• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြဝတီ အမှတ် ၂ တံတားအနီးမှ ကရင်ပူးပေါင်းတပ်များ ပြန်ဆုတ်ခွာ

by စောလွင်
21 April 2024
in သတင်း
A A
မြဝတီ အမှတ် ၂ တံတားအနီးမှ ကရင်ပူးပေါင်းတပ်များ ပြန်ဆုတ်ခွာ

အမှတ် ၂ တံတားအနီး ထိုင်းဘက်ခြမ်းတွင် ထိုင်းစစ်တပ်က နေရာယူထားစဉ်/ThaiPBS

8.4k
VIEWS
Share on FacebookShare on Twitter

ထိုင်း- မြန်မာနယ်စပ်ရှိ မြဝတီမြို့ အမှတ် ၂ တံတားအနီး ဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အလွန်အကျွံ ပြုလုပ်နေသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်း တပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ကို KNLA နှင့်ပူးပေါင်းတပ်များ ဧပြီ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ချိန်၌ တပ်မ ၄၄ တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ခန့်သည် တံတား ၂ အနီး ထွက်ပြေး၍ ခုခံစစ်ဆင်နေခဲ့ကြသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA ပူးပေါင်းတပ်များ ဧပြီ ၁၉ ရက် ညပိုင်းစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယမန်နေ့က တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှနေ တရက်ထဲပင် ဗုံးအလုံးရေ ၁၃၀ ထက် မနည်းကြဲချခဲ့ကြောင်း ဒေသခံများနှင့် ယင်းတိုက်ပွဲအခြေအနေကို အနီးကပ်စောင့်ကြည်သူများက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများအပါအဝင် တိုက်ပွဲအတွင်း၌ မြဝတီဒေသခံတချို့ ထိခိုက်သေဆုံးမှုများရှိသလို နေအိမ် အဆောက်အဦများလည်း မီးလောင်ပျက်စီးမှုများရှိခဲ့သည်။

မြဝတီ မြို့အမှတ် ၂ တံတားအနီး ယနေ့နံနက်အစောပိုင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက နံနက် ၄ နာရီ အချိန်ခန့်၌ လေယာဉ် ၄ စီးဖြင့် ဆက်တိုက် လာရောက်၍ ဗုံး ၁၂ လုံးထိ ကြဲချသွားသည်ဟု ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်း၌ ထိတွေ့ပစ်ခတ်သံများသည် နံနက် ၉ နာရီကျော်အချိန်တွင် ပြန်လည်ငြိမ်သွားခဲ့ပြီးနောက် မြဝတီမြို့ပြင် မြေနီကုန်းလမ်းဆုံ၌ ပိတ်ထားသော အာရှလမ်းပိုင်း ပြန်ပွင့်သွားပြီး လက်ရှိနေ့လယ်ပိုင်း၌ ပုံမှန်သွားမှု များရှိနေသည်ဟု မြို့ခံများက ဆိုသည်။

မြဝတီဘက်မှ စစ်ရှောင်ဒုက္ခသည်များ နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ပြေးလာစဉ်/Bangkok Post

ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့ကာ တပ်မ ၄၄ တပ်မှူး ဗိုလ်မှူးချုပ် စိုးမင်းထက် သေဆုံးခဲ့ပြီး အလောင်းမှာ မဲဆောက်ဆေးရုံကြီးတွင်ရှိသည်ဟု ထိုင်းသတင်းတချို့၌ ယမန်နေ့ညပိုင်းက ဖော်ပြထားခဲ့ကြသည်။ သို့သော် ဆေးရုံသို့ သွားကြည့်ရာ အလောင်း မရောက်ရှိကြောင်းနှင့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သာ ရှိသည်ဟု မျက်မြင်ကိုယ်တွေ့ သွားကြည့်သော ထိုင်းတဦးက ဧရာဝတီသို့ ပြောသည်။ KNLA သတင်းရင်းမြစ်များကလည်း အတည်မပြုပေ။

ယမန်နေ့တိုက်ပွဲတွင်း၌ KNLA နှင့်ပူးပေါင်းတပ်များသည် တံတား၂ အနီး အမှတ် ၁၈ ၊ ၁၉ ၊ ၂၀ ဂိတ် သောင်ရင်းမြစ် ကမ်းဘေးနေရာများအထိ နေရာယူထားနိုင်သည်ဟုလည်း ထိုင်းစစ်သားများက ပြောသည်။

သို့သော်လည်း လက်ရှိတွင် ပူးပေါင်းတပ်များ ခွာစစ်ဆင်သွားသည့် အခြေအနေသည် တိုက်ပွဲထပ်မံမဖြစ်တော့ဟု အာမမခံပေ။

လက်ရှိတွင် မြဝတီတိုက်ပွဲကြောင့် သောင်းရင်းမြစ်ကိုကူး၍ ထိုင်းဘက်သို့ တိမ်းရှောင်လာကြသည့် စစ်ရှောင်ဦးရေမှာ တိုးလာပြီး ၃ ထောင်နီးပါး ရှိလာပြီဖြစ်ကြောင်း သိရသည်။

တချိန်တည်းတွင် မြဝတီမြို့တိုက်ပွဲကို ကိုင်တွယ်နေသည့် ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒရုန်းဖြင့် ပစ်ခတ်ခံရာမှ ဒဏ်ရာရရှိသွားကြောင်း သတင်းများပေါ်ထွက်အပြီး လူမြင်ကွင်းမှ ပျောက်သွားပြီးနောက် တာဝန်လွှဲပြောင်းရယူထားပုံပေါ်သော ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကရင်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် နယ်ခြားစောင့်တပ် (BGF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ခေါင်းဆောင်များကို မော်လမြိုင်သို့ ခေါ်ယူ တွေ့ဆုံနေသည်ဟု KNU သတင်းအရင်းမြစ်က ပြောသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
133
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
60

ထိုအခြေအနေနှင့်ပတ်သက်၍ BGF အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူနှင့် BGF ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်တို့ကို ဧရာဝတီ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်နေရာ လက်ခံဖြေကြားခြင်း မရှိသေးပေ။

You may also like these stories:

မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီ တက်လာသည့် စစ်ကူယာဉ်တန်း KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

Your Thoughts …
Tags: KNLAကရင်ပူးပေါင်းတပ်မြဝတီလေကြောင်းတိုက်ခိုက်မှုအမှတ် ၂ တံတား
စောလွင်

စောလွင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.2k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

Next Post
ပြင်ဦးလွင်-နောင်ချိုအစပ် သရက်ကုန်းရွာအနီး တိုက်ပွဲပြင်းထန်

ပြင်ဦးလွင်-နောင်ချိုအစပ် သရက်ကုန်းရွာအနီး တိုက်ပွဲပြင်းထန်

နေရီရီ၊ ကျောက်ဖြုံး ကျော်ကြီး နဲ့ အင်္ဂလန်သူ ဒေါ်ခင်ခင်ချော

နေရီရီ၊ ကျောက်ဖြုံး ကျော်ကြီး နဲ့ အင်္ဂလန်သူ ဒေါ်ခင်ခင်ချော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved