• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြွေးမြီကိစ္စ သဘောထား ပြောင်းရန် တရုတ်ကို သီရိလင်္ကာ သမ္မတ တိုက်တွန်း

by ဧရာဝတီ
29 August 2022
in သတင်း
A A
ကိုလံဘိုမြို့တွင် သီရိလင်္ကာ သမ္မတ ဝစ်ခရီမေဆင်ဂေနှင့် Nikkei Asia သတင်းဌာနတို့ ဩဂုတ်လ ၁၃ ရက်နေ့က တွေ့ဆုံမေးမြန်းစဉ်  / Nikkei Asia

ကိုလံဘိုမြို့တွင် သီရိလင်္ကာ သမ္မတ ဝစ်ခရီမေဆင်ဂေနှင့် Nikkei Asia သတင်းဌာနတို့ ဩဂုတ်လ ၁၃ ရက်နေ့က တွေ့ဆုံမေးမြန်းစဉ် / Nikkei Asia

6.3k
VIEWS
Share on FacebookShare on Twitter

ကြွေးမြီသက်သာခွင့်နှင့် ပတ်သက်သည့် ရပ်တည်ချက်ကို အကြီးအကျယ် ပြောင်းလဲပေးရန် သီရိလင်္ကာက တရုတ်ကို တိုက်တွန်းကြောင်း သမ္မတ ဝစ်ခရီမေဆင်ဂေက Nikkei Asia နှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောပြီး ထိုကိစ္စသဘောတူညီမှု ရရှိရေးသည် လွယ်ကူမည့်ကိစ္စမဟုတ်ကြောင်း ဝန်ခံပြောကြားလိုက်သည်။

သီရိလင်္ကာ၏ အကြီးမားဆုံးမြီရှင် တရုတ်နိုင်ငံသို့ မေတ္တာရပ်ခံရခြင်းသည် သမ္မတ ဝစ်ခရီမေဆင်ဂေအတွက် ကြောက်စရာကောင်းလောက်အောင် ကြီးမားသော စိန်ခေါ်မှုဖြစ်နေသည်။ သူသည် နိုင်ငံခြားအရန်ငွေ ပြတ်လပ်ပြီး အခြေအနေဆိုးရွားနေသည့် စီးပွားရေးကို ပြန်လည် တည်ဆောက်ရာတွင် နိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့ကို ဦးဆောင်နေသည်။ ထိုအားထုတ်မှုသည် ကိုလံဘိုနှင့် ဩဂုတ်လ ၂၄ ရက်နေ့တွင် ရောက်လာသည့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) အကြား ဆွေးနွေးမှု နောက်တကြိမ်ကို အဓိက ပုံဖော်မည့် အလားအလာရှိသည်။

“ကြွေးမြီတွေကို ပြန်လည် ပြင်ဆင်ဖို့ လိုတယ်ဆိုတာနဲ့ မြီရှင်အားလုံးအနေနဲ့ အလားတူ လုပ်ဆောင်ပေးဖို့ လိုတယ်ဆိုတာကို တရုတ်အစိုးရကို ကျနော်တို့ အကြောင်းကြားထားတယ်” ဟု သမ္မတ ဝစ်ခရီမေဆင်ဂေက Nikkei Asia သို့ ပြောသည်။

ဝန်ကြီးချုပ်အဖြစ် ၆ ကြိမ်မြောက် ဆောင်ရွက်ခဲ့ပြီး သမ္မတရာထူးအတွက် ပါလီမန်၏ ထောက်ခံမှုရကာ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်သော သမ္မတ ဝစ်ခရီမေဆင်ဂေသည် ဘေဂျင်း၏ သဘောထားပြောင်းလဲရန် ခက်ခဲမည်ကို ကြိုမြင်နေသည်

သို့သော် ဝန်ကြီးချုပ်အဖြစ် ၆ ကြိမ်မြောက် ဆောင်ရွက်ခဲ့ပြီး သမ္မတရာထူးအတွက် ပါလီမန်၏ ထောက်ခံမှုရကာ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်သော သမ္မတ ဝစ်ခရီမေဆင်ဂေသည် ဘေဂျင်း၏ သဘောထားပြောင်းလဲရန် ခက်ခဲမည်ကို ကြိုမြင်နေပြီး ထိုကိစ္စသည် သီရိလင်္ကာ၏ အခြားသော မြီရှင်များအပေါ်တွင်လည်း မူတည်နေသည်။

“တကယ်တော့ တရုတ်နိုင်ငံက မတူညီတဲ့ သဘောထားကို ချမှတ်ထားတယ်။ ဒါကြောင့် အခြားမြီရှင်တွေနဲ့ တရုတ်အကြား ရနိုင်တဲ့ သဘောတူညီချက်က ဘာလဲဆိုတဲ့အပေါ် မူတည်လာတယ်” ဟု ကိုလံဘို၏ ပင်လယ်ကမ်းခြေကို မျက်နှာမူထားသည် ကိုလိုနီခေတ် အဆောက်အအုံတခုဖြစ်သော သမ္မတရုံးမှ သစ်သား ပြတင်းပေါက်များ တပ်ဆင်ထားသည့် ရုံးခန်းတွင် မိနစ် ၄၀ ကြာ ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

တရုတ်သည် ကြွေးမြီများကို ပြန်လည် ပြင်ဆင်ပေးခြင်းနှင့် အရှုံးခံဖြတ်တောက် ဖြေရှင်းခြင်းထက် ကြွေးမြီဟောင်းများကို ကြွေးမြီသစ်ဖြင့် ကျားကန်ပေးခြင်း သို့မဟုတ် တရုတ်ဘဏ်များတွင် အကြွေးဆပ်ရမည့် နိုင်ငံများ ကြွေးဆပ်ရမည့် ရက်စွဲကို ဆိုင်းငံ့ပေးခြင်း လမ်းကြောင်းကိုသာ ပိုမိုလိုလားနေကြောင်း မေးခွန်းကို ဖြေကြားစဉ် သမ္မတ ဝစ်ခရီမေဆင်ဂေက ပြောသည်။

၂၀၁၇ ခုနှစ် သီရိလင်္ကာ လာရောက်သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်အတူ သမ္မတ ဂိုတာဘာယာအား တွေ့ရစဉ်/AFP

သီရိလင်္ကာသို့ မလာရောက်မီ တရက်အလိုတွင် IMF က ထုတ်ပြန်သည့် ကြေညာချက်တွင် သီရိလင်္ကာ၏ စီးပွားရေးအခြေအနေကို တရုတ်နှင့်ဆိုင်သည့် ကိစ္စများကသာ ပုံဖော်ပေးတော့မည်ဆိုသည့် အချက်အား သွယ်ဝိုက် မီးမောင်းထိုးပြထားသည်။

သီရိလင်္ကာသို့ ဒေါ်လာ ဘီလီယံပေါင်းများစွာ အကူအညီပေးမည့် အလားအလာနှင့် ပတ်သက်ပြီး IMF က “သီရိလင်္ကာနိုင်ငံဟာ သူ့ရဲ့ အများပြည်သူဆိုင်ရာ ကြွေးမြီတွေကို ပြန်လည် ပေးဆပ်နိုင်စွမ်း မရှိတော့ဘူးလို့ သတ်မှတ်ထားတဲ့အတွက် ရန်ပုံငွေ တိုးချဲ့ပေးရေး အစီအစဉ်ဆိုင်ရာ IMF အမှုဆောင်အဖွဲ့ရဲ့ ထောက်ခံအတည်ပြုချက် ရ မရက သီရိလင်္ကာရဲ့ ကြွေးမြီအပြည့်အဝ ပြန်ဆပ်နိုင်မှုကို ထိန်းသိမ်းပေးဖို့ မြီရှင်တွေရဲ့ လုံလောက်တဲ့ အာမခံချက်လိုတယ်” ဟု ပြောသည်။

ဝါရှင်တန်အခြေစိုက် IMF အဖွဲ့သည် ယခုလကုန်အထိ ကိုလံဘိုတွင် နေထိုင်ရန် စီစဉ်ထားသည်။ IMF ၏ ဝန်ထမ်းအဆင့် သဘောတူညီချက်မရမီ သမ္မတ ဝစ်ခရီမေဆင်ဂေအနေဖြင့် တရုတ်ကို ဖျောင်းဖျပြောဆိုရမည်ဟု ဝါရင့် လေ့လာသူများက ပြောသည်။

ဒေါ်လာ ၈၁ ဘီလီယံတန်သည့် သီရိလင်္ကာ စီးပွားရေး၏ မြီရှင်များတွင် အနောက်နိုင်ငံ အစိုးရများ၏ ငွေတိုက်စာချုပ် ဝယ်ထားသူများမှသည် တရုတ်၊ ဂျပန်နှင့် အိန္ဒိယစသည့် နိုင်ငံချင်း တိုက်ရိုက်ထုတ်ချေးထားသည့် နိုင်ငံများအထိ ပါဝင်သည်။

ဒေါ်လာ ၈၁ ဘီလီယံတန်သည့် သီရိလင်္ကာ စီးပွားရေး၏ မြီရှင်များတွင် အနောက်နိုင်ငံ အစိုးရများ၏ ငွေတိုက်စာချုပ် ဝယ်ထားသူများမှသည် တရုတ်၊ ဂျပန်နှင့် အိန္ဒိယစသည့် နိုင်ငံချင်း တိုက်ရိုက်ထုတ်ချေးထားသည့် နိုင်ငံများအထိ ပါဝင်သည်။ အနောက်နိုင်ငံ အစိုးရများ၏ ငွေတိုက်စာချုပ် ဝယ်ယူထားသူများ၏ စုစုပေါင်းကြွေးမြီသည် ဒေါ်လာ ၁၄ ဘီလီယံ ရှိသည်။ ထို့အပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံစုံအဖွဲ့အစည်း မြီရှင်များလည်း ပါဝင်သည်။

သီရိလင်္ကာက ပေးဆပ်ရမည့် ကြွေးမြီပေါင်းသည် ဒေါ်လာ ၅၁ ဘီလီယံအထိရှိပြီး ၂၀၀၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တရုတ်က သီရိလင်္ကာသို့ ထုတ်ချေးထားသော ငွေပမာဏသည် ဒေါ်လာ ၉ ဒသမ ၉၅ ဘီလီယံနီးပါး ရှိမည်ဟု လွတ်လပ်သော စီးပွားရေး ပညာရှင်များက ခန့်မှန်းသည်။

သီရိလင်္ကာသည် ၂၀၂၂ ခုနှစ်တွင် ပြန်လည် ပေးဆပ်ရမည့် ပြည်ပကြွေးမြီ ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ ရှိသော်လည်း နိုင်ငံတွင် နိုင်ငံခြားအရန်ငွေ ပြတ်လပ်သွားသောကြောင့် ထိုငွေကို ဧပြီလတွင် ကြွေးဆုံးအဖြစ် သတ်မှတ်လိုက်သည်။ သီရိလင်္ကာသမိုင်းတွင် ပထမဆုံးအကြိမ် ကြွေးမြီ ပြန်လည် မပေးဆပ်နိုင်ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ကိုလမ်ဘိုမြို့ရှိ စက်သုံးဆီဆိုင်တဆိုင်တွင် တန်းစီနေသူများ/ AFP

လူဦးရေ ၂၂ သန်းရှိသော သီရိလင်္ကာနိုင်ငံတွင် လက်ရှိသုံးစွဲနိုင်သော နိုင်ငံခြားအရန်ငွေ ဒေါ်လာ သန်း ၃၀၀ သာ ရှိသောကြောင့် အစားအစာ၊ လောင်စာနှင့် ဆေးဝါး ပုံမှန်တင်သွင်းရန် မလုံလောက်တော့ပေ။ သန်းခေါင်းစာရင်းနှင့် စာရင်းအင်းဌာန၏ နောက်ဆုံး စာရင်းများအရ ဇူလိုင်လတွင် အစားအသောက် ငွေကြေးဖောင်းပွမှု ယခင်နှစ်ထက် ၈၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားသွားသည်။

ထိုအကျပ်အတည်းကြောင့် ယခင် အဆင်ပြေနေသောသူပေါင်းများစွာ၏ ဘဝများကို တိုက်စားပစ်လိုက်ပြီး ဧပြီလတွင် လပေါင်းများစွာကြာသည့် ဆန္ဒပြပွဲများကို ဖြစ်စေကာ ယခင်သမ္မတ ဂိုတာဘာရာ ရာဂျာပက်ဆာ နုတ်ထွက်ရသည်။

“ပြည်သူတွေမှာ သူတို့ဘဝကို ထိခိုက်စေတဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ပူပန်ဖို့အခွင့်အရေး ရှိတယ်” ဟု သမ္မတ ဝစ်ခရီမေဆင်ဂေက ပြောသည်။ “လူနေမှုအဆင့်အတန်းတွေ ကျဆင်းနေတယ်။ သူတို့ရဲ့ ဝယ်လိုအားတွေ ကျဆင်းတယ်။ ကျနော်တို့ အခုကြံနေရတာက မြန်ဆန်တဲ့ စီးပွားရေးကျုံ့သွားခြင်း ဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။

ရာဂျာပက်ဆာထံမှ ဝစ်ခရီမေဆင်ဂေသည် စုတ်ပြတ်သတ်နေသည့် စီးပွားရေးအပြင် အခြား ပြဿနာများကိုလည်း အမွေဆက်ခံ ရရှိထားသည်။ တရုတ်လိုလားသည်ဟု တချိန်က အမြင်ခံရသော ယခင်အစိုးရသည် ပြဿနာများစွာအတွက် ဘေဂျင်းသံတမန် ဆက်ဆံရေးတွင် တင်းမာမှုများ ဖြစ်ခဲ့သည်။

သို့သော် ရာဂျာပက်ဆာထံမှ ဝစ်ခရီမေဆင်ဂေသည် စုတ်ပြတ်သတ်နေသည့် စီးပွားရေးအပြင် အခြား ပြဿနာများကိုလည်း အမွေဆက်ခံ ရရှိထားသည်။ တရုတ်လိုလားသည်ဟု တချိန်က အမြင်ခံရသော ယခင်အစိုးရသည် ပြဿနာများစွာအတွက် ဘေဂျင်းသံတမန် ဆက်ဆံရေးတွင် တင်းမာမှုများ ဖြစ်ခဲ့သည်။ ထိုပြဿနာများတွင် သင်္ဘောတစီးစာ တရုတ်ဓာတ်မြေသြဇာများကို ကိုလံဘိုက ငြင်းပယ်ခြင်းနှင့် အဝေးပြေးလမ်းတခု တည်ဆောက်ရာတွင် တရုတ်ကုမ္ပဏီတခု၏ အခန်းကဏ္ဍကို လက်မခံခြင်းတို့ ပါဝင်သည်။

ရာဂျာပက်ဆာအစိုးရသည် သီရိလင်္ကာမြောက်ပိုင်း ရေပိုင်နက်မှ ကျွန်းစုများ၏ ကံကြမ္မာကို တရုတ်သို့ ကနဦးတွင် ကမ်းလှမ်းပြီးနောက် အိန္ဒိယလက်သို့ ထိုးအပ်ပြီး မူဝါဒ တဆစ်ချိုး ပြောင်းလဲမှုတခုကိုလည်း လုပ်ခဲ့သည်။ ထိုကျွန်းများသည် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်နှင့် ပထဝီနိုင်ငံရေး သြဇာအားပြိုင်နေသည့် အိန္ဒိယနှင့် နီးကပ်သည့် ကျွန်းများဖြစ်သည်။

တရုတ်က ကျေနပ်အောင် လုပ်ပေးခြင်းသည် အကြွေးကိစ္စအတွက် တရုတ်ကို ဖျောင်းဖျရန် ကြိုးစားနေရသည့် ဝါရင့်နိုင်ငံခြားရေး ကျွမ်းကျင်သူ သမ္မတ ဝစ်ခရီမေဆင်ဂေကို စမ်းသပ်မည့် ကိစ္စဖြစ်သည်။ ယခုလ အစောပိုင်းတွင် အိန္ဒိယက ကန့်ကွက်သောကြောင့် တရုတ် စစ်ဘက်လေ့လာရေး သင်္ဘောကို ဆိုက်ကပ်ခွင့် ဆိုင်းငံ့ထားရန် သီရိလင်္ကာက ပြောရသောအခါတွင် ထိုကိစ္စသည် အထင်အရှားဖြစ်လာသည်။ ထိုလုပ်ရပ်ကို ဘေဂျင်းက ဒေါသတကြီး တုံ့ပြန်ပြီး ထိုကိစ္စသည် အကြွေးများ ပြန်လည်ပြင်ဆင်ရေး ဆွေးနွေးပွဲများကို ထိခိုက်စေမည်ဟု ပြောသည်။

နောက်ဆုံးတွင် သီရိလင်္ကာသည် ထိုသင်္ဘောကို ဆိုက်ကပ်ခွင့် ပေးလိုက်ရသည်။

“အိန္ဒိယ သမုဒ္ဒရာက ပထဝီနိုင်ငံရေး အခြေအနေ အပူချိန်တက်နေပေမယ့် ကျနော်တို့ ဒီကိစ္စကို ဘေးဖယ်ထားပြီး ကျနော်တို့ ကြွေမြီပြဿနာကို စီးပွားရေး ပုံစံသက်သက်ဖြေရှင်းဖို့ ခုချိန်ထိတော့ ကျနော်တို့ လုပ်နေနိုင်သေးတယ်” ဟု သမ္မတ ဝစ်ခရီမေဆင်ဂေက ပြောသည်။

“ဒါပေမယ့် ကြွေးမြီတွေကို ဘယ်လို သဘောထားမလဲဆိုတာနဲ့ ကြွေးမြီသက်သာခွင့်ကို ဘယ်လို သဘောထားမလဲဆိုတဲ့ ပြဿနာတွေ ရှိလာလိမ့်မယ်။ အဲဒါတွေမှာတော့ ပထဝီနိုင်ငံရေး သက်ရောက်မှု တချို့ ရှိလာနိုင်တယ်” ဟုလည်း သူကပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
41
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
773
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
220

ကိုးကား ။ ။ Nikkei Asia သတင်း Sri Lanka president urges China to change tune on debt as IMF visits

You may also like these stories:

အခြားအာရှနိုင်ငံများကို သီရိလင်္ကာ သတိပေးနေဟု IMF ပြော

သီရိလင်္ကာ ကျဆုံးခန်း

သီရိလင်္ကာစီးပွားရေး မည်သည့်အတွက် ပြိုလဲပြီး မည်သည်တို့ ဆက်ဖြစ်မည်နည်း

သီရိလင်္ကာတွင် လောင်စာဆီ ခွဲတမ်းချ

Your Thoughts …
Tags: ADBIMFကမ္ဘာ့ဘဏ်ကြွေးမြီတရုတ်သမ္မတ ဝစ်ခရီမေဆင်ဂေသီရိလင်္ကာအကြွေးထောင်ချောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက် တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း

ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ မပါသေး

တိုင်းပြည်စီးပွားရေး အောက်သို့ ထိုးဆင်းနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုကမူ စီးပွားရေးအင်ပါယာချဲ့ထွင်နေသည်

တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved