• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရိုဟင်ဂျာ အမှု အထောက်အထားသစ်များ ထပ်မံရရှိ

by ဧရာဝတီ
6 August 2022
in သတင်း
A A
၂၀၁၇ အောက်တိုဘာလတွင် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွါထွက်ပြေးနေသော ရိုဟင်ဂျာများ / AFP

၂၀၁၇ အောက်တိုဘာလတွင် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွါထွက်ပြေးနေသော ရိုဟင်ဂျာများ / AFP

10.9k
VIEWS
Share on FacebookShare on Twitter

စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးသူများက စုဆောင်းထားပြီး Reuters သတင်းဌာနက လေ့လာခဲ့သည့် စာရွက်စာတမ်းများတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုကို မည်သို့ စနစ်တကျ အသရေဖျက်သည်၊ ၎င်းတို့ကို အစုလိုက်အပြုံ လိုက်သတ်မည့် ခါးပိုက်ဆောင်တပ်များကို မည်သို့ ဖန်တီးသည်နှင့် ထိုခါးပိုက်ဆောင်တပ်များနှင့် အမျိုးသားရေး အစွန်း ရောက် ဗုဒ္ဓဘာသာဘုန်းကြီးများကို မည်သို့ ချိတ်ဆက်ပေးသည်တို့ကို ဖော်ပြနေသည်။

ထိုအထောက်အထားများကို ဝါရင့် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးသူများနှင့် နိုင်ငံတကာ ရာဇဝတ်မှု ရှေ့နေများ ပါဝင်သည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာ တရားမျှတမှုနှင့် တာဝန်ခံမှု ကော်မရှင် (CIJA)က စုဆောင်း ခဲ့ခြင်း ဖြစ်သည်။

ထိုအထောက်အထားများတွင် ရိုဟင်ဂျာများကို မောင်းထုတ်သည့် ကိစ္စနှင့်ပတ်သက်သည့် ပြောဆိုဆွေးနွေးမှုများ၊ ကြံ စည်မှုများနှင့် စစ်ဆင်ရေးများကို နိုင်ငံတကာ အသိုက်အဝန်းက မသိအောင် မည်သို့ ဖုံးကွယ်ခဲ့သည်တို့ ပါဝင်သည်။

ရိုဟင်ဂျာများကို မောင်းထုတ်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်၍ ကုလသမဂ္ဂက လူမျိုးစု သုတ်သင်မှုအဖြစ် လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုက လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ်လည်းကောင်း ကြေညာထားသည်။

လွန်ခဲ့သော ၄ နှစ်အတွင်း ထိုစစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးသူများသည် နိုင်ငံတကာ တရားရုံးတခုတွင် စီရင်ချက်ချမှတ်ရေး အတွက် အသုံးပြုနိုင်မည်ဟု ယူဆရသည့် အထောက်အထားများကို စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးသူများက စုဆောင်းလျက် ရှိသည်။

သုတ်သင်ဖယ်ရှားသည့် လုပ်ငန်း

ထိုအထောက်အထားများတွင် လူသတ်ရန် သို့မဟုတ် အဓမ္မပြုကျင့်ရန် စစ်သားများကို တိုက်ရိုက်ညွှန်ကြားသည့် အမိန့်များ ပါဝင်ခြင်း မရှိပေ။ ထိုသို့သော အထောက်အထားမျိုးသည် နိုင်ငံတကာ တရားစီရင်မှု နယ်ပယ်တွင်လည်း ရှားပါးလှသည်။

သို့သော် CIJA က ရရှိထားသည့် အထောက်အထားသစ်များတွင် ကြိုတင်ကြံစည်မှုရှိကြောင်း အထောက်အထားများ ပါဝင်သည်ဟု ယခုအခါ CIJA တွင် ပါဝင်နေသည့် စစ်ရာဇဝတ်ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း စတီဖင် ရက်ပ် ပြော သည်။

“ဒီအထောက်အထားတွေထဲမှာ အရာရာက လူတွေကို အစုလိုက် အပြုံလိုက်မောင်းထုတ်ဖို့ ရည်ရွယ်ချက်ကို ပြသနေ တယ်”ဟု သူက ပြောသည်။

CIJA သည် ထိုအထောက်အထားများကို သဟိဂ်မြို့ရှိ အမှုလိုက်ရှေ့နေများထံ ပေးပို့နေနသည်။ ထိုမှတ်တမ်းများအရ စစ်တပ်မှ အများစုပါဝင်သော မြန်မာအရာရှိ တဒါဇင်ကျော်ကို တရားစွဲဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်သည် နိုင်ငံတကာဥပဒေအရ ပြင်းထန်သော ရာဇဝတ်မှုများအတွက် စွပ်စွဲခံနေရသော်လည်း စီရင်ချက်ချရန် မလွယ်ကူပေ။ မြန်မာသည် နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတဦးစီကို စီရင်ခွင့်ရှိသည့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကို တည်ထောင်သည့် ရောမ ဥပဒေကိုလည်း လက်မှတ်ထိုးမထားပေ။

အမှုလမ်းကြောင်း

ထို့ကြောင့် ထုံးစံအားဖြင့်ဆိုပါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာအပေါ်စွပ်စွဲချက်များကို ICC သို့ လွှဲပြောင်း ပေးအပ်ရမည်ဖြစ်သည်။

သို့သော် ထိုသို့သော လုပ်ဆောင်မှုကို မြန်မာ၏ မဟာမိတ်များက ပိတ်ဆို့မည် ဖြစ်ကြောင်း နိုင်ငံတကာဥပဒေ ကျွမ်းကျင်သူများ ပြောသည်။

သို့သော် အခြား အမှုလမ်းကြောင်းများလည်း ရှိနေသည်။ ရိုဟင်ဂျာများသည် ICC အဖွဲ့ဝင်ဖြစ်သော ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသောကြောင့် နိုင်ငံမှ မောင်းထုတ်ခြင်းအပါအဝင် ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို စတင် စုံစမ်းစစ်ဆေးရန် အမှုလိုက် ရှေ့နေချုပ်ကို ခွင့်ပြုသည့် စီရင်ထုံးသစ်တခုကို ICC က ၂၀၁၉ ခုနှစ်တွင် ချမှတ်လိုက်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

၂၀၁၉ ခုနှစ်တွင်ပင် မွတ်ဆလင်အများစုရှိသော ဂမ်ဘီယာနိုင်ငံသည် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် ၅၇ နိုင်ငံ ကိုယ်စား မြန်မာကို နိုင်ငံတကာတရားရုံး (ICJ) တွင် တရားစွဲဆိုသည်။ ဇူလိုင်လတွင် ထိုတရားရုံးက အမှုကို ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ပြီး မြန်မာက တင်သွင်းသည့် ကန့်ကွက်ချက်ကို ပယ်ချလိုက်သည်။

အကြွင်းမဲ့ တရားစီရင်ခွင့်

အကျိုးအမြတ် မယူသော အဖွဲ့အစည်း တခုဖြစ်သည့် မြန်မာ ရိုဟင်ဂျာ အဖွဲ့ချုပ် – ယူကေကလည်း မြန်မာခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုအစုလိုက် အပြုံလိုက် အကြမ်းဖက်မှု ဖြစ်ပွားစဉ်က အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်တို့ကို အကြွင်းမဲ့ တရားစီရင်ခွင့်အရ အာဂျင်တီးနားတွင် တရားစွဲထားသည်။

အကြွင်းမဲ့ တရားစီရင်ခွင့်ဆိုသည်မှာ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ကမ္ဘာပေါ်ရှိ မည်သည့်တရားရုံးတွင်မဆို တရားစွဲပိုင်ခွင့်ရှိသည့်မူ ဖြစ်သည်။

စစ်တပ်ထိပ်တန်းခေါင်းဆောင်များကို မကြာမီ ရုံးတင်နိုင်မည့် အခွင့်အလမ်းနည်းပါးသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ ပြင်ပ သို့ သွားလာမှု နည်းလှပြီး သွားလျှင်လည်း ICC အဖွဲ့ဝင် မဟုတ်သည့် မိတ်ဆွေများ ဖြစ်သော တရုတ်နှင့် ရုရှားသို့သာ သွားကြသည်။

ရွာများကို ရွာလုံးကျွတ်မီးရှို့

၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာစစ်တပ်သည် ရိုဟင်ဂျာ ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေသည့် ရက် စက်ကြမ်းကြုတ်သော ဖြိုခွဲမှုကို စတင်သည်။ တကမ္ဘာလုံးကို တုန်လှုပ်စေသည့် ရက်စက်မှုဖြင့် ရိုဟင်ဂျာများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်သည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အုပ်စုလိုက် အဓမ္မပြုကျင့်မှုများနှင့် ကလေးများကို မီးပုံတွင်းသို့ ပစ်ထည့်သည် များကို ရိုဟင်ဂျာများက ပြန်ပြောပြကြသည်။

အနည်းဆုံး လူ ၁၀၀၀၀ သေကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောသည်။ ရိုဟင်ဂျာရွာ ရာပေါင်းများစွာကို မီးတင်ရှို့သည်။

မွတ်ဆလင်အများစုပါဝင်သော ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင်နေထိုင်ကြသည်မှာ ရာစုနှစ်ချီကြာပြီဖြစ်ကြောင်း လွတ်လပ်သော ပညာရှင်များက ထောက်ခံသည့် သမိုင်းအရ သိရသည်။ မြန်မာမှ ဗုဒ္ဓဘာသာလူများစုမှ အမျိုးသားရေးဝါဒီများက ရိုဟင်ဂျာများသည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများသာ မြင်သည်။

You may also like these stories:

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အလေ့အထ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

ဦးကိုကိုလှိုင် ဘယ်သူလဲ

ရိုဟင်ဂျာခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် ဘာသာရေးဆရာကို ဖမ်း

Your Thoughts …
Tags: CIJAစစ်ရာဇဝတ်မှုမြန်မာစစ်တပ်ရိုဟင်ဂျာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

by နေ့သစ်
16 January 2024
22.6k

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

Next Post
စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်း ခံရသည့် ဧရာဝတီ မြစ်ကြောင်းဘေးမှ ကျေးရွာများ  / Google Earth

ဧရာဝတီမြစ်ဘေးက ကျေးရွာများအား အာဏာသိမ်းတပ် ပစ်ခတ်တိုက်ခိုက်

၁၉၈၈ စက်တင်ဘာ ဒီမိုကရေစီရေး ဆန္ဒပြ ရုပ်ရှင်သရုပ်ဆောင်များ / ထိန်ဝင်း

၈၈ က အာဂ အနုပညာရှင်များ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved