• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်

by ဧရာဝတီ
17 June 2021
in သတင်း
A A
စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်သည် / ဧရာဝတီ

စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်သည် / ဧရာဝတီ

38.7k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်း တနှစ်ကျော် ကာလအတွင်း၌ အလုပ်လက်မဲ့နှုန်း မြင့်တက်နေသည့် အချိန်တွင် စစ်အာဏာသိမ်းမှု အကျိုးဆက်များကြောင့် ပြည်တွင်းအလုပ်လက်မဲ့ဦးရေသည် ၁၀ သန်းကျော် အထိ ရှိလာ နိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများနှင့် မြန်မာ့ စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေးကဏ္ဍ အားလုံး လိုလိုသည် လုပ်ငန်းလည်ပတ်မှု နှေးကွေးသွားခြင်း၊ ယာယီ ရပ်တန့်သွားခြင်းနှင့် အပြီးပိတ်သိမ်းမှုများကြောင့် ပြည်တွင်း အလုပ်လက်မဲ့ဦးရေသည် ၂ သန်းကျော် မှ ၃ သန်း နီးပါးအထိ ထပ်တိုးလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ဇူလိုင်လအတွင်းက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) ၏ ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတွင် အလုပ်သမား ၆ ဒသမ ၉ သန်းမှ ၇ ဒသမ ၃ သန်းအထိ အလုပ် လက်မဲ့ဖြစ်နိုင်ကြောင်း ခန့်မှန်းထားခြင်းကြောင့် ယခုတွင် အလုပ်လက်မဲ့ဦးရေသည် ၁၀ သန်းကျော်အထိ မြင့်တက်လာ ဖွယ်ရှိနေခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော်တွင် အလုပ်လုပ်ကိုင်သူဦးရေအချိုးသည် ၆၃ ရာခိုင်နှုန်းကျော် ( လူ ၃၂ သန်းကျော်) ရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်သူဦးရေ၏ ၃ပုံ ၁ ပုံ မှာ အလုပ်လက်မဲ့ ဖြစ်သွားသည့် အခြေအနေပင် ဖြစ်သည်။

စစ်အာဏာသိမ်းမှု ကာလအတွင်း၌ အခြေခံ အလုပ်သမား အများစု အလုပ်လုပ်ကိုင်နေသော ဆောက်လုပ်ငန်းရေး ကဏ္ဍ၊ ဟို တယ်နှင့် ခရီးသွားကဏ္ဍနှင့် စက်ရုံအလုပ်ရုံ ကဏ္ဍများအပြင် CDM အစိုးရ ဝန်ထမ်းများ၊ အဝေးပြေး သယ်ယူ ပို့ဆောင် ရေး (ကုန်စည်နှင့် ခရီးသည်) ၊ ပြည်တွင်း ဆိပ်ကမ်းများရှိ ကုန်တင်ကုန်ချလုပ်ငန်း ကဏ္ဍများကဲ့သို့ စာရင်းအတိအကျရရန် ခက်ခဲ သောလုပ်ငန်းကဏ္ဍများမှ အလုပ်သမား သိန်းနှင့်ချီသည် အလုပ်ပြုတ်သွားကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM ၏ ဥက္ကဋ္ဌ ဦးမောင်မောင်က ဧရာဝတီသို့ ပြောသည်။

၎င်းက “စစ်အာဏာသိမ်းမှုကြောင့် ၄ လအတွင်းမှ အလုပ်လက်မဲ့ ဖြစ်သွားတာ ကိုဗစ်ထက်ကို ပိုများပါတယ်။ အားလုံး ဒုက္ခ ရောက်ရသလို စီးပွားရေးကြောင့်ပဲ မကြာခင် သူတို့ (စစ်တပ်နှင့် နီးစပ်သည့်သူများ) လည်း ဒုက္ခရောက်ရမှာပါ။ သူတို့ ဆောက်ထားတဲ့ ဟိုတယ်ကြီးတွေ ဆေးရုံတွေကို လူမလာတဲ့အချိန်မှာ ဘယ်လို အကျိုးသက်ရောက်လည်း ဆိုတာ သိလာ မှာပါ” ဟု ပြောဆိုသည်။

ကိုဗစ် ၁၉ ရိုက်ခတ်မှုကြောင့် လုပ်ငန်း ဆက်လက် ရပ်တည်ရန် ကြိုးပမ်းနေသော ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ လုပ်ငန်း အားလုံး လိုလိုသည် အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းလုနီးပါး ဖြစ်သွားသလို ဆောက်လုပ်ရေး ကဏ္ဍသည်လည်း လုပ်ငန်း အများအပြား ရပ်တန့်နေပြီ ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတွင် အလုပ်သမား ၅ သိန်းခန့် အလုပ်လက်မဲ့ ဖြစ်သွားသည်။

မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက “ကျနော်တို့ ခရီးသွားကဏ္ဍဆိုတာက နိုင်ငံ့ပုံရိပ်နဲ့ ငွေရှာ နေကြရတာလေ။ အာဏာသိမ်းမှုကြောင့် နိုင်ငံ Image က အရမ်းကို ကျသွားတယ်။ ခရီးသွားလုပ်ငန်း ပြန်စနိုင်တယ်ဆိုရင်တောင် အရင်လို အုံ့နဲ့ကျင်းနဲ့ ပြန်လည်ဖို့ဆိုတာ လုံးဝ မလွယ်တော့ဘူး” ဟု ဆိုသည်။

ကိုဗစ်ကာလအတွင်း၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍရှိ အလုပ်သမားပေါင်း ၆ သိန်းကျော်အထိ အလုပ်လက်မဲ့ ဖြစ်သွားရသည့် အခြေအနေရှိပြီး ယခု အာဏာသိမ်းမှုအခြေအနေများကြောင့် အလုပ်လက်မဲ့ဦးရေသည် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍနှင့် ဆက်စပ်လုပ်ငန်း ကဏ္ဍများမှ လုပ်သားပေါင်း ၁၀ သိန်းကျော်အထိ ဖြစ်လာနိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောဆို သည်။

၎င်းက ဆက်လက်၍ “ခရီးသွားကဏ္ဍက ကိုဗစ် အရှိန်လေးကျလို့ ပြန်စဖို့ တာစူနေခဲ့တာပေါ့၊ အာဏာသိမ်းမှုကြောင့် အားလုံး ဝင်ငွေ ဇီးရိုး (သုည) ပြန်ဖြစ်ကုန်ပြီ” ဟု ပြောဆိုသည်။

ပြည်တွင်း ပြည်ပခရီးသွားများအတွက် အထင်ကရ ခရီးစဉ်များဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသနှင့် ကမ်းခြေ ဒေသ များမှ ဟိုတယ်လုပ်ငန်းများသည် လုပ်ငန်းပိတ်သိမ်းပြီး ပြန်လည် ရောင်းချမှုများ မြင့်တက်လျက် ရှိလာနေကြောင်း ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းရှင်များထံက သိရသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးဇုန်ဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်ရှိ ရင်းနှီး မြှုပ်နှံထားသော လုပ်ငန်းစုစုပေါင်း၏ သုံးပုံတပုံခန့်ရှိသော စက်ရုံ ၃၀ နီးပါးသည်လည်း ဈေးကွက် ဝယ်လိုအား ကျဆင်း ခြင်း၊ ငွေကြေး လည်ပတ်စီးဆင်းမှု အခက်အခဲ အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် လုပ်ငန်းများ ယာယီ ရပ်နားထားသည်။

အမျိုးသမီးများကို အလုပ်အကိုင် အခွင့်အလမ်း အများအပြား ဖန်းတီးပေးထားသော အထည်ချုပ်နှင့် လက်ခစား(CMP) လုပ်ငန်း ကဏ္ဍတွင်လည်း အာဏာသိမ်းမှုကြောင့် နယ်မြေလုံခြုံမှုမရှိ၍ နေရပ်ပြန် သွားသည့် အလုပ်သမားများနှင့် စက်ရုံ ပိတ်သိမ်းခြင်း (သို့မဟုတ်) ပုံမှန် လည်ပတ်နိုင်မရှိခြင်း တို့ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူ ဦးရေသည် ထိုကဏ္ဍရှိ အလုပ်သမားထက်ဝက်ခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
17
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
18
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
620

အထည်ချုပ် (CMP) လုပ်ငန်းကဏ္ဍတွင် အလုပ်သမားပေါင်း ၆ သိန်းနီးပါး အထိ ရှိသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်း နှင့် ကန့်သတ်လိုက်ခြင်းများကြောင့် ကိုဗစ်ကာလမှာပင် ရှင်သန် ရပ်တည်နိုင်ခဲ့သော အွန်လိုင်းအခြေပြု အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း အများအပြား သည် ရပ်ဆိုင်းသွားသလို အစားအသောက် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် အလုပ်သမား ရာနှင့်ချီသည်လည်း အလုပ်လက်မဲ့ ဖြစ်သွားခဲ့သည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိ စီးပွားရေးကဏ္ဍ အားလုံးလိုလို၌ လုပ်သားပေါများပြီး အလုပ်ရှားပါးသည့် ပြဿနာကို ရင်ဆိုင် နေကြရလျက်ရှိပြီး အလုပ်သမားများအတွက် ဥပဒေအရ အကာအကွယ်ပေးထားသည့် အလုပ်သမားအခွင့် အရေးများ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိလာကြောင်း ရန်ကုန်မြို့ ရှိ စီးပွားရေး သုတေသီတဦးက ဧရာဝတီ သို့ ပြောသည်။

၎င်းက “ တကယ့် Formal လုပ်ငန်းကဏ္ဍဖြစ်တဲ့ အထည်ချုပ်လို လုပ်ငန်းကဏ္ဍမှာတောင် တချို့စက်ရုံတွေက အလုပ်သမား တွေကို စာချုပ်ချုပ်ဆိုပြီး အလုပ်ခန့်တာမျိုးမလုပ်တော့ဘူး။ နေ့စား အလုပ်သမားတွေ ဖြစ်သွားပြီ လပေး မဟုတ်တော့ဘူး။ အဲဒီလို ဖြစ်လာတော့ အလုပ်သမားတွေမှာ လူမှု ဖူလုံကြေးခံစားခွင့်တို့၊ အလုပ်ကို ဖြုတ်ချင်တိုင်း ဖြုတ်လို့မရဘူး ဆိုတဲ့ ဥပဒေ အရ အကာအကွယ်ပေးမှုတွေ အကာအကွယ်မဲ့ လာတဲ့ သဘောရှိတယ်” ဟု ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသို့ အပ်ထည်အမှာစာ ပေးပို့မှု ယာယီရပ်ဆိုင်းထားခဲ့သော နာမည်ကျော် အဝတ်အထည် ကုမ္ပဏီ H&M အပါအဝင် ဥရောပနိုင်ငံများမှ အဝတ်အထည်ကုမ္ပဏီ တချို့က မြန်မာနိုင်ငံသို့ အပ်ထည် အမှာ စာများ ပြန်လည်ပေးပို့မည်ဟု ပြီးခဲ့သည့်မေလအတွင်းက ကြေညာထားသောကြောင့် အထည်ချုပ်လုပ်ငန်း ကဏ္ဍတွင် အတိုင်းအတာတခုအထိ အလုပ်အကိုင် အခွင့်အလမ်းများ ပြန်ရလာမည့် သဘောရှိသော်လည်း ပုံမှန်အခြေအနေမျိုးကဲ့သို့ မဖြစ်နိုင်ကြောင်း အထက်ပါ စီးပွားရေးသုတေသီ က ပြောသည်။

၎င်းက “ ပုံမှန်အားဖြင့်ဆိုရင် ထိခိုက်နစ်နာမှု လွယ်တဲ့အုပ်စုက Informal Sector မှာ လုပ်နေကြတဲ့ အလုပ်သမားတွေက ပိုပြီး ထိခိုက်နစ်နာလွယ်တာပေါ့။ သူတို့မှာက စာချုပ်စာတမ်းလည်း မရှိတဲ့အတွက် အချိန်မရွေး သူတို့သည် အလုပ်ပြုတ်နိုင်တယ်။ အဲဒီရှုထောင့်က ကြည့်မယ်ဆိုရင် Formal မှာ ထိခိုက်တဲ့ အလုပ်သမားတွေ ပမာဏထက် Informal Sector ကတော့ ပိုပြီး ထိခိုက်မှာကတော့ အသေအချာပဲလေ ” ဟု ဆိုသည်။

စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်ရိုက်ခတ်မှုဒဏ်ကို ခံထားရသော စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍများမှ အလုပ်သမားများအပေါ် သက်ရောက်မှုများခဲ့သော်လည်း ဈေးကွက်ဝယ်လိုအားရှိပြီး ပုံမှန်အတိုင်း စိုက်ပျိုး ထုတ်လုပ်မှုရှိနေသည့် လယ်ယာစိုက်ပျိုးကဏ္ဍရှိ အလုပ်သမားအပေါ် သက်ရောက်မှု နည်းပါးနိုင်ကြောင်း ခန့်မှန်း ပြောဆိုကြသည်။

သို့သော်လည်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းခြင်းကြောင့် နိုင်ငံခြားငွေဖြင့် ပြည်ပမှ တင်သွင်းရသော သွင်းအားစုများနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် မြင့်တက်ခြင်းတို့ကြောင့် တောင်သူလယ်သမားများ၏ အမြတ်ရရှိမှုအပေါ် ထိခိုက်မှုများ ရှိသည်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာပြီး ဝင်ငွေရပ်တန့်သွား ခြင်းတို့ကြောင့် ကိုဗစ် စည်းမျဉ်းများ တင်းကျပ်ထားသည့် ယခုလိုအချိန် ကာလမှာပင် အိမ်နီးချင်းနိုင်ငံများသို့ နည်းလမ်း ပေါင်းစုံဖြင့် သွားရောက် အလုပ်လုပ်ကိုင်မှုများ မြင့်တက်လာလျက် ရှိနေသည်။ အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်သွား ကြသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တခုအတွင်းတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှ စီးပွားရေးတိုးတက်မှုသည် ၆ ရာခိုင်နှုန်းကျော်ရှိခဲ့သော်လည်း အာဏာသိမ်းမှုကြောင့် ကိုရိုနာဗိုင်းရပ်စ် ဒဏ်ခံထားရပြီးဖြစ်သော မြန်မာ့စီးပွားရေးသည် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုထားသည်။ ထိုပမာဏသည် အာရှတွင် အကြီးမားဆုံး စီးပွားရေးကျုံ့သွားခြင်း ဖြစ်သည်။

ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အလုပ်အကိုင် ဆုံးရှုံးခြင်းနှင့် စားသောက် ကုန်ဈေး နှုန်းများတက်လာခြင်းတို့က မြို့ပြဒေသများတွင် အဆိုးရွားဆုံး ရိုက်ခတ်နေပြီး စစ်အုပ်ချုပ်ရေးနှင့် ကိုဗစ်-၁၉ ၏ ထိခိုက်မှုများကြောင့် မြန်မာ့လူဦးရေ၏ ထက်ဝက်သည် ၂၀၂၂ ခုနှစ်တွင် ဆင်းရဲသွားနိုင်ကြောင်း ကုလသမဂ္ဂဖွံဖြိုး ရေးအစီအစဉ် (UNDP) က မေလအတွင်းက ထုတ်ပြန်လိုက်သည်။

အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးသည် ပြိုကွဲသည်အထိ ကြီးမားသည့် အန္တရာယ်အဖြစ် ၂၀၀၅ ခုနှစ်နောက်ပိုင်း မကြုံဘူးသည့် ဆင်းရဲနွမ်းပါးမှုအဆင့်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဆိုထားသေးသည်။

ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတခုဖြစ်သော မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၄၈ ဒဿမ ၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုကို ၂၄ ဒဿမ ၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့သော်လည်း ကိုဗစ်ရိုတ်ခက်မှုကြောင့် ၂၀၂၀ နှစ်ကိုင်ပိုင်းတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၃ ရာခိုင်နှုန်းသော မိသားစုများ၏ ဝင်ငွေသည် ထက်ဝက်ကျ ဆင်းသွားခဲ့ခြင်း ကြောင့် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် နေထိုင်ရသော မြန်မာနိုင်ငံသားအရေအတွက်သည် ၁၁ ရာခိုင်နှုန်း တိုးလာနိုင် ကြောင့် UNDP ၏ အဆိုအရ သိရသည်။

ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုဖြစ်သောအခါ အခြေအနေသည် ပိုမိုဆိုးရွားလာပြီး ဆင်းရဲနွမ်းပါးမှုသည် နောက်ထပ် ၁၂ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားသေးသည်။

You may also like these stories:

ဆောက်လုပ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်၍ လုပ်သား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်

အာဏာသိမ်းပြီးနောက် သီလဝါအထူးစီးပွားရေးဇုန်၌ ယာယီရပ်ဆိုင်းသည့် စက်ရုံ ၃၀ နီးပါးရှိလာ

မြန်မာ့အထည်ချုပ်လုပ်ငန်းများသို့ နာမည်ကျော် ကုမ္ပဏီများ အပ်ထည်အော်ဒါ မှာယူရန် ပြင်ဆင်

Your Thoughts …
Tags: ကိုဗစ်အလုပ်လက်မဲ့အာဏာသိမ်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.3k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
19.9k

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။

စားဝတ်နေရေး ပိုမိုကျပ်တည်းလာတဲ့ ရန်ကုန်ထဲက ပြည်သူများ

by ဧရာဝတီ
10 October 2023
4.6k

အလုပ်လက်မဲ့နှုန်း တက်လာတာ၊ စက်သုံးဆီ ပြတ်လပ်မှု၊ ဆေးဝါးပြတ်လပ်မှု၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာတဲ့ ကိစ္စရပ်တွေအပြင် ဟိုအရင် စစ်အစိုးရခေတ်လို ဆီတိုး၊ ဆန်တိုးဘဝတွေဆီကို တကျော့ပြန် ရောက်ရှိ ပါတော့တယ်

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

by ဧရာဝတီ
2 September 2023
4.3k

လေဖြတ်ထားတဲ့ တုတ်ကောက်နဲ့ သက်ကြီးရွယ်တွေ၊ ကလေးချီထားတဲ့ မိခင်တွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေ အစားအသောက်ယူဖို့ စောင့်နေတာတွေ ကျနော်တို့ တွေ့နေရတယ်။

စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်း

စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမည် မဟုတ်

by ဧရာဝတီ
19 August 2022
37.7k

ဒုစစ်ကောင်စီခေါင်းဆောင် စိုးဝင်းသည် ထိုသို့လုပ်ရပ်မျိုး မလုပ်ကြောင်း၊ ဆရာသမားကို ဆက်လက်သစ္စာခံကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့သည်။

အကြမ်းဖက်မှုအဆုံးသတ်ရေး မည်သူဆုံးဖြတ်မည်နည်း

အကြမ်းဖက်မှုအဆုံးသတ်ရေး မည်သူဆုံးဖြတ်မည်နည်း

by သီတာ & ကြည်စင်
27 October 2023
3.5k

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်းတွင် နိုင်ငံရေး ရန်ဘက် ၂ ဘက်လုံးက တဘက်နှင့် တဘက် အကြမ်းဖက်သမားဟု တံဆိပ်ကပ်ကြသည်။

Next Post
ဝေါလေမြို့တွင် စစ်ကောင်စီ တူးဖော်တွေ့ရှိသည့် အလောင်း ၂၅ လောင်း

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာ  / CJ

အရပ်သား ၄ ဦး သေဆုံးခဲ့သည့် လှေဆွဲရွာမှ လူငယ်တဦး ထပ်မံ အဖမ်းခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved