• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရေဘေးသင့် သံတွဲဒေသအတွက် အရေးပေါ် အကူအညီများ လိုအပ်နေ

by ဧရာဝတီ
28 July 2021
in သတင်း
A A
သံတွဲမြို့ ရေကြီးနေသည့် အခြေအနေကို ဤကဲ့သို့ တွေ့ရသည်  / ကိုကျော်ဇေယျ

သံတွဲမြို့ ရေကြီးနေသည့် အခြေအနေကို ဤကဲ့သို့ တွေ့ရသည် / ကိုကျော်ဇေယျ

25.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးနှင့် ကျေးရွာတချို့ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ များအနေဖြင့် အိမ်အသုံးဆောင်ပစ္စည်းများ ပျက်စီးခဲ့ကြရသလို စားသောက်နေထိုင်ရေးအတွက်လည်း အရေးပေါ် အကူ အညီများ လိုအပ်နေကြောင်း သိရသည်။

သံတွဲမြို့ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ ကိုသက်လွင်ဖြိုးက “ကုန်းမြင့်ပိုင်း ရပ်ကွက်တချို့ ရေကတော့ နည်းနည်း ကျသွား ပေမယ့် အိမ်ထဲမှာ နွံတွေ၊ ဗွက်တွေနဲ့ဆိုတော့ လူနေလို့ မရသေးဘူး။ လူတွေလည်း နေရာ မရှိကြဘူး။ ထမင်းချက်မယ့် နေရာတွေလည်း မရှိကြဘူးဆိုတော့ ကျနော်တို့ အခု ထမင်းထုတ် ၁၀၀၀ ကျော် လိုက်ပေးနေပါတယ်ခင်ဗျ။ အရေးပေါ် လိုအပ်နေတာကတော့ စားသောက်နေထိုင်ရေးနဲ့ အသုံးအဆောင် ပစ္စည်း အကုန်လုံး လိုလိုပါပဲ” ဟု ဧရာဝတီသို့ ပြော သည်။

ထိုသို့ သံတွဲမြို့နယ်အတွင်း မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၇ ရက်က တမြို့လုံးနီးပါး ရေလွှမ်းခဲ့ရာ ယနေ့ (ဇူလိုင်လ ၂၈ ရက်) ရေအနည်းငယ် ပြန်ကျသွားသော်လည်း အိမ်အသုံးဆောင်ပစ္စည်းများ ဆုံးရှုံးခဲ့ကြသလို နေအိမ်များ ၌လည်း ရွံ့နွံများ တင်ကျန်သည့်အတွက် လူနေ၍ မရသေးသဖြင့် မြို့ပေါ်တွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရ ကြောင်းလည်း မြို့ခံများက ပြောသည်။

သံတွဲမြို့ခံ ကိုကျော်ကျော်က “ပစ္စည်းတွေကတော့ တော်တော်ဆုံးရှုံးကြတယ်။ ပစ္စည်းတွေကို အိမ်ပေါ်ကို ရွှေ့တင်ရင်း ရေက တဖြည်းဖြည်း တက်တာ အိမ်ခေါင်မိုးပေါ်အထိ ရောက်လာတယ်။ ဒီအတိုင်း ရေနစ်တာကို ကြည့်ပြီး နေလိုက်ကြ ရတာ။ ဒီနေ့အထိသာ ရေဆက်ကြီးမယ်ဆိုရင် အကုန် သေကုန်မှာ တယောက်မှတောင် ကျန်မှာ မဟုတ်ဘူး။ အခုလည်း လူမသေတာပဲ ရှိတယ်။ ပစ္စည်းတွေကတော့ ဘာမှ မကျန်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ သံတွဲမြို့နယ်အတွင်း ရေလွှမ်းမှုကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ ကွန်ပြူများ ပျက်စီးမှုများရှိသလို လျှပ်စစ်ပစ္စည်းများနှင့် အိမ်အသုံးအဆောင် ပစ္စည်းအားလုံး နီးပါး ပျက်စီးခဲ့သည့်အတွက် မြို့ခံဒေသခံများ အနေဖြင့် သိန်းပေါင်းများစွာနစ်နာ ဆုံးရှုံးမှုရှိကြောင်းလည်း မြို့ခံများက ပြောသည်။

ရေဘေးသင့် မြို့ခံများအား ထမင်းထုတ် လိုက်လံ ဝေငှပေးနေသည့် အရပ်ဘက် အဖွဲ့များ (ဓာတ်ပုံ- CJ)

ယင်းသို့ ကိုဗစ်ကူးစက်မှု ပြင်းထန်နေသော အချိန်တွင် ရေဘေးပါ သင့်ခဲ့ရသည့်အတွက် သံတွဲမြို့ခံများအနေဖြင့် ကျန်းမာ ရေး၊ နေရေးထိုင်ရေး ကိစ္စအပါအဝင် ဘက်ပေါင်းစုံ အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
17
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
18
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
620

သံတွဲမြို့ ရေလွှမ်းမိုးမှု ဖြစ်စဉ်တလျှောက်တွင် ယခုတကြိမ်သည် စံချိန်တင်ခဲ့ပြီး သံတွဲမြို့ ပြည်သူ့ဆေးရုံကြီးအတွင်း ကိုဗစ်ကုသနေသည့် လူနာခန်းများပါ ရေဝင်ရောက်မှုများ ရှိခဲ့သည့်အတွက် အောက်ဆီဂျင်ပေးထားရသည့် လူနာများ ပါ နေရာ ရွှေ့ပြောင်းခဲ့ရကြောင်းလည်း သိရသည်။

သံတွဲမြို့ပေါ် သိမ်ကုန်းကျောင်းတိုက် ဆရာတော် ဦးတေစိန္ဒက “ဆေးရုံ တခုလုံး ဖျားနာဆောင်ကအစ ရေဝင်တယ်ဆို တော့ ကိုဗစ်လူနာ အကုန်ရွှေ့ပြောင်းရတာပေါ့။ အခုတော့ အဆင်ပြေတဲ့ နေရာတွေမှာ ရွှေ့ပြောင်းထားတော့ ကိုဗစ်လူ နာတွေလည်း ဆေးကုသမှု ခံယူနေကြတာ ပုံမှန် လည်ပတ်နေပါပြီ။ ရေဘေးကိစ္စကိုပဲ ထမင်းထုတ်ဝေဖို့ လုပ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ရေနစ်မြုပ်မှုကြောင့် သံတွဲမြို့နယ်အတွင်း ယမန်နေ့ ဇူလိုင်လ ၂၇ ရက် ညနေပိုင်းကနေ ယနေ့ ဇူလိုင်လ ၂၈ ရက်အထိ လျှပ်စစ်မီးများ ပြတ်တောက်နေကာ ရပ်ကွက် လမ်းများတွင်လည်း သစ်ပင်များ၊ လျှပ်စစ်မီးတိုင်များ ပြိုလဲနေ ကြောင်းလည်း သိရသည်။

သံတွမြို့ခံ ကိုကျော်ကျော်က “ကိုဗစ်ကာလမှာ ရေဘေးသင့်တယ်ဆိုတော့ လူတွေဘယ်လောက်အထိ ဒုက္ခရောက်မလဲ ဆိုတာ စဉ်းစာသာကြည့်ပါ။ ဒီကာလမှာ အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ မိသားစုဝင်တွေအနေနဲ့ အိမ်က ပစ္စည်းပါ ဆုံးရှုံးသွား တယ် ဆိုတော့ စိတ်ပိုင်းဆိုင်ရာတွေ တော်တော်ထိခိုက်ပြီး နေမကောင်းတဲ့လူတွေဆို စိတ်ဝေဒနာကြောင့် ပိုးဆိုးသွားတဲ့ အနေအထား ဖြစ်သွားမယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ ကိုဗစ်နှင့် ရေဘေးအကြား ဒုက္ခရောက်နေကြရသည့် သံတွဲမြို့အရေးနှင့် ပတ်သက်ပြီး ဒေသအာဏာပိုင်များက ဆေးရုံသန့်ရှင်းရေး လုပ်သည့် လုပ်ငန်းများတွင် ပါဝင်ကူညီမှုကိုသာ တွေ့ရသလို စစ်ကောင်စီအနေဖြင့်လည်း ထိထိ ရောက်ရောက် ကူညီဆောင်ရွက်မှုများကို မတွေ့ရကြောင်းလည်း မြို့ခံများက ပြောဆိုကြသည်။

ကိုဗစ် တတိယလှိုင်းအတွင်း သံတွဲမြို့နယ်အတွင်း လူ ၂၀၀ ကျော် ပိုးကူးစက်မှုရှိပြီး သေဆုံးသူမှာလည်း ၂၀ ဦးအထိ ရှိ လာပြီဖြစ်ကာ ကိုဗစ်နှင့် ရေဘေးဒဏ်ကြားတွင် ဝမ်းရေး အခက်ကြုံတွေ့နေရကြောင်းလည်း မြို့ခံများက ပြောသည်။

You may also like these stories:

ရခိုင်ပြည်နယ်တွင် အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ရန် အရပ်ဖက်အဖွဲ့များ ကြိုးပမ်း

မြဝတီမြို့ ရေကြီးမှု ကယ်ဆယ်ရေးစက်လှေနှင့် အောက်ဆီဂျင် လိုအပ်နေ

မြန်မာနိုင်ငံ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေ

Your Thoughts …
Tags: ကိုဗစ်ရေကြီးသံတွဲအကူအညီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

by ဧရာဝတီ
23 July 2024
8.2k

ငပလီကမ်းခြေ AA လက်ထဲသို့ အလုံးစုံမကျရောက်ရေးအတွက် စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ တပ်ရင်း များကို ဂွမြို့ကနေတဆင့် ကွင်းဝိုင်းရေတပ်စခန်းထံ ပို့ဆောင်ပြီး ထိုမှတဆင့် ဂျိတ္တောသို့ စစ်ကူအင်အားပို့ဆောင်နေစဉ်

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

by ဧရာဝတီ
2 July 2024
6.9k

ခလရ ၅၅သည် မူလက ဖဆပလ အစိုးရ၏ စစ်ရဲတပ်ရင်း(UMP) ဖြစ်ခဲ့ပြီး ၁၉၆၂ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ခြေလျင်တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော သက်တမ်းရင့်တပ်ဖြစ်၍ ထိုစဉ်က သံတွဲခရိုင်ရှိ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ)တပ်များ၊...

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

by ရိုးကျော်
19 August 2024
6.6k

သံတွဲသူ မခင်သူသူတို့မိသားစုဟာ ရခိုင်ပြည်နယ်ထဲရောက်ပြီးမှ ရှေ့ဆက်အဝင်မခံတဲ့ စစ်ကောင်စီကြောင့် နောက်ပြန်လှည့် ဖို့လည်း မဖြစ်နိုင်တဲ့အခါ ကိုယ့်ပြည်နယ်ကိုယ် ပြန်ဝင်ခွင့်ရဖို့အရေး တောင်းပန်ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဆုံးရှုံးနယ်မြေ ပြန်စစ်ဆင်မည်ဟု ကြွေးကြော်နေချိန် ရေတပ်စခန်းကြီးတခု လက်လွှတ်လိုက်ရ

ဆုံးရှုံးနယ်မြေ ပြန်စစ်ဆင်မည်ဟု ကြွေးကြော်နေချိန် ရေတပ်စခန်းကြီးတခု လက်လွှတ်လိုက်ရ

by စောလွင်
7 September 2024
6k

ယခုအခါ စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ရေတပ်စခန်းကြီးတခု ဆုံးရှုံးထားသလို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးကိုပါ လက်လွှတ်လိုက်ရပြီဖြစ်သည်။

နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ

နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ

by ဧရာဝတီ
14 September 2024
5.1k

ယနေ့အထိ ပုဗ္ဗသီရိမြို့နယ် ဝက်ကုန်း-ပေါက်တောလမ်းတလျှောက် လူနေအိမ်များ ရေဝင်ရောက်နေဆဲ ဖြစ်သလို ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ သိုက်ချောင်းကျေးရွာမှ စိုက်ဧကများ ထိခိုက်ပျက်စီးမှုများခဲ့ကာ ကျေးရွာများအတွင်း ရေဝင်ရောက်နေဆဲဖြစ်ကြောင်း

သံတွဲ ဆင်ခေါင်းငါးဖမ်းဇုန် ဗုံးကြဲခံရမှု သေဆုံးသူများပြား

သံတွဲ ဆင်ခေါင်းငါးဖမ်းဇုန် ဗုံးကြဲခံရမှု သေဆုံးသူများပြား

by ရိုးကျော်
6 June 2024
5k

တိုက်လေယာဉ်နှင့် ထောက်ပို့လေယာဉ် ၂ စီးကို အသုံးပြုကာ လက်ရှိတိုက်ပွဲ ဖြစ်ပွားနေသော ငပလီ ကမ်းခြေမြို့နယ်၊ ဂေါ့ရပ်ကွက်တို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဆင်ခေါင်းကျေးရွာကိုပါ ၂ ရက်ဆက် တိုက်ခိုက်ခဲ့

Next Post
ကာကွယ်ဆေးထိုးခြင်းသည် ဒယ်လ်တာကို အကောင်းဆုံးကာကွယ်နိုင်သည်ဟု ဆရာဝန်များက ဆိုသည် / ဧရာဝတီ

ဒယ်လ်တာ ကိုဗစ်မျိုးကွဲအကြောင်း သိကောင်းစရာ ၅ ချက်

ပါမောက္ခ ဒေါက်တာ မာမာကြည်

ကိုဗစ်တိုက်ဖျက်ရေး ရှေ့တန်းခံစစ်မှူး (သို့) ဖျားနာဆေးကုခန်းတွေရဲ့ ပဲ့ကိုင်ရှင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved