• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာသိမ်းခေါင်းဆောင် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ဟု ပြည်သူ့စစ်သားများပြော

by ဧရာဝတီ
15 October 2021
in သတင်း
A A
ပြည်သူ့စစ်သားများအဖွဲ့က စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းပါ ဗိုလ်ချုပ်များကို နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ကြောင်းပြောကြားလိုက်သည်

ပြည်သူ့စစ်သားများအဖွဲ့က စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းပါ ဗိုလ်ချုပ်များကို နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ကြောင်းပြောကြားလိုက်သည်

14.1k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်မှ ဘက်ပြောင်းလာသည့် ပြည်သူ့စစ်သားများအဖွဲ့က စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းပါ ဗိုလ်ချုပ်များကို နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ကြောင်းပြောကြားပြီး ၎င်းတို့ကို ဖယ်ရှားရန် တောင်းဆိုလိုက်သည်။

ထိုဗိုလ်ချုပ်များသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နံနက် အာဏာသိမ်းမှုတွင် သမ္မတဦးဝင်းမြင့်ကို ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခြင်းဖြင့် နိုင်ငံတော်သစ္စာဖေါက်မှု ကျူးလွန်ပြီး စစ်ဥပဒေ ချိုးဖေါက်ကြောင်း စစ်ကောင်စီဆန့်ကျင်ရေး ခုခံမှုကို ထောက်ခံပြီး စစ်တပ်ဘက်မှ ဘက်ပြောင်းလာသော စစ်သားများ၏ အဖွဲ့တခု ဖြစ်သော ပြည်သူ့စစ်သားအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။

“နိုင်ငံတော် သစ္စာဖေါက်မှုများကို ကျူးလွန်ခဲ့သောကြောင့် မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်အရာရှိများကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း မြန်မာစစ်သာများနှင့် အရာရှိအားလုံးကိုယ်စား မိမိတို့ကြေညာသည်” ဟု ထိုကြေညာချက်တွင်ဖေါ်ပြထားသည်။

ထိုအဖွဲ့က ဖြုတ်ချခံအရပ်သား သမ္မတ ဦးဝင်းမြင့်၏ အင်္ဂါနေ့က တရားရုံးထွက်ဆိုချက်ကို ၎င်းတို့၏ ကြေညာချက်တွင် ကိုးကားဖေါ်ပြသည်။

ကျန်းမာရေးအကြောင်းပြပြီး ရာထူးမှ နုတ်ထွက်ရန် ဗိုလ်ချုပ် ၂ ဦးက ဖိအားပေး ခြိမ်းခြောက်ခဲ့ကြောင်း အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံထားရသော သမ္မတ ဦးဝင်းမြင့်က သက်သေခံသည်။ ရာထူးမှ မနုတ်ထွက်လျှင် အန္တရာယ်ကျရောက်မည်ဟု ခြိမ်းခြောက်ခံရသော်လည်း သမ္မတက နုတ်ထွက်ပေးရန် ငြင်းဆန်ခဲ့သည်။

သမ္မတ၏ ထွက်ဆိုချက်သည် သူ ဖမ်းဆီးခံထားရသည့်အခြေအနေနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြားပြောကြားမှုဖြစ်သည်။ ထိုပြောကြားချက်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းပါ ဗိုလ်ချုပ်များက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ဖြုတ်ချခြင်းဖြင့် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ကြောင်း အခိုင်လုံဆုံး အထောက်အထားဖြစ်သည်ဟု ရှေ့နေတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

သာမန်စစ်သားများမှသည် ကာကွယ်ရေးဦးစီချုပ်အထိသည် နိုင်ငံတော်နှင့် နိုင်ငံသားများကို သစ္စာခံရန်နှင့် နိုင်ငံတော်ကိုကာကွယ်ရန် တာဝန်ရှိကြောင်း ပြည်သူ့စစ်သားများက ပြောသည်။

“စစ်တပ်၏ အခြေခံတာဝန်ဖြစ်သော နိုင်ငံတော်နှင့်နိုင်ငံသားများကို ကာကွယ်ရန် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို အပြစ်ပေးရမည်” ဟုလည်း ပြည်သူ့စစ်သားများက ၎င်းတို့၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

ထိုအဖွဲ့က လက်ရှိ တာဝန်ထမ်းဆောင်နေသော စစ်သားများကိုလည်း စစ်ကောင်စီဆန့်ကျင်ရေး အရပ်သားခုခံမှုနှင့် ပူးပေါင်းရန် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် အမြန်ဆုံးပူးပေါင်းရန် ဖိတ်ခေါ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းပါများသည် စစ်တပ်ကို ကိုယ်စားပြုသည်ဟု မသတ်မှတ်နိုင် တော့သောကြောင့် ၎င်းတို့ထံမှ အမိန့်ကို နာခံရန် မလိုကြောင်းလည်း ထိုအဖွဲ့က ဖေါ်ပြသည်။ စစ်အာဏာသိမ်း ခေါင်းဆောင်ကို ပေးသည့် မည်သည့် နာခံမှု၊ ထောက်ခံမှုမဆိုသည် ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီခြင်းနှင့် စစ်တပ်ကျင့်ဝတ်နှင့် ဥပဒေများကို ချိုးဖေါက်ခြင်းဖြစ်ကြောင်းလည်း ပြည်သူ့စစ်သားများ ဆက်လက်ဖေါ်ပြသည်။

စစ်သားနှင့် ရဲ ၂၅၀၀ ခန့်သည် စစ်ကောင်စီအတွက် အလုပ်လုပ်ရန် ငြင်းဆန်သည့် အရပ်သား ဝန်ထမ်းများ၏ နိုင်ငံတဝှမ်း လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန် စစ်တပ်မှ ထွက်လာခဲ့သည်။

မကြာမီအနာဂတ်တွင် ဘက်ပြောင်းလာသူအများအပြားရှိမည်ဟု မျှော်လင့်ကြောင်းလည်း ပြည်သူ့စစ်သားများက ၎င်းတို့၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

You may also like these stories:

မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ

၁၉၈၈ ကလို ၂၀၂၁ က စစ်ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်

မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်

နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် တပ်ကို စွန့်ခွာရန် ပြင်သဖြင့် ထိန်းသိမ်းခံရဟုဆို

Your Thoughts …
Tags: နိုင်ငံတော်သစ္စာဖောက်မှုပြည်သူ့စစ်သားများဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အာဏာသိမ်းခေါင်းဆောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

Next Post
ပလက်ဝမြို့နယ်ရှိ စစ်ရှောင်စခန်းတခု  / Khonumtuung

စစ်ကောင်စီက ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များအား အိမ်ပြန်ခိုင်းနေ

နေပြည်တော် NCA ချုပ်ဆို မှု ၆ နှစ်ပြည့်ပွဲသို့ တက်ရောက်ကြသူများ / Tai Freedom

စစ်ကောင်စီ NCA ၆ နှစ်ပြည့်ပွဲ CNF နှင့် KNU မတက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved