• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ကွန်မြူနစ်ပါတီ တွေ့ဆုံပွဲ NLD တက်ရောက်မည်

by ဧရာဝတီ
8 September 2021
in သတင်း
A A
တရုတ်နိုင်ငံ အလံနှင့် NLD အလံ

တရုတ်နိုင်ငံ အလံနှင့် NLD အလံ

25.3k
VIEWS
Share on FacebookShare on Twitter

တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲအား အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲမှာ စက်တင်ဘာ ၉ ရက်၌ “နိုင်ငံရေးပါတီများ ပေါင်းစည်း စွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်ဖြင့် Virtual Meeting ကျင်းပမည်ဖြစ်ပြီး NLD ပါတီမှ ဦးဘိုဘိုဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ဦးဘိုဘိုဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ထွေထွေရွေးကောက်ပွဲတွင် ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂ ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံပွဲအား NLD တက်ရောက်မည် ဖြစ် ကြောင်းလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများရှိ ပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံမှ ပါတီလေးခုအား ဖိတ်ကြားထားကြောင်းသိရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း လူငယ်ရေးရာ ကော်မတီမှ ဒု ဌာနမှူး ဒေါက်တာ သန့်ဇော်လွင် ကိုယ်စားပြု တက်ရောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း မဲမသမာမှုများ ရှိသည်ဟုဆိုကာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင် အားလုံးနီးပါး ကို ဖမ်းဆီးတရားစွဲထားသည့်အပြင် ပါတီကိုလည်း ဖျက်သိမ်းရန် ကြိုးပမ်းလျက်ရှိသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ အနိုင်ရ NLD ပါတီအား ဖျက်သိမ်းရန် ကြိုးပမ်းနေသော်လည်း တရုတ်နိုင်ငံ အနေဖြင့် NLD ဖျက်သိမ်းရေး မလိုလားကြောင်း ဩဂုတ်လ ၁၂ ရက်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းက ပြောခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်အစိုးရ၏ NLD ပါတီအပေါ် သဘောထားနှင့် ပတ်သက်ပြီး “တရုတ်က စစ်ကောင်စီ နဲ့ NLD ကြား၊ တခြား အင်အားစုတွေကြား သမာသမတ် ကျတဲ့အနေနဲ့ ကြားဝင်ချင်တာ ဖြစ်တဲ့အတွက် တတ်နိုင်ရင်ကြား မှာပဲ နေချင်တဲ့ သဘောရှိတယ်။ ဟိုဘက်ဒီဘက် လိုက်တယ်လို့ မထင်အောင်ပေါ့ဗျာ။ NUG ဘက်က ဒီထက်ပိုပြီး အင်အားတောင့်လာလို့ ဒီထက်ပိုပြီး လုပ်ကိုင်လာနိုင်ရင်တော့ တရုတ်ဘက်က ဆက်ဆံကောင်း ဆက်ဆံလာနိုင်ပါတယ်” ဟု တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောထားသည်။

တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်အခမ်းအနာသို့ NLD က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့မှုနှင့် ပတ်သက်ပြီး ဇူလိုင် ၂၀ ရက်စွဲဖြင့် တရုတ်ကွန်မြူနစ်ပါတီက ပေးပို့သည့် ကျေးဇူးတင်လွှာတွင်လည်း “အဆွေတော် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နှင့်အတူ တရုတ်-မြန်မာ ဆက်ဆံရေး ဝိုင်းဝန်း စောင့်ရှောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဆက်လက်တိုးတက် အောင် လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများထံသို့ ကောင်းကျိုးပိုမိုသယ်ပိုးရန် ဆန္ဒပြုအပ်ပါသည်” ဟု ပြောထားသည်။

ယင်းကျေးဇူးတင်လွှာနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားရှေးရှုသည့် ဆက်ဆံရေးမျိုး ဦးတည်သော သဘောထားဖြစ်သည့်အတွက် လေးစားကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောထား သည်။

တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး မြန်မာပြည်သူများကြားတွင်မူ ရွေးကောက်ခံ အရပ်သား အစိုးရအား ဖြုတ်ချကာ စစ်တပ်အာ ဏာသိမ်းမှုတွင် တရုတ်နိုင်ငံအနေဖြင့် အာဏာသိမ်း စစ်ကောင်စီအပေါ် အကာအကွယ်ပေးသည်ဟု အများစုက ရှုမြင် ကြပြီး တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုအချို့အား တိုက်ခိုက်သည့်အထိ ဖြစ်ပွားခဲ့သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
1
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
13
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
3

You may also like these stories:

အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော

လူထုအနေဖြင့် ကာကွယ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေး တပြိုင်တည်းလုပ်ရန် NUG တိုက်တွန်း

NLD ကို တရုတ် ကာကွယ်တာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာ

နေပြည်တော်မှ “အသေကောင်များ”နှင့် တရုတ်ကိုယ်စားလှယ် လာစကားပြောခြင်း

Your Thoughts …
Tags: NLDUSDPတရုတ်ကွန်မြူနစ်ပါတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က နေပြည်တော်တွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့် ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe

ဂျပန်-မြန်မာ စီးပွားရေးအကျိုးဆောင် (သို့) မစ္စတာ ဝါတာနာဘေး

မန္တလေးတွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး လူငယ်များ လျပ်တပြတ်ဆန္ဒပြစဉ်

လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved