• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နှစ်နိုင်ငံ နယ်နမိတ်အတွင်းရှိ တရုတ်ခြံစည်းရိုးများ ပြန်ဖျက်ပေးရမည်ဟု သမ္မတရုံး ပြော

by ထက်နိုင်ဇော်
9 January 2021
in သတင်း
A A
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေသည့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး  / သီဟလွင် / ဧရာဝတီ

သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေသည့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး / သီဟလွင် / ဧရာဝတီ

14.3k
VIEWS
Share on FacebookShare on Twitter

အပြည့်အဝ အကြောင်းကြားမှု မရှိဘဲ နှစ်နိုင်ငံ နယ်နမိတ်အတွင်း ဝင်ရောက် ကာရံထားသည့် တရုတ်နိုင်ငံ၏ ခြံစည်းရိုးများ သည် တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်နမိတ်စာချုပ်အရ ကာရံခွင့် မရှိသဖြင့် ပြန်လည် ဖျက်သိမ်းပေးရမည် ဖြစ်ကြောင်း မြန်မာအစိုးရ၊ နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီသတင်းဌာနက တ ရုတ်ဘက်မှ ကာရံမှုများ ပြုလုပ်လာသည့် နယ်စပ်ခြံစည်းရိုးများအကြောင်း မေးမြန်းစဉ် ဦးဇော်ဌေးက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“နှစ်နိုင်ငံ နယ်နမိတ် စာချုပ် ရှိတယ်။ ဒီနယ်နမိတ်မျဉ်းရဲ့ ဟိုဘက် ၁၀ မီတာ၊ ဒီဘက် ၁၀ မီတာ အဲဒီနယ်နမိတ်အတွင်းမှာ ဘယ်သူမှ အခိုင်အမာ အဆောက်အဦ ဆောက်လို့ မရဘူး။ ဆောက်ရင် ဖျက်ပေးရမယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ကိုဗစ်ကာလတွင် လူများ ကူးလူးဆက်ဆံမှု မရှိစေရန် ယာယီ ခြုံစည်းရိုးများ ကာရံနေသည် ဆိုသော တရုတ်ဘက်က အကြောင်းပြချက် ပေးထားသည့် သံဆူးလိပ် ခြံစည်းရိုးများသည် နှစ်နိုင်ငံ နယ်နမိတ်အတွင်းရှိ မိုင်တိုင်များကြားသို့ ရောက်ရှိနေကြောင်း သမ္မတရုံးက ပြောသည်။

ဦးဇော်ဌေးက “မေးခွန်းက ဘာလဲဆိုတော့ ဒီနယ်နမိတ်မျဉ်းရဲ့ အတွင်းမှာ ကာတဲ့ ခြံစည်းရိုးသည် အခိုင်အမာ ဟုတ်ခြင်း၊ မဟုတ်ခြင်းပေါ့နော်။ နောက်တခုက သူတို့က ဒီမိုင်တိုင်နဲ့ ဒီမိုင်တိုင်ကြားမှာရှိတဲ့ လိုင်းကို သူ(တရုတ်)က ခြံစည်းရိုးကို ကာတာ ဖြစ်တယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထို့ကြောင့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိ တာဝန်ရှိသူများကြား တွေ့ ဆုံ ဆွေး နွေးမှုကို ယခုလထဲတွင် ပြုလုပ်မည် ဖြစ်ပြီး ခြံစည်းရိုး ကာရံမှုကိုလည်း ယာယီသာ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် လောက်ကိုင်ခရိုင်၊ မူဆယ်ခရိုင်၊ ဟိုပန်ခရိုင်၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတို့တွင် တရုတ်နိုင်ငံဘက်က ခြံ စည်းရိုးများ ကာရံလာသဖြင့် ပြည်နယ် အစိုးရထံ သမ္မတရုံးက အချက်အလက်များ တောင်းကြည့်ရာ ကွန်ကရစ်နှင့် အ ခိုင်အမာ ကာရံခြင်းမျိုး မတွေ့ ရဘဲ သံဆူးကြိုးလိပ်များကို တိုင်ထောင်ပြီး ကာရံနေခြင်းသာ ဖြစ်ကြောင်း တွေ့ ရှိရသည်ဟု ဆိုသည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရှမ်းပြည်နယ်နှင့် တရုတ်နယ်စပ်ရှိ ခြံစည်းရိုးများကိုသာ အဓိက ရည်ညွှန်း ပြောဆိုခဲ့ပြီး ကချင်ပြည်နယ်ရှိ နယ်စပ်ခြံစည်းရိုးများအကြောင်း ပါဝင်ခဲ့ခြင်း မရှိပါ။

ကချင်ပြည်နယ်အတွင်းရှိ အစိုးရအာဏာ မသက်ရောက်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်သည့် တရုတ်-မြန်မာ နယ်စပ်ရှိ လိုင်ဇာမြို့နှင့် ပါဂျောင်ဒေသ၏ တဖက်တွင်လည်း တရုတ်ဘက်မှ ခြံစည်းရိုးလာရောက် ကာရံမှုများ ရှိနေသည်။

ဦးဇော်ဌေးက“နယ်နမိတ်မျဉ်းကို ပြန်ဖော်မယ်။ နံပါတ်တစ်။ နှစ်ပါတ်နှစ်က ဒီနယ်နမိတ်မျဉ်းကို မကျော်ရအောင် ခြံစည်းရိုး ကို စနစ်တကျ ကာရံရမယ်။ ယာယီပေါ့နော်။ နံပါတ်သုံးက အဲဒီ ခြံစည်းရိုးကာချင်တာကို ဘယ်သူက ကာချင်တာလဲ။ မြန် မာက ကာချင်တာလား။ တရုတ်က ကာချင်တာလား။ ကာချင်တဲ့လူက အဲဒီ ကုန်ကျစရိတ်ကို ပေး။ အဲလိုမျိုး ကျနေ်ာတို့ ညှိမယ်”ဟု ပြောသည်။

တရုတ်-မြန်မာ နယ်နမိတ်တွင် နယ်စပ်ခြံစည်းရိုး ပြဿနာနှင့် ပတ်သက်၍ နယ်နမိတ်အတွင်း ၁၀ မီတာအတွင်း အခိုင် အမာ အဆောက်အဦ မဆောက်ရဆိုသည့် ရပ်တည်ချက်အတိုင်း တပ်မတော်က ရပ်တည်မည် ဖြစ်ကြောင်း၊ ယင်းနယ်စပ် များတွင် တည်ရှိသည့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များက နယ်စပ်မျဉ်းကို စောင့်ကြည့်လျက် ရှိကြောင်း တပ်မတော်မှ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

“နယ်ဘက် အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ နယ်မြေဒေသမှာ ရှိနေတဲ့ လုံခြုံရေးအဖွ့ဲတွေက သတင်းရရှိ တာနဲ့ သွားရောက်စစ်ဆေးတဲ့အခါ နယ်ခြားကော်မတီတွေမှာ တပ်က ပူးပေါင်းဆောင်ရွက်နေတယ်”ဟု ဗိုလ်ချုပ် ဇော်မင်း ထွန်းက ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နမိတ် သဘောတူစာချုပ်ကို ၁၉၆၀ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာ ဝန်ကြီးချုပ် ဦးနုနှင့် တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်းတို့ကြား သဘောတူညီ ချုပ်ဆိုခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် နယ်နိမိတ် မှတ်တိုင်များကို စိုက်ထူခဲ့သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်‌ကျောက်တိုင်(BP-125)အနီး နှစ်ဖက်ညှိနှိုင်းတိုင်းတာနေစဉ် (ဓာတ်ပုံ-ဦးငွေဒိုး)

နှစ်နိုင်ငံ သဘောတူစာချုပ်ပါ အချက်များအရ တရုတ်နှင့် မြန်မာနိုင်ငံကြား နှစ်နိုင်ငံ ထိစပ်နေသည့် နယ်နိမိတ် ၁၃၄၈ မိုင် ရှိပြီး နှစ်နိုင်ငံနယ်စပ်မျဉ်း၏ ၁၀ မီတာအကွာတွင် မည်သည့် အခိုင်အမာ အဆောက်အအုံမှ မဆောက်ရန် နှစ်ဖက် သ ဘောတူညီခဲ့ကြသည်။

ယခုအခါ ယင်းသဘောတူညီမှုကို တရုတ်ဘက်က စတင်ချိုးဖောက်ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ နယ်နမိတ်အတွင်း ခြံစည်းရိုးများ စိုက်ထူလာခြင်း ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇန်ဝါရီလကလည်း ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ရှိ တ ရုတ်-မြန်မာ နယ်စပ်တွင် လွှင့်ထူထားသော မြန်မာ အလံတိုင်ကို တရုတ်နယ်ခြားစောင့်တပ်က လက်နက် အပြည့်အစုံ ဖြင့် လာရောက်၍ ဖြုတ်ချခဲ့မှုကြောင့် ၂ နိုင်ငံ ဆက်ဆက်ရေးကို ထိခိုက်စေခဲ့သည်။

ယင်းပြဿနာအပြီးတွင် ယင်းဒေသ၌ နယ်နိမိတ် ပြန်လည် သတ်မှတ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောဆိုခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ်(၂) ရပ်ကွက် နယ်နိမိတ် ကျောက်တိုင် အမှတ် BP- 144/3 နှင့် BP-144/4 ကြား ခန့်မှန်း မြေပုံညွန်း (MF-824965) ရှိ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ (၄.၇) မီတာခန့်အကွာ တွင် စိုက်ထူထားသော မြန်မာနိုင်ငံ အလံတိုင်နေရာသို့ တရုတ် နယ်ခြားစောင့်တပ်မှ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က“တရုတ်ပြည်က နိုင်ငံကြီး သဘောသဘာဝအရ နေရာတကာမှာ ပါတယ်။ ကျန်တဲ့ အိမ်နီးချင်း နိုင်ငံတွေကို အထင်သေးတယ်။ ဒီခြံစည်းရိုး ကာတာကတော့ တရုတ်ရဲ့ နိုင်ငံတော်အဆင့် မူဝါဒ တွေတော့ မဟုတ်ပါဘူး။ သူတို့ လုံခြုံရေးအတွက် လုပ်တာပေါ့”ဟု ပြောသည်။

မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ သဘောတူစာချုပ်များကို လေးစားရမည် ဖြစ်သလို မြန်မာဘက်ကလည်း တွေ့ ဆုံညှိနှိုင်းမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ မြန်မာလူထု၏ အကျိုးစီးပွားကို ထိခိုက်လာပါက ကန့်ကွက်ပြောဆိုမှုများ အပါအဝင် လုပ်သင့်လုပ်ထိုက်သည့် တုံ့ပြန်မှုများများ ပြုလုပ်ရမည် ဖြစ်သလို ငြိမ်ခံနေ၍ မဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ပြောသည်။

ယခု ဇန်နဝါရီလလယ်ပိုင်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိလည်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး လာရောက်မည် ဖြစ်ရာ ၎င်း၏ ခရီးစဉ်တွင် ယခုလို နယ်စပ်ခြံစည်းရိုးများကိစ္စအပေါ် မြန်မာခေါင်းဆောင်များဘက်မှ ပြောဆို ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရသည်။

ယခုလို နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့် ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ် ရေးထိုးထားခဲ့ကြောင်း သိရ သည်။

ယင်းသဘောတူစာချုပ်ပါ အခြေအနေများ အပါအဝင် လက်ရှိ မြန်မာ- တရုတ် နယ်စပ် အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေး အတွက် ဆောင်ရွက်မည့် ကိစ္စများကို တရုတ်နိုင်ငံနှင့် ဆက်လက် ဆွေးနွေးနေသလို နယ်စပ် အငြင်းပွားမှုများ ထပ်မံ မဖြစ် ပေါ်လာရေးအတွက် ပူးတွဲ ရည်မှန်းချက်တခုကို ဖော်ဆောင်ရန်လည်း မြန်မာအစိုးရက ကြိုးပမ်းလျက်ရှိသည်။

You may also like these stories:

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
48
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
40
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
60

တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးများ ကာရံမှု ကိုဗစ်ကာလ ယာယီဟု အကြောင်းပြ

မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရံမှု တရုတ်ကို တပ်မတော် ကန့်ကွက်

မြန်မာအလံ တရုတ်တို့ ဖြုတ်ချခဲ့မှု ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်၍ နယ်နိမိတ်ပြန်သတ်မှတ်မည်

Your Thoughts …
Tags: တရုတ် ခြံစည်းရိုးများနယ်နမိတ်စာချုပ်မြန်မာ အစိုးရသမ္မတရုံး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

by ဒေးဗစ်အောင်
28 July 2023
11.5k

သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။

နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

ကုန်းဘောင် စာဆိုရှင် မယ်ခွေ ၏ “လက်ဆောင်” ကဗျာ ကိစ္စ သမ္မတရုံး ဝင်ပါနေရ

by မိုးမိုး
8 June 2019
23.3k

ယင်းကဗျာတွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ပတ်သက်သည့် အကြောင်းအရာ ပါသည်ဆိုကာ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ အမျိုးသမီး ဆရာဝန်ကြီး တဦးက ထိုကဗျာ ကြောင့် ကလေးများ ဆေးလိပ် ၊...

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး  / ထက်နိုင်ဇော် /  ဧရာဝတီ

သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ပြန်လည်လွတ်မြောက်

by ဧရာဝတီ
26 June 2021
96.8k

အာဏာမသိမ်းမီ နောက်ဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတာတွေကို တပ် ချုပ်က တော်တော် စိတ်ဆိုးတယ်လို့ ကျနော်တို့ သိရတယ်။ ရွေးကောက်ပွဲရလဒ်ကို ဝေဖန်တဲ့လူတွေ၊ အဖွဲ့အစည်းတွေက Political Suicide နိုင်ငံရေး ဆွဲကြိုးချသလို ဖြစ်မယ်ဆိုပြီး ပြောတာ။ သူက...

အောက်တိုဘာ ၂၅ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်း ထောက်များနှင့် တွေ့ ဆုံနေသည့် ဦးဇော်ဌေး / ထက်နိုင်ဇော် / ဧရာဝတီ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ အဖမ်းခံရမှု ဖောက်ခွဲပစ္စည်းများနှင့် ဆက်စပ်ဟုဆို

by ထက်နိုင်ဇော်
26 October 2019
17.5k

ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညမ မမိုးနှင်းဖြူ၊ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အောက်တိုဘာ၁၉ ရက်နေ့က မြန်မာနိုင်ငံ ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း သက်ဆိုင်ရာက သတင်းထုတ်ပြန်မှု တစုံတရာ မရှိသေးသဖြင့် မနေ့က နေပြည်တော်တွင် ဧရာဝတီက ယင်း...

Wisdom Hill ကျောင်း  / ထက်နိုင်ဇော် / ဧရာဝတီ

Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော

by မိုးမိုး
5 July 2019
32.1k

Wisdom Hill ပုဂ္ဂလိက ကျောင်းတွင် အသက် ၃ နှစ်မပြည့်သေးသည့် ကလေးငယ် မဖွယ်မရာ ပြုကျင့်ခံ ရ သည့် အမှုနှင့် ပတ်သက်၍ တရားဝင် ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည့် ကျောင်းဖြစ်သည့် အတွက် အရေးယူသွားမည်...

ကြည်လင်းနှင့်အမှုတွဲများရုံးချိန်းသို့ လာရောက်ခဲ့သည့် ဟိန်းဝေယံနှင့် ရဲတပ်ဖွဲ့မှ အလိုရှိနေသူ မြတ်ဖုန်းမိုရ် / မျိုးမင်းစိုး / ဧရာဝတီ

အမျိုးသားရေးလှုပ်ရှားသူ၏ အတွင်းရေးဖွင့်ချမှုကို စစ်ဆေးရန် သမ္မတရုံးညွှန်ကြား

by ထွန်းထွန်း
6 November 2020
129.8k

ဒုရဲမှူးကြီး သန်းအေးက “ ကျနော်တို့ လောလောဆယ် စိစစ်တွေ့ရှိထားချက်တွေအရတော့ “ထမင်းဝအောင် စားထား” ဆိုတဲ့သူတွေနဲ့ အချိတ်အဆက်တော့ မတွေ့ရသေးဘူး၊ တရားခံ ဖမ်းမိဖို့ကို ဆက်လက်စုံစမ်းနေဆဲပါပဲ”ဟု ပြောသည်။

Next Post
လူကုန်ကူးမှုဖြင့် ထွက်ပြေးနေသော ဆရာတော်၏ ဘုန်းကြီးကျောင်းကို ချိတ်ပိတ် (ရုပ်/သံ)

လူကုန်ကူးမှုဖြင့် ထွက်ပြေးနေသော ဆရာတော်၏ ဘုန်းကြီးကျောင်းကို ချိတ်ပိတ် (ရုပ်/သံ)

TNLA ဖမ်းထားတဲ့ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ပြန်လွှတ်ပေးဖို့ မိသားစုကတောင်းဆို (ရုပ်/သံ)

TNLA ဖမ်းထားတဲ့ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ပြန်လွှတ်ပေးဖို့ မိသားစုကတောင်းဆို (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved