• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါက်တာ ဇော်မြင့်မောင် ထောင်ဆေးရုံ၌ ကင်ဆာဆေး သွင်းနေရ

by ဧရာဝတီ
13 January 2022
in သတင်း
A A
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်  / ဧရာဝတီ

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် / ဧရာဝတီ

16k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် သွေး ကင်ဆာ ရောဂါအတွက် ဆေးသွင်းရန် လိုလာသဖြင့် ဇန်နဝါရီ ၄ ရက်က စတင်၍ ထောင်ဆေးရုံသို့ တက်ရောက်ခဲ့ ရ ကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။

“ကင်ဆာရောဂါအတွက် ဆေးသွင်းစရာ လိုလို့ အရေးပေါ် ထောင် ဆေးရုံကို တင်ပေးလိုက်တာတဲ့။ ဆေးသွင်းတာက တရက် နှစ်ကြိမ် သွင်းရတယ်။ တလုံးကို တနာရီကျော် ကြာ တော့ သက်တောင့်သက်သာ ရှိဖို့လိုအပ်လို့ ထောင်ဆေးရုံမှာ စီစဉ်ပေးခဲ့တာလို့ သိရတယ်။ ကျန်းမာရေး အခြေအနေ ဆိုးရွားလို့ တက်ရတာမျိုး မဟုတ်ပါဘူး” ဟု ရှေ့နေအဖွဲ့က ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၉ ခုနှစ်မှ စကာ သွေးကင်ဆာ ရောဂါ ခံစားခဲ့ရ သဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူခဲ့ရပြီး ကင်ဆာဆေးဝါးများ ယနေ့အချိန်ထိ သောက်သုံးနေရဆဲဟု သိရသည်။

ကင်ဆာ ဆေးသွင်းရန်အတွက် ၎င်းကို ကုသပေးနေသည့် ထိုင်းနိုင်ငံက ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့် ပြင်ပမှ ဆေး ဘက်ဆိုင်ရာ ဘုတ်အဖွဲ့နှင့် ချိတ်ဆက်၍ ဆေးသွင်းခဲ့ရခြင်း ဖြစ်ပြီး အဆိုပါ အခြေအနေကို ထောင်အာဏာပိုင်များက အလျင်အမြန် စီစဉ်ပေးရသဖြင့် မိသားစုမှာ နောက်ကျမှ သိရှိခဲ့ရသည်ဟု ရှေ့နေအဖွဲ့က ဆိုသည်။

“ကင်ဆာဆေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပုံစံ လုပ်ရမလဲဆိုတဲ့ ကုသမှု (Treatment) ပေးတာကို အပြင် Medical Board အဖွဲ့နဲ့ မိသားစုကနေ ဘယ်ဆေးကို အသုံးပြုပါဆိုပြီး ပြောပေးတာကို ထောင်ဆရာဝန်တွေကနေ လုပ်ဆောင်ရ တာပေါ့၊ အရေးကြီးရင် ဆရာဝန်ကြီးတွေ အဖွဲ့က သွားပြီး ကြည့်ပေးတာမျိုးတွေ ရှိပါတယ်” ဟု အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတဦးက ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် စက်တင်ဘာလ အတွင်းကလည်း ထောင်တွင်း၌ ကိုဗစ် ကူးစက်ခံရသဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက်ကာ ကုသမှုခံယူခဲ့ရသလို နိုဝင်ဘာလအတွင်းကလည်း အချုပ်ထောင် အခန်း မိုးမလုံမှုကြောင့် ဖျားနာခဲ့သဖြင့် မိသားစုဝင်များ က လိုအပ်သည့် ဆေးဝါးများကို ဝယ်ယူပေးပြီး အကျဉ်းထောင် ဝန်ထမ်းမှတဆင့် ပေးခဲ့ရသည်။

ထို့ပြင် ဒီဇင်ဘာ ၂၉ ရက်ကလည်း ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ တရားစွဲခံရသည့် အမှုများ စစ်ဆေးစဉ် ဖျားနာပြီး အမောဖောက်ကာ အောက်ဆီဂျင် ရှုခဲ့ရကြောင်း သိရသည်။

“ဆရာဇော်ရဲ့ ကျန်းမာရေးက စိုးရိမ်ရတဲ့ အဆင့်မျိုး မဟုတ်ဘူးဆိုပေမယ့် အချိန်မရွေး ဖောက်နိုင်တဲ့ အနေအထားမှာတော့ ရှိနေတာ အမှန်ပဲဗျ၊ ဒါကို အဓိက တာဝန်ရှိတဲ့ ထောင်အာဏာပိုင်တွေက တခုခုဆိုရင် မိသားစုကို ချက်ချင်းအကြောင်း ကြားသင့်တယ်။ အခုဆရာဇော် ကင်ဆာဆေးသွင်းဖို့ ထောင်ဆေးရုံတက်ရတာကို အသိပေးတာ နောက်ကျတာတော့ ဘယ်လို သဘောမျိုးနဲ့လည်း ဆိုတာ သူတို့ပဲ သိလိမ့်မယ်” ဟု မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးက ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပေဒ ပုဒ်မ ၂၅/၃၀(က)တို့ဖြင့် တရားစွဲထားမှုကို ထောင်ဒဏ် ၄ နှစ် ကျခံစေ ရန်နှင့် ပုဒ်မ ၅၀၅ (ခ) အတွက် ချုပ်ရက် ခံစားခွင့် မရှိကြောင်း အမိန့် ချမှတ်ထားပြီး ဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

ထိုသို့ အမိန့်ချခံထားရသော်လည်း မန္တလေးတိုင်း တရားလွှတ်တော်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ များဖြင့် အမှု ၅ မှု၊ အမရပူရမြို့နယ် တရားရုံးနှင့် အောင်မြေသာစံမြို့နယ် တရားရုံးများတွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ များနှင့် ပတ်သက်၍ စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ)/ ၁၃၀ (က) အမှုများကို ဆက်လက် ရင်ဆိုင်နေ ရဆဲ ဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် ၏ ယမန်နေ့ ရုံးချိန်း (ဇန်နဝါရီ ၁၂ ရက်) တွင် စစ်ကောင်စီခန့် မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုး တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည့် ၂၀၂၀ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ထပ်တိုးအမှုများကို အိုးဘိုထောင်တွင်း အထူးတရားရုံးဖြင့် ရုံးုထုတ်စစ်ဆေးခဲ့ပြီး နောက် ရုံးချိန်းအား ဇန်နဝါရီခ ၁၉ ရက်တွင် ထပ်မံချိန်းဆိုထားသည်။

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အတူ အာဏာသိမ်း စစ်ကောင်စီ၏ တရားစီရင်ရေးဖြင့် ထောင်ဒဏ်များ အသီး သီး ချမှတ်ခံထားရသည့် မန္တလေးတိုင်း အစိုးရအဖွဲ့ဝန်ကြီးများလည်း ကျန်းမာရေး ကောင်းမွန်စွာ ရှိကြသည်ဟု အကျိုး ဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။

You may also like these stories:

မန္တလေးတိုင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တိုင်းအဆင့်အယူခံ ထပ်တက်မည်

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ အယူခံဝင်မည်

Your Thoughts …
Tags: ကင်ဆာဆေးဒေါက်တာ ဇော်မြင့်မောင်အိုးဘိုထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

by မောင်ကဝိ
5 November 2024
7.6k

နောက်စစ်ခေါင်းဆောင်ကလည်း သူ့အာဏာကို ခြိမ်းခြောက်ရင် မင်းအောင်လှိုင်ရဲ့သားကို ဖမ်းမှာပဲ

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

by ယဉ်မွန်
5 July 2024
6.4k

စစ်တပ်နဲ့ အမျိုးဘာသာ၊ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေး (မဘသ) အဖွဲ့တွေကို ဝေဖန်မိန့်ကြားလေ့ရှိတဲ့ ဆရာတော် ဦးသောဘိတ (အင်္လကာကြယ်) ပျောက်ဆုံးနေတာ တနှစ်ကျော်ရှိနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

by မောင်ကဝိ
21 June 2025
3k

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက သွားကိုက်တာ၊ သွေးပေါင်ကျတာ၊ မူးဝေတွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တယ်။

ဖိနှိပ်မှုကြားက NLD ပါတီ အလဲအကွဲတွေ ကြုံနေရ

ဖိနှိပ်မှုကြားက NLD ပါတီ အလဲအကွဲတွေ ကြုံနေရ

by ဧရာဝတီ
11 October 2024
2.8k

"ကျနော်တို့ဟာ ဒီမိုကရေစီအတွက် စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေမယ်" ဟု ပြည်တွင်းမှ အမည်မဖော်လိုသည့် ဝါရင့် NLD ခေါင်းဆောင်တဦးက ပြောသည်။

Next Post
စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကြောင့်သာ မီးပျက်နေရတာပါ (ရုပ်/သံ)

စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကြောင့်သာ မီးပျက်နေရတာပါ (ရုပ်/သံ)

ကမ္ဘာ့ နံပတ်တစ် မော်ဒယ် အဖြစ် ရွေးချယ်ခံထားရတဲ့ မော်ဒယ် ပိုင်တံခွန်

ထောင်ဒဏ်ချမှတ်ခံရသည့် ပိုင်တံခွန် အမှုအား အယူခံဝင်မည် မဟုတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved