• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေ့ လူမစုရ၊ ညမထွက်ရ အမိန့် ထုတ်ပြန်

by ဧရာဝတီ
8 February 2021
in သတင်း
A A
ယနေ့ နေပြည်တော်တွင် လူထုနှင့် ထိပ်တိုက်တွေ့ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ယနေ့ နေပြည်တော်တွင် လူထုနှင့် ထိပ်တိုက်တွေ့ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ / ဧရာဝတီ

15.2k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး တချို့၌ လူ ၅ ဦးထက် ပိုမစုရန်၊ ည ၈ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရန် အမိန့်ညွှန်ကြားချက်များ ထွက်ပေါ်လာသည်။

အဆိုပါ အမိန့်သည် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) ည ၈ နာရီမှ စတင် အကျုံးဝင်မည်ဖြစ်ပြီး နောက်ထပ် အမိန့်တစုံတရာ မရမချင်း အတည်ဖြစ်စေရမည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ထုတ်ပြန်ထားကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရုံးများနှင့် ရဲတပ်ဖွဲ့ရုံးများက အတည်ပြုသည်။

“ကျနော့် ခရိုင်တော့ ပါတယ်။ ဒီနေ့ကစတာ ခင်ဗျ” ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦး ခင်မောင်ချိုက ပြောသည်။
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်ကလည်း “ဒီနေ့ည ၈ နာရီ ကနေ မနက် ၄ နာရီ။ အမိန့်ထဲမှာ ပါတယ်။ မရုတ်သိမ်းမချင်းပေါ့။ ည ၆ နာရီကတည်းက ကြေညာနေပြီ” ဟု ပြောသည်။

ယင်းအမိန့်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းတွင် မြို့နယ်၂၆ ခုစလုံး ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း မည်သို့ အရေးယူ ရန်ကိုမူ ညွှန်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။

“လူ ၅ ဦးထက် ပိုမစုဖို့နဲ့ ညမထွက်ရအမိန့် ထုတ်တာက ဧရာဝတီတိုင်း တခုလုံးပါပဲ။ ဒီအမိန့်ထုတ်ပေမယ့် မလိုက်နာ ရင် ဘယ်လိုအရေးယူပါ ဆိုတာမျိုး ညွန်ကြားထားတာမျိုးတော့ မရှိသေးဘူး” ဟု ဧရာဝတီတိုင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင် စီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တချို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ထုတ်ပြန်ရမည့် အမိန့်စာ ရောက်ရှိနေပြီ ဖြစ်သော်လည်း အတည်ပြုချက် မရသေးသဖြင့် မထုတ်ပြန်ကြသေးသလို တချို့မြို့နယ်များက မူ ထုတ်ပြန်ပြီ ဖြစ်ကြောင်း အတည်ပြု ပြောဆိုကြသည်။

အဆိုပါ ပုဒ်မ ၁၄၄ အမိန့်စာတွင် လူတချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက် ပြားစေရန် စိုးရိမ်ဖွယ်ရာ အပြုအမူများ ဆောင်ရွက်နေပြီး ယင်းသို့ ပြုမူဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်သဖြင့် စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးကို အသုံးပြု၍ ဖြစ် စေ၊ လူကိုယ်တိုင်ဖြစ်စေ လှည့်လည်၍ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်သည်ဟု ဖော်ပြထားသည်။

You may also like these stories:

ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအလုပ်သမားများ CDM လှုပ်ရှားမှုတွင် ပါဝင်လာ

အကျယ်ချုပ်မှ NLD ဝန်ကြီးချုပ် ၃ ဦးကို တပ်ကထိန်းသိမ်းပြီး နေရာရွှေ့ပြောင်း

ANP ပါတီ ကောင်စီတွင် ပါဝင်ခြင်းမပြုရန် ရခိုင်အရပ်ဘက်အဖွဲ့ ၄၀ ကျော် တိုက်တွန်း

Your Thoughts …
Tags: ညမထွက်ရပုဒ်မ ၁၄၄အမိန့်စာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်

သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်

by မိုင်းခြိူဝ်းဇာရ်
27 September 2024
5.8k

TNLA အနေဖြင့် သီပေါမြို့ကို ရရှိလျှင် နမ္မတူမြို့နှင့် လွတ်လပ်စွာ ကုန်စည်စီးဆင်းနိုင်မည်ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချိုမြို့မှ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ မြောက်ပိုင်း မဟာမိတ်တပ်များ တည်ငြိမ်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း

စီမံကိန်းတွေကိုကန့်ကွက်ရင် အရေးယူမယ်လို့ စစ်ကော်မရှင်ခြိမ်းခြောက် ( ရုပ်/သံ)

စီမံကိန်းတွေကိုကန့်ကွက်ရင် အရေးယူမယ်လို့ စစ်ကော်မရှင်ခြိမ်းခြောက် ( ရုပ်/သံ)

by ဧရာဝတီ
22 December 2025
86

စစ်ကော်မရှင်က အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ စီမံကိန်းတွေကို အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကန့်ကွက်မယ်ဆိုရင် တည်ဆဲဥပဒေတွေအရ အရေးယူသွားမယ်လို့ အမိန့်စာထုတ် ကြေညာလိုက်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သော သစ်ခွဲသားတချို့ / Zarni Tike  / facebook

သစ်တွေ ကွန်တိန်နာလိုက် ပို့ခွင့်ရတာကိုက သဘာဝမကျဘူး

by ထက်ခေါင်လင်း
11 July 2020
17.8k

ပဲခူးတိုင်း အစိုးရအဖွဲ့မှ သစ်တောဝန်ကြီး ဒေါက်တာ စောညိုဝင်းအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

၂၀၁၄ ခုနှစ်က မြစ်ဆုံတွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ လှုပ်ရှားမှု  / KDNG

စစ်ကောင်စီက မြစ်ဆုံဧရိယာကို ပုဒ်မ ၁၄၄ သက်တမ်းထပ်တိုး

by ဧရာဝတီ
6 March 2021
11k

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းဧရိယာသည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် တလျှောက်လုံးတွင် ဒေသခံများ မဖြတ်သန်းရသည့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကန့်သတ်နယ်မြေ ဖြစ်သည်

၂၀၁၅ ခုနှစ် က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် လုံခြုံရေး ယူနေသည့် တပ်သား များ / ဧရာဝတီ

ကိုးကန့်ဒေသ ညမထွက်ရ အမိန့် သက်တမ်းထပ်တိုး

by ထွန်းထွန်း
10 September 2019
19.1k

ကိုးကန့်ဒေသအတွင်း ဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) နှင့် တပ်မတော်တို့အကြား ၂၀၁၅ ခုနှစ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြားခဲ့သည်။

စစ်တွေမြို့တွင်  ညမထွက်ရ အမိန့်ကို လိုက်လံ ကြေညာနေစဉ်  / မင်းအောင်ခိုင် / ဧရာဝတီ

စစ်တွေမြို့တွင် ညမထွက်အမိန့် ၁၄၄ ထုတ်ပြန်

by မင်းအောင်ခိုင်
21 August 2020
43k

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ တနေ့တခြား များပြားလာသည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ စစ်တွေမြို့ နယ်အတွင်း ပြည်သူများအနေဖြင့် Stay at Home နေထိုင်ရန် ကန့်သတ်ထားပြီး ပြည်နယ် အစိုးရအဖွဲ့မှလည်း ပိုးတွေ့ လူနာများ နေထိုင်ရာ ရပ်ကွက်ရှိ...

Next Post
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်နေကြသည့် ဝမ်ပေါင်ကုပ္မဏီက မြန်မာလုပ်သားများ

ဝမ်ပေါင်ကုမ္ပဏီက မြန်မာအလုပ်သမားများ အာဏာသိမ်းအစိုးရကို ဆန္ဒပြ

ယနေ့ နံနက်ပိုင်း ဖမ်းဆီးခံရသည့် ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုး

တောင်ကုတ် NLD ခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved