• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ၅ ဦးကို အဂတိမှုဖြင့် စွဲချက်တင်

by ဧရာဝတီ
1 December 2021
in သတင်း
A A
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု / Nyi Pu

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု / Nyi Pu

3.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ၅ ဦးအား စစ်ကောင်စီက စွဲဆိုထားသည့် အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ယနေ့ စွဲချက်တင် အမိန့်ချခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများထံမှ သိရသည်။

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား စစ်တွေအကျဉ်းထောင် ပရိဝုဏ်ထဲတွင် တရားရုံး ဖွင့်လှစ်ကာ အမှုစစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ ရုံးချိန်တွင် နှစ်ဖက်ရှေ့နေများက စွဲချက် တင်သင့်၊ မတင်သင့် အပြန်အလှန် လျောက်လဲချက်ပေးပြီနောက် တရားရုံး က ထိုသို့ စွဲချက်တင် အမိန့်ကို ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း လျှစ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော် ဇံ အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဝင်းက ပြောသည်။

၎င်းက “ဒီနေ့ အမှုနဲ့ပတ်သက်လို့ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲချက်တွေ ပေးပါတယ်။ တရားရုံးကတော့ ဒီနေ့မှာပဲ စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ စွဲချက်တင်လိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ စွဲချက်တင် အမိန့်နှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများဘက်မှ ရှေ့နေများက ပြန်ခေါ်သက်သေ ခေါ်ယူစစ်ဆေး လိုကြောင်း ရုံးတော်ကို တင်ပြခဲ့ရာ တရားရုံးက လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြန်ခေါ်သက်သေ ခေါ်ယူစစ်ဆေးရန် ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲခံရသော ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ၅ ဦး၏ အမှုတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့မှ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်က တရားလို ပြုလုပ်ကာ တရားလိုပြသက်သေ ၁၄ ဦး ပါဝင်ကြောင်း သိရသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ ဝန်ကြီးချုပ် ဦးညီပု၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး/ မွေးမြူရေးနှင့် သတ္တု တွင်းဝန်ကြီး ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်တို့ ဖြစ်သည်။

၎င်းတို့ အနေဖြင့် တာဝန်ယူခဲ့စဉ်က ဂွမြို့ နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံးကြား သောင်ထွန်းလျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်း မြေကွက်ဖော်ဆောင်ရာ၌ ညွန်ကြားချက်ပါ တင်ဒါ စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ ဆက်စပ် ကုမ္ပဏီတခုကို စာချုပ်ချုပ်ကာ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကုမ္ပဏီအား ငွေကြေး ပေးဆောင်ခြင်း စသည်တို့ကြောင့် အဂတိမှုဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့ပြင် ဆက်စပ် ကုမ္ပဏီတခုအား အချက်အလက်များကို မစိစစ်ဘဲ ဒေသခံများ အလုပ်ရရှိရန် ခေါင်းစဉ်ဖြင့် နိုင်ငံပိုင် အဆောက်အအုံ ၃ လုံးကို အထည်ချုပ်လုပ်ငန်း လုပ်ကိုင်စေခြင်း၊ အဆောက်အအုံ ပြုပြင်ရန် အကြောင်းပြချက်ဖြင့် အမှန် အကန် လုပ်ငန်းမလည်ပတ်ဘဲ ငွေကျပ် ၅၅ သန်းကို ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း စစ်ကောင်စီ က စွပ်စွဲထားသည်။

အဆိုပါ ဝန်ကြီးများ အစိုးရတာဝန် ယူခဲ့စဉ်ကာလက ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၉ အောက်တိုဘာ ၁ ရက် စာရင်းဖွင့် လက်ကျန်ငွေ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီရန်ပုံငွေ ကျပ် ၈၆၅ သန်းကိုလည်း ဘဏ္ဍာရေး စည်းကမ်းစည်းမျဉ်းနှင့် မညီဘဲ သုံးစွဲခဲ့ကြောင်း စသည့် အချက်များလည်း ပါဝင်သည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီး များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဂတိအမှု အပါအဝင် ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံရနိုင်သည့် ပုဒ်မများစွာဖြင့် တရားစွဲဆို ထားသည်။

You may also like these stories:

ဒေါက်တာ ဇော်မြင့်မောင် ဖျားနာနေသဖြင့် မိသားစု စိုးရိမ်

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
7
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
62
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
21

NLD နာယက ဦးဝင်းထိန် ထောင်နှစ် ၂၀ ချခံရ

နာကျင်စရာတွေကို ခွန်အားအဖြစ် ပြောင်းပစ်မယ်လို့ မနီလာသိန်း ပြော

Your Thoughts …
Tags: စွဲချက်တင်ရခိုင်ဝန်ကြီးချုပ်အဂတိမှုဦးညီပု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုဖြင့် စစ်ဆေးနေ

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုဖြင့် စစ်ဆေးနေ

by ဧရာဝတီ
23 October 2023
14.6k

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူခြင်းတို့ကို သားဖြစ်သူ ကုမ္ပဏီများအား လုပ်ပိုင်ခွင့် ပေးခဲ့ကြောင်း

ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

ကိုယ်ကျိုးရှာသော ထိပ်ပိုင်းအရာရှိများကို အရေးယူမည်ဟု စစ်ခေါင်းဆောင်ပြော

by ဧရာဝတီ
29 September 2023
9.4k

စစ်ကောင်စီအဖွဲ့ဝင်များကို ရာထူးနှင့် လုပ်ပိုင်ခွင့်များ အပြောင်းအလဲပြုလုပ်ခြင်း၊ ရာထူးမှဖယ်ရှားခြင်းများ ဆက်တိုက် ပြုလုပ်နေသလို ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အပေါင်းများကိုလည်း အဂတိလိုက်စားမှုဖြင့် ထိန်းသိမ်း စစ်ဆေး

မြန်မာမှ နျူကလီးယားပစ္စည်းများ မှောင်ခိုကူးရန် ဂျပန် မာဖီးယား ခေါင်းဆောင် ကြိုးစားခဲ့

မြန်မာမှ နျူကလီးယားပစ္စည်းများ မှောင်ခိုကူးရန် ဂျပန် မာဖီးယား ခေါင်းဆောင် ကြိုးစားခဲ့

by ဧရာဝတီ
22 February 2024
2.9k

နျူကလီးယားပစ္စည်းများကို မှောင်ခိုကူးရန်ကြံစည်မှုဖြင့် ဂျပန်မာဖီးယားအဖွဲ့ဝင်ဟု စွပ်စွဲခံရသူတဦးကို အမေရိကန် အစိုးရရှေ့နေများ စွဲချက်တင်လိုက်သည်။

အဆုံးထိ တိုက်ပွဲဝင်မည်ဟု တောင်ကိုရီးယား သမ္မတ ပြော

အဆုံးထိ တိုက်ပွဲဝင်မည်ဟု တောင်ကိုရီးယား သမ္မတ ပြော

by ဧရာဝတီ
12 December 2024
1.3k

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုသည် ရုပ်မြင်သံကြားတွင် ပေါ်ထွက်လာပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်မည်ဟု ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ တရားလွှတ်တော်ချုပ်၌ ကြားနာ

by ဧရာဝတီ
12 July 2023
7.1k

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲကာ ထောင်ဒဏ်ချထားသည့် အဂတိမှု ၅ မှုနှင့်ပတ်သက်ပြီး ရာဇဝတ်အယူခံအဖြစ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ယနေ့ နှစ်ဖက်လျှောက်လဲကြားနာခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ ဖနွမ်ပင်မြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ဆုံကြစဉ်  / Samdech Hun Sen, Cambodian Prime Minister  / Facebook

ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ

by Bertil Lintner
3 December 2021
11.4k

ပဒေသရာဇ်ဆန်သော ကမ္ဘောဒီးယားအုပ်ချုပ်သူ ဟွန်ဆန်သည် ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် တာဝန်ခံယူမှု တာဝန်ခံမှုကို ထောက်ခံသူအဖြစ် ချက်ခြင်းပြောင်းလဲသွားခဲ့ပါသလား။

Next Post
အိုမီခရွန်ပိုးသစ်ကြောင့် ဂျပန်က နိုင်ငံခြားခရီးသည် အဝင်ပိတ်သည် / ဧရာဝတီ

အိုမီခရွန်မျိုးကွဲကြောင့် ကပ်ဆိုက်နေသော ကမ္ဘာ့စီးပွားရေး စိုးရိမ်စရာဖြစ်လာ

နိုင်ငံလူဦးရေ ထက်ဝက်သည် လွန်စွာခက်ခဲသောကာလကို ဖြတ်သန်းနေရကြောင်း UNDP ကပြောသည် / AFP

မြန်မာ့လူဦးရေထက်ဝက် တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေရှိတော့မည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved