• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရသေ့တောင် ရေစိုးချောင်းဗျူဟာမှူးနှင့် တပ်သား ၁၀၀ ကျော် AA ထံ လက်နက်ချ

by ဧရာဝတီ
15 January 2024
in သတင်း
A A
ရသေ့တောင် ရေစိုးချောင်းဗျူဟာမှူးနှင့် တပ်သား ၁၀၀ ကျော် AA ထံ လက်နက်ချ

ကျောက်တော်မြို့ တင်းမရွာ တောင်ရှည်တောင်ဗျူဟာကုန်းအား သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ/ AA

8.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျူဟာကုန်းစခန်းမှ ဆုတ်ခွာထွက်ပြေးသွားသော ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်သည် ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချ အလင်းဝင်သွားကြောင်း သတင်း ရရှိသည်။

အဆိုပါ ရေစိုးချောင်းဗျူဟာကုန်းအား AA တပ်ဖွဲ့ဝင်များမှ ဝိုင်းပတ်ပိတ်ဆို့၍ ထိုးစစ်ဆင်တိုက်ခိုက်ရာ ယမန်နေ့က တပ် ဆုတ် ထွက်ပြေးသွားပြီးနောက် ယနေ့မနက်ပိုင်းတွင် လက်နက်ချ အညံ့ခံလာခြင်းဖြစ်ကြောင်း AA နှင့် နီးစပ်သည့် ဒေသခံ တဦးက ပြောသည်။

၎င်းက “AA က ပင်မဗျူကုန်းကို ပိတ်ဆို့ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ လုပ်တဲ့အချိန်မှာပဲ ဗျူဟာမှူးနဲ့ အင်အား ၁၀၀ ကျော် စခန်းကုန်းကနေ ထွက်ပြေးသွားလို့ လိုက်ပြီး နယ်မြေရှင်းလင်းတဲ့အခါ ပြေးပေါက်ပိတ်ပြီးတော့ လက်နက်ချကြတာ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ရေစိုးချောင်းဗျူဟာကုန်းရှိ တပ်မ ၂၂ လက်အောက်ခံ စစ်ကော်စီတပ်သားများမှာ ပြီးခဲ့သည့် ၂၀၁၈- ၁၉ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်စစ်ပွဲကာလကတည်းက အခိုင်အမာတပ်စွဲထားသည့် နေရာတခုလည်း ဖြစ်သည်။

ရေစိုးချောင်းဗျူဟာကုန်းမှာ နှစ်ရှည်လများ AA တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် စခန်းတခုလည်း ဖြစ်သည်။

လတ်တလောအခြေအနေတွင် မဟာဗျူဟာမြောက်စခန်းကုန်းများအား AA က တခုပြီးတခု သိမ်းပိုက်နေသောကြောင့် ယင်းစခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများလည်း တောင့်ခံနိုင်ခြင်းမရှိတော့၍ စွန့်ခွာထွက်ပြေးသွားသည့်အတွက် လိုက်လံ နယ်မြေ ရှင်းလင်းလျက်ရှိကြောင်း ဇန်နဝါရီ ၁၄ ရက်တွင် AA က ထုတ်ပြန်ထားသည်။

ယနေ့တွင် အဆိုပါ ရေစိုးချောင်းပင်မဗျူဟာကုန်းမှ တပ်ဆုတ်ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်သည် AA ထံ လက်နက်ချခဲ့ပြီးနောက် စခန်းကုန်းအောက်ဘက် ထီးစွဲရွာ၊ ကျောက်ရန်ရွာ၊ မောင်ဖြူရွာ စသည့် ကျေးရွာအနီး စခန်းကုန်းများ၌ တပ်စွဲနေထိုင်သည့် လက်ကျန် အင်အား ၁၀၀ နီးပါးမှာလည်း စခန်းဆုတ်ခွာ ထွက်ပြေးကာ စစ်ကူ တောင်းခံလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်ဒေသခံတဦးက “ဗျူဟာကုန်း အောက်ဘက်စခန်းတွေက စစ်ကောင်စီတပ်သားတွေက ထွက်ပြေးလွတ် မြောက်နေတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ အဲဒီတပ်သားတွေကို ဇက်ရေယာဉ် ၂ စီးနဲ့ လာခေါ်နေတဲ့အတွက် အခု အဲဒီ ရေ ယာဉ်နဲ့ AA တပ်ဖွဲ့တွေ မယူမြစ်ထဲ ပြိန်းတောရွာနားမှာ တိုက်ပွဲ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

ယမန်နေ့က မောင်တောမြို့နယ်၊ မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် AA တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA ထံမှ သိရသည်။

လတ်တလောအခြေအနေတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ခလရ ၂၈၉ တပ်ရင်း အပါအဝင် စစ်ကောင်စီ ဗျူ ဟာကုန်း၊ စခန်းကုန်းအားလုံးကို AA တပ်ဖွဲ့ဝင်များက သိမ်းပိုက်ကာ မြို့နယ်တခုလုံး ထိန်းချုပ်ထားပြီးဖြစ်သလို ဇန်နဝါရီ ၁၄ ရက်တွင်လည်း ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အခြေစိုက် အမတ ၃၇၇ စခန်းကို အပြီးသတ် သိမ်းပိုက်ထား ပြီးဖြစ်ကြောင်း AA က သတင်း ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၄ ရက်တွင် မြောက်ဦးမြို့နှင့် ၁၅ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ လင်းမြွေတောင်စခန်းကို AA သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ယင်းစခန်းမှ စွန့်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စသည့် မြို့ နယ်တို့၌ AA နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိသလို ယနေ့မနက်ပိုင်းတွင်လည်း စစ်တွေမြို့နယ် တောကန်ကျေးရွာကို စစ်တပ် ဝင်ရောက်မီးရှို့နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

You may also like these stories:

ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်

ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

ရသေ့တောင် အမျက်တောင်ရွာမှ နေအိမ်တချို့ မီးရှို့ခံရဟု ဆို

Your Thoughts …
Tags: AAရသေ့တောင်ရေစိုးချောင်းဗျူဟာကုန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၁ ဦး ဆေးကုသခွင့်မရ၍ သေဆုံး

ကျိုက်မရောထောင်မှ နိုင်/ကျဉ်း ၁ ဦး ဆေးကုသခွင့်မရ၍ သေဆုံး

တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ

တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved