• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီခေါင်းဆောင် မွေးနေ့ ဒေါက်တာသာရင်မြတ်အလှူ တက်ရောက်

by ဧရာဝတီ
6 July 2022
in သတင်း
A A
ဒေါက်တာ သာရင်မြတ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ကိုအောင်ပြည်စုံနှင့် အတူထိုင်ပြီး ဒေါက်တာ သာရင်မြတ်၏ဇနီး ဒေါ်နွယ်နွယ်အေးသည် ဒေါ်ကြူကြူလှနှင့် ဘေးချင်းယှဉ်ထိုင်ကာ ဓမ္မဗိမာန်ဖွင့်ပွဲ တက်ရောက်ကြသည်။

ဒေါက်တာ သာရင်မြတ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ကိုအောင်ပြည်စုံနှင့် အတူထိုင်ပြီး ဒေါက်တာ သာရင်မြတ်၏ဇနီး ဒေါ်နွယ်နွယ်အေးသည် ဒေါ်ကြူကြူလှနှင့် ဘေးချင်းယှဉ်ထိုင်ကာ ဓမ္မဗိမာန်ဖွင့်ပွဲ တက်ရောက်ကြသည်။

19.5k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏ ၆၆ နှစ်ပြည့်မွေးနေ့တွင် အာဏာရှင်ဟောင်းဦးသန်းရွှေ၏ လက်ရင်းတဦး လှူဒါန်းသည့် ဓမ္မဗိမာန်ကို တရားဝင် ဖွင့်လှစ်ပေးသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကျင်းပသည့် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှ ဓမ္မစကြာရိပ်သာ ဘုန်းကြီးကျောင်းရှိ ဓမ္မဗိမာန် အဆောက်အအုံဖွင့်ပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ သား ကိုအောင်ပြည်စုံနှင့် ချွေးမ မမျိုးရတနာထိုက်တို့လည်း တက်ရောက်ကြသည်။

ကျပ်ငွေ ၁ ဘီလီယံ (ဒေါ်လာ ၅၄၀,၀၀၀ ခန့်) ကုန်ကျသည့် ထိုအဆောက်အအုံ၏ အဓိက အလှူရှင်မှာ ဒေါက်တာ သာရင်မြတ်၊ သူ၏မိသားစုနှင့် Four River Myanmar Co Ltd American Company မိသားစုများ ဖြစ်ကြောင်း စစ်ကောင်စီ သတင်းဌာနများက ဖော်ပြသည်။

သတင်းတွင် ဖော်ပြထားခြင်း မရှိသော်လည်း ထိုဖွင့်ပွဲအခမ်းအနားသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၆၆ နှစ်ပြည့် မွေးနေ့အတွက် ကောင်းမှုကုသိုလ်ပြုလုပ်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်။

ထိုနေ့တွင်ပင် တနိုင်ငံလုံးမှ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများကလည်း ဆန္ဒပြပွဲများ ဆင်နွှဲကြပြီး လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူများအပေါ် ကျူးလွန်သော ရက်စက်မှုများအတွက် သူသေဆုံးစေရန် ဆုတောင်းကြသည်။

ဇူလိုင်လ ၃ ရက်နေ့က ဓမ္မစကြာရိပ်သာ ဘုန်းကြီးကျောင်းရှိ ဓမ္မဗိမာန်ဖွင့်ပွဲသို့ တက်ရောက် ဖဲကြိုးဖြတ်သည့် ဒေါက်တာ သာရင်မြတ် (ဝဲဘက်မှ ပထမဆုံး အမျိုးသား) ကို တွေ့ရစဉ်

ဒေါက်တာ သာရင်မြတ် ဆိုသည်မှာ

လေတပ်ဗိုလ်မှူးဟောင်း သာဒင်ကြီး၏သား ဒေါက်တာ သာရင်မြတ်သည် စစ်ဆရာဝန်ဟောင်း ဖြစ်သည်။

ဘီနီဒစ် ရော်ဂျာ ရေးသားသည့် အာဏာရှင်ဟောင်းသန်းရွှေ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ဒေါက်တာ သာရင်မြတ်သည် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ် အစောပိုင်းအထိ နိုင်ငံကိုအုပ်ချုပ်သော ယခင်စစ်အုပ်စုအတွက် လက်နက်ပွဲစားလုပ်ခဲ့သော ဦးတေဇကဲ့သို့သောလူ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါက်တာ သာရင်မြတ်တို့ ဘုန်းကြီးများကို ဆွမ်းကပ်လှူစဉ်

“ဦးတေဇအပြင် ဦးသန်းရွှေ၏ အဓိက လက်နက်ပွဲစားမှာ မြန်မာမှ အချမ်းသာဆုံး မိသားစုတစုတွင် မွေးဖွားလာသည့် ဒေါက်တာ သာရင်မြတ် ဖြစ်သည်။ သာရင်မြတ်သည် စစ်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး သူ့ဖခင်၏ အဆက်အသွယ်များမှတဆင့် တရုတ်မှ ဂျက်တိုက်လေယာဉ်များနှင့် အခြားနိုင်ငံများမှ လက်နက်များ ဝယ်ယူရာတွင် အကူအညီပေးခဲ့သည်” ဟု ဘီနီဒစ် ရော်ဂျာက “သန်းရွှေ-အာဏာရှင်ကို မျက်နှာဖုံးခွာချခြင်း” စာအုပ်တွင် ရေးသားခဲ့သည်။

“ထိုအချိန်မှစတင်ပြီး သူသည် ဦးသန်းရွှေ၏ လက်စွဲတယောက်ဖြစ်လာသည်” ဟု ဘက်ပြောင်းလာသူ တဦးက ပြောသည်။ “ဦးတေဇနှင့် ဒေါက်တာ သာရင်မြတ်တို့သည် ဦးသန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင် စင်ကာပူသို့ ဈေးဝယ်ထွက်ရန် ကူညီကြပြီး သူမ၏ စင်ကာပူငွေစာရင်းမှ ငွေများကို ဒူဘိုင်းရှိ ငွေစာရင်းသစ်သို့ လွှဲပြောင်းရာတွင် ကူညီကြသည်” ဟု ရော်ဂျာက ထိုစာအုပ်တွင် ရေးသားသည်။

ယခင်စစ်အုပ်စုခေတ်က သတင်းစာဟောင်းများ၏ အဆိုအရ ဒေါက်တာ သာရင်မြတ်သည် စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင် ဦးခင်ညွန့်နှင့်လည်း လှူဒါန်းမှုများ ပြုလုပ်ကြောင်း သိရသည်။ ဦးခင်ညွန့်သည် ယခုအခါ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရပြီ ဖြစ်သည်။

ဒေါက်တာ သာရင်မြတ်သည် AWE အမည်ရှိ ကုမ္ပဏီတခုကို ၂၀၁၀ ပြည့်နှစ်များက စီမံခဲ့သော်လည်း ထိုလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်တွင် ဖျက်သိမ်းခဲ့သည်။

ဒေါက်တာ သာရင်မြတ်နှင့် သူ၏ မိသားစုနှင့်အတူ အထက်ပါ ဓမ္မဗိမာန်ကို လှူဒါန်းသည့် Four River Myanmar Co Ltd American Company တို့အကြား ဆက်ဆံရေး သဘောသဘာဝကို ရှင်းလင်းစွာ မသိရပေ။ ထိုကုမ္ပဏီ၏ အမည်ကို မြန်မာကုမ္ပဏီ မှတ်ပုံတင်စာရင်းတွင် ရှာမတွေ့ပေ။

၂၀၁၆ ခုနှစ် ဦးသိန်းစိန် အစိုးရခေတ်တွင် ဒေါက်တာ သာရင်မြတ်ကို ဗုဒ္ဓဘာသာသို့ အကြီးအကျယ် လှူဒါန်းသူများကို ပေးအပ်သည့် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ ပေးစဉ်

ထို စစ်ဆရာဝန်ဟောင်းသည် ၂၀၁၁ ခုနှစ်တွင် အာဏာရလာသည့် အရပ်သားတပိုင်း အစိုးရခေတ် တလျှောက်လုံးတွင်လည်း စစ်ခေါင်းဆောင်များနှင့်အတူ လှူဒါန်းမှုများ ပြုလုပ်သည်။

ဦးသိန်းစိန် အစိုးရခေတ်တွင် ဒေါက်တာ သာရင်မြတ်ကို ဗုဒ္ဓဘာသာသို့ အကြီးအကျယ် လှူဒါန်းသူများကို ပေးအပ်သည့် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ပေးခဲ့ပြီး သူ၏ဇနီး ဒေါ်နွယ်နွယ်အေးကိုလည်း လူမှုရေး လုပ်ငန်းများအတွက် သီဟ သုဓမ္မသင်္ဂီဘွဲ့ ပေးခဲ့သည်။

လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းသောအခါ ထိုမိသားစုသည် ပျော်ရွှင်နေသောကြောင့် Facebook တွင် ဒေါသများကို ဖြစ်စေပြီး ၎င်းတို့၏သမီး ချောစုမြတ်၏ ရန်ကုန်ရှိ ချောချော ပိုးထည်နှင့် အဆင့်မြင့် ဖက်ရှင်ဆိုင်ကို သပိတ်မှောက်ကြသည်။

ထို့အပြင် စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကို သစ္စာရှိသောကြောင့် ရန်ကုန်ရှိ နိုင်ငံတကာ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု တက္ကသိုလ် (ITBMU) ပါမောက္ခချုပ်ဖြစ်လာသည့် အရှင် ဆေကိန္ဒကို ကိုးကွယ်သူများလည်း ဖြစ်ကြသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဒေါက်တာ သာရင်မြတ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ကိုအောင်ပြည်စုံနှင့် အတူထိုင်ပြီး သူ၏ဇနီး ဒေါ်နွယ်နွယ်အေးသည် ဒေါ်ကြူကြူလှနှင့် ဘေးချင်းယှဉ်ထိုင်ကာ အထက်ပါ ဓမ္မဗိမာန် အဆောက်အအုံဖွင့်ပွဲ တက်ရောက်ကြသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

You may also like these stories:

အာဏာရှင်နဲ့ ထေရဝါဒ

စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ

ပညတ်သွားရာ ဓာတ်သက် မပါခဲ့လေသလား

မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ

စစ်ပြေးဒုက္ခသည်များအရေး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလုပ်သင့်လဲ

စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

Your Thoughts …
Tags: Four River Myanmar Co Ltd American Companyစစ်ကောင်စီဒေါက်တာ သာရင်မြတ်ဓမ္မစကြာရိပ်သာ ဘုန်းကြီးကျောင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်နေကြသည့် မြန်မာလုပ်သားများ (ဓာတ်ပုံ - วันนี้ที่แม่สอด อ.แม่สอด)

ထိုင်းအစိုးရက အထောက်အထားမဲ့များအတွက် လက်မှတ်ထုတ်ပေးမည်

ဇူလိုင်လ ၂ ရက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးသွားသည့် နေအိမ်များ  / CJ

တိုက်ပွဲမဖြစ်ဘဲ မင်းတပ်မြို့နယ်မှ ရွာများအား လက်နက်ကြီးနှင့် ပစ်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved