• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဟိုပန်နှင့်ပန်လုံကို သိမ်းပိုက်အပြီး “ဝ” ပိုင်နက် ကျယ်ပြန့်လာ

by ဧရာဝတီ
12 January 2024
in သတင်း
A A
ဟိုပန်နှင့်ပန်လုံကို သိမ်းပိုက်အပြီး “ဝ” ပိုင်နက် ကျယ်ပြန့်လာ

၂၀၁၉ ခုနှစ် ဧပြီလ ပန်ခမ်းတွင် ကျင်းပသော UWSA နှစ် ၃၀ ပြည့် စစ်ရေးပြပွဲ / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” တွင် အတိအလင်း ပါဝင်ခြင်း မရှိသော်လည်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)အနေဖြင့် ဟိုပန်နှင့်ပန်လုံမြို့တို့အား သိမ်းပိုက်ရယူကာ ပိုင်နက် ထိန်းချုပ်နယ်မြေတိုးချဲ့ လိုက်သည်။

အဆိုပါ ဟိုပန်နှင့်ပန်လုံဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်အရှေ့ခြမ်း ကွမ်းလုံနှင့် UWSA ထိန်းချုပ်နယ်မြေ ကြားတည်ရှိပြီး UWSA နှင့် ရင်ဆိုင်ထားသည့် စစ်ကောင်စီရှေ့တန်းစစ်တပ်စခန်းများ အခြေစိုက်ရာ မြို့များဖြစ်သည်။၎င်း နေရာများကို ဇန်နဝါရီ ၅ ရက်တွင် ညီနောင်မဟာမိတ်အဖွဲ့က ဟိုပန်နှင့်ပန်လုံမြို့တို့အား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀၀ ခန့် လက်နက်ချခဲ့ပြီး မြို့များအားသိမ်းပိုက်နိုင်ခဲ့ပြီးနောက် UWSA ထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များ လက်နက်ချခဲ့ပြီးနောက် ဟိုပန်နှင့်ပန်လုံဒေသ အုပ်ချုပ်ရေးအာဏာကို စစ်ကောင်စီ ခန့်အပ်ထားသည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်ကိုယ်တိုင်က UWSA မိုင်းမောခရိုင်မှူး ဦးဆိုင်းပေါင်ထံ တရားဝင် လွှဲပြောင်းပေးသည့် အခမ်းအနားကိုလည်း ဟိုပန်မြို့တော်ခန်းမတွင် ဇန်နဝါရီ ၁၀ ရက်၌ ကျင်းပခဲ့သည်။

ဟိုပန်မြို့အား ညီနောင်မဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးနှင့် အရပ်သားတဦး သေဆုံးမှုရှိခဲ့ကြောင်းနှင့် စီးနင်းမှုအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူအချို့အား ဖမ်းမိခဲ့ကြောင်း ဟိုပန်မြို့တွင် နေထိုင်သူတဦးက ပြောသည်။

UWSA သည် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ရင်းနှီးသည့် မဟာမိတ်ဆက်ဆံရေးရှိသော်လည်း စစ်ဆင်ရေးကိစ္စများတွင် ပါဝင်မည်မဟုတ်ကြောင်း တရားဝင်ကြေညာထားပြီး ဟိုပန်၊ ပန်လုံမြို့သိမ်းတိုက်ပွဲများအပြီးတွင်မှ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၌ ပထမဆုံးပါဝင်လာခြင်း ဖြစ်သည်။

ညီနောင်မဟာမိတ်အဖွဲ့က ကွမ်းလုံမြို့နယ်အား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဟိုပန်နှင့်ပန်လုံမြို့ရှိ စစ်ကောင်စီတပ်များ သည် ဖြတ်တောက်ပိတ်ဆို့ခံရသည့် အခြေအနေဖြစ်ခဲ့ပြီး ဝင်ရောက်တိုက်ခိုက်ချိန်တွင်လည်း အလွယ်တကူ လက်နက်ချခဲ့ကြသည်ကို တွေ့ရသည်။

စစ်ရေးလေ့လာသူတဦးက “ချင်းရွှေဟော်နဲ့ကွမ်းလုံ ကျပြီးကတည်းက ဟိုပန်နဲ့ပန်လုံက စစ်ရေးအရ ဘာမှ အရေးမပါ တော့ဘူး။ စစ်တပ်က ပိတ်မိနေပြီပဲ။ အဲဒီတော့ စစ်တပ်အနေနဲ့ ပိတ်မိနေတဲ့ ဟိုပန်နဲ့ပန်လုံမှာ “ဝ” နဲ့ ကိုးကန့်အကြား ထိုင်နေတယ်ဆိုတာ ဘယ်လိုမှ ထိုင်လို့ရမှာမဟုတ်ဘူး” ဟု ပြောသည်။

ဇန်နဝါရီ ၁၀ ရက်တွင် ဟိုပန်နှင့်ပန်လုံအား ‘ဝ’ ထံ လွှဲပြောင်းပေးသည့် အခမ်းအနားကို ဟိုပန်မြို့တော်ခန်းမ၌ ကျင်းပခဲ့ / Wa Channel

ဟိုပန်နှင့် ပန်လုံဒေသသည် ယခင်က ပန်လုံစော်ဘွားအုပ်ချုပ်ခဲ့သည့် မူလ “ဝ” နယ်မြေများဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီအား ပုန်ကန်ကာ UWSA ကို တည်ထောင်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး UWSA လှုပ်ရှားနယ်မြေများအား ရှမ်းအထူးဒေသ (၂) အဖြစ် သတ်မှတ်ပေးခဲ့သော်လည်း ဟိုပန်ဒေသအား စစ်အစိုးရကသာ ထိန်းချုပ်ခဲ့သည်။

စစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရာတွင် ဟိုပန်ဒေသအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း ထည့်သွင်းဖွဲ့စည်းခဲ့သော်လည်း ဟိုပန်ဒေသ စီမံအုပ်ချုပ်ရေးအာဏာအား ပြည်မအစိုးရကသာ ချုပ်ကိုင် ထားခဲ့သည်။

နှစ်ပေါင်း ၃၄ နှစ်ခန့်အကြာတွင်မူ UWSA အနေဖြင့် မူလ “ဝ” ပိုင်နယ်ဖြစ်သော ဟိုပန်ဒေသအား ပြန်လည်ထိန်း ချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ဟိုပန်နှင့်ပန်လုံမြို့တို့အား ညီနောင်မဟာမိတ်အဖွဲ့က ဝင်ရောက်စီးနင်းကာ UWSA ကို လွှဲပြောင်းပေးချိန်တွင် အခြားသော မြို့သိမ်း၊ စခန်းသိမ်းခံရသည့် တိုက်ပွဲများကဲ့သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။

စစ်ရေးလေ့လာသူတဦးက “ ဝ က သိမ်းပြီးတော့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ တိုက်ခိုက်တာ ဘာမှ မလုပ်ဘူး။ လောက်ကိုင်နဲ့ ကျန်နေရာတွေသာလုပ်တာ။ ဝ ရဲ့ စစ်အင်အားနဲ့ စစ်တပ်က စစ်မျက်နှာအသစ်ကို မဖွင့်ရဲတာ။ တကယ်လို့ စစ်မျက်နှာဖွင့်လိုက်တာနဲ့ ဝ တိုက်ပြီဆိုရင် ရှမ်းအရှေ့တခုလုံးပါ စစ်တပ်က ဒုက္ခရောက်သွားလိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအား ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နမ့်တစ်၊ ပန်လုံ၊ မက်မန်း၊ နားဖန်းနှင့် ပန်ဆန်းမြို့နယ်တို့ ပါဝင်ဖွဲ့စည်းထားသည်။

ထိုအထဲမှ ဟိုပန်နှင့်ပန်လုံမြို့အား စစ်ကောင်စီက လက်လွှတ်ခဲ့ရပြီ ဖြစ်သည့်အတွက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်း တန့်ယန်းမြို့တဖက်ကမ်းရှိ မန့်မန်းဆိုင်ဒေသနှင့် မိုင်းရှူးမြို့နယ်တဖက်ကမ်းရှိ မက်မန်းမြို့နယ် (မော်ဖ) ဒေသတို့ တွင်သာ စစ်ကောင်စီတပ်များ တပ်စွဲထားနိုင်တော့ကြောင်းလည်း စစ်ရေးလေ့လာသူအချို့က ပြောသည်။

ထိုမန့်မန်းဆိုင်ဒေသနှင့် မက်မန်းမြို့နယ် (မော်ဖဒေသ)၊ တာကော်အက် (တန့်ယန်တံတား) ဒေသနှင့် အခြားသောနေရာ များရှိ ပြည်သူများအား အန္တရာယ်ဖြစ်စေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အွန်လိုင်းငွေလိမ်လုပ်ကိုင်သူများနှင့် မူးယစ် ဆေးဝါးရောင်းဝယ်သူများအား ဆက်လက် တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ကြေညာ ထားသည်။

ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် ထိုဒေသများအား ဟိုပန်နှင့်ပန်လုံကဲ့သို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကာ UWSA ထံ ထပ်မံလွှဲပြောင်းပေးမည်ဆိုပါက သံလွင်မြစ်အရှေ့ခြမ်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နယ်မြေတခုလုံးအား UWSA က သိမ်းပိုက်ထိန်းချုပ်သွားနိုင်မည့် အနေအထားလည်း ဖြစ်သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

UWSA ၏ နိုင်ငံရေးရည်မှန်းချက်သည် “ဝ” ပြည်နယ်ရရှိရေးဖြစ်ပြီး မြောက်ပိုင်း “ဝ” ဒေသဖြစ်သော “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းအတွင်းမှ ထိန်းချုပ်နယ်မြေများနှင့် တောင်ပိုင်း “ဝ” ဒေသဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် မိုင်းခတ်ခရိုင်အတွင်းမှ ၎င်းတို့ထိန်းချုပ်ရာဒေသတို့အား ပေါင်းစည်းကာ ပြည်နယ်အဆင့်သတ်မှတ်ပေးရန် အစိုးရ အဆက် ဆက် တောင်းဆိုလျက်ရှိသည်။

ထိုတောင်းဆိုမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က မူအားဖြင့်သဘောတူကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ထို့ပြင် UWSA အနေဖြင့်လည်း အာဏာသိမ်းစစ်တပ်နှင့် ထိတွေ့တိုက်ခိုက်မှုများမရှိဘဲ စစ်ကောင်စီက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တက်ရောက်လေ့ရှိသည်။

You may also like these stories:

သံလွင်မြစ်ကို ကူးလာတဲ့ UWSA “ဝ” တပ်ဖွဲ့၏ ခြေလှမ်းများ

UWSA ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဘာထူးလဲ

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို UWSA အဖက်မလုပ်

အာဏာသိမ်းမှုအပေါ် နှုတ်ဆိတ်မနေဖို့ UWSA ကို “ဝ” လူထု တောင်းဆို

Your Thoughts …
Tags: UWSAညီနောင်မဟာမိတ်သုံးဖွဲ့ပန်လုံဟိုပန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.7k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

by အေးချမ်းဆု
8 December 2023
21.5k

တပ်အင်အား မလုံလောက်၍ စုပေါင်းစပ်ပေါင်းတပ်များ အသုံးပြုခြင်းသည် မိုးထဲရေထဲတွင် မခံနိုင်သကဲ့သို့ စိတ်ဓာတ်ကျဆင်းနေသည့် စစ်တပ်သည်လည်း ဦးကျိုးနေသည်သာ ဖြစ်၏။

Next Post
ညီနောင် ၃ ဖွဲ့ နှင့် စစ်ကောင်စီတို့ အပစ်ရပ်သော်လည်း တိုက်ပွဲများ မရပ်

ညီနောင် ၃ ဖွဲ့ နှင့် စစ်ကောင်စီတို့ အပစ်ရပ်သော်လည်း တိုက်ပွဲများ မရပ်

ပွဲဈေးမှ အိုဗာမင်သို့

ပွဲဈေးမှ အိုဗာမင်သို့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved