• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မံစီတွင် KIA နှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲပြင်းထန်နေ

by ဧရာဝတီ
12 May 2021
in သတင်း
A A
ရှေ့တန်း စစ်မြေပြင်တွင် တွေ့ရသည့် KIA တပ်ဖွဲ့များ / Jinghpaw Movement

ရှေ့တန်း စစ်မြေပြင်တွင် တွေ့ရသည့် KIA တပ်ဖွဲ့များ / Jinghpaw Movement

27.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အာဏာသိမ်း စစ်တပ်ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် မံစီမြို့မှ ၅ မိုင်ကျော်ဝေးသည့် မဒမ်ယန်ကျေးရွာတွင် ဖြစ်ပြီး ထိုကျေးရွာသည် မံစီမြို့နယ် နှင့် နမ့်ခမ်းမြို့နယ်သို့ ဆက်သွယ်ထားသည့် ကားလမ်းမဘေးတွင် တည်ရှိသည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “မဒမ်ယန်ဆိုတဲ့နေရာမှာ စစ်ကောင်စီရဲ့ တပ်တွေကို KIA ကနေ ဝင်တိုက်တာ ရှိပါတယ်။ မနေ့ကနေ စတာပါ။ ဒီမနက်လည်း အဲ့မှာ တိုက်ပွဲပြန်ဖြစ်တယ်။ အခုတော့ လေကြောင်းနဲ့ လာပစ်နေပါတယ်” ဟု ပြောသည်။

မဒမ်ယန်တွင် အခြေစိုက်နေထိုင်နေသည့် စစ်တပ်ကြောင့် KIA စစ်သားများ သွားလာရ ခက်ခဲသဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

မဒမ်ယန်သည် ကျေးရွာဖြစ်သော်လည်း အရပ်သားများ နေထိုင်ခြင်း မရှိဘဲ စစ်တပ်က စခန်းချ တပ်စွဲထားသည့် နေရာ တခု ဖြစ်သည်။

၂၀၁၃ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် စစ်တပ်နှင့် KIA ကြား မံစီမြို့နယ်တွင်း တိုက်ပွဲများ ဖြစ်ပွားရာတွင် မံစီ-နမ့်ခမ်း ကားလမ်းမ နှင့် မံစီ-မဘိမ်း ကားလမ်းမ တလျှောက်ရှိ ကျေးရွာများမှာ ရွာလုံးကျွတ် ထွက်ပြေးရခဲ့ရသည်။

ထိုသို့ အရပ်သားများ ထွက်ပြေးခဲ့ရသည့်ထဲတွင် မဒမ်ယန်သည်လည်း ပါဝင်သည်။

ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း ရွာလုံးကျွတ် ထွက်ပြေးရကာ ယနေ့ထိ အရပ်သား ၂၀၀၀ ဝန်းကျင်သည် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ်သည်။

ထိုစဉ်က KIA ဘက်မှ ဆုံးရှုံးခဲ့သည့် နယ်မြေများကို ယခုအခါ ပြန်လည်သိမ်းယူရန်၊ နယ်မြေစိုးမိုးရန်အတွက် မဒမ်ယန်ကို ပြန်လည်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူ က “အရင်ကလည်း အဲ့ဘက်က ကျနော်တို့ နေတဲ့နေရာလည်း ဖြစ်ပါတယ်။ မံစီလမ်းပေါ့လေ။ ၂၀၁၃ ခုနှစ်က ကျနော်တို့ ဒီလမ်းကို ဖယ်လိုက်တယ်။ သူတို့က နေရာယူလိုက်တယ်။ ကျနော်တို့လည်း သွားရေးလာရေးက အခက်အခဲတွေ အများကြီးရှိတယ်။ အဲ့ဒီ့နေရာကို ကျနော်တို့ ပြန်ယူရမယ့် အနေအထားဖြစ်ပါတယ်။ မယူလို့ကို မရဘူး။ အဲ့တာကြောင့် ဝင်တိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မံစီမြို့နယ်သည် KIA ၏ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများ အခြေစိုက်လှုပ်ရှားပြီး စစ်ကောင်စီဘက်မှ စစ်ဗျူဟာကွပ်ကဲရေး ဌာနချုပ် စကခ (၂၁) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၁၉ အခြေစိုက်လှုပ်ရှားသည်။

မံစီမြို့တွင် နေထိုင်သည့် ဦးလဂျာက “တိုက်ပွဲဖြစ်တဲ့ နေရာက မံစီကနေသွားရင် ချောင်းထောက်ရွာအကျော် မှာ နောက်တရွာက မဒမ်ယန်ပဲ။ အဲ့ဒီ့နေရာမှာ လာတိုက်နေကြတာတဲ့။ အဲ့ဒီ့လမ်းမတကြောမှာက စစ်တပ်ချည်းပဲ ။ အရပ်သားတွေက ပြေးတာ ကြာပြီ။ တချို့တလေ တောဝင်ဘာဝင်တော့ ရှိတယ်။ ဟိုးဘက်ကျော်သွားရင် KIA တွေ လည်းရှိတယ်” ဟု ပြောသည်။

မေ ၁၁ ရက်ကလည်း တိုက်လေယာဉ် ၂ စင်း မံစီမြို့ပေါ်တွင် ပျံဝဲပြီး မဒမ်ယန်ဘက်တွင် ဗုံးကြဲတိုက်ခိုက်ကြောင်း၊ ယနေ့ မနက်ပိုင်းကလည်း တိုက်လေယာဉ်များ ပျံဝဲနေကာ ပစ်ခတ်သံများလည်း ကြားနေရသည်ဟု ဦးလဂျာက ပြောသည်။

စစ်တပ်နှင့် KIA သည် ဗန်းမော်ခရိုင်အတွင်း မိုးမောက်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင်လည်း စစ်ရေးတင်းမာမှုများ ရှိနေသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

မိုးမောက်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများမှာ မြန်မာ-တရုတ်နယ်စပ်အနီးရှိ အလော့ဘွမ် ဗျူဟာကုန်းကို KIA လက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် စစ်တပ်က ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

You may also like these stories:

စစ်ကောင်စီနဲ့ ခွဲရေး တွဲရေး ပါတီတွင်း အားပြိုင်မှု ပြင်းထန်နေတဲ့ ANP

ဖာပွန်ခရိုင်ထဲက တပ်စခန်းများကို စစ်ကောင်စီတပ်များ အတိုက်မခံရမီ စွန့်ခွာနေ

ငြိမ်းချမ်းစွာ ဆန္ဒပြတုန်းကလည်း ပြခဲ့သလို တော်လှန်ပြီဆိုလည်း လက်နက်ကိုင်တော်လှန်မယ်

Your Thoughts …
Tags: KIAကချင်ပြည်နယ်မံစီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
စစ်ကောင်စီက ထုတ်ပြန်ထားသည့် ဖမ်းဆီးခံ ထားဝယ်လူငယ်များ

ကားဖြင့် ဝင်တိုက်ဖမ်းသည့် စစ်ကောင်စီက ဆန္ဒပြပြည်သူကို ဆူပူအကြမ်းဖက်သူများဟု စွပ်စွဲ

စစ်သားများ၏ ပစ်ခတ်မှုကြောင့် သမင်ခြံရွာသား ကိုကျော်မြင့်ဆိုသူ သေဆုံးခဲ့ရသည် / ပေးပို့

ကနီမြို့နယ်၊ သမင်ခြံရွာမှ စိတ်မကျန်းမာသူ အမျိုးသားတဦး ပစ်သတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved