• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်ချုပ်၏ မူဝါဒ ၆ ချက် မြဝတီသတင်းစာတွင် ဖော်ပြမှု UEC ကိုယ်တိုင် ကန့်ကွက်

by ထက်နိုင်ဇော်
19 October 2020
in သတင်း
A A
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ထက်နိုင်ဇော် / ဧရာဝတီ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ထက်နိုင်ဇော် / ဧရာဝတီ

121.8k
VIEWS
Share on FacebookShare on Twitter

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ရွေး ချယ်ရေးနှင့် ပတ်သက်၍ ၎င်း၏ မူဝါဒ ၆ ချက်ကို တပ်မတော်ပိုင် မြဝတီသတင်းစာတွင် နေ့စဉ် ထည့်သွင်း ဖော်ပြလျက် ရှိသည့် ကိစ္စရပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကိုယ်တိုင် ကန့်ကွက်ခဲ့ကြောင်း သိရသည်။

UEC က တပ်ချုပ်၏ မူဝါဒ ၆ ချက်ကို မြဝတီ သတင်းစာတွင် ဖော်ပြနေခြင်းသည် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၊ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများနှင့် ကိုက်ညီမှု မရှိကြောင်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ကန့်ကွက်လာသဖြင့် ဖြေ ရှင်းပေးခဲ့ရကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ အတွင်းရေးမှူး ဦးကျော်စွာမင်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
491
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
172
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
49

ဦးကျော်စွာမင်းက“မြဝတီသတင်းစာမှာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ Quote (ပြောစကား) အနေနဲ့ ဖော်ပြတာ။ အဲဒါကို ဒါတွေ သည် ရွေးကောက်ပွဲ ဥပဒေအရ ကိုးကားတာပေါ့နော်။ ဒီအပိုဒ်၊ ဒီအပိုဒ်တွေနဲ့ ငြိစွန်းတယ်ဆိုပြီး တိုင်လာတယ်။ အဲဒါကို ကျနော်တို့က တဘက်(တပ်မတော်)ကို တင်ပြတော့ မထည့်တော့ပါဘူးဆိုပြီး အကြောင်း ပြန်ပေးပါတယ်”ဟု ပြောသည်။

ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မူဝါဒ ၆ ချက်မှာ နိုင်ငံနှင့် ဒေသကို လက် တွေ့ အကျိုးပြုသူ၊ တရားဥပဒေ စိုးမိုးရေး အမြင်ရှိပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေး ၃ ပါးကို ထိန်းသိမ်း စောင့်ရှောက်သူ ဖြစ်ရမည် ဆိုသည့် အချက်တို့ ဖြစ်သည်။

ထို့ပြင် တပ်မတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာ သနာကို နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့ အစည်းများ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်း မခံ ရသူတို့ကို ရွေးချယ်ရမည်ဟုလည်း ဖော်ပြထားသည်။

တပ်ချုပ်က သြဂုတ်လ ၁၄ ရက်နေ့ နေပြည်တော်တွင် နိုင်ငံရေးပါတီ ၃၄ ခု၏ ခေါင်းဆောင်များနှင့် တွေ့ ဆုံစဉ် အထက်ပါ အချက် ၆ ချက်နှင့် ပြည်စုံသူ ကိုယ်စားလှယ်လောင်းကိုသာ မှန်မှန်ကန်ကန် ရွေးချယ်ဖို့ လိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

တပ်ချုပ်၏ ယင်းအချက် ၆ ချက်ကို သြဂုတ်လ ၁၅ ရက်နေ့ထုတ် တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် နေ့စဉ်ဖော်ပြလျက်ရှိရာ သြဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ UEC က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“ကော်မရှင်(UEC)က အခုလို ထောက်ပြတော့ တပ်မတော်ဘက်ကလည်း နောက်ရက်တွေကစပြီး မထည့်ပေးတော့ဘူး”ဟု ကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။

တပ်ချုပ်၏ ပြောကြားချက်ကို မြဝတီသတင်းစာတွင် နေ့စဉ် ဖော်ပြနေခြင်းသည် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်ရွေးရာ၌ လိုက်နာရမည့် အချက်များကို တပ်ချုပ်က လက်နက်ကိုင် တပ်ဖွဲ့ ဝင်အားလုံးကို ညွှန်ကြားသည့် သဘော သက်ရောက် သည့်အပြင် မဲဆန္ဒရှင်များကိုလည်း မဲဆွယ်စည်းရုံးသည့် သဘော သက်ရောက်နိုင်သည်ဟု ကော်မရှင်က သုံးသပ် ထားသည်။

ထို့ပြင် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ နှင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ၃၆၄ တို့ကို ကိုးကား၍ လူမျိုးရေး၊ ဘာ သာရေး အကြောင်းပြ မဲဆွယ်မှုများ မလုပ်ရန်နှင့် ယင်းအကြောင်းပြချက်များဖြင့် တဖက်နှင့်တဖက် မုန်းတီး၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းများ မဖြစ်စေရန် ကန့်သတ်ထားကြောင်း UEC က သတင်းမီဒီယာ ကောင်စီသို့ ပို့သည့် စာတွင် ရေးသားထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ၎င်း၏ အဖွဲ့ အစည်းတွင် အကြီးအကဲ တယောက်ဖြစ်၍ လက်အောက်မှ တပ်မတော်သားများ မိသားစုဝင်များကို တိုင်းပြည်နှင့်လူမျိုး အကျိုးကြည့်၍ မှန်မှန်ကန်ကန် မဲပေးရန် ပြောဆိုခြင်းဟု နားလည်ပြီး ပါတီတခုခုကို မဲပေးရန် ပြောဆိုခြင်း မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

“အဲဒါကြီးကို UEC အနေနဲ့ သိပ်ခံစားနေစရာ အကြောင်း မရှိဘူး။ အဲဒါ သူ့အလုပ် မဟုတ်ဘူး။ သူ့အလုပ်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ကျင်းပပေးဖို့ပဲ။ ဟိုလူ လုပ်တယ်။ ဒီလူ လုပ်တယ်လို့ လိုက်ပြောနေဖို့ မဟုတ်ဘူး။ NLD ကို ပေးပါ။ ကြံ့ခိုင်ရေးကို ပေးပါလို့ ပြောရင်တော့ ကန့်ကွက်ပေါ့”ဟု ၎င်းက ပြောသည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)၏ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က တပ်ချုပ်၏ ပြောဆိုမှုများသည့် တပ်မတော်နှင့်ဆိုင်သော မူဝါဒဆိုင်ရာ စည်းရုံးရေးတခုဟု မြင်ပြီး ယခုနောက်ပိုင်းတွင် တပ်ချုပ်၏ မိန့်ခွန်းများတွင် ယခုလို ကိစ္စရပ်များ ပါဝင်လာသည်ကို သတိထားမိကြောင်း ပြောသည်။

“ဒီဟာက UEC က ထောက်ပြရင် ထောက်စရာ ဖြစ်လာတယ်လို့ ကျနော်က မြင်ပါတယ်။ UEC ရဲ့ သဘောထားနဲ့က အတော်အသင့် ကွဲလွဲနေတယ်။ အဲဒီတော့ ထောက်သင့်ရင် ထောက်စရာလို့ပဲ မြင်ပါတယ်။ အခုကိစ္စကို UEC က ကန့်ကွက်ပေမယ့် အဆင်ပြေသွားတယ်ဆိုရင်တော့ ဝမ်းသာပါတယ်”ဟု ၎င်းက ပြောသည်။

ယခု ကိစ္စရပ်နှင့် ပတ်သက်၍ သီးခြား ပြောဆိုရန် မရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

သို့သော် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ အပါအဝင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသား စုဝင်များ မည်ကဲ့သို့ မဲပေးရမည်ဆိုသည့်အပေါ် တပ်မတော်အတွင်း ပြောဆိုဆွေးနွေးမှုများ ရှိကြောင်း ၎င်းက ဧရာဝတီသို့ သြဂုတ်လတွင် ပြောဆိုခဲ့ဖူးသည်။

တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တပ်မတော်၏ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီး၌ နည်းလမ်း ၂ မျိုးဖြင့် ဆောင်ရွက်လျက်ရှိရာ UEC ၏ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များကို စာဖြင့် ထပ်ဆင့် ဖြန့် ဝေခြင်း၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ဆွေးနွေးပွဲများတွင် ပြောဆိုကြခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲများကို ယခင်ကတည်းကပင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့အလိုက် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဓိက အားဖြင့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများနှင့် လတ်တလော ဖြစ်ပျက်နေသော ကိစ္စများ (Current Issues) ကို ဆွေးနွေးကြ သည်ဟု သိရသည်။

ယခု လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ ထဲရှိ မဲရုံများလည်း တပ်ပြင်သို့ ထုတ်ပေးထားရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များ ကြေ ညာခြင်းနှင့် ပတ်သက်၍လည်း UEC မှာ နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ခံနေရသည်။

You may also like these stories:

“ကျနော်တို့ ရေငုပ်သင်္ဘောက ဘင်္ဂလားဒေ့ရှ်ထက် အပြတ်ကို သာပါတယ်”

ဂျပန်က ဗီယက်နမ်သို့ လက်နက်ရောင်းမည်

ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်

Your Thoughts …
Tags: UECတပ်မတော်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြဝတီ သတင်းစာ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

Next Post
ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီကြီးများဖြစ်သည့် KSPP၊ CNLD၊ KNDP၊ KYSDP၊ MUP တို့က ရွေးကောက် မကျင်းပနိုင်သည့် နယ်မြေစာရင်း ပြန်သုံးသပ်ရန် UEC ကို တောင်းဆိုသည်

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်း ပြန်သုံးသပ်ရန် တိုင်းရင်းသားပါတီများ တောင်းဆို

ပြည်ပမှောင်ခိုဈေးကွက်အတွက် တနင်္သာရီတိုင်းက သင်းခွေချပ်များ(ရုပ်/သံ)

ပြည်ပမှောင်ခိုဈေးကွက်အတွက် တနင်္သာရီတိုင်းက သင်းခွေချပ်များ(ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved