• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မော်လမြိုင် ဆန္ဒပြကျောင်းသားများ ပစ်ခတ်ဖြိုခွင်းခံရ၊ ထိခိုက်ဒဏ်ရာများရှိ

by ဧရာဝတီ
12 February 2021
in သတင်း
A A
ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ကျောင်းသားများကို ကုသမှုပေးနေစဉ်

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ကျောင်းသားများကို ကုသမှုပေးနေစဉ်

13.8k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် မော်လမြိုင်မြို့အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသည့် ကျောင်းသားများကို ပစ်ခတ် ဖမ်းဆီးသဖြင့် ပြန်လွှတ်ပေးရန် လမ်းပေါ်ထွက်လာပြီး တောင်းဆိုကြသည့် ဒေသခံများကို ရဲတပ်ဖွဲ့က ယနေ့ ညနေပိုင်းတွင် ထပ်မံပစ်ခတ် ဖြိုခွင်းသောကြောင့် လူတချို့ ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် လတ်တလောတွင် ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦးကိုသာ အတည်ပြုနိုင်ပြီး ကျန်သူများကို ဧရာဝတီ မှ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
42
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
66

ဆန္ဒပြ လူအုပ်အတွင်း ရှိနေသည့် ဦးကျော်ကျော်ဝင်းက “ကျနော်မြင်တာ ယေားကျာ်းလေး ၂ ယောက် မြင်တယ်။ ကောင် မလေး ၁ ယောက်လည်း ကျနော့်နားမှာပဲ ပွန်းပဲ့ဒဏ်ရာ ရသွားတယ်။ သူကတော့ ကျည်ထိမထိ မသေချာဘူး။ အကုန်ဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တာ။ ကလေးတွေကို ပြန်လွှတ်ပေးမယ်ပြောပြီးမှ ထပ်ပစ်တာ” ဟု ပြောသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီခွဲတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမည့် ကျောင်းသားများကို မော်လမြိုင်တက္ကသိုလ် ပရိဝုဏ်အနီးတွင် ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ၉ ဦး ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူ ၉ ဦးအနက် ၄ ဦးမှာ မည်သည့်နေရာတွင် ချုပ်ထားသည်ကို မသိရသော်လည်း ၅ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခါနီး၌ ဒေသခံလူထု တသောင်းခန့်က ဝိုင်းဝန်းပိတ်ဆို့ပြီး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရဲတပ်ဖွဲ့ဘက်မှ ဖမ်းမိထားသည့် ကျောင်းသားများကို ခံဝန်လက်မှတ် ရေးထိုးခိုင်းကာ ပြန်လွှတ်ပေးပါမည်ဟု ဒေသခံများ နှင့် ကျောင်းသားခေါင်းဆောင်များကို ပြောဆိုပြီး အချုပ်ကား ထွက်ခါနီးတွင် ထပ်မံပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ကျောင်းသားများကို ကုသမှုပေးနေစဉ်

ဒေသခံလူအုပ်ဘက်မှလည်း ကျောက်ခဲများဖြင့် ရဲတပ်ဖွဲ့ ရှိရာဘက်သို့ ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့သည်။

ဦးကျော်ကျော်ဝင်းက “သူတို့ လုပ်ရပ်က အရမ်း မိုက်ရိုင်းတယ်။ မခံနိုင်ဘူးဗျ။ လူထုဘက်ကို ပါကြပါ။ မနက်ကလည်း ကလေးတွေကို ပစ်ခတ်တယ်။ အခုလည်း လူထုကို ထပ်ပစ်တယ်။ ဒါတောင် စစ်အာဏာရှင် အုပ်ချုပ်တာ ရက်ပိုင်းနဲ့ကို ဒီလို ဆက်ဆံနေပြီ။ မတရားသဖြင့် အနိုင်ကျင့်နေတာ စစ်အာဏာရှင်ဆိုတာ ဒါပဲ။ အလိုမရှိဘူး” ဟု ပြောသည်။

ထိုကဲ့သို့ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်တွင် ဖမ်းဆီးထားသည့် ကျောင်းသားများကို ရဲတပ်ဖွဲ့မှ ပြန်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်း အဆိုပါ နေရာတွင် ရှိနေသည့် ဒေသခံ ဦးကြည်ဇော်လွင်က ဧရာဝတီကို ပြောသည်။

၎င်းက “ကျောင်းသား ၉ ယောက်လုံးကို အခုရဲက ပြန်လွှတ်ပေးလိုက်ပြီ။ ခံဝန်ထိုးခိုင်းသလား၊ ဘယ်လိုလဲတော့ အတိ အကျ မသိပါဘူး။ ပြန်တော့လွှတ်ပေးလိုက်ပါပြီ။ ဒေသခံတွေကတော့ အခု ရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ ရှိနေတုန်းပဲ။ အခြေအနေကတော့ တည်ငြိမ်သွားပါပြီ” ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ကျောင်းသား ၉ ဦးအနက် ၄ ဦးသည် မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဖြစ်ပြီး ကျန်သမဂ္ဂ အဖွဲ့ဝင်များ အနေဖြင့်လည်း တိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းကလည်း ကျောင်းသားများ၏ သပိတ် စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် အမျိုးသမီး ၁ ဦး ဗိုက်တွင် ရာဘာကျည်ထိမှန် ဒဏ်ရာရပြီး အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မော်လမြိုင် ကျောင်းသားသပိတ်အား ပစ်ခတ်ဖြိုခွင်းသည်မှာ တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီး နောက် ဖြစ်ပေါ်လာသော ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့က ဒုတိယအကြိမ်မြောက် အကြမ်းဖက် ဖြိုခွင်းခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြလူထုကို ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်း၊ အကြမ်းဖက် ရိုက်နှက်ခြင်း၊ မျက်ရည်ယိုဗုံးများ ခွဲခြင်းဖြင့် လူစုခွဲခဲ့ရာ နေပြည်တော်တွင် ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ကြောင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

ဦးခေါင်း ကျည်ထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးသည် ယနေ့ ညနေပိုင်းတွင် ဦးနှောက် သေဆုံးသွား၍ ဆေးပညာအရ ကွယ်လွန်ပြီဖြစ်ကြောင်း၊ လက်ရှိ၌ အသက်ရှူစက် တပ်ထားပြီး ယင်းစက်ဖြုတ် လိုက်ပါက နာရီပိုင်းအတွင်း နှလုံးခုန်နှုန်း ချက်ချင်း ရပ်သွားမည် ဖြစ်ကြောင်း၊ မိသားစုက အသက်ရှူစက်ဖြုတ်ရန် စိတ်ဆန္ဒ မရှိသေးကြောင်း သိရသည်။

You may also like these stories:

အာဏာသိမ်းစစ်တပ်ကို မကာကွယ်ဖို့ တရုတ်နှင့် ရုရှားသံရုံးရှေ့ ဆန္ဒပြ

လွတ်ငြိမ်းချမ်းသာခွင့်၌ မျိုးချစ်ဆိုသူများပါ လွတ်မြောက်

CDM တွင် ပါဝင်သူများကို ညအချိန်မတော် လိုက်လံဖမ်းဆီး

ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများကို မခြိမ်းခြောက်ဖို့ ILO ပြော

Your Thoughts …
Tags: ကျောင်းသားဆန္ဒပြပစ်ခတ်ဖြိုခွင်းမော်လမြိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

by မိအိသဉ္ဇာမြင့်
9 April 2024
9k

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တောင်ပိုင်းစစ်မျက်နှာပြင်ဖြစ်သော မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ် ကွပ်ကဲရန် ရောက်နေခြင်းဖြစ်ပြီး ယနေ့ထိ ရှိနေဆဲဖြစ်သည်ဟု အတည်ပြုနိုင်ကြောင်း

အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

by မိအိသဉ္ဇာမြင့်
17 April 2024
7.2k

ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မော်လမြိုင်မြို့၌ စစ်ဆင်ရေးများ ထပ်မံလုပ် ဆောင်မည်ဟု ဖော်ပြနေကြသောကြောင့် ပိုမို စစ်ဆေးနေခြင်းဖြစ်နိုင်

ဒေါက်တာတေဇာစန်းတို့ကို စစ်ကော်မရှင် ဆုငွေထုတ်

ဒေါက်တာတေဇာစန်းတို့ကို စစ်ကော်မရှင် ဆုငွေထုတ်

by ဧရာဝတီ
9 December 2025
3.9k

မန္တလေးမြို့လယ်ခေါင် ဈေးချိုတော်အနီး ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့သည့် ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန် ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)တို့ကို စစ်ကော်မရှင်က ဆုကြေးထုတ်ပြီး ပြည်သူများအနေဖြင့် ပူးပေါင်း၍ သတင်းပေးကြရန် စည်းရုံးနေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

by ဧရာဝတီ
13 June 2025
2.7k

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရိုင် ဂိတ်)အား အခွန်ကောက်ယူမှုနှုန်း များလွန်သဖြင့် ဇွန် ၁၁ ရက်မှစတင်ကာ ယနေ့အချိန်ထိ ကားသမားများနှင့် ဒေသခံများက ဆန္ဒပြနေကြောင်း သိရသည်။

ထိုင်းဗီဇာဖြေလျော့ပြီး အပြောင်းအလဲ ပြုလုပ်

ထိုင်းဗီဇာဖြေလျော့ပြီး အပြောင်းအလဲ ပြုလုပ်

by ဧရာဝတီ
29 May 2024
2.7k

ယခင်က arrival visa သည် ၁၄ ရက်သက်တမ်းရပြီး တလ ထပ်မံ သက်တမ်းတိုးခွင့်ရှိရာမှ ယခုအစီအစဉ်အရ ၂ လ တိုးခွင့်ရခြင်းဖြစ်ကြောင်း

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

by မိအိသဉ္ဇာမြင့်
26 March 2024
2.6k

ကော့ဘိန်းမြို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေနတ်တောင်မြို့ မိုင်၅၀ခန့်သာ ဝေးပြီး မတ်လ ၂၅ရက်က ရဲနှင့် စစ်သားများ တပ်စွဲထားသည့် ကော့ဘိန်းရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်း...

Next Post
ပုသိမ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်နေစဉ် / ဧရာဝတီ

ပုသိမ်မြို့ဆန္ဒပြပွဲဦးဆောင်သူ၂ ဦး ဖမ်းဆီးခံရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

နိုင်ငံတကာမှာပါ စစ်ကောင်စီအဖွဲ့ကို တရားစွဲဆိုပါမယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved