• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ တပ်ရင်းအပါအဝင် စခန်း ၅ခု KIA ထပ်မံ သိမ်းပိုက်

by ဧရာဝတီ
26 March 2024
in သတင်း
A A
စစ်ကောင်စီ တပ်ရင်းအပါအဝင် စခန်း ၅ခု KIA ထပ်မံ သိမ်းပိုက်

၂၀၂၃ ခုနှစ်က ကချင်ပြည်အတွင်း လှုပ်ရှားနေသည့် KIA တပ်များ(AFP)

2k
VIEWS
Share on FacebookShare on Twitter

မြစ်ကြီးနား- ဗန်းမော်လမ်းတလျောက် ထိုးစစ်ဆင်နေသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ် သည် ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်တို့အတွင်းရှိ အရေးပါသည့် စစ်ကောင်စီ တပ်ရင်း စခန်း ၅ ခု ထက်မနည်း တပတ်အတွင်း ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။

KIA ပူးပေါင်းတပ်များ ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာအနီး အခြေစိုက်သည့် ခြေလျင် တပ်ရင်း ခလရ ၄၇ အပါအဝင် အနီးအနားရှိ ကာကင်းစခန်းများကို မတ်လ ၂၃ ရက် ညပိုင်းက စွန့်ခွာသွားသဖြင့် ဝင်ရောက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး နော်ဘူက ပြောသည်။

၎င်းက “မိုင်းခေါင်း ခလရ ၄၇ ပေါ့နော်။ သူတို့ဘာသာ ဆုတ်သွားတာ တွေ့ရပါတယ်။ အဲဒီစခန်းတော့ ကျနော်တို့ အကုန် လုံး ရှင်းပစ်လိုက်ပါပြီ။ မိုင်းခေါင်ပတ်ဝန်းကျင်က ကာကင်းတွေလည်း နာမည်ကြီးတဲ့ တပ်စခန်းတွေတော့ မဟုတ်ပေမယ့် အားလုံးကတော့ သူ့ဟာသူ အရေးကြီးတဲ့ တပ်စခန်းတွေတော့ ဖြစ်တာပေါ့” ဟု ပြောသည်။

မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ ပတ်ဝန်းကျင်ရှိ စခန်းစွန့်သွားသည့် လွယ်ခမ်းဗျူဟာစခန်း၊ မဒန်ယန်း၊ ဒေါ့အင်ခန် စသည့် တပ်စခန်းများ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မံစီနှင့် ဗန်းမော်မြို့တို့ရှိ တပ်ရင်းစခန်းများတွင် သွားရောက် ပူးပေါင်းလျက် ရှိကြောင်းလည်း သိရသည်။

KIA ပူးပေါင်းတပ်များအနေဖြင့် ပြီးခဲ့သည့် လပိုင်းကတည်းက မံစီမြို့နယ်အတွင်းရှိ မံဝိန်းကြီးစခန်း၊ စီခမ်းကြီးစခန်း၊ ကိုက်ထိပ်စခန်း၊ မဂျီဂေါင်စခန်း စသည့် အရေးပါသည့် တပ်စခန်းများအား သိမ်းပိုက်ထားပြီး ဖြစ်သည်။

ထို့ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIA က စိုးမိုးထိန်းချုပ်ထားသော မဘိမ်းမြို့နှင့် နယ်မြေထိစပ်နေသည့် မံစီမြို့ နယ်အတွင်း တပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဒေသအတွင်း နယ်မြေစိုးမိုးမှု ပိုမိုကျယ်ပြန့်လာပြီး စစ်ကူ၊ ရိက္ခာလမ်းကြောင်းများ ပိုပွင့်လာကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်ကလည်း ဝိုင်းမော်မြို့နယ်အတွင်းက KIA ဌာနချုပ် လိုင်ဇာမြို့အား အနီးကပ် ခြိမ်းခြောက် နေ သည့် နားဖော့ဗျူဟာကုန်းစခန်းနှင့် အနီးဝန်းကျင်ရှိ လီဆူပါဂျော်၊ ရင်ဆိုင် ကုန်း၊ ပွိုင့် ၆၆၇၊ အူဂရှန်နှင့် ကာကင်း စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင် နေကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

KIA ဌာနချုပ် လိုင်ဇာမြို့မြောက်ဘက်ရှိ နားဖော့ဒေသသည် ယခင်က KIO/ KIA ဌာနချုပ်ဟောင်းနေရာဖြစ်ပြီး မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် (မ.ဆ.လ) ခေတ် ၁၉၈၇ ခုနှစ်တွင် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။

KIA တို့ စစ်ရေးလှုပ်ရှားမှုပြ မြေပုံ(ဧရာဝတီ

ဗိုလ်မှူးကြီးနော်ဘူက “နားဖော့မှာထိုင်ပြီးမှ ကျနော်တို့ လိုင်စင်တောင်တကြောလုံးနဲ့ လိုင်ဇာတို့ကို သူတို့က ခြိမ်း ခြောက်တဲ့ စခန်းဖြစ်ပါတယ်။ အဲဒီ နားဖော့တောင်နဲ့ ကာကင်းတွေ အားလုံးပေါင်းစခန်း ၄ ခု၊ ၅ ခု လောက် ရှိပါတယ်။ ကျနော်တို့အတွက် တော်တော်လေး အနှောင့်အယှက်ပေးနေတဲ့ စခန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အကုန်လုံး မရှိတော့ဘူး။ ကျနော်တို့လက်ထဲမှာ ရောက်ပါပြီ” ဟု ပြောသည်။

လက်ရှိတွင် နားဖော့တပ်စခန်းများက ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်း နေသည့်အတွက် ပစ်ခတ်မှုများရှိနေသေးသည့်အပြင် မြေမြှုပ်မိုင်းများဖော်ခြင်း၊ လမ်းဖောက်ခြင်းများစသည့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် အရပ်သားပြည်သူများ သွားလာရန် အဆင်မပြေသေး ကြောင်း သိရသည်။

နားဖော့ဗျူဟာကုန်းစခန်း သိမ်းပိုက်ရရှိသည့် မတ်လ ၂၁ ရက်တွင်ပင် မိုးမောက်မြို့နယ်၊ ကုန်းလောဒေသ၊ နွယ်လန်း ကျေးရွာအနီးရှိ ခြေမြန်တပ်ရင်း ခမရ-၄၃၈ နှင့် အမှတ် ၆၁၆ ဒုံးတပ်ရင်းတို့ကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် နိုင်ခဲ့သည်။

ထို့ပြင် နွယ်လန်းရွာ အနောက်ဘက် ၅ မိုင်ခန့်အကွာရှိ နောင်ကွန်ကျေးရွာအခြေစိုက် အမြောက်တပ်ရင်း အမတ ၃၇၀ အား ဆက်လက် ထိုးစစ်ဆင်ခဲ့ရာ မတ်လ ၂၃ ရက်တွင် ထပ်မံ သိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီတပ်သားများ စွန့်ခွာသွားကြသည့် မံစီမြို့နယ်ရှိ ခလရ ၄၇/CJ

ထိုတပ်ရင်းစခန်းကြီး ၃ ခုသည် မြစ်ကြီးနား- ဗန်းမော်လမ်းကြောင်းပေါ် အရေးပါသည့် တပ်စခန်းများဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက KIA ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ-၁၄၂ စခန်း၊ ဒါဆိုင်း ကျေး ရွာ အခြေစိုက် ခလရ ၂၃၇ တပ်ရင်းစခန်းများ တဆက်တည်းရှိနေသည့် စခန်းများ ဖြစ်သည်။

နွယ်လန်းကျေးရွာအနီးက ဒုံးတပ်ရင်းနှင့် အမြောက်တပ်သိမ်းပိုက်ရရှိမှုတွင် ၁၀၅ မမ၊ ၁၂၀ မမ၊ ၁၂၂ မမ စသည့် လက် နက်ကြီးများ သိမ်းဆည်းရရှိထားပြီး အရေအတွက် မသိရသေးကြောင်းနှင့် တချို့လက်နက်ကြီးများမှာလည်း စစ်ကောင် စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးသွားသည်များရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

လက်ရှိတွင် နွယ်လန်းကျေးရွာအနီး၌ တပ်စခန်းများအားလုံး သိမ်းပိုက်ရရှိပြီးဖြစ်သော်လည်း မြို့သစ်၊ ကုန်လော၊ စီ ဟတ် ပတ်ဝန်းကျင်တွင် တပ်စခန်းများ ကျန်ရှိနေသေးသည့်အတွက် KIA ပူးပေါင်းတပ်များက ဆက်လက် ထိုးစစ်ဆင် လျက်ရှိသည်။

စစ်ကောင်စီတပ်သားများ စွန့်ခွာသွားကြသည့် မံစီမြို့နယ်ရှိ ခလရ ၄၇/CJ

လတ်တလော စစ်ဆင်ရေးကာလအတွင်း KIA ပူးပေါင်းတပ်များအနေဖြင့် လိုင်ဇာမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ် စခန်းများအား သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့သည့်အပြင် မြစ်ကြီးနား-ဗန်းမော်လမ်းတလျောက်ရှိ တပ်စခန်းကြီးများကိုလည်း ဆက်တိုက် သိမ်းပိုက်လျက်ရှိရာ မြစ်ကြီးနား-ဗန်းမော်လမ်းကြောင်းအား မြေပြင်တွင် ဖြတ်တောက် ထိန်းချုပ်ထားနိုင် ပြီ ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
64
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
76

ဗိုလ်မှူးကြီးနော်ဘူက “မြစ်ကြီးနား- ဗန်းမော်တကြောလုံးကို KIO ကနေ ထိန်းချုပ်နိုင်တဲ့ အခြေအနေတော့ မရှိသေး ပါဘူး။ ဝိုင်းမော်- ရွှေညောင်ပင် ခမရ-၃၂၁ စခန်း၊ ဒဘက်ယန်စခန်း၊ မြို့သစ်ကုန်းလောဘက်မှာလည်း သူတို့ ထိုင်နေ တုန်းပါပဲ၊ ဒါပေမယ့် မြေပြင်ထောက်ပို့ လမ်းကြောင်းတွေကိုတော့ ကျနော်တို့ ထိန်းချုပ်ထားလို့ရပါတယ်” ဟု ပြော သည်။

မြစ်ကြီးနား- ဗန်းမော်လမ်းတလျောက် ထိုးစစ်အား မတ်လ ၇ ရက်စတင်ခဲ့ပြီးနောက် ယနေ့အထိ အရေးပါသော တပ် ရင်းစခန်းကြီးများ ၂၀ ခန့်အား KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားနိုင်ပြီး ရှေ့တန်းစခန်းနှင့် ကာကင်းစခန်းငယ်များပါ ပေါင်းပါက စုစုပေါင်း တပ်စခန်း ၃၀ ကျော် သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

လတ်တလောတွင် KIA ပူးပေါင်းတပ်များက မြစ်ကြီးနား-ဗန်းမော်လမ်းတလျောက် ကျန်ရှိနေသည့် စစ်ကောင်စီ တပ် စခန်းများနှင့် ဆွမ်ပရာဘွမ်အခြေစိုက် တပ်ရင်းစခန်း၊ ဆင်ဘိုမြို့နယ်ခွဲ အခြေစိုက်တပ်ရင်းစခန်းများအား သိမ်းပိုက်နိုင် ရေး ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်။

တိုင်းရင်းသားဒေသ စစ်ရေးနှင့် ပတ်သက်၍ လေ့လာနေသူတဦးက စစ်ကောင်စီအနေဖြင့် မံစီမြို့နယ်အတွင်းမှ ရှေ့တန်းစခန်းများတွင် ခုခံတိုက်ခိုက်ခြင်းပင်မရှိတော့ဘဲ စွန့်လွတ်ဆုတ်ခွာ မှုသည် မံစီမြို့နှင့် ဗန်မော်မြို့လုံခြုံရေး အတွက် ခံစစ်ပြင်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

၎င်းက “ မံစီအရှေ့ခြမ်းကလဲ မံဝိန်းတို့ ကိုက်ထိပ်တို့ကို သိမ်းထားပြီးတဲ့အခါကျတော့ စစ်ကောင်စီက မံစီတကြောမှာ ခံမတိုက်တော့ဘူး၊ မဒယန်တကြောကတပ်တွေအကုန်ဆုတ်ပြေးသွားပြီးတော့ စုခံဖို့စဉ်းစားတယ်၊ ကျနော်တို့ထင်တာတော့ မံစီနဲ့ ဗန်မော်မှာသွားပြီးတော့ ခံစစ်ပြင်တယ်ထင်တယ်” ဟု ပြောသည်။

ထိုသို့ ဆက်လက်ထိုးစစ်ဆင်နေသည့် မြို့သစ်အနီး မြစ်ကြီးနား-ဗန်မော်လမ်းပေါ်က တပ်စခန်းနှစ်ခုအား KIA ပူးပေါင်း တပ် အနေဖြင့် သိမ်းပိုက်နိုင်ခဲ့ပါက ဒေါ့ဖုန်းယန်မှ မိုးမောက်အထိလမ်းပိုင်းအား အပြည့်အဝထိန်းချုပ် နိုင်မည့်အခြေအနေဖြစ်ကြောင်း သူကဆိုသည်။

You may also like these stories:

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

မိုးမောက်အရှေ့ခြမ်း စစ်တပ်စခန်းများ KIA သိမ်း

Your Thoughts …
Tags: KIAစစ်ကောင်စီစခန်းဗန်းမော်မံစီမြစ်ကြီးနားဝိုင်းမော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
၂၀၂၀ ရွေးကောက်ပွဲ မဲမသမာကြောင်း စစ်ကောင်စီ ထပ်လိမ်နေပြန်

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာကြောင်း စစ်ကောင်စီ ထပ်လိမ်နေပြန်

ပြောပြန်ရင်လည်း လွန်တယ်လို့ မထင်ကြစေလို

ပြောပြန်ရင်လည်း လွန်တယ်လို့ မထင်ကြစေလို

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved