• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပူတာအိုတွင် ဖမ်းဆီးခံရသည့် လူငယ် ၅ ဦး ငွေ ၁ သိန်းစီ ဒဏ်ဆောင်စေ၍ ပြန်လွှတ်ပေး

by ဧရာဝတီ
5 March 2021
in သတင်း
A A
ပူတာအိုမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်

ပူတာအိုမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်

51k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသည့် လူငယ် ၅ ဦးကို ဒဏ်ငွေ ၁ သိန်းစီ ဆောင်ခိုင်းကာ ပြန်လွှတ်ပေးလိုက်ပြီ ဟု သတင်းရရှိသည်။

ဒေသခံ ဦးဂျိုးက “မနေ့က သူတို့ ပြန်လွတ်မြောက်လာပါတယ်။ သူတို့ကို တရားစွဲ ရမန်ယူထားပေမယ့် စေ့စပ်ညှိနှိုင်းရေး အဖွဲ့က တရားသူကြီးတွေကိုရော ရဲတွေကိုရော အကူအညီတောင်းတာနဲ့ တယောက်ကို ဒဏ်ငွေ တသိန်းစီနဲ့ ပြန်လွှတ် ပေးလိုက်တာပါ။ သူတို့ ၁ သိန်းစီတော့ ဆောင်ခဲ့ရပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရရာမှ ပြန်လွတ်လာသည့် လူငယ် ၅ ဦးသည် ကိုဖုန်ရော့ဖီနန်၊ ကိုဖေနောင်းအောင်၊ ကိုလဇွမ်အောင်ဒီး၊ ကိုဇန်ထ ရမ်ဆိုင်းနှင့် ကိုအင်ဗျဲ့ဆင်ဝါတို့ ဖြစ်ပြီး ၎င်းတို့သည် ပူတာအိုမြို့တွင်း လူငယ်အသင်းများ၊ လူထုအခြေပြု စီမံကိန်းများတွင် ပါဝင် ဆောင်ရွက်နေသူများ ဖြစ်သည်။

၎င်းတို့ ၅ ဦးကို ဖေဖော်ဝါရီ၂၀ ရက် ညပိုင်းက စစ်တပ်က ဝိုင်းဝန်း ဖမ်းဆီးခဲ့ပြီး ရဲလက်အပ်ကာ အကျဉ်းထောင်တွင် ချုပ် နှောင်ထားခဲ့သည်။

စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် လူ ၅ ဦးထက် ပိုမစုရ ပုဒ်မ ၁၄၄ ကို အာဏာဖီဆန်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ စဉ် ကာလတွင်း လူစုလူဝေးပြုလုပ်ခြင်း တို့ကြောင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ပုဒ်မများ၊ မတရားအသင်း ဆက်သွယ် မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ရန် ပြင်ဆင်ခဲ့သည်။

သို့သော် စစ်ကောင်စီနှင့် လက်တွဲ လုပ်ဆောင်နေသည့် ကချင်ပြည်နယ် စေ့စပ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က လာရောက်ညှိ နှိုင်းပေးရာ ကြီးလေးသည့် ပုဒ်မများဖြင့် တရားစွဲဆိုရန် ပြင်ဆင်ထားမှုများကို ပူတာအို ရဲတပ်ဖွဲ့က ပယ်ဖျက်ပေးခဲ့ခြင်း ဖြစ် သည်။

ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့မှ ဒု ဥက္ကဋ္ဌ တဦးဖြစ်သူ ဒေါ်ဘောက်ဂျာက “သူတို့ လွတ်မြောက်လာဖို့ လို အပ်တဲ့ အရာအားလုံး ကျမတို့ ညှိနှိုင်း ပြောဆိုပါတယ်။ တရားရုံးက အစပေါ့။ မနေ့က ၁၂ နာရီလောက်မှာ လူငယ်တွေကို တရားရုံးကို ခေါ်သွားတယ်။ အစတုန်းက သူတို့ကို ပုဒ်မအများကြီး တပ်ဖို့ စီစဉ်တယ်။ ဒါပေမယ့် မနေ့က သဘာဝ ပတ်ဝန်း ကျင်နဲ့ ကိုဗစ်ပုဒ်မပေါ့။ အသက်ညှာဆုံးနဲ့ ချမှတ်လိုက်ပါတယ်။ ပုဒ်မ၂၉ (က)ပေါ့။ တရားရုံးက ငွေဒဏ် တသိန်းသို့မဟုတ် ထောင်ဒဏ် ၆ လပြောတဲ့အပေါ်မှာ ကျမတို့က ငွေဒဏ်နဲ့ လက်ခံလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က စစ်ကောင်စီ၏ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီထံတွင် လူငယ် များကို ပြန်လွှတ်ပေးရန် တင်ပြပြီး ခွင့်ပြုချက်ရသည့်အချိန်တွင် ပူတာအိုသို့ သွားကာ ရဲတပ်ဖွဲ့၊ တရားရုံးတို့နှင့် ထပ်မံညှိနှိုင်း မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်ဘောက်ဂျာက ၎င်းတို့ အဖွဲ့အနေဖြင့် ကချင်လူထု၏ အမြင်စောင်းမှုနှင့် ရင်ဆိုင်နေရသော်လည်း ဆန္ဒပြမှုကြောင့် ဖမ်း ဆီးခံရကာ အကျဉ်းထောင်တွင်း ရောက်နေသူများ လွတ်မြောက်ရေးအတွက် ဆက်လက် လုပ်ဆောင်ပါမည်ဟု ပြော သည်။

ကချင်လူထုက ဒေါ်ဘောက်ဂျာတို့၏ ကချင်ပြည်နယ်စေ့စပ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ကို စစ်ကောင်စီ၏ လက်အောက်မှ ဖွဲ့ စည်းထားသည့် အဖွဲ့၊ စစ်ကောင်စီနှင့် ညှိနှိုင်းသည့် အဖွဲ့ဖြစ်သဖြင့် အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြထားသည်။

မြစ်ကြီးနားမြို့ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထားသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) ကိုသာ လူထုဘက် မှ ရပ်တည် ညှိနှိုင်းပေးသည့် အဖွဲ့အဖြစ် လက်ခံကြောင်း ကချင်လူထုများက ပြောဆိုလျက် ရှိသည်။

PCG သည်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို သွေးထွက်သံယို မဖြစ်စေရေး၊ ဖမ်းဆီးထားသူ များ လွတ်မြောက်ရေးအတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်ကောင်စီ၏ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကော်မတီ ၊ ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
7
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
61
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
21

You may also like these stories:

ဝိုင်းမော်တွင် မူလတန်းကျောင်းအုပ်နှင့် ဒေသခံ ၁ ဦးကို ဖမ်း၍ အကျဉ်းထောင်သို့ ပို့

အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ၇ ဦး ငွေ ၈ သောင်း ဒဏ်ဆောင်စေ၍ ပြန်လွှတ်

ပူတာအိုတွင် ဆန္ဒပြသူများကို ပုဒ်မအမျိုးမျိုးတပ် တရားစွဲ

Your Thoughts …
Tags: စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်ဒဏ်ငွေပူတာအို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 January 2025
1.7k

အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ်ဆိုရင် ဒါက ပြည်သူတွေ အပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး

ဦးတေဇ၊ မိုးဖုန်းဆရာတော်နှင့် ဦးသုခမိန္ဒတို့၏ ပူတာအို ခရီးစဉ် / Sao Su Kham

မိုင်းဖုန်းဆရာတော် ခရီးစဉ်နှင့်အတူ ခရိုနီဦးတေဇ ပြန်ပေါ်လာ

by ဧရာဝတီ
19 April 2023
11.8k

လတ်တလောတွင် စစ်ကောင်စီသည် ဦးတေဇ၏ ထူးအုပ်စုကို မြန်မာသို့ တလလျှင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်း တန်သည့် စားအုန်းဆီများ တင်သွင်းခွင့်ပြုထားသည်။

ပူတာအိုမြို့

ပူတာအိုမြို့

by ဧရာဝတီ
21 December 2024
804

ပူတောင်းကို အင်္ဂလိပ်များ သိမ်းပိုက်ပြီး အင်္ဂလိပ် ဘာသာဖြင့် (PUTAO) ဟု ရေးရာမှ မြန်မာ အသံထွက် ပူတာအို ဖြစ်သွားကြောင်း သိရသည်။

တိုက်ပွဲကြောင့် ပူတာအိုခရိုင်၌ စက်သုံးဆီနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်နေ

တိုက်ပွဲကြောင့် ပူတာအိုခရိုင်၌ စက်သုံးဆီနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်နေ

by ဧရာဝတီ
7 May 2024
425

ပူတာအိုခရိုင်ရှိ ၅ မြို့နယ်လုံးမှာ လက်ရှိအချိန်တွင် စက်သုံးဆီသာမက အခြေခံစားသောက်ကုန်တို့မှာ လည်း နေရာတချို့ ၌ လုံးဝပြတ်လပ်နေပြီး၊ စက်သုံးဆီရရှိရန်အတွက် ဒေသခံအများစုမှာ လမ်းဘေး၌ မှောင်ခိုရောင်း ချသည့် ဆိုင်များကိုသာ အားထား၍ ဝယ်ယူနေ

ပူတာအိုတွင် ဆန်ပြတ်မည်ကို ဒေသခံများစိုးရိမ်

ပူတာအိုတွင် ဆန်ပြတ်မည်ကို ဒေသခံများစိုးရိမ်

by မိအိသဉ္ဇာမြင့်
17 June 2024
305

ယခုနှစ်တွင် လယ်သမား ၈၀ ရာခိုင်နှုန်းနီးပါး စပါးမစိုက်နိုင်သေးကြောင်းနှင့် ကျွဲ၊ နွား မရှိသည့် တောင်သူတချို့မှာ လူအင်အားကို အသုံးပြုပြီး လယ်ထွန်နေကြရကြောင်း

ပူတာအိုခရိုင်ရှိ မြို့အချို့တွင် အခြေခံစားကုန် ပြတ်လပ်

ပူတာအိုခရိုင်ရှိ မြို့အချို့တွင် အခြေခံစားကုန် ပြတ်လပ်

by မိအိသဉ္ဇာမြင့်
9 July 2024
226

နှစ်ဖက်အဖွဲ့အစည်းများညှိနှိုင်းမှုကြောင့် ဇွန် ၈ ရက်မှစတင်ပြီး ကားလမ်းကို အကန့်အသတ်ဖြင့် ပြန်လည် အသုံးပြုခွင့်ပေးခဲ့ပြီးနောက် ၂ ပတ်ကျော်အကြာတွင် ရေကြီးရေလျှံမှုဖြစ်ပွားကာ မြေပြို၍ကားများ ပိတ်မိနေပြီး၊ ကုန် ဈေးနှုန်း ထပ်မံမြင့်တက်နိုင်

Next Post
ကြေညာချက်ကို မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်းကလည်း ထောက်ခံသည် / ဧရာဝတီ

ပြည်တွင်းပြည်ပ ကုမ္ပဏီများ စစ်အာဏာသိမ်းမှုကို ရှုတ်ချ

ရခိုင်အမျိုးသားပါတီ (ANP) / ဧရာဝတီ

သမိုင်းတရားခံ အဖြစ်မခံနိုင်ဟုဆိုကာ ANP ပါတီဗဟိုကော်မတီဝင်တဦး နုတ်ထွက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved