျော်ကို ပြည်နယ်အစိုးရအဖွဲ့တွင် ကုမ္ပဏီများမှ ရရှိထားသည့် အခွန်ရန်ပုံငွေနှင့် ဝန်ကြီးချုပ် ရန်ပုံငွေများထံမှ သုံးစွဲသွားမည် ဖြစ်ကြောင်းလည်း ဦးဝင်းမြင့်က ဆိုသည်။

ဆက်လက်ပြီး ၎င်းက “အိမ်ပုံစံ ဒီဇိုင်းတွေကတော့ ဦးအောင်ကျော်ဇံ (လျှပ်စစ်၊ လမ်းပန်းဝန်ကြီး) ရေးဆွဲနေတယ်။ တင်ဒါ ခေါ်ဖို့ အစီစဉ်ကိုလည်း သူက ဆက်လုပ်သွားမှာပါ” ဟု ရှင်းပြသည်။

လက်ရှိတွင် ယင်းကျေးရွာသားများမှာ နေအိမ် မီးလောင်သွားသည့်နေရာတွင် ယာယီတဲထိုးပြီး နေကြကာ အခက်ခဲမျိုးစုံ နှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဘုရားပေါင်း ကျေးရွာမှ နေအိမ် မီးလောင်သွားသူ ဦးသာလှက “ပျက်စီး ဆုံးရှုံးမှုတွေကတော့ အများကြီးပေါ့။ အဲဒါကို ပြန် လည် တည်ဆောက်ဖို့ ခက်ခဲနေတာ။ လောလောဆယ် နေရာမရှိတဲ့ အချိန်မှာ အခုလို နေစရာနေရာ တခုရဖို့ဆိုတော့ အတိုင်းအတာ တခုထိတော့ ကျေနပ်တယ်လို့ ပြောရမှာပါ” ဟု ဆိုသည်။

ထိုသို့ နစ်နာသူတို့အား အစိုးရမှ ကူညီပေးခြင်းမှာ ပြည်သူများအပေါ်တွင် တာဝန်ယူရာရောက်ကြောင်း ကျောက်တော် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက မှတ်ချက်ပေးသည်။

ဦးဦးထွန်းဝင်းက “အခုလို ကူညီပေးမယ် ဆိုတော့လည်း အစိုးရအနေနဲ့ ပြည်သူတွေအပေါ်မှာ အလေးထားတယ် ဆိုတဲ့ သဘောကို ပြတာပေါ့။ ဒါကကောင်းမွန်တဲ့ အချက်တွေပဲ။ ဒီလို တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အလေ့အထတွေကို အများ ကြီး တည်ဆောက်နိုင်ဖို့ လိုတယ်” ဟု ဆိုသည်။

ထိုနည်းတူ ကျောက်တော်မြို့နယ်တွင် မီးရှို့ခံလိုက်ရသည့် တခြားကျေးရွာမှ နေအိမ်များအတွက် ပြန်လည် တည်ဆောက် ရေး လုပ်ငန်းများ လုပ်ပေးရန်လည်း လိုအပ်နေသေးကြောင်း ဦးဦးထွန်းဝင်းက ထောက်ပြသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
109
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ဆက်လက်ပြီး ၎င်းက “ရှေ့က ဖြစ်ခဲ့တဲ့ တင်းမ၊ ပြိုင်းတိုင်း ရွာလိုမျိုးတွေနဲ့ ကျောက်တော်မြို့နယ်မှာ အခုလို မီးလောင် ကျွမ်းသွားတာ အိမ်ခြေ တထောင်ကျော် ရှိနေတယ်။ ဆိုတော့ ဒီရွာတွေက လူတွေကိုလည်း အိုးအိမ်အတည်တကျ ပြန် လည် နေထိုင်ရေးအတွက် လုပ်ပေးသင့်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် ည ၈ နာရီဝန်းကျင်တွင် ဘုရားပေါင်းကျေးရွာ အနီးတွင် တပ်မတော်စစ်ကြောင်းအား AA က မိုင်းခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်း အနီးအနားကို ရှင်းလင်းရာမှ ရွာမီးလောင်သွားခြင်း ဖြစ်သည်။

ထိုမီးလောင်မှု ဖြစ်စဉ်တွင် ဘုရားပေါင်းကျေး ရွာမှ နေအိမ် ၁၁၀ နှင့် တောင်ပေါက် ကျေးရွာမှာ နေအိမ် ၇၄ ဆောင် စုစုပေါင်း ၁၈၄ ဆောင် မီးလောင် ဆုံးရှုံးသွားခဲ့ ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။ ထိုဖြစ်စဉ်အတွင်း တပ်မတော်က ပစ်ခတ်မှုကြောင့် ဘုရားပေါင်း ကျေး ရွာမှ ဒေသခံ၂ ဦးလည်း သေဆုံးသွားခဲ့သည်။

သို့သော်လည်း တပ်မတော်ကတော့ ရက္ခိုင် စစ်တပ် (AA) အဖွဲ့က မီးရှို့သွားခြင်းသာ ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန် ခဲ့သည်။

You may also like these stories:

ကျောက်တော် ဘုရားပေါင်းရွာ မီးရှို့ခံရ၊ ရွာသား ၂ ဦးသေဆုံး

Your Thoughts …
Tags: ကျောက်တော်တပ်မတော်ဘုရားပေါင်းကျေးရွာရွာမီးရှို့
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

by ဧရာဝတီ
16 January 2024
17.3k

ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် အမြောက်တပ်ရင်းအား အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် အနီးရှိ ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ချ အညံ့ခံလာခြင်း

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

by ဧရာဝတီ
3 January 2024
6.5k

ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီ၏ ထရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် ကျောက်တော်မြို့နယ်အတွင်းရှိ တောင်ရှည်တောင်ဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

Next Post
အခက်အခဲတွေကို ကျော်ဖြတ်ပြီး မဲပေးခဲ့ကြတဲ့ ထိုင်းရောက် မြန်မာတွေ

အခက်အခဲတွေကို ကျော်ဖြတ်ပြီး မဲပေးခဲ့ကြတဲ့ ထိုင်းရောက် မြန်မာတွေ

မင်းသား Sushant ရဲ့ ချစ်သူဟောင်း မင်းသမီး Chakraborty

ကွယ်လွန်သူ မင်းသား Sushant ရဲ့ ချစ်သူဟောင်း မင်းသမီး Chakraborty အာမခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved