• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အကြမ်းဖက်မှုရပ်ရန် ASEAN တောင်းဆိုချက် NUG ကြိုဆို

by ဧရာဝတီ
25 April 2021
in သတင်း
A A
NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာ / CNN

NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာ / CNN

15.3k
VIEWS
Share on FacebookShare on Twitter

ယမန်နေ့ ဧပြီလ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့သော အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှ ထုတ်ပြန်သော ကြေညာချက်ပါ “အကြမ်းဖက်မှုများ ချက်ခြင်း ရပ်စဲရန်”ကို မြန်မာ အတိုက်အခံ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော ရွေးကောက်ခံအရပ်သားအစိုးရ အဖွဲ့ဝင်များအား ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းခဲ့ချိန်မှ စပြီး မြန်မာနိုင်ငံတွင် လူထုလူတန်းစားအသီးသီးက စစ်အာဏာသိမ်းမှုကို အာခံပြီး နေ့စဉ်မပြတ် ဆန္ဒပြဆန့်ကျင်နေခဲ့ကြသည်။

အရပ်သားဆန္ဒပြသူတို့အား အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များက အင်အားသုံး အကြမ်းဖက်နှိမ်နင်းခြင်းကြောင့် လူ ၇၄၀ ကျော် သေဆုံးပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
144
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
31
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
65

သို့သော် အာဆီယံခေါင်းဆောင်များ အစည်းအဝေးက စနေနေ့ညပိုင်း အားလုံးသဘောတူ ထုတ်ပြန်ကြေညာချက်တွင် “ပထမဦးစွာ အကြမ်းဖက်မှုများ ချက်ခြင်းရပ်ဆိုင်းသင့်ပြီး ဘက်ပေါင်းစုံက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်ကြသည်”ဟု ရေးသားခဲ့သည်။

အာဆီယံအနေဖြင့် “မြန်မာပြည်သူတို့၏ အကျိုးငှာ ငြိမ်းချမ်းသော အဖြေတရပ် ရှာဖွေရေး” ဘက်ပေါင်းစုံမှ အဖွဲ့အစည်းများကြား “အပြုသဘောဆောင် ဆွေးနွေးစကားပြောဆိုရေး” ကြားဝင်ညှိနှိုင်းပေးရန် အထူးကိုယ်စားလှယ်ကို ခန့်ထားပြီး မြန်မာနိုင်ငံသို့ စေလွှတ်ရန်လည်း တောင်းဆိုသည်။

မကြာသေးမီက ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များနှင့် အရပ်ဘက် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းခဲ့သော စင်ပြိုင်အစိုးရ NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက အာဆီယံ၏ အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် တောင်းဆိုချက်ကို “အားတက်ဖွယ်ရာ သတင်း”ဟု ရေးသားတုံ့ပြန်ခဲ့သည်။

“ဒါက အမျိုးသားညီညွတ်ရေးအစိုးရ တောင်းဆိုနေတာပါ။ ဒီအစည်းအဝေးက တာဝန်ပေးလိုက်တဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ စေ့စပ်ညှိနှိုင်းမှုကို ကျနော်တို့ စိတ်အားထက်သန်စွာ စောင့်နေပါတယ်” ဟု ဒေါက်တာ ဆာဆာက ထုတ်ပြန်ခဲ့သည်။

“အာဆီယံ ဆုံးဖြတ်ချက်ကို နောက်ဆက်တွဲလုပ်ဆောင်ရန်၊ ကျနော်တို့ ပြည်သူတွေနဲ့ ဒေသတွင်းအတွက် ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် ပြန်လည်ထိန်းသိမ်းဖို့ ခိုင်မာတဲ့ အကောင်အထည်ဖော်မှုတွေကို ကျနော်တို့ မျှော်လင့်နေပါတယ်”ဟုလည်း သူက ရေးသားသည်။

မြန်မာ့အရေး ကြားဝင်ဖြေရှင်းရန် အာဆီယံအသင်း၏ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရောက်ရေးကို အစည်းအဝေး လာရောက်တက်ခဲ့သော အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မငြင်းသွားဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လုန်းက သတင်းထောက်များကို ပြောဆိုကြောင်း သိရသည်။

သို့သော် ယင်း သံတမန်ရေး ထုတ်ပြန်ကြေညာချက်များက မြန်မာပြည်တွင်းရှိ လက်တွေ့ဖြစ်ပျက်နေမှုများအပေါ် မည်သို့အကျိုးသက်ရောက်မည်မှာ မရှင်းလင်းလှပေ။

ဒေါက်တာဆာဆာ ပါဝင်သော NUG အစိုးရကို အာဏာသိမ်း စစ်ကောင်စီက တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာထားပြီး အဖွဲ့ဝင်များအား နိုင်ငံတော် သစ္စာဖောက်အဖြစ် ကြေညာထားသလို အပြန်အလှန်အားဖြင့် စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NUG ကို ဦးဆောင်ဖွဲ့သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ကြေညာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နှင့် နိုင်ငံတကာရာဇဝတ်ရုံး (ICC)တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအတွက် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေ အတွင်းရေးမှူးထံသို့ NUG က ဧပြီ ၂၂ ရက်တွင် အကြောင်းကြားစာ ပို့ခဲ့သလို စစ်ကောင်စီဘက်ကလည်း CRPH ဦးဆောင်သူများကို ဖမ်းဆီးရမိရေး အင်တာပိုလ်သို့ အကြောင်းကြားခဲ့သည်။

ထို့အပြင် လတ်တလော အနေအထားထိ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရန်ကုန်မြို့တွင် ပြန်လည်မြင်တွေ့လာရအပြီး စစ်ကောင်စီ တပ်ဖွဲ့များက ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ လိုက်လံဖမ်းဆီးနေသော သတင်းများ ထွက်ပေါ်လာဆဲ ဖြစ်သလို စနေနေ့ထိ လူ ၃၃၈၉ ကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။

“(အာဆီယံ) တောင်းဆိုချက်တွေထဲမှာ မတရားဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ မပါလာတော့ပြန်ပါဘူး။ ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံးနဲ့တွေ့ဆုံကြဖို့ပြောထားပေမယ့် ပါဝင်သက်ဆိုင်သူတွေကို ဆက်လက်ဖမ်းဆီးထားရာက ပြန်လွှတ်ပေးဖို့ မတောင်းဆိုတာဟာ သဘာဝမကျပါဘူး” ဟု လူ့အခွင့်အရေးဆိုင်ရာ ပညာပေးလုပ်ငန်းများကို စစ်အာဏာမသိမ်းခင်ကအထိ လုပ်ကိုင်နေခဲ့သော ညီမျှခြင်း မြန်မာ အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆိုသည်။

အာဆီယံ၏ ထုတ်ပြန်ချက်တွင် ခေါင်းဆောင်များအနေဖြင့် “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုချက်များအား ကြားသိကြောင်း” ထည့်သွင်းရေးသားထားသော်လည်း တောင်းဆိုချက် ၅ ချက်တွင်မူ မထည့်သွင်းဘဲ ချန်ထားခဲ့သည်။

ဂျကာတာမှ လာသော သတင်းများအရ အစည်းအဝေးတွင် အိမ်ရှင် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူခေါင်းဆောင်များက နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးကလည်း အာဆီယံ၏ ကြားဝင်စေ့စပ်ရေး မည်မျှအလုပ်ဖြစ်မည်ကို မေးခွန်းထုတ်လိုက်သည်။

“အာဆီယံထိပ်သီးအစည်းအဝေးက ရလဒ်တွေက မြန်မာပြည်မှာပဲ တွေ့ရမှာပါ၊ စာရွက်တွေပေါ်မှာ မဟုတ်ဘူးဟု” တွမ်အင်ဒရူးက ၎င်း၏ တွစ်တာစာမျက်နှာတွင် တနင်္ဂနွေနေ့က ရေးသည်။

“သတ်ဖြတ်မှုတွေ ရပ်သွားမလား။ ရပ်ကွက်တွေထဲ အကြမ်းဖက်တာတွေ ပြီးသွားမလား။ ဖမ်းဆီးထားသူတွေ လွတ်လာမလား။ တရားလက်လွတ်လုပ်ရပ်တွေ ဆက်ဖြစ်နေမလား” ဟု သူက ရေးသားပြီး အာဆီယံအထူးကိုယ်စားလှယ်နှင့် အလုပ်လုပ်ရန် “စိတ်မသက်မသာ”ဖြစ်နေကြောင်းလည်း ဆိုသည်။

You may also like these stories:

ASEAN ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရေး ဗိုလ်ချုပ်မှူးကြီး “မငြင်း”ဟု ဆို

ASEAN ဆွေးနွေးပွဲ မြန်မာတွေ မျှော်လင့်ချက် သိပ်မထား

စစ်ကောင်စီကို ASEAN အသိအမှတ်မပြုရေး NUG တောင်းဆို

မိမိပဋိဉာဉ်ကို မိမိချိုးဖေါက်သော ASEAN

Your Thoughts …
Tags: AseanNUG ကြိုဆိုစစ်အာဏာသိမ်းဒေါက်တာဆာဆာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လူ့အခွင့်အရေးလှုပ်ရှားသူများသံသယရှိနေအကြမ်းဖက်မှုရပ်ရန် တောင်းဆိုချက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.5k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

Next Post
ပြည်နယ်နှင့် တိုင်းများရှိ ဆန္ဒပြပွဲများတွင် NUG အစိုးရကို ထောက်ခံကြောင်း ပြသနေမှုများ

NUG နဲ့ အတူ ဘယ်သူတွေ ရပ်တည်နေကြသလဲ

မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေး သဘောတူညီချက်အပေါ် အမြင်များ

မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေး သဘောတူညီချက်အပေါ် အမြင်များ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved