• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

CDM ဆင်များ အကူအညီလိုနေသည်

by ဧရာဝတီ
16 February 2023
in သတင်း
A A
စစ်ကိုင်းတိုင်း၊ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်တွင် ဆင်သားအမိကို ပြုစုစောင့်ရှောက်နေသော CDM ဆင်ဦးစီးများ

စစ်ကိုင်းတိုင်း၊ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်တွင် ဆင်သားအမိကို ပြုစုစောင့်ရှောက်နေသော CDM ဆင်ဦးစီးများ

2.2k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကို ထောက်ခံသော တနိုင်ငံလုံးမှ ဝန်ထမ်းများ အလုပ်မှထွက်လာသောအခါ ဆင်တအုပ်လည်း ၎င်းတို့နှင့်အတူ ပါဝင်လာသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှ မြန်မာတွင် အကြီးမားဆုံးနှင့် သက်တမ်းအရင့်ဆုံး အမျိုးသားဥယျာဉ်ဖြစ်သည့် အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်မှ ဆင်ဦးစီးများနှင့် ဆင် ၃၇ ကောင်လည်း သပိတ်မှောက်ကြသည်။

ဆင်ဦးစီးများ CDM တွင် ပါဝင်ရန် ရန်ဆုံးဖြတ်လိုက်သောအခါ မွေးဖွားချိန်မှစတင်ပြီး ၎င်းတို့ စောင့်ရှောက်ခဲ့သော ဆင်များကို မထားရစ်ခဲ့နိုင်ကြပေ။

“ကျနော်တို့ ဆင်ဦးစီးတွေက တခြားဝန်ထမ်းတွေလို အလုပ်ကနေ ဒီအတိုင်း ထွက်လာလို့မရဘူး။ ဆင်တွေကို သံယောဇဉ်ဖြတ်ပြီး ခေတ်ဆိုးခေတ်ပျက်ထဲ မထားခဲ့နိုင်ဘူး။ ကျနော်တို့က သူတို့ကိုထားခဲ့ရင် သူတို့ ဆင်ရိုင်းပြန်ဖြစ်မယ်။ ကျနော်တို့က ရက်စက်ရာရောက်တယ်” ဟု ဆင်ဦးစီးတဦးက ပြည်သူပြည်သား သတင်းသမားကွန်ရက်တခုသို့ ပြောခဲ့သည်။

ဆင်ဦးစီးများနှင့် မိသားစုများသည် အစိုးရကပေးထားသည့် နေအိမ်များမှ ထွက်ခွာပြီး နေရပ်မပြန်ဘဲ လက်နက်ကိုင် ခုခံတော်လှန်သူများ ထိန်းချုပ်ထားသည့် ၎င်းတို့၏ ဘေးမဲ့တောတွင် ဆင်များနှင့်အတူနေရန် ဆုံးဖြတ်ခဲ့သည်။ ထိုနည်းဖြင့် ၎င်းတို့သည် CDM ဆင်များကို ဆက်လက် စောင့်ရှောက်ကြသည်။ ဝန်ထမ်းများနှင့်ဆင်များ သပိတ်မှောက်သောကြောင့် အာဏာသိမ်းပြီး ၅ လအကြာ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အမျိုးသားဥယျာဉ်ကို ပိတ်လိုက်ရသည်။

အာဏာမသိမ်းမီက ထိုဆင်များသည် အမျိုးသားဥယျာဉ်အတွင်း သစ်ဆွဲပြီး ဧည့်သည်များကိုလည်း လိုက်လံပို့ဆောင်ကြသည်။ ယခုအခါ CDM ဆင်များသည် ဒေသခံများနှင့် ခုခံတော်လှန်ရေး အင်အားစုများကို ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေပြီး စစ်ကောင်စီစစ်သားများ မီးရှို့ခဲ့သည့်အိမ်များကို ပြန်လည် တည်ဆောက်ရန် ကူညီနေသည်။

ဆင်ထိန်းများက ဆင်ပေါက်ကလေးကို ချော့မြူ နို့တိုက်နေစဉ်

CDM ဝန်ထမ်းများနှင့် ၎င်းတို့ဆင်များအကြား သံယောဇဉ်သည် မိဘနှင့်သားသမီးသဖွယ်ဖြစ်ကြောင်း ဆင်ဦးစီးများထံ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ဖူးသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် – ကျောက်လုံးကြီးမှ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

သို့သော် ထိုဝန်ထမ်းများသည် နှစ်နှစ်နီးပါး လစာမရသောကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ အချို့သည် ဒေသခံလယ်များတွင် ကျပမ်းအလုပ်သမားများအဖြစ် လုပ်ကိုင်ကြသော်လည်း မိသားစုများနှင့် ဆင်များအတွက် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် လုံလောက်သောလုပ်အားခ မရကြပေ။

“သူတို့တွေက တခြား CDM ဝန်ထမ်းတွေထက် ပိုဒုက္ခရောက်တယ်လို့ ပြောရမှာပဲ။ သူတို့ချည်းသက်သက်ဆိုရင် ရှင်သန်ရေးအတွက် စိတ်ပူစရာမလိုဘူး။ သူတို့က သူတို့ဆင်တွေအတွက်လည်း လိုအပ်တာတွေ ပေးနေရတယ်” ဟု အထက်ပါ ခုခံတော်လှန်ရေးသမားက ပြောသည်။

ဒေသခံ ခုခံတော်လှန်ရေးသမားများ၏ အဆိုအရ ၎င်းတို့အသိုက်အဝန်းတွင် ဆင်ပေါက် ငါးကောင်အပါအဝင် ဆင်ပေါင်း ၃၇ ကောင်၊ ဆင်ဦးစီး ၃၃ ဦးနှင့်မိသားစုဝင်များ လူ ၁၀၀ ခန့်ရှိကြောင်း သိရသည်။

ဆင်ကို ရေချိုးပေးနေသော CDM ဆင်ဦးစီးများ

လွန်ခဲ့သောနှစ်ကုန်တွင် ဆင်တကောင် မကျန်းမာဘဲ ဆေးမရှိသောကြောင့် သေဆုံးခဲ့သည်။

“အဲဒီတုန်းက ဆင်ဦးစီးက မျက်ရည်တောင်ကျပြီး တခြားဆင်တွေလည်း ဝမ်းနည်းကြပြီး အသံရှည်ကြီးတွေ အော်ကြတယ်” ဟု အထက်ပါ ခုခံတော်လှန်ရေးသမားက ပြောသည်။

ခုခံတော်လှန်ရေးအဖွဲ့က CDM ဆင်များကို စောင့်ရှောက်ရန် ရန်ပုံငွေပေးပြီး ဒေသခံများက အစားအသောက်များ ပေးသည်။ သို့သော် CDM ဆင်များအတွက် အစားအစာ၊ ဖြည့်စွက်စာနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်သည် မြင့်မားလာနေသည်။

ထိုဆင်များအတွက် ပြည်တွင်းပြည်ပ အများပြည်သူ လှူဒါန်းငွေများဖြင့် အကူအညီအချို့ ပေးနေကြောင်း အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သဘာဝသယံဇာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောသည်။ သို့သော် ထိုထောက်ပံ့မှုသည် အကန့်အသတ်ရှိပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေကြောင်း၊ အထူးသဖြင့် CDM များအတွက် လှူဒါန်းငွေ လျော့ကျလာသောအခါ ပိုမိုအခက်အခဲဖြစ်ကြောင်း သိရသည်။

အမျိုးသားဥယျာဉ်မှ ဆင်ပေါက်တကောင်နှင့် CDM ဆင်ဦးစီး / supplied

အဆိုပါဝန်ကြီးဌာနသည် ဆင်ဦးစီးများနှင့် ဆင်များ၏ နေ့စဉ်ရုန်းကန်နေရမှု သက်သာစေရန် “တော်လှန်တပ်သား မိုမိုလေးများး” အမည်ရှိ ရန်ပုံငွေရှာသည့် လှုပ်ရှားမှုတခု မကြာသေးမီက ပြုလုပ်ခဲ့သည်။ ထိုရန်ပုံငွေရှာပွဲတွင် လက်မှတ်တစောင်လျှင် ကျပ် ၁၅,၀၀၀ ဖြင့်ရောင်းချခဲ့သည်။

အနာဂတ်တွင် ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ပြောသည်။

“CDM ကို ထောက်ခံတဲ့ ဆင်တွေကို ကူညီထိန်းသိမ်းပေးချင်တဲ့ ပြည်သူတွေဆီက အကူအညီတွေ ကျနော်တို့ အများကြီးလိုတယ်” ဟု သဘာဝသယံဇာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

You may also like these stories:

စစ်အာဏာသိမ်းပြီးနောက် အလောင်းတော် ကဿပနယ်မြေတွင် သစ်ခိုးထုတ်သူများနှင့် စည်ကားနေ

တိရစ္ဆာန်တွေကို နာကျင်စေတဲ့ ခရီးသွားလုပ်ငန်းတွေ နိုင်ငံအများစုမှာ ပိတ်ပင်လာ

Your Thoughts …
Tags: CDMNCANUGPDFsခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုဆင်ဆင်ဦးစီးဘေးမဲ့တောရန်ပုံငွေလူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုအလောင်းတော် ကဿပ အမျိုးသားဥယျာဉ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ / ဧရာဝတီ

ဒုဝန်ကြီးချုပ် သို့မဟုတ် မင်းအောင်လှိုင်ကို ပါရမီဖြည့်သူများ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကျေးရွာများအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ဒေသခံများ/ခင်ဦး သတင်းမှန်ပြန်ကြားရေး

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ မီးလိုက်ရှို့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved