• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သရုပ်ဆောင် ပိုင်တံခွန်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်

by ဧရာဝတီ
27 December 2021
in သတင်း
A A
သရုပ်ဆောင် ပိုင်တံခွန်

သရုပ်ဆောင် ပိုင်တံခွန်

11.6k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြု၍ ဆန့်ကျင် လှုံ့ဆော် မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် သရုပ်ဆောင် ပိုင်တံခွန်အား ယနေ့၊ (ဒီဇင်ဘာလ ၂၇ ရက်) တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။

ယနေ့ ရုံးချိန်းသည် ပိုင်တံခွန်အား အပြီးသတ် အမိန့်ချမှတ်ရန် ချိန်းဆိုထားသည့် ရုံးချိန်း မဟုတ်ဘဲ တရားလိုပြ သက်သေ တဦးကို စစ်ဆေးရန် ချိန်းဆိုထားခြင်းသာဖြစ်ပြီး၊ တရားလိုပြသက်သေမှာ ကျန်းမာရေး အကြောင်းပြ၍ မလာနိုင်ခဲ့ကြောင်း သိရသည်။

တရားလိုသက်သေ မလာရောက်နိုင်သဖြင့် ပုံမှန် လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ တရားသူကြီးက ပိုင်တံခွန်အား ဥပဒေ အရာ ရှိနှင့် ခေါ်ယူတွေ့ဆုံကာ သပိတ်မှောက်သည့် စစ်ကြောင်းများတွင် ပါဝင် ဆောင်ရွက်ခဲ့ခြင်း မှန်၊ မမှန် မေးမြန်းပြီးနောက် ပိုင်တံခွန်က ပါဝင်ခဲ့သည်မှာ မှန်ကန်ကြောင်း ဖြေဆိုသဖြင့် ယင်းကဲ့သို့ အမိန့် ချမှတ်ခဲ့ခြင်းဟု ရှေ့နေက ပြောသည်။

ပိုင်တံခွန်၏ ရှေ့နေ၊ ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က “အမှန်ကတော့ ကျနော်တို့ တရားရုံး လုပ်ထုံးလုပ်နည်းအရ ဆိုရင် တော့ ဒီလို အမိန့်ချမှတ်ဖို့ အများကြီး လိုပါသေးတယ်။ တကယ်ပြောရင် ဒါ တရားလိုဘက် စစ်ဆေးဆဲပဲ ဖြစ်ပါတယ်။ နောက် တရားသူကြီး တယောက်အနေနဲ့ စစ်ဆေးခံရသူ တယောက်ကို ဥပဒေအရ အတင်းအကျပ် ဝန်ခံခိုင်းလို့ မရပါဘူး။ ဒီလိုမျိုး အတင်းခေါ်ယူ မေးပြီးတော့မှ အတင်းအကျပ် ဝန်ခံခိုင်းတဲ့ ပုံစံမျိုး ဆောင်ရွက်တာကတော့ ဒါဥပဒေနဲ့အညီ မဟုတ်ဘူးလို့ ကျနော် ပြောလို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

သရုပ်ဆောင်၊ မော်ဒယ် ပိုင်တံခွန်အား ဧပြီလ ၈ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံနေအိမ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီး ခဲ့ကြခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားကာ အဆိုပါ အမှုအား တရားရုံး စွဲတင်ခဲ့သည့် မေလ ၄ ရက်မှ စတင်၍ ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးသွားမည်ဟု သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ပိုင်တံခွန်အား ယခုကဲ့သို့ အပြီးသတ် အမိန့်ချမှတ်လိုက်သည့်အပေါ် မိသားစုဝင်များက တစုံတရာ မှတ်ချက် ပေးခြင်း မရှိသော်လည်း ဝမ်းနည်းနေကြကြောင်း သိရသည်။

ဆက်လက်ပြီး ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ပိုင်တံခွန်က ကျန်းမာရေး ကောင်းပါတယ်။ အမိန့်ချမှတ်တဲ့အပေါ်လည်း ထူးထူးခြားခြား ထိခိုက် ခံစားတာမျိုး မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှာ ရှိကြတဲ့ အနုပညာရှင် အားလုံးကလည်း ဒီလို အမိန့်မျိုး ချမှတ်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြတယ်။ ဒီအတိုင်းပဲ ချလိမ့်မယ်လို့ တွေးထားကြတဲ့အတွက် သိပ်ပြီးတော့ ထိထိခိုက်ခိုက် မရှိဘူး” ဟု ဆိုသည်။

သရုပ်ဆောင် ပိုင်တံခွန် အပါအဝင် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံထားရသော အနုပညာရှင်များဖြစ်ကြသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ လူရွှင်တော် ဇာဂနာ၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့လည်း အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

You may also like these stories :

တရားခွင်အတွင်း သတိလစ် မေ့မြောသွားခဲ့တဲ့ ရဲတိုက်

ပိုင်တံခွန်အား Facebook တွင် တင်သည့် ပို့စ်များကြောင့် တရားစွဲရခြင်းဟု တရားလိုထွက်ဆို

Rebel Riot Band ရဲ့ ဖက်ဆစ်ဆန့်ကျင်ရေးသီချင်း “Bella Ciao”

Your Thoughts …
Tags: ထောင်ဒဏ်သရုပ်ဆောင် ပိုင်တံခွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

by ဧရာဝတီ
31 October 2023
14.4k

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဝင်စာ တွေ့ခွင့်ရရေး ရှေ့နေအဖွဲ့က ယမန်နေ့တွင် ထပ်မံစာတင်ပြခဲ့ကြောင်း၊ ယင်းတင်ပြမှုနှင့် ပတ်သက်ပြီး ယနေ့မွန်းလွဲပိုင်းအထိ တစုံတရာ အကြောင်းပြန်မှု မရှိသေးကြောင်း

သတ်မှတ်ချက် မလိုက်နာက ထောင်ချမည်ဆို၍ ရွှေဆိုင်ငယ်များ ပိတ်သိမ်းနိုင်

သတ်မှတ်ချက် မလိုက်နာက ထောင်ချမည်ဆို၍ ရွှေဆိုင်ငယ်များ ပိတ်သိမ်းနိုင်

by ဧရာဝတီ
27 October 2024
3.8k

ရွှေလုပ်ငန်းရှင်များအနေဖြင့် ယခုကြေညာလိုက်သည့် အမိန့်အရ ရွှေရောင်းဝယ်သည့် လုပ်ငန်းလိုင်စင် ပြန်လည် လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်ရပါကလည်း ၎င်းတို့ သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချရမည်ဖြစ်ကာ မလိုက်နာလျှင် ထောင်ဒဏ်ချမှတ် အရေးယူခံရနိုင်သည်။

ပို့ကုန်သမား ၁၀၀ ကျော် ထောင်ကျနိုင်သည့် စွဲချက်များ ရင်ဆိုင်နေရ

ပို့ကုန်သမား ၁၀၀ ကျော် ထောင်ကျနိုင်သည့် စွဲချက်များ ရင်ဆိုင်နေရ

by ဧရာဝတီ
3 August 2024
3.4k

ယခုအပတ်အတွင်း ပို့ကုန်ကုမ္ပဏီ ၁၀၇ ခု၏ လိုင်စင်များကို စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရုတ်သိမ်းလိုက်ကြောင်း အမှုဆောင်များက ပြောသည်။

လိုင်စင်မဲ့ယာဉ် အဖမ်းအဆီးကြမ်း၊ မန္တလေး၌ ထောင်ချမှုများပင်ရှိ

လိုင်စင်မဲ့ယာဉ် အဖမ်းအဆီးကြမ်း၊ မန္တလေး၌ ထောင်ချမှုများပင်ရှိ

by ဧရာဝတီ
4 June 2025
2.8k

လိုင်စင်မဲ့ မော်တော်ယာဉ် စီးနင်းနေမှုများအား ဖော်ထုတ်အရေးယူရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားခဲ့ပြီးနောက် ဇွန် ၁ ရက်မှစ၍ နိုင်ငံတဝန်း စီမံချက်ဖြင့် အဖမ်းအဆီးကြမ်းလာသလို ထောင်ဒဏ်ချမှတ်ခံမှုများပါရှိကြောင်း သိရသည်။

အမျိုးသမီးနှင့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသူများအား ကြီးလေးသော ပြစ်ဒဏ်ပေးရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ်  / ဧရာဝတီ

သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု

by မိုးမိုး
28 March 2019
12.9k

မတ်လ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် နိုင်ငံတော် သမ္မတက “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွ့ဲစည်းပုံ အခြေခံ ဥပဒေ အရ ဤလက်မှတ်ရေးထိုးသည်” ဟု ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေအား...

စစ်တွေ ဗျိုင်းဖြူရွာသား ၁၀၀ ကျော်ကို AA နှင့်ပတ်သက်သည်ဆိုကာ ထောင် ၃ နှစ်ချ

စစ်တွေ ဗျိုင်းဖြူရွာသား ၁၀၀ ကျော်ကို AA နှင့်ပတ်သက်သည်ဆိုကာ ထောင် ၃ နှစ်ချ

by ဧရာဝတီ
31 August 2024
558

ပြီးခဲ့သော မေလ ၂၈ ရက်နှင့် ၂၉ ရက်တွင် စစ်ကောင်စီတပ်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အပါအဝင် မွတ်စလင် ပျူစောထီးပူးပေါင်းအဖွဲ့သည် ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်ပြီး ရွာသားအားလုံးကို ဖမ်းဆီးကာ ရွာသား ၇၀ ကျော်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက်...

Next Post
တရားမရှိ ဓားမရှိ

တရားမရှိ ဓားမရှိ

အာဏာသိမ်း စစ်တပ်ပစ်ခတ်ဖျက်ဆီးထားသည့် နတ်ချောင်းရွာ / CJ

နတ်ချောင်းရွာတွင် တိုက်ပွဲပြင်းထန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved