• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

မိမိပဋိဉာဉ်ကို မိမိချိုးဖေါက်သော ASEAN

by ဧရာဝတီ
23 April 2021
in အင်တာဗျူး
A A
မန္တလေးမှ ဘုန်းတော်ကြီးများ ဧပြီလ ၂၁ ရက်နေ့က ထောက်ခံဆန္ဒပြကြစဉ် / တေဇာစန်း

မန္တလေးမှ ဘုန်းတော်ကြီးများ ဧပြီလ ၂၁ ရက်နေ့က ထောက်ခံဆန္ဒပြကြစဉ် / တေဇာစန်း

20.7k
VIEWS
Share on FacebookShare on Twitter

ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆိုးရွားလာသော မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး အဖြေရှာရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် စနေနေ့တွင် ထိပ်သီးအစည်းအဝေးတခုကို ဂျကာတာတွင် ကျင်းပမည်ဖြစ်သည်။

ASEAN အဖွဲ့ဝင်နိုင်ငံတခုဖြစ်သော မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးချိန်မှ စတင်ပြီး သွေးချောင်းစီးမှုများ ကြုံတွေ့ရကာ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် အရပ်သား ၇၀၀ ကျော်ကို စစ်ကောင်စီတပ်များက ပစ်သတ်ခဲ့သည်။ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများ ဖြစ်ပေါ်လာပြီး အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော ASEAN အနေဖြင့် ပါဝင်ပတ်သက်လာရသည်။ အင်ဒိုနီးရှားအပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့၏ အစီအစဉ်အရ ထိပ်သီးဆွေးနွေးပွဲကို စနေနေ့တွင် စီစဉ်ထားသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုထိပ်သီး အစည်းအဝေးကို က်ိုယ်တိုင်တက်ရောက်မည်ဖြစ်ပြီး ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်များကို ထို ထိပ်သီးစည်းဝေးပွဲသို့ ဖိတ်ကြားခြင်းမရှိပေ။

ASEAN အစိုးရများသည် မြန်မာစစ်ကောင်စီဖက်မှ ရပ်တည်ပါက ၎င်းတို့သည် မြန်မာပြည်သူများကို ဆန့်ကျင်ရုံသာမက ASEAN ပြည်သူများအားလုံးကို ဆန့်ကျင်ခြင်းလည်းဖြစ်ကြောင်း မြန်မာနိုင်ငံမှ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အားပေးသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း တခုဖြစ်သော Alternative ASEAN Network on Burma (Altsean-Burma) ကို တည်ထောင်သူ ဒက်ဘီ စတော့ဟတ် ကပြောသည်။

စနေနေ့တွင် ကျင်းပမည့် ထိပ်သီးစည်းဝေးပွဲနှင့် ပတ်သက်ပြီး ဒက်ဘီ စတော့ဟတ်အား မေးမြန်းထားသည်များကို အောက်တွင် တည်းဖြတ်ဖေါ်ပြထားသည်။

မေး။ စစ်အာဏာသိမ်းမှုအပေါ် ASEAN ရဲ့ ရပ်တည်ချက်ကို ဘယ်လိုပြောချင်လဲ။

ဖြေ။ ASEAN က ရပ်တည်ချက်ကို မဖေါ်ပြဖို့ ကြိုးစားနေတယ်။ သူတို့က က်ိုယ်လုပ်ရမယ့်အလုပ်ကို မလုပ်ကြဘူး။ ဒီအကျပ်အတည်းကို တုံ့ပြန်ဖို့ သူတို့နှောင့်နှေးနေတယ်။ တကယ်တော့ ဒါက မြန်မာနိုင်ငံအခြေအနေကို ပိုမိုဆိုးရွားစေတယ်။ ASEAN က တုံ့ပြန်ဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် ၂ လခွဲအတွင်းမှာ တရားမဝင် စစ်အာဏာသိမ်းမှုတခုဟာ နိုင်ငံတဝန်းမှာ ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားစေတယ်။ ဒါကြောင့် ပြဿနာကတော့ ASEAN ရဲ့ ရပ်တည်မှု ကင်းမဲ့ခြင်းပဲဖြစ်တယ်။

အခုနောက်ဆုံးကျတော့ သူတို့ စတင်လှုပ်ရှားလာတယ်။ သူတို့က အရေးပေါ်ထိပ်သီးအစည်းအဝေးတခု ကျင်းပချင်တယ်။ ဒါပေမယ့် သူတို့ရဲ့ တုံ့ပြန်မှုနှောင့်နှေးခြင်းက သူတို့ရဲ့ အဆင့်အတန်းကို တကယ်ပဲ ထိခိုက်စေပြီး စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သူတို့ရဲ့အဆင့်အတန်းကိုလည်း တကယ်ပဲ ထိခိုက်စေတယ်။

အခုတော့ အခြေအနေက ဘယ်လောက်လေးနက်ပြင်းထန်တယ်ဆိုတာကို သူတို့စတင်သဘောပေါက်လာပြီ။ ဖေဖေါ်ဝါရီလကတည်းက ဒီထိပ်သီးစည်းဝေးပွဲကို ကျင်းပရမှာဖြစ်တယ်။

မေး။ စစ်အာဏာသိမ်းခေါင်းဆောင် ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ASEAN က ဖိတ်ကြားပြီး သူတို့ကိုလည်း ဖိတ်ကြားပါလို့တောင်းဆိုထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရကျတော့ ဘာမှမပြောဘူး။ အဲဒါ မှန်ကန်တယ်လို့ ထင်လား။

ဖြေ။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို အဆိုးရွားဆုံးပုံစံနဲ့ စွက်ဖက်လိုက်တာဖြစ်တယ်။ ASEAN အစိုးရတွေကိုယ်တိုင်က ASEAN ရဲ့ ပဋိဉာဉ်
ကို ပြန်ပြီး ချိုးဖေါက်လိုက်တာဖြစ်တယ်။ သူတို့က တရားဝင် အစိုးရဖြစ်တဲ့ NUG ကို မဖိတ်ကြားဘဲ တရားမဝင် စစ်ကောင်စီကို ဖိတ်ကြားလိုက်တာဖြစ်တယ်။

Alternative ASEAN Network on Burma (Altsean-Burma) ကို တည်ထောင်သူ ဒက်ဘီ စတော့ဟတ်

အဲဒါဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ခွဲထွက်ရေးလှုပ်ရှားမှုကို ထိပ်သီးစည်းဝေးပွဲကို ဖိတ်ကြားပြီး ထိုင်းအစိုးရ မဖိတ်ကြားတဲ့ သဘောဖြစ်နေတယ်။ ASEAN က သမ္မတ ဘိုင်ဒင်ကို ထိပ်သီးစည်းဝေးပွဲ ဖိတ်ရမယ့်အစား ဒေါ်နယ်ထရမ့်ကို ထိပ်သီးစည်းဝေးပွဲကို ဖိတ်တာနဲ့အတူတူပဲ။ သူတို့က ASEAN ရဲ့ အရေးအပါဆုံး စည်းမျဉ်းကို ချိုးဖေါက်လိုက်တာဖြစ်တယ်။

မေး။ ဒါပေမယ့် တခြားနိုင်ငံတွေက တိုက်တွန်းတဲ့အတိုင်း ကြားဝင်ဆောင်ရွက်ပေးတာလို့ ASEAN က ပြောမှာပေါ့။

ဖြေ။ တကယ်လို့ သူတို့က ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင် ဆွေးနွေးပွဲ စားပွဲဝိုင်းမှာ ရာဇဝတ်ကောင်တွေ သာမက အားလုံးပါဖို့ လိုတယ်။

မေး။ ဒါဆို ASEAN က ဘာလုပ်သင့်လဲ။

ဖြေ။ ASEAN အနေနဲ့ အမှားပြင်ဖို့ သိပ်နောက်မကျသေးဘူး။ သူတို့က NUG ကို ဒီထိပ်သီးစည်းဝေးပွဲကို ဖိတ်ကြားဖို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လေ့လာသူတွေကို ဒီထိပ်သီးစည်းဝေးပွဲကို ဖိတ်ကြားဖို့ သတ္တိရှိတယ်ဆိုရင် စစ်ကောင်စီရဲ့ လေးစားမှုကို ပိုမိုရရှိမှာဖြစ်တယ်။ ASEAN အနေနဲ့ တခုခုလုပ်တယ်ဆိုတာကို ပြရုံသက်သက်မကဘဲ အခြေအနေ ထူးခြားအောင် လုပ်ချင်ရင် အဲဒီအတိုင်းပဲ လုပ်ရမယ်။

ASEAN က ဘာလုပ်ခဲ့တယ်ဆိုတာကို ပြောတဲ့အခါ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း လူသားချင်းစာနာမှုအကျပ်အတည်းကြောင့် မြန်မာနိုင်ငံကို တံခါးဖွင့်စေခဲ့တယ်လို့ ASEAN ကပြောတယ်။ အကူအညီတွေပေးဖို့ အနောက်နိုင်ငံရေတပ်တွေ မြန်မာရေပိုင်နက်ထဲဝင်လာတာကို သူတို့ မကန့်ကွက်ဘူးလို့ ASEAN က အဲဒီတုန်းက စစ်အစိုးရကို ခြိမ်းခြောက်ခဲ့လို့သာ ဒီလိုလုပ်နိုင်ခဲ့တာဖြစ်တယ်။

ဆိုင်ကလုန်းနာဂစ်ကာလတွေကို ပြန်မှတ်မိရင် အမေရိကန်လေယာဉ်တင်သင်္ဘောတွေက မြန်မာ့ကမ်းလွန်မှ နှစ်ပတ်လောက် ရှိနေတယ်။ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံကို အာရုံစိုက်ပြီး အစီအစဉ်ထဲမှာ ထည့်သွင်းရေးဆွဲထားတယ်။ ဒီတော့ ASEAN က “ မင်းတို့ တခုခုလုပ်သင့်တယ်။ မလုပ်လို့ အမေရိကန်ရေတပ်က မင်းတို့ပိုင်နက်ထဲဝင်လာရင် ငါတို့က ဘာမှဝင်ပြောမှာ မဟုတ်ဘူး။ ဒီတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တခုခုထလုပ်ပြီး “အိုကေ အိုကေ အကူအညီနည်းနည်း နိုင်ငံထဲဝင်ဖို့ ခွင့်ပြုမယ်” လို့ပြောတာ။

ဒီတော့ ASEAN က ဝင်ပြီး နာမည်ကောင်းယူတယ်။ တကယ် အနောက်နိုင်ငံရေတပ်တွေ အဆင်သင့် မရှိရင် ASEAN လုပ်တာက ထိရောက်မှုရှိမှာ မဟုတ်ဘူး။ ဒါကြောင့် အခုကိစ္စမှာလည်း ဒီတရားမဝင်စစ်ကောင်စီက ဖန်တီးလိုက်တဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မိတ်ဆွေအနေနဲ့ ASEAN က ဖိတ်ကြားဖို့လိုတယ်။

မေး။ အခုလည်း တရုတ်နဲ့ရုရှားကလွဲလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ထောက်ခံမှုအများအပြားရပြီး အနောက်နိုင်ငံတွေကလည် ဒီစစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီကို ရှုတ်ချနေတယ်။ အခြေအနေခြင်းမတူပေမယ့် ၂၀၀၈ ခုနှစ်က အနေအထားမျိုးပြန်ဖြစ်လာတဲ့ ပုံမျိုး မဟုတ်ဘူးလား။ အခုလက်ရှိအကျပ်အတည်းမှာ ASEAN ကကြားဝင်ဆောင်ရွက်ဖို့ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို အခုလည်း ရနေတာပဲ မဟုတ်ဘူးလား။

ဖြေ။ နိုင်ငံတကာ အသိုက်အဝန်းမှာ အနောက်ကမ္ဘာမှာ အတော်အတန်ရှေးကျတဲ့ ဥရောပသမဂ္ဂ ကတောင်မှ တော်တော်လေးကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်ထားပြီးပြီ။ အခုအပတ်ထဲမှာပဲ သူတို့က စစ်တပ်ပိုင် လုပ်ငန်းနှစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေး ဦးပ်ိုင်လီမိတက် (MEHL) ကို အရေးယူလိုက်ပြီ။ ဒါကြောင့် မြန်မာနိုင်ငံဟာ နောက်ထပ် ဆီးရီးယား နိုင်ငံတခုဖြစ်မလာခင် အရေးပေါ်ဆောင်ရွက်ဖို့လိုတယ်ဆိုတာကို အခြားနိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ နားလည်လာတာကို တွေ့နိုင်တယ်။

မြန်မာနိုင်ငံဟာ နောက်ထပ်ဆီးရီးယားနိုင်ငံတခုဖြစ်လာရင် အဆိုးရွားဆုံး ခံစားရမှာက ASEAN နိုင်ငံတွေ၊ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ပဲဖြစ်မှာမို့လို့ ASEAN အနေနဲ့အခြေအနေကို အရေးထားဖို့ လုံးဝအရေးကြီးတယ်။ တရုတ်ကလည်း ဒါကို အပြည့်အ၀ နားလည်တယ်။ ဒါကြောင့် တရုတ်က ခိုင်မာတဲ့သဘောထားတခုကို တနည်းနည်းနဲ့ မဖေါ်ပြဘဲ ASEAN အနေနဲ့ တခုခု လုပ်ဖို့ တိုက်တွန်းဖို့ ကြိုးစားနေတာဖြစ်တယ်။ သူတို့က သူတို့အကျိုးစီးပွားကို ကာကွယ်နေကြတယ်။

အခြေအနေက နောက်ထပ်ဆီးရီးယားနိုင်ငံတခု အခြေအနေလို ဆိုးရွားသွားရင် ဘာရိုက်ခတ်မှုကိုမှ မခံစားရမှာက ရုရှားဖြစ်တဲ့အတွက် ပိုမိုကြီးမားတဲ့ ပြဿနာက ရုရှားပဲလို့ ထင်တယ်။ ရုရှားက နောက်ထပ်လက်နက်တွေ ထပ်မံပံ့ပိုးနေတယ်။ တကယ်တော့ အာဏာမသိမ်းခင်လေးကတင် လက်နက်တွေ အကြီးအကျယ်ရောင်းဖို့ သဘောတူထားတာ။ တကယ်တန်း အရှိတရားကတော့ ကမ္ဘာမှာ ဖျက်ဆီးလို့မရတဲ့ နိုင်ငံဆိုတာ မရှိဘူး။ မကျဆုံးနိုင်တဲ့ နိုင်ငံဆိုတာ မရှိဘူး။ တရုတ်နဲ့ ရုရှားကိုတောင်မှ ဖျောင်းဖျလို့ ရနိုင်တယ်။

ဒါပေမယ့် လိုအပ်နေတဲ့ အသံက ASEAN ရဲ့ အသံပဲဖြစ်တယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ စကားပြောတဲ့အခါ သူတို့က “နိုင်ငံနဲ့ ဒေသအနေနဲ့ တခုခုလုပ်ရမယ်၊ ပြောရမယ်” လို့ပြောကြတယ်။ ကောင်းပြီ။ နိုင်ငံကတော့ အခုပြိုကွဲသွားပြီ။ ဒီတော့ ဒေသအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ပေါင်းပြီး အရေးယူရမယ်၊ အကြမ်းဖက်မှုရပ်ရမယ်။ ဒါဟာ အမြန်ဆုံးလုပ်ရမယ့် အလုပ်ပဲ။

မေး။ ASEAN ထဲမှာ သဘောထားကွဲနေပုံရတယ်။ ဥပမာဆိုရင် မလေးရှားနဲ့ အင်ဒိုနီးရှားက မြန်မာပြည်သူတွေကို ထောက်ခံပြီး ကျန်တဲ့ နိုင်ငံတွေက မထောက်ခံဘူး။ ထိုင်းက ခြံစည်းရိုးပေါ် ခွထိုင်နေတယ်။ ASEAN ဟာ သွေးကွဲနေတယ်၊ မြန်မာ့အရေးမှာ ကြားဝင်ဖို့ဆိုတာ ဒီအဖွဲ့အတွက် မကြုံဘူးတဲ့ ပြဿဖြစ်တယ်လို့ တချို့လေ့လာသူတွေက မြင်ကြတယ်။ အဲဒါကို ဘယ်လိုမြင်လဲ။

ဖြေ။ တရားမဝင် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုက မြန်မာနိုင်ငံကို ညီညွတ်သွားစေတယ်။ အဲဒီညီညွတ်မှုက ASEAN ကိုလည်း ညီညွတ်ပြီး တခုခုလုပ်စေမယ်လို့ မျှော်လင့်တယ်။ ပကတိ အရှိတရားကို ပြောရမယ်ဆိုရင် ASEAN မှာ ညီညွတ်မှုအတွက် အားလုံးသဘောတူညီမှုမရှိဘူးဆိုရင် သူတို့ဟာ အာဏာရှင် ဖြစ်နိုင်ခြေရှိသူတိုင်း၊ စစ်တပ်တိုင်း၊ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းကို အာဏာသိမ်းဖို့ အားပေးနေတာပဲဖြစ်ပြီး ငါတို့က ဘာမှဝင်မပြောဘူးလို့ ပြောနေတာပဲဖြစ်မယ်။ သူတို့တွေဟာ အကြမ်းဖက်အာဏာသိမ်းဖို့ ဒီအင်အားစုအားလုံးကို အားပေးနေတာပဲဖြစ်တယ်။ မြန်မာနိုင်ငံမှာ မီးလောင်နေပြီး မီးက ပျံ့နှံ့လာနေတာကို တွေ့နေရပြီ။ ဒေသတခုလုံးကို မီးတောက်မီးလျှံတွေ ဝါးမြိုသွားတာကို ကျမတို့ မမြင်ချင်ဘူး။ ASEAN နိုင်ငံတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အဲဒီချမ်းသာကြွယ်ဝမှုတွေ ပျောက်ကွယ်သွားမှာပဲ။ အခုပဲ မြန်မာ့စီးပွားရေး ဘာဖြစ်သွားလဲဆိုတာကို ကြည့်လိုက်လေ။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.5k

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ‘ASEAN Has Violated Its Own Charter’: Altsean-Burma Founder ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်ကောင်စီကို ASEAN အသိအမှတ်မပြုရေး NUG တောင်းဆို

ASEAN ထိပ်သီးဆွေးနွေးပွဲသို့ တရားမဝင် စစ်ကောင်စီ မဟုတ်ဘဲ NUG ကို ဖိတ်ကြားသင့်

မြန်မာ့အကျပ်အတည်း တုံ့ပြန်မှုပေါ် ASEAN အနာဂတ် မူတည်နေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး တက်ရောက်မည်ဟု နေပြည်တော် အတည်ပြု

Your Thoughts …
Tags: Altsean-BurmaAseanဒက်ဘီ စတော့ဟတ်မိမိချိုးဖေါက်မိမိပဋိဉာဉ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

by Igor Blazevic
27 July 2024
4.7k

၎င်းတို့သည် မြန်မာမှ ပကတိအခြေအနေနှင့် လုံးဝ ကင်းကွာသည့် ၎င်းတို့အယူအဆများကိုသာ ပဲ့တင်ထပ်သော ခန်းမများတွင်သာ နေထိုင်ကြပုံရသည်။

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

သက်တမ်း ၅၆ နှစ်ပြည့်  အာဆီယံတွင် မြန်မာ့အကြမ်းဖက်ပဋိပက္ခ အရိပ်မိုးနေ

သက်တမ်း ၅၆ နှစ်ပြည့် အာဆီယံတွင် မြန်မာ့အကြမ်းဖက်ပဋိပက္ခ အရိပ်မိုးနေ

by ဧရာဝတီ
8 August 2023
2k

မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေ ဖရိုဖရဲဖြစ်နေခြင်းကို အဆုံးသတ်ရန် မြန်မာမှ သက်ဆိုင်သူအားလုံး၏ နိုင်ငံရေးဆန္ဒ လိုအပ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌ အင်ဒိုနီးရှားက ပြောကြားလိုက်သည်။

စစ်ကောင်စီက တီမောအပေါ် ရန်လိုစကားဆိုနေ

စစ်ကောင်စီက တီမောအပေါ် ရန်လိုစကားဆိုနေ

by ဧရာဝတီ
5 August 2025
1.7k

တီမောနိုင်ငံ ASEAN သို့ ဝင်ရောက်ရန် နီးကပ်လာချိန်တွင် မြန်မာစစ်ကောင်စီက ထိုကျွန်းနိုင်ငံကို ဆန့်ကျင်သည့် စကားများ အလွန်ပြင်းထန်လာသည်။

Next Post
ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်အချို့

စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင်ပေါင်း ၁၀၀ ကျော်ထိ ရှိလာ

တမူးမြို့တွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခံတပ်တနေရာ / khampat Times

တမူး၌ ရပ်ကွက်ကင်းစောင့်လူငယ်ကို ဓားနှင့်မွှန်း၊ အရိုးကျိုး သည်အထိ ရိုက်နှက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved