• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

DVB သတင်းထောက်များကို မြန်မာပြည်ပြန်မပို့ရန် ထိုင်းမီဒီယာအဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
11 May 2021
in သတင်း
A A
မေလ ၉ ရက်နေ့က DVB သတင်းထောက်များ ချင်းမိုင်မြို့တွင် အဖမ်းခံကြရစဉ်

မေလ ၉ ရက်နေ့က DVB သတင်းထောက်များ ချင်းမိုင်မြို့တွင် အဖမ်းခံကြရစဉ်

15.4k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံထားရသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနမှ သတင်းထောက်များ အပါအဝင် ၎င်းတို့နှင့် ဆက်စပ်သူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ ဆောင်ခြင်း မပြုရန် ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာအဖွဲ့အစည်းများက ကြေညာချက်ထုတ် တောင်းဆို လိုက်သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် သတင်းသမားများကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ) နှင့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းထောက်များ အသင်း (FCCT) တို့က မေလ ၁၁ ရက်တွင် ထိုင်းအာဏာပိုင် များထံ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာစစ်တပ်၏ ဖိနှိပ်မှုများကြောင့် ထွက်ပြေးလာသော သတင်းသမားများအတွက် ခိုလှုံရာနေရာ ဖြစ်သည်ဆိုသည့် ဂုဏ်ယူဖွယ်ရာ သမိုင်းအစဉ်အလာကို ဆက်လက် ကိုင်စွဲထားသင့်ကြောင်း CPJ ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

CPJ ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ် Shawn Crispin ကလည်း ထိုင်းနိုင်ငံအတွင်း တရား မဝင် ဝင်ရောက်မှုဖြင့် စွဲချက်တင် အဖမ်းခံထားရသော DVB သတင်းထောက်များအား ထိုင်းနိုင်ငံက လူသားချင်း စာနာ ထောက်ထားသောအားဖြင့် မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ခြင်း မပြုသင့်ကြောင်း ပြောကြားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

ဆက်လက်၍ ၎င်းက “မြန်မာ စစ်တပ်ဟာ သတင်းထောက်တွေကို ထပ်တလဲလဲ ဖမ်းဆီး နှိပ်စက်နေတာကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ သတင်းသမားတွေကို သူတို့အလုပ်အတွက် လက်တုံ့ပြန်ခံရနိုင်မှုနဲ့ ရင်ဆိုင်ရဖို့ အတင်းအကျပ် ဖိအားပေးတာမျိုး မလုပ်သင့်ပါဘူး” ဟု မှတ်ချက်ပေး ပြောဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံခြား သတင်းထောက်များ အသင်း (FCCT) ကလည်း DVB သတင်းထောက်များ အပါ အဝင် ၎င်းတို့နှင့် ဆက်စပ်နေသူများအား ထိုင်းအာဏာပိုင်များက မေလ ၁၀ ရက်တွင် ထိုင်းနိုင်ငံ ဆန်ဆိုင်ခရိုင် ချင်းမိုင်မြို့၌ ဖမ်းဆီးလိုက်သည့်အပေါ် အထူးစိုးရိမ်ပူပန်မိကြောင်း ကြေညာထားသည်။

ဖမ်းဆီးခံထားရသူ ၅ ဦးသည် DVB သတင်းဌာနအတွက် အလုပ် လုပ်ပေးမှုနှင့် ပတ်သက်ပြီး မြန်မာပြည်တွင် စစ်တပ်၏ ဖမ်းဆီးနှိပ်စက်မှုများ ရင်ဆိုင်ကြုံတွေ့လာရနိုင်သဖြင့် မည်သည့်အခြေအနေမျိုး၌ မဆို ၎င်းတို့အား မြန်မာပြည်သို့ ပြန်မပို့သင့်ကြောင်း FCCT က တိုက်တွန်းသည်။

DVB သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဦးအေးချမ်းနိုင်ကလည်း အဖမ်းခံရ သော DVB ၏ အကြီးတန်း သတင်းသမား ၃ ဦးနှင့် တက်ကြွလှုပ်ရှားသူ ၂ ဦးတို့သည် မြန်မာပြည်တွင် DVB သတင်းဌာနအား မြန်မာစစ်ကောင်စီက ထုတ်ဝေခွင့် လိုင်စင် မပိတ်သိမ်းမီ မတ်လ ၈ ရက်နေ့တိုင်သည်အထိ မြန် မာပြည်၏ ဆန္ဒပြလှုပ်ရှားမှုများအကြောင်း သတင်းဖော်ပြရေးသားနေသူများ ဖြစ်ကြောင်း ပြောဆိုထားသည်။

မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ပါက ၎င်းတို့အတွက် အသက်အန္တရာယ် အထူးစိုးရိမ်ရသဖြင့် ထိုင်းအာဏာပိုင် များက ပြန်လည် ပို့ဆောင်ခြင်း မပြုလုပ်ရန် အထူး တောင်းဆိုကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်၍ ဦးအေးချမ်းနိုင်က DVB အနေနှင့်လည်း ဖမ်းဆီးခံထားရသူ ၅ ဦး၏ လုံခြုံရေးအတွက် နိုင်ငံတကာ ၏ အကူအညီ ရရှိနိုင်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးသို့လည်း စာပေးပို့ တောင်းဆိုထားကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ဖမ်းဆီးခံထားရသူ ၅ ဦးကို ထိုင်းအာဏာပိုင်များက မေလ ၁၁ ရက် နံနက်ပိုင်းတွင် ချင်းမိုင်မြို့၌ တရားရုံးထုတ် စစ်ဆေးသည်။

ဆန်ဆိုင်ခရိုင် ရဲမှူး ဖြစ်သူ Thapanapong Chairangsri ကမူ ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်လာမှုဖြင့် တရားရုံး၌ ရုံးထုတ်စစ်ဆေးပြီး ၎င်းတို့အား ထိုင်း နိုင်ငံ ဥပဒေနှင့်အညီ ပြည်နှင်ဒဏ် ပေးသွားမည်ဖြစ်ကြောင်း ၊ Covid – 19 ရောဂါ ကူးစက်မှု အန္တရာယ်ကြောင့် ၎င်းတို့အား ၁၄ ရက်ကြာ ထိန်းသိမ်းပြီးမှသာ လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ အပ်နှံသွားမည် ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောဆိုထားသည်။

သို့သော်လည်း ဖမ်းဆီးခံထားရသူများကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပြီးနောက်တွင် ထိုင်းအာဏာပိုင်များ ဘက်က ဖမ်းဆီးထားသူများကို မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည်နှင့် ပတ်သက်၍ လေသံ တမျိုးပြောင်း ပြောလာကြောင်း တွေ့ရသည်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tanee Sangrat က သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ အနေနှင့် ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာနိုင်ငံမှ သတင်းထောက်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အဖြေများ ရှာဖွေနိုင်ရန် ညှိနှိုင်းနေကြောင်း မေလ ၁၁ ရက်တွင် ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားထားသည်။

သတင်းသမားများကို တရားစွဲဆိုထားသည့် ထိုင်းရဲအရာရှိဖြစ်သူ Duangrit Wannarit ကမူ ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ၅ ဦးသည် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး စနစ်ကို ဖြတ်သန်းထားခြင်း မရှိကြောင်း ၊ ၎င်းတို့ ၏ အမှုကို မေလ ၁၇ ရက်တွင် ထပ်မံရုံးထုတ်ရန် တရားရုံးက ဆုံးဖြတ်ထားကြောင်း CNN သတင်းဌာနသို့ ဖြေကြားထားသည်။

၎င်းတို့ကို လတ်တလောတွင် ဆန်ဆိုင်ခရိုင်ရဲဌာန၌ ခေတ္တထိန်းသိမ်းထားမည်ဖြစ်ပြီး သတင်းသမားများအနေနှင့် အမှုအတွက် ရှေ့နေငှားရမ်း ချေပနိုင်မည် ဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် စွဲချက်တင်ခံထားရသည့် သတင်းသမားများသည် ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားသော ကူးစက် ရောဂါပျံ့ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေများနှင့် ငြိစွန်းမှု ရှိမရှိကိုလည်း ထိုင်းအစိုးရရှေ့နေဘက်က စဉ်းစား သုံးသပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဆက်လက်၍ ထိုင်းရဲအရာရှိက သတင်းသမားများ၏ အမှုနှင့် ပတ်သက်ပြီး တရားရုံးက အမိန့်ချပြီးနောက်တွင် ၎င်းတို့အား မြန်မာနိုင်ငံသို့ ချက်ချင်း ပြန်ပို့ဦးမည်မဟုတ်ဘဲ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများ၏ ကွပ်ကဲမှု အောက်တွင် ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်ကြောင်း မှတ်ချက်ပေး ပြောဆိုထားသည်။

You may also like these stories:

ရခိုင်ဝန်ကြီးချုပ်သမီး မမိုးဆန်းစုကြည် ဖမ်းဆီးခံရ

အကြမ်းဖက်မှု ရပ်ဖို့ အာဆီယံ ပြောသော်လည်း စစ်ကောင်စီ၏ သတ်ဖြတ်မှု တိုးလာ

ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း အမှုအတွက် မှုခင်းစီမံခန့်ခွဲမှုပြုလုပ်

Your Thoughts …
Tags: CPJDVB သတင်းထောက်FCCTထိုင်းနိုင်ငံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

by ဧရာဝတီ
17 July 2023
4.1k

"Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်"

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

Next Post
ဖေဖေါ်ဝါရီ ၉ ရက်က ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်ရှိ တိုင်းပညာရေးမှူးရုံးရှေ့တွင် ဆန္ဒဖော်ထုတ် နေသည့် ဆရာ၊ ဆရာမများ / ဧရာဝတီ

CDM ဆရာ၊ ဆရာမများနေရာ အစားထိုးခန့်ရန် စစ်ကောင်စီ ကြိုးပမ်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ စစ်သားများ / ဧရာဝတီ

အလော့ဘွမ်ကြောင့် စစ်ရေး ပိုတင်းမာလာနိုင်တဲ့ မိုးမောက်ဒေသ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved