• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာပို့ခွင့် ကန့်သတ်ခံရ

by ဧရာဝတီ
4 September 2023
in သတင်း
A A
နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာပို့ခွင့် ကန့်သတ်ခံရ

မန္တလေးဗဟိုအကျဉ်းထောင်

487
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက အင်းစိန်ထောင်၊ အိုးဘို (မန္တလေး ဗဟိုအကျဉ်းထောင်) အပါအဝင် အကျဉ်းထောင်တချို့ရှိ နိုင်ငံရေး အကျဉ်းသားများအတွက် ထောင်ဝင်စာပစ္စည်းပို့ခွင့်ကို ကန့်သတ်လိုက်ကြောင်း ထောင်ဝင်စာပို့သူများနှင့် အကျဉ်း ကျခံရသူများ၏ မိသားစုဝင်များထံက သိရသည်။

ထောင်ဝင်စာပို့ခွင့်ကန့်သတ်ခြင်းနှင့်ပတ်သက်၍ ထောင်အတွင်းဆူပူလှုံ့ဆော်သည်ဟုဆိုကာ ယခင်က မကြာခဏ ကန့်သတ်မှုများရှိခဲ့ပြီး ယခုတကြိမ်တွင် ဩဂုတ်လ ၃၀၊ ၃၁ ရက်ခန့်မှစ၍ အင်းစိန်ထောင်အပါအဝင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်တချို့ အား ထိုသို့ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ထောင်ဝင်စာပို့ဆောင်နေသူများထံက သိရသည်။

ယခုထောင်ဝင်စာပို့ခွင့် ကန့်သတ်ခံရသည့်ထောင်များအနေဖြင့် အင်းစိန်ထောင်၊ ပုသိမ်ထောင်၊ အိုးဘိုထောင်၊ သာယာ ဝတီ၊ မြင်းခြံ၊ ထားဝယ်၊ မြိတ် အစရှိသည့် အကျဉ်းထောင်များ၌ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားများကွန်ရက်နှင့် ထောင်ဝင်စာပို့ဆောင်သူများက ပြောသည်။

ထောင်ဝင်စာပို့ဆောင်နေသူတဦးက “၈ လပိုင်းထဲကနေပြီးတော့ သာယာဝတီ အကျဉ်းထောင်ကနေ အကျဉ်းသား တွေအပေါ် ထောင်ဝင်စာပို့တာ ကန့်သတ်လိုက်တာပါ။ အခုချိန်ထိလည်း ကန့်သတ်ထားဆဲပါ” ဟု ပြောသည်။

ယခုကဲ့သို့ ထောင်ဝင်စာပို့ခွင့် မကန့်သတ်မီက အကျဉ်းသားများအား တပတ်တကြိမ်ခန့် ထောင်ဝင်စာပို့ခွင့် ရခဲ့ပြီး လက်ရှိတွင်၂ ပတ်တကြိမ်သာ ပို့ဆောင်ရန် ကန့်သတ်လိုက်သည်။

ထို့ပြင် ထောင်ဝင်စာပို့သည့်အခါတွင်လည်း အကျဉ်းသားများ၏ မိသားစုဝင်သာလျှင် ပို့ဆောင်ရမည်ဟု သတ်မှတ် ထားသည့်အတွက် နယ်ဝေးမှ မိသားစုဝင်များအနေဖြင့် အခက်အခဲဖြစ်ရကြောင်း မိသားစုဝင်များထံက သိရသည်။

သာယာဝတီထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က “ရန်ကုန်ကနေ နယ်တွေ ပြောင်းလိုက်တာနဲ့ဘာနဲ့ ထောင်ဝင်စာတခါ သွားပို့ဖို့ဆိုတာ တခါပို့ရင် ၁ သိန်းခွဲ အနည်းဆုံး ကုန်တယ်။ ကိုယ့်သား သမီးဆီရောက်ဖို့ ကုန်ကျခဲ့တဲ့ လမ်းစရိတ် အဲဒီမှာနေထိုင်ရတဲ့ တည်းခိုစရိတ်တွေနဲ့ လက်ရှိကာလ စီးပွားရေးတွေနဲ့က ဘယ်လိုမှ အဆင်မပြေဘူး” ဟု ပြောသည်။

လက်ရှိတွင် နိုင်ကျဉ်းများအား ထောင်ဝင်စာပို့ဆောင်ပေးသည့် ပရဟိတသမားများ၊ ထောင်ဝင်စာပို့သည့်အဖွဲ့များက ကူညီပို့ဆောင်ပေးမှုများရှိနေသည့်အတွက် မိသားစုမရှိသူများနှင့် သွားလာရ ခက်ခဲသည့် မိသားစုဝင်များအတွက် အဆင်ပြေစေကြောင်း ပို့ဆောင်သူများက ဆိုသည်။

ထိုကန့်သတ်ချက်များအပြင် စားသောက်စရာများအနေဖြင့် သစ်သီးပို့ပါက သစ်သီးအမျိုးအစားတခု၊ မုန့်ဆိုလျှင် ကိတ် ခြောက်၊ မုန့်ခြောက်၊ ဘီစကစ်တမျိုးလျှင်၂၅ ကျပ်သားဝန်းကျင်ခန့်သာ လက်ခံတော့မည်ဖြစ်ကြောင်း၊ ငါး ၊ ဝက်သား၊ ကြက်သား၊ ဆိတ်သားစသည့် အသားကြော်များထဲမှ တမျိုးလျှင် ၅၀ ကျပ်သားခန့် ၊ အသင့်စားခေါက်ဆွဲ ခြောက် ၅ ထုပ်၊ ကော်ဖီမစ် ၇ ထုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ ၊ ကိုယ်တိုက်ဆပ်ပြာတခုစီသာ ပို့ခွင့်ပြုမည် ဖြစ်ကြောင်း သတ်မှတ်ထားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
27
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
693
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
199

ထို့ပြင် ဆေးဝါးများကိုလည်း ဆရာဝန်၏ဆေးလက်မှတ်ထောက်ခံချက်ဖြင့်သာ ပို့ခွင့်ရမည်ဖြစ်ပြီး အကျဉ်းထောင် ဆရာဝန်၏ ခွင့်ပြုချက်ဖြင့်သာ သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ထောင်ဝင်စာကန့်သတ်လိုက်ခြင်းသည် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပေးခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများက သုံး သပ်ပြောဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားဟောင်းများကွန်ရက်က ဦးသိုက်ထွန်ဦးက “အကျဉ်းထောင်မှာ ထောင်ဝင်စာ ခက်ခဲသွားအောင် စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေမှုတွေ ပါ ပါလိမ့်မယ်။ အကျဉ်းထောင်က ကျွေးတာနဲ့ မလောက်ငှလို့ မိသားစုပို့ပေးတာကို စောင့်ပြီးစားရတဲ့သူတွေက အကျဉ်းထောင်အနေနဲ့ ကိုယ်တိုင်လည်း လောက်ငှ အောင် မကျွေးနိုင်ဘူး။ မိသားစုက ပို့ပေးတာကိုပါ ကန့်သတ်လိုက်ခြင်းအားဖြင့် အကျဉ်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အရရော အပြင်မှာရှိတဲ့ မိသားစုဝင်တွေကို စိတ်ပူပန်မှုဖြစ်စေအောင် ဒီလိုမျိုး ကန့်သတ်ပိတ်ဆို့မှုတွေကို လုပ်တယ်လို့ မြင်တယ်” ဟု ပြောသည်။

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုသတင်းများ ထွက်ပေါ်နေချိန်တွင် ယခုလို ထပ်မံ၍ ထောင်ဝင်စာပို့ခွင့်ကို ကန့်သတ်ကြပ်မတ်လိုက်ခြင်း ဖြစ်ကြောင်း နိုင်/ကျဉ်းဟောင်းများက ဆိုသည်။

ဆက်လက်၍ ကိုသိုက်ထွန်ဦးက “စစ်ကောင်စီအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေပါ တယ်။ ICRC အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့သူတွေအနေနဲ့လည်း အကျဉ်းထောင်တွေမှာ ဒီလိုတွေမဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ အကာအကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ဆောင်ရွက်ပေးဖို့ စဉ်း စားပေးကြပါ။ ဒီတိုင်းထုတ်ပြန်ချက် ထုတ်ရုံလောက်နဲ့ အကျဉ်းဦးစီးက လိုက်နာခြင်းမရှိတော့ နိုင်ငံတကာက ပညာရှင် တွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေအနေနဲ့ နည်းလမ်း ရှာပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကိုဗစ်ကာလက စတင် ပိတ် ပင်ထားသည့် အကျဉ်းထောင်အတွင်း ထောင်ဝင်စာလူတွေ့ခွင့်အား အကျဉ်းဦးစီးဌာနအနေဖြင့် တလ ၁ ကြိမ် သို့မ ဟုတ်၂ ကြိမ်ဖြစ်စေ အမြန်ဆုံး ပြန်လည်ခွင့်ပြုရန် တောင်းဆိုထားသည်။

လက်ရှိအချိန်တွင် ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ပိတ်ထားသော်လည်း ထောင်တချို့တွင် ထောင်ပိုင်များအား ငွေကြေး ပေးကမ်း၍ တွေ့ဆုံသည့်နည်းလမ်းဖြင့် လုပ်ဆောင်မှုများလည်းရှိကြောင်း နိုင်/ကျဉ်းမိသားစုဝင်တချို့ထံက သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်အထိ နိုင်ငံတဝှမ်း၌ ဖမ်းဆီးခံရသူ ၂၄၆၃၂ ဦးရှိပြီး ထိုအထဲမှ ၁၉၈၄၆ ဦးသည် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်ကာ ၇၂၅၄ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရကြောင်း ထုတ်ပြန်ထားသည်။

You may also like these stories:

နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ

နိုင်/ကျဉ်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရ

Your Thoughts …
Tags: ထောင်ဝင်စာနိုင်ငံရေးအကျဉ်းသားအကျဉ်းထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
15k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

by ဧရာဝတီ
31 October 2023
14.4k

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဝင်စာ တွေ့ခွင့်ရရေး ရှေ့နေအဖွဲ့က ယမန်နေ့တွင် ထပ်မံစာတင်ပြခဲ့ကြောင်း၊ ယင်းတင်ပြမှုနှင့် ပတ်သက်ပြီး ယနေ့မွန်းလွဲပိုင်းအထိ တစုံတရာ အကြောင်းပြန်မှု မရှိသေးကြောင်း

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

by ဧရာဝတီ
8 July 2024
9.4k

ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

Next Post
မိုးများသဖြင့် ပုဂံဘုရားတချို့ ရေဝင်

မိုးများသဖြင့် ပုဂံဘုရားတချို့ ရေဝင်

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved