• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာကျပ်နှင့် ရုရှားရူဘယ် တိုက်ရိုက် ပေးချေနိုင်တော့မလား

by ဧရာဝတီ
13 September 2023
in သတင်း
A A
မြန်မာကျပ်နှင့် ရုရှားရူဘယ် တိုက်ရိုက် ပေးချေနိုင်တော့မလား

ရုရှားနိုင်ငံသုံး ရူဘယ်ငွေကြေး (Gatty Image)

3.5k
VIEWS
Share on FacebookShare on Twitter

မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ်အကြား တိုက်ရိုက်ပေးချေနိုင်သော ရုရှားငွေပေးချေမှုစနစ် MIR Payment System ကတ် အသုံးပြုရန် ပြည်တွင်းဘဏ် ၆ ခုက သဘောတူထားသလို လာမည့် အောက်တိုဘာမှစ၍ ရုရှားဘက်က လက်ခံသွား ဖွယ်ရှိကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့ ၌ စက်တင်ဘာ ၁၀ရက်မှ ၁၃ရက်တိုင် ကျင်းပသည့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF)တွင် ဝန်ကြီးဒေါက်တာကံဇော်က ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ပြီး၊ လက်ရှိ ရုရှားမှ တင်သွင်းနေသော စက်သုံးဆီနှင့် လောင်စာဆီ အတွက် မြန်မာက ရူဘယ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်ခြင်းမရှိဘဲ တရုတ်ယွမ်ငွေဖြင့်သာ ပေးချေနေရသည်။

“လတ်တလောမှာ ကျနော်တို့ ယွမ်နဲ့ပဲ အခု ပေးချေနေတယ်၊ ရူဘယ်ငွေနဲ့ ပေးချေဖို့လည်း ကျနော်တို့ ကြိုးစားလုပ် ဆောင်နေပါတယ်”ဟု ၎င်းက အရှေ့ဖျား စီးပွားရေး ဖိုရမ်တွင် ဆိုသည်။

ထိုသို့ နှစ်နိုင်ငံကြား ငွေကြေးများ တိုက်ရိုက်ပေးနိုင်ရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ခဲ့စဉ်က စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက Myanmar Payment Union (MPU) မှ အဖွဲ့ဝင်ဘဏ်များအား ရုရှားနိုင်ငံ MIR Card အတွက် First Participant Bank အနေဖြင့် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ရာ ဘဏ် ၆ ခုက ပထမအဆင့် ပါဝင်ခြင်းဖြစ်ကြောင်း BETV Business သတင်း၏ ဖော်ပြချက်ကဆိုသည်။

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF)သို့ တက်ရောက်နေသော စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်/TV Brics

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်ရချိန်၊ နိုင်ငံတကာငွေပေးချေမှု ပလက်ဖောင်းဖြစ်သော SWIFT ဘဏ်များ ချိတ်ဆက်မှုစနစ်ကို ကျော်လွှားရန် ရုရှားနိုင်ငံငွေပေးချေမှုစနစ်ထဲ ဝင်ရောက်ဖို့ စစ်ကောင်စီက ကြိုးစားနေသော်လည်း ရုရှားနိုင်ငံ ဗဟိုဘဏ်ဘက်ကမူ မြန်မာကျပ်နှင့် ရုရှားရူဘယ်တို့ကြား တိုက်ရိုက်ငွေပေးချေမှု ကိစ္စရပ်အပေါ် တစုံတရာ ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးပေ။

မြန်မာကျပ်ငွေနှင့် ရုရှားရူဘယ် ငွေကြေးနှစ်ခုစလုံးသည် နိုင်ငံတကာကုန်သွယ်မှုများအတွက် ငွေပေးချေမှု လုပ်ဆောင်ရာ တွင် အဓိကကျသော ငွေကြေးယူနစ်များ မဟုတ်ကြောင်း၊ နှစ်နိုင်ငံကြား ငွေပေးချေမှုများအတွက်သာ အဆင်ပြေနိုင် မည် ဖြစ်ကြောင်း စီးပွားရေးပညာရှင်တဦးက မှတ်ချက်ပြုသည်။

၎င်းက “မြန်မာနိုင်ငံဆိုတာက အဓိက သွင်းကုန်တွေကို အားကိုးနေရတဲ့ နိုင်ငံ၊ မရှိမဖြစ် သွင်းနေရတဲ့ အရေးကြီးကုန်တွေ အားလုံးက ဒေါ်လာနဲ့ပဲ သွင်းနေရတာလေ။ ရုရှားကနေ ရူဘယ်ရတော့ရော ရုရှားဆီက ကုန်ဖိုးချေတာလောက်ပဲ ပြန်သုံး လို့ရမှာ။ အဲဒါတောင် ဟိုဘက်က လက်ခံဦးမှ။ အခုတောင် ယွမ်နဲ့ပဲ လက်ခံတာလေ” ဟု ပြောဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ထို့ပြင် ရုရှားနှင့် မြန်မာတို့သည် စစ်လက်နက်မှလွဲ၍ အဓိကကုန်သွယ်ဖက်နိုင်ငံများ မဟုတ်ပေ။ နှစ်နိုင်ငံကြား နှစ်စဉ် ပျမ်းမျှကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၃၀ မှ ၃၅ သန်းဝန်းကျင်သာရှိပြီး မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု စုစုပေါင်း၏ ၀ ဒသမ ၃ ရာခိုင်နှုန်းအောက်သာရှိကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းအရ သိရသည်။

ရုရှား ရူဘယ်နှင့် မြန်မာကျပ်ငွေကြား တိုက်ရိုက်ပေးချေနိုင်မည့် စနစ်ကို နှစ်နိုင်ငံ ဗဟိုဘဏ်များကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) ကို လက်မှတ်ရေးထိုးရန်အတွက် စစ်ကောင်စီက ပြီးခဲ့သည့်နှစ် ယခုလို အချိန် ကတည်းက အဆင်သင့်ပြင်ဆင်နေခြင်း ဖြစ်သော်လည်း ရုရှားနိုင်ငံဘက်က လက်မခံသေးခြင်း ဖြစ်သည်။

မြန်မာခရီးသွားလုပ်ငန်းတွင် ရုရှားခရီးသွားများပိုမိုလာရောက်စေရေး အစီအစဉ်တခုကိုလည်း စစ်ကောင်စီက ကြိုးစား လျက်ရှိပြီး ခရီးသွားကဏ္ဍနှင့်ပတ်သက်သော သဘောတူညီချက်တရပ်ကိုလည်း မကြာမီ အပြီးသတ် ဆောင်ရွက်နိုင်မည်ဟု ဒေါက်တာကံဇော်က ရုရှားသတင်းဌာန Sputnik သို့ ပြောဆိုခဲ့သည်။

You may also like these stories:

ရုရှား ရူဘယ်ငွေ ဘယ်လိုတွေ သုံးမှာလဲ

စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

Your Thoughts …
Tags: MIR Payment Systemဒေါက်တာကံဇော်ရုရှားရုရှားရူဘယ်ရူဘယ်အရှေ့ဖျားစီးပွားရေးဖိုရမ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.8k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

Next Post
စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved